ဘဂၤါလီ အက်ပ္အတည္း ႏွစ္ႏွစ္တာ

0
79

တီေကတီ

ARSA အၾကမ္းဖက္ အဖြဲ႔က လံုၿခံဳေရးအဖြဲ႔ေတြကို တိုက္ခိုက္ၿပီးေနာက္ နယ္ေျမ ရွင္းလင္းစဥ္ ရခိုင္ျပည္နယ္ကေန ဘဂၤါလီ ၇၃၀၀၀၀ ေက်ာ္ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးမႈဟာ အခုလမွာ ႏွစ္ႏွစ္ျပည့္ၿပီ ျဖစ္ပါတယ္။ ႏွစ္ႏွစ္အတြင္း ျဖစ္စဥ္ေတြမွာ အဓိက အျဖစ္အပ်က္ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။

၂၀၁၇ ခုႏွစ္

၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ေန႔က ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ARSA မြတ္စလင္ အၾကမ္းဖက္အဖြဲ႔ဟာ ရဲကင္းစခန္း ၃၀ နဲ႔ စစ္အေျခစိုက္စခန္း တစ္ခုတို႔ကို အလစ္အငိုက္ တိုက္ခိုက္ခဲ့ရာ လံုၿခံဳေရး တပ္ဖြဲ႔ဝင္ ၁၂ ဦး ေသဆံုးၿပီး ARSA အၾကမ္းဖက္သမား ၈၀ ေသဆံုးခဲ့ပါတယ္။ ေနာက္တစ္ရက္မွာ ARSA နဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြ တိုက္ခိုက္မႈ ဆက္လက္ ျဖစ္ပြားခဲ့ၿပီး ဘဂၤါလီ မြတ္စလင္ေတြ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးခဲ့ၾကပါတယ္။ ၾသဂုတ္လ ၂၆ ရက္ေန႔မွာ ဘဂၤါလီ ၃ ေထာင္ နယ္ျခားျမစ္ျဖစ္တဲ့ နတ္ဖ္ျမစ္ကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က ေျပာပါတယ္။

စက္တင္ဘာလ ၂ ရက္ေန႔မွာ ဘဂၤါလီ အမ်ားစုေနထိုင္တဲ့ အိမ္ အလံုး ၂၆၀၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ပါတယ္။ စက္တင္ဘာလ ၁၉ ရက္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ရခိုင္ျပည္နယ္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူေတြကို အေရးယူမယ္လို႔ ကတိျပဳေၾကာင္း ႐ုပ္သံကေန မိန္႔ခြန္း ေျပာပါတယ္။ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ ဘာသာေပါင္းစံု ဆုေတာင္းပြဲ က်င္းပခဲ့ပါတယ္။ ဘဂၤါလီေတြက နယ္စပ္ျဖတ္ေက်ာ္ၿပီး ဘဂၤလားေဒ့ရွ္ဘက္ကို ဆက္လက္ ထြက္ေျပးခဲ့ပါတယ္။

ေအာက္တိုဘာလ ၁၂ ရက္ေန႔မွာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က အေမရိကန္ သံအမတ္ႀကီး စေကာ့ မာစီယယ္နဲ႔ ေတြ႔ဆံုစဥ္ ဘဂၤါလီ မြတ္စလင္ေတြဟာ ျမန္မာ တိုင္းရင္းသား မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ႏိုဝင္ဘာလ ၂ ရက္ေန႔မွာေတာ့ ရခိုင္ျပည္နယ္မွာ အက်ပ္အတည္း ျဖစ္ေပၚၿပီးေနာက္ ပထမဆံုးအႀကိမ္အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ ရခိုင္ျပည္နယ္ကို သြားေရာက္ခဲ့ပါတယ္။ ႏိုဝင္ဘာလ ၂၇ ရက္ေန ဒီဇင္ဘာလ ၂ ရက္ေန႔အထိ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ကို သြားေရာက္ခဲ့ေပမယ့္ “႐ိုဟင္ဂ်ာ” ဆိုတဲ့ အသံုးအႏႈန္းကို မသံုးခဲ့ပါဘူး။

ဒီဇင္ဘာလ ၁၃ ရက္ေန႔မွာ Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ အင္းဒင္ လူသတ္မႈ သတင္းနဲ႔ ဆက္စပ္ၿပီး အဖမ္းခံရပါတယ္။ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ အင္းဒင္ေက်းရြာအနီး အေလာင္းေတြ တူးေဖာ္ေတြ႔ရွိေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။ ဘဂၤါလီ မြတ္စလင္ အက်ပ္အတည္းကို ကိုင္တြယ္သူ အရာရွိ အပါအဝင္ တပ္မေတာ္ေခါင္းေဆာင္ပိုင္းကို အေမရိကန္က ပိတ္ဆို႔ အေရးယူခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္

ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ Reuters သတင္းေထာက္ေတြ အမႈကို အစိုးရလွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ စတင္တရားစြဲဆို ၾကားနာပါတယ္။ အဲဒီေန႔မွာပဲ စစ္သားေတြက အၾကမ္းဖက္သမားေတြ တိုက္ခိုက္စဥ္အတြင္း အင္းဒင္ေက်းရြာမွာ ဖမ္းမိတဲ့ မြတ္စလင္ ၁၀ ဦးကို သတ္ျဖတ္ခဲ့တယ္လို႔ ေျပာပါတယ္။

အင္းဒင္ေက်းရြာမွာ မြတ္စလင္ ၁၀ ဦး သတ္ျဖတ္မႈနဲ႔ ဧၿပီလ ၁၁ ရက္ေန႔မွာ စစ္သား ခုနစ္ဦးကို ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ ဇူလိုင္လ ၃၀ ရက္ေန႔မွာ ျမန္မာအစိုးရက ရခိုင္ျပည္နယ္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြကို စံုစမ္းစစ္ေဆးဖို႔ ေကာ္မရွင္ စတင္ ဖြဲ႔စည္းပါတယ္။

ျပစ္မႈထင္ရွားတယ္ဆိုၿပီး Reuters သတင္းေထာက္ ႏွစ္ဦးကုိ စက္တင္ဘာလ ၃ ရက္ေန႔မွာ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္လိုက္ပါတယ္။ စက္တင္ဘာလ ၁၃ ရက္ေန႔ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕မွာ က်င္းပတဲ့ အာဆီယံဆိုင္ရာ ကမာၻ႔စီးပြားေရးဖိုရမ္မွာ ေဒၚေအာင္ဆန္းစုၾကည္က ရခိုင္ျပည္နယ္အေရးကို ပိုမိုေကာင္းမြန္ေအာင္ ကိုင္တြယ္ႏိုင္သင့္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းရွိ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး စတင္ခဲ့ေပမယ့္ ျပန္လာတဲ့သူ မရွိခဲ့ပါဘူး။ 

၂၀၁၉ ခုႏွစ္ 

AA ရခိုင္လက္နက္ကိုင္ အဖြဲ႔က ဇန္နဝါရီလ ၄ ရက္ေန႔ လြတ္လပ္ေရးေန႔မွာ ရဲကင္းစခန္း ေလးခုကို အလစ္အငိုက္ တိုက္ခိုက္လို႔ ရဲတပ္ဖြဲ႔ဝင္ ၁၃ ဦး က်ဆံုးခဲ့ၿပီး ကိုးဦး ဒဏ္ရာရရွိခဲ့ပါတယ္။ မတ္လ ၈ ရက္ေန႔မွာ ၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္အတြင္း ေခ်မႈန္းမႈေတြနဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးဖို႔ တပ္မေတာ္က ခံု႐ံုး စတင္ဖြဲ႔စည္းခဲ့ပါတယ္။

ေမလ ၇ ရက္ေန႔မွာ Reuters သတင္းေထာက္ ႏွစ္ဦးကို သမၼတက လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ပါတယ္။ ေမလ ၂၇ ရက္ေန႔မွာ အင္းဒင္ လူသတ္မႈနဲ႔ ေထာင္က်ေနတဲ့ စစ္သား ၇ ဦးကို လြတ္ေပးခဲ့ေၾကာင္း တပ္မေတာ္ ေျပာခြင့္ရွိသူက ေျပာပါတယ္။

AA နဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ အေနာက္ပိုင္းမွာ ဇြန္လ ၂၂ ရက္ေန႔က အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားခဲ့ပါတယ္။ 

ဘဂၤလားေဒ့ရွ္က ေပးပို႔တဲ့ ေနရပ္မယ့္သူစာရင္းကို ျမန္မာဘက္က စိစစ္ၿပီး ေနရပ္ျပန္ခြင့္ျပဳသူ လူ ၃၀၀၀ ေက်ာ္စာရင္းကို ဘဂၤလားေဒ့ရွ္ထံ ျပန္လည္ေပးပို႔ၿပီး ေနရပ္ျပန္သူေတြ လက္ခံမယ့္ေန႔ကို ၾသဂုတ္လ ၂၂ ရက္ေန႔အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ ေနရပ္ျပန္သူ တစ္ဦးမွ မရွိခဲ့လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး အဗၺဒူ မိုမင္က စိတ္ပ်က္မိေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ဘဂၤါလီေတြ ေနရပ္မျပန္ေအာင္ တခ်ိဳ႕ NGO ေတြက တားဆီးေနတယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဘဂၤလားေဒ့ရွ္ လႊတ္ေတာ္ေကာ္မတီကို ေျပာၾကားခဲ့တဲ့အတြက္ အဲဒီ NGO ေတြရဲ႕ အမည္စာရင္းေပးဖို႔ ေကာ္မတီက ေျပာခဲ့ပါတယ္။       

Ref: Reuters

ဘင်္ဂါလီ အကျပ်အတည်း နှစ်နှစ်တာ
တီကေတီ
ARSA အကြမ်းဖက် အဖွဲ့က လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်ပြီးနောက် နယ်မြေ ရှင်းလင်းစဉ် ရခိုင်ပြည်နယ်ကနေ ဘင်္ဂါလီ ၇၃၀ဝ၀ဝ ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးမှုဟာ အခုလမှာ နှစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ နှစ်နှစ်အတွင်း ဖြစ်စဉ်တွေမှာ အဓိက အဖြစ်အပျက်တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

၂၀၁၇ ခုနှစ်
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA မွတ်စလင် အကြမ်းဖက်အဖွဲ့ဟာ ရဲကင်းစခန်း ၃၀ နဲ့ စစ်အခြေစိုက်စခန်း တစ်ခုတို့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ARSA အကြမ်းဖက်သမား ၈၀ သေဆုံးခဲ့ပါတယ်။ နောက်တစ်ရက်မှာ ARSA နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့မှာ ဘင်္ဂါလီ ၃ ထောင် နယ်ခြားမြစ်ဖြစ်တဲ့ နတ်ဖ်မြစ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့မှာ ဘင်္ဂါလီ အများစုနေထိုင်တဲ့ အိမ် အလုံး ၂၆၀ဝ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူမယ်လို့ ကတိပြုကြောင်း ရုပ်သံကနေ မိန့်ခွန်း ပြောပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ ရန်ကုန်မြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ ဘင်္ဂါလီတွေက နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်လက် ထွက်ပြေးခဲ့ပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမေရိကန် သံအမတ်ကြီး စကော့ မာစီယယ်နဲ့ တွေ့ဆုံစဉ် ဘင်္ဂါလီ မွတ်စလင်တွေဟာ မြန်မာ တိုင်းရင်းသား မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မှာ အကျပ်အတည်း ဖြစ်ပေါ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့ပေမယ့် “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို မသုံးခဲ့ပါဘူး။
ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အင်းဒင် လူသတ်မှု သတင်းနဲ့ ဆက်စပ်ပြီး အဖမ်းခံရပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အင်းဒင်ကျေးရွာအနီး အလောင်းတွေ တူးဖော်တွေ့ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဘင်္ဂါလီ မွတ်စလင် အကျပ်အတည်းကို ကိုင်တွယ်သူ အရာရှိ အပါအဝင် တပ်မတော်ခေါင်းဆောင်ပိုင်းကို အမေရိကန်က ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

၂၀၁၈ ခုနှစ်
ဇန်နဝါရီလ ၁၀ ရက်နေ့မှာ Reuters သတင်းထောက်တွေ အမှုကို အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ စတင်တရားစွဲဆို ကြားနာပါတယ်။ အဲဒီနေ့မှာပဲ စစ်သားတွေက အကြမ်းဖက်သမားတွေ တိုက်ခိုက်စဉ်အတွင်း အင်းဒင်ကျေးရွာမှာ ဖမ်းမိတဲ့ မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
အင်းဒင်ကျေးရွာမှာ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှုနဲ့ ဧပြီလ ၁၁ ရက်နေ့မှာ စစ်သား ခုနစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့မှာ မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင် စတင် ဖွဲ့စည်းပါတယ်။
ပြစ်မှုထင်ရှားတယ်ဆိုပြီး Reuters သတင်းထောက် နှစ်ဦးကို စက်တင်ဘာလ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးကို ပိုမိုကောင်းမွန်အောင် ကိုင်တွယ်နိုင်သင့်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်တွေ နေရပ်ပြန်ရေး စတင်ခဲ့ပေမယ့် ပြန်လာတဲ့သူ မရှိခဲ့ပါဘူး။

၂၀၁၉ ခုနှစ်
AA ရခိုင်လက်နက်ကိုင် အဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ရဲကင်းစခန်း လေးခုကို အလစ်အငိုက် တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မတ်လ ၈ ရက်နေ့မှာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ချေမှုန်းမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တပ်မတော်က ခုံရုံး စတင်ဖွဲ့စည်းခဲ့ပါတယ်။
မေလ ၇ ရက်နေ့မှာ Reuters သတင်းထောက် နှစ်ဦးကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ မေလ ၂၇ ရက်နေ့မှာ အင်းဒင် လူသတ်မှုနဲ့ ထောင်ကျနေတဲ့ စစ်သား ၇ ဦးကို လွတ်ပေးခဲ့ကြောင်း တပ်မတော် ပြောခွင့်ရှိသူက ပြောပါတယ်။
AA နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ ဇွန်လ ၂၂ ရက်နေ့က အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ပေးပို့တဲ့ နေရပ်မယ့်သူစာရင်းကို မြန်မာဘက်က စိစစ်ပြီး နေရပ်ပြန်ခွင့်ပြုသူ လူ ၃၀ဝ၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်ထံ ပြန်လည်ပေးပို့ပြီး နေရပ်ပြန်သူတွေ လက်ခံမယ့်နေ့ကို သြဂုတ်လ ၂၂ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ နေရပ်ပြန်သူ တစ်ဦးမှ မရှိခဲ့လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမင်က စိတ်ပျက်မိကြောင်း ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂါလီတွေ နေရပ်မပြန်အောင် တချို့ NGO တွေက တားဆီးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကော်မတီကို ပြောကြားခဲ့တဲ့အတွက် အဲဒီ NGO တွေရဲ့ အမည်စာရင်းပေးဖို့ ကော်မတီက ပြောခဲ့ပါတယ်။
Ref: Reuters