ICC, ICJ နဲ့ မြန်မာ (၁)

0
435

Unicode Version

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဆိုတာတွေဟာ မြန်မာ သတင်းဖတ် ပရိသတ်တွေအဖို့ ခဏခဏ တွေ့ဖူးတဲ့ မစိမ်းတဲ့ အမည်တွေ ဖြစ်ပါတယ်။ အခုတော့ အဲဒီ နှစ်ခုစလုံးကို နဖူးတွေ့ ဒူးတွေ့ဆိုသလို မြန်မာ့နိုင်ငံရေး၊ ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်လို့ ကြုံလာရပြီ ဖြစ်ပါတယ်။ သေချာ မသိတဲ့အတွက် စိုးရိမ်ပူပန်သူလည်းရှိ၊ သူတို့ရဲ့ ယန္တရားတွေက ဘယ်လိုလည်ပတ်သလဲ၊ လုပ်ပိုင်ခွင့်က ဘာတွေလဲ ဆိုတာ သိချင်သူတွေလည်း ရှိ၊ တပြိုင်နက်တည်းမှာပဲ ဒီတရားစီရင်ရေးတွေကို အရေးမထားသူတွေလည်း ရှိနေတာ တွေ့ရပါတယ်။ ဖြစ်နိုင်တဲ့ အလားအလာ၊ ကောင်းကျိုးဆိုးပြစ်ကို ဝေဖန်သုံးသပ်ပြတဲ့ မြန်မာ့ပညာရှင်၊ ကမ္ဘာ့ပညာရှင်တွေလည်း မီဒီယာတွေမှာ မကြာခဏ ပါလာနေပါပြီ။

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC)

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ဟာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ တည်ရှိပြီး အစိုးရချင်းဆိုင်ရာ အဖွဲ့အစည်းနဲ့ နိုင်ငံတကာ တရားခုံရုံး ဖြစ်ပါတယ်။ ICC ဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ စစ်ရေးအရ ကျူးကျော်ရန်စမှုတွေကို တရားစွဲဆို စီရင်ဆုံးဖြတ်နိုင်တယ်လို့ ICC ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ICC ဟာ ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှာ စတင်လည်ပတ်ပြီး ရုံးသုံးဘာသာစကားက အင်္ဂလိပ်နဲ့ ပြင်သစ်စကားတို့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လအထိ စာရင်းဇယားအရ ICC အဖွဲ့ဝင်နိုင်ငံ ၁၂၂ နိုင်ငံ ရှိပါတယ်။ အဖွဲ့လည်းမဝင်၊ ပဋိဉာဉ်စာချုပ်ကို လက်မှတ်လည်း မထိုးတဲ့ နိုင်ငံက ၄၂ နိုင်ငံဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံ၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ စတဲ့နိုင်ငံတွေလည်း ပါဝင်ပါတယ်။

ICC က အမှုကို လက်ခံရာမှာ အဖွဲ့ဝင်နိုင်ငံရဲ့ နိုင်ငံသား ဖြစ်ရပါမယ်။ အဖွဲ့ဝင် နိုင်ငံတစ်ခုရဲ့ ပိုင်နက်မှာ ကျူးလွန်မှု ဖြစ်ရပါမယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ICC ကို လွှဲပေးတဲ့အမှုဆိုရင်လည်း စီရင်ဆုံးဖြတ်နိုင်ပါတယ်။ အခု ဘင်္ဂါလီ မွတ်စလင်အရေးမှာ ICC က စုံစမ်းစစ်ဆေးခွင့် ပြုလိုက်တယ် ဆိုတာဟာ ICC အဖွဲ့ဝင် နိုင်ငံဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် မြေပေါ်ကို ဒုက္ခသည်တွေ ရောက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကနေဒါက ICC ကို ဘင်္ဂါလီ မွတ်စလင်အမှု တင်ဖို့ ထောက်ခံမှုလည်း ရှိနေပါတယ်။

အခုလက်ရှိ ICC မှာ ကနဦး လေ့လာစစ်ဆေးတဲ့ အမှု ကိုးမှု၊ စုံစမ်းစစ်ဆေးဆဲ အမှု ၁၂ မှု၊ အမှုပေါင်းက ၁၇ ခု၊ ဖမ်းဝရမ်းထုတ်ထားပြီး လွတ်မြောက်နေသူက ၁၅ ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ/ဘင်္ဂလားဒေ့ရှ် အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခွင့်ကို ICC က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ခွင့်ပြုလိုက်ပါတယ်။

ICC ဟာ ယူဂန်ဒါ သူပုန်ခေါင်းဆောင် ဂျိုးဇက် ကိုနီ၊ ဆူဒန် သမ္မတဟောင်း အိုမာ အယ်လ်-ဘာရှား၊ ကင်ညာ သမ္မတ အူဟူရူ ကင်ညတ်တာ၊ လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ၊ အိုင်ဗရီကို့စ် သမ္မတ လောရန့် ဂဘက်ဘို စသူတွေ အပါအဝင် ၄၄ ဦးကို တရားစီရင် ဆုံးဖြတ်ခဲ့ပါတယ်။

ICC ဟာ နိုင်ငံတွေနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကိုလည်း အမြောက်အများ ရင်ဆိုင်နေရပါတယ်။ တရားစီရင်ရေးကို အသိအမှတ်မပြုမှု၊ ဘက်လိုက်မှု စွပ်စွဲချက်၊ အမှုစွဲချက်တွေအပေါ် တရားမျှတမှု ရှိ၊ မရှိ၊ တရားရုံး လုပ်ထုံးလုပ်နည်း၊ တရားရုံးရဲ့ ထိရောက်မှုတွေကို ဝေဖန်နေကြတာတွေ ရှိပါတယ်။ ICC ဟာ အားနည်းတဲ့၊ သေးငယ်တဲ့ နိုင်ငံက ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး အားကြီးတဲ့၊ ချမ်းသာတဲ့ နိုင်ငံတွေက ကျူးလွန်တာတွေကိုတော့ လျစ်လျူရှုထားတယ်လို့ ဝေဖန်ခံရပါတယ်။ ICC က ဖမ်းဝရမ်း ထုတ်ထားတဲ့ ဆူဒန် သမ္မတ အိုမာ အယ်လ်-ဘာရှားဟာ နိုင်ငံများစွားကို သွားရောက်လည်ပတ်ခဲ့ပေမယ့် ဘယ်နိုင်ငံကမှ ဖမ်းဆီးမပေးတဲ့ သာဓကလည်း ရှိခဲ့ဖူးပါတယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန် စစ်တပ်ရဲ့ လုပ်ရပ်တွေကို ICC က တရားစွဲဖို့လုပ်လာရင် ICC တရားသူကြီးတွေကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်မယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူမယ်လို့ ပြင်းပြင်းထန်ထန် ပြောဖူးပါတယ်။ နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် ICC ဟာ ဘာမှ အောင်မြင်အောင် လုပ်နိုင်ခြင်း မရှိသလို သူတို့ စီရင်ချက်ချ၊ ဖမ်းဝရမ်း ထုတ်ထားသူတွေဟာလည်း အဲဒီ အားနည်းချက်ကို သိကြပါတယ်။

နောက်တစ်ခု ဝေဖန်ကြတာက ICC ရှေ့နေချုပ် ဖာတို ဘင်ဆိုဒါ ဖြစ်ပါတယ်။ ဘင်္ဂါလီ မွတ်စလင်အရေးမှာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့ လျှောက်ထားသူက ဖာတို ဘင်ဆိုဒါဖြစ်ပါတယ်။

ICC ဥပဒေချုပ် ဘင်ဆိုဒါဟာ နိုင်ငံရေး ပယောဂနဲ့ ကိုယ်ကျိုးစိတ်ခံစားမှုကို အခြေခံပြီး အမှုကို တည်ဆောက်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးခွင့်ပြုဖို့ လျှောက်ထားချက်မှာ ARSA အကြမ်းဖက်အဖွဲ့ကနေ ဟိန္ဒူတွေအပါအဝင် ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ပြစ်မှုတွေ မပါဝင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်က ဝေဖန်ထားပါတယ်။

ဖာတို ဘင်ဆိုဒါဟာ ဂမ်ဘီယာနိုင်ငံက ဖြစ်ပြီး တိုက်ဆိုက်စွာပဲ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အထောက်အပံ့နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဖို့ အမှုတင်သွင်းထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

သူဟာ သူ့အရင် ပထမဆုံး ICC ရှေ့နေချုပ် လူးဝစ် မိုရင်နို အိုကမ်ပိုရဲ့ သြဇာကို အခုထိ ခံနေရတယ်ဆိုတဲ့ ဝေဖန်ချက် ဖြစ်ပါတယ်။ အိုကမ်ပိုဟာ အနားယူသွားပြီဖြစ်ပေမယ့် ဘင်ဆိုဒါဟာ အိုကမ်ပိုနဲ့ အနီးကပ် ဆက်ဆံရေး ရှိနေတဲ့အပြင် ICC ရဲ့ အတွင်းရေး အချက်အလက်တွေကို အိုကမ်ပိုကို ပြသတာ၊ တရားစီရင်ရေးအတွက် အကြံဉာဏ် တောင်းခြင်းအားဖြင့် အိုကမ်ပိုရဲ့ လွှမ်းမိုးမှုကနေ မလွတ်မြောက်နိုင်တာတွေကြောင့် ဝေဖန်ခံရတာတွေ ရှိနေပါတယ်။ နောက်ထပ် တိုက်ဆိုင်စွာပွဲ အိုကမ်ပိုဟာ အာဂျင်တီးနား နိုင်ငံက ဖြစ်ပြီး ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ တပ်မတော် ခေါင်းဆောင်တွေသာမက ဒေါ်အောင်ဆန်းစုကြည်ကိုပါ အာဂျင်တီးနား တရားရုံးမှာ တရားစွဲဆိုထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဘင်ဆိုဒါဟာ ရုရှားနဲ့ ဂျော်ဂျီယာအရေးမှာလည်း တင်ထားတဲ့အဆိုကို ပြန်ရုပ်သိမ်းခဲ့ရသလို ဘူရွန်ဒီ၊ ဂမ်ဘီယာ၊ တောင်အာဖရိကနိုင်ငံတွေက ICC ရဲ့ ပဋိဉာဉ်စာချုပ် ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်မှုမှာလည်း အဓိက ပြဿနာက ဘင်ဆိုဒါ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဖာတို ဘင်ဆိုဒါရဲ့ သားဖြစ်သူ ဂျော့ဂျ် ဘင်ဆိုဒါဟာ အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ ဝစ္စကွွန်ဆင်၊ အယ်လ်တူးနားမြို့မှာ လက်နက်ကိုင်ဆောင်မှု၊ ရောင်းချဖို့ ရည်ရွယ်ထားတဲ့ ကိုကင်းမူးယစ်ဆေး ပိုင်ဆိုင်မှုတွေနဲ့ အမှုဖွင့်ခံရပါတယ်။ မှုခင်း အရှုပ်အထွေးတွေ ဖြစ်ပြီးနောက် ဂျော့ဂျ် ဘင်ဆိုဒါဟာ မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလ်မြို့ရှိ အရက်ဘားတစ်ခုရဲ့ အပြင်ဘက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ပိုင်အိုးနီးယား ပရက်စ် သတင်းဌာနက “သူက ကမ္ဘာနဲ့ချီပြီး အာဏာရှင်တွေကို ရှာနေချိန် သူ့သားကတော့ စိန့်ပေါလ်မြို့မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပြီ” လို့ သတင်းခေါင်းစဉ်တပ် ရေးသားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှေ့နေချုပ် ဘင်ဆိုဒါရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ ရုပ်သိမ်းလိုက်ပါတယ်။ အာဖဂန်နစ္စတန်၊ ပိုလန်၊ ရိုမေးနီးယားနဲ့ လစ်သူယေးနီးယားတို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သည်နဲ့ အရာရှိတွေကို ICC က စုံစမ်းစစ်ဆေးမယ့်အရေးကို တားမြစ်ဖို့ ဖြစ်တယ်လို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြပါတယ်။ ဘင်ဆိုဒါကို ဗီဇာ ရုတ်သိမ်းမှုဟာ ကုလသမဂ္ဂမှာ ဂယက်ရိုက်ခဲ့ပါတယ်။

သင်ကာဘုန်းမြင့်

(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version

ICC, ICJ နဲ့ မြန်မာ (၁)

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဆိုတာတွေဟာ မြန်မာ သတင်းဖတ် ပရိသတ်တွေအဖို့ ခဏခဏ တွေ့ဖူးတဲ့ မစိမ်းတဲ့ အမည်တွေ ဖြစ်ပါတယ်။ အခုတော့ အဲဒီ နှစ်ခုစလုံးကို နဖူးတွေ့ ဒူးတွေ့ဆိုသလို မြန်မာ့နိုင်ငံရေး၊ ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်လို့ ကြုံလာရပြီ ဖြစ်ပါတယ်။ သေချာ မသိတဲ့အတွက် စိုးရိမ်ပူပန်သူလည်းရှိ၊ သူတို့ရဲ့ ယန္တရားတွေက ဘယ်လိုလည်ပတ်သလဲ၊ လုပ်ပိုင်ခွင့်က ဘာတွေလဲ ဆိုတာ သိချင်သူတွေလည်း ရှိ၊ တပြိုင်နက်တည်းမှာပဲ ဒီတရားစီရင်ရေးတွေကို အရေးမထားသူတွေလည်း ရှိနေတာ တွေ့ရပါတယ်။ ဖြစ်နိုင်တဲ့ အလားအလာ၊ ကောင်းကျိုးဆိုးပြစ်ကို ဝေဖန်သုံးသပ်ပြတဲ့ မြန်မာ့ပညာရှင်၊ ကမ္ဘာ့ပညာရှင်တွေလည်း မီဒီယာတွေမှာ မကြာခဏ ပါလာနေပါပြီ။ 

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC)

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ဟာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ တည်ရှိပြီး အစိုးရချင်းဆိုင်ရာ အဖွဲ့အစည်းနဲ့ နိုင်ငံတကာ တရားခုံရုံး ဖြစ်ပါတယ်။ ICC ဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ စစ်ရေးအရ ကျူးကျော်ရန်စမှုတွေကို တရားစွဲဆို စီရင်ဆုံးဖြတ်နိုင်တယ်လို့ ICC ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ICC ဟာ ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှာ စတင်လည်ပတ်ပြီး ရုံးသုံးဘာသာစကားက အင်္ဂလိပ်နဲ့ ပြင်သစ်စကားတို့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လအထိ စာရင်းဇယားအရ ICC အဖွဲ့ဝင်နိုင်ငံ ၁၂၂ နိုင်ငံ ရှိပါတယ်။ အဖွဲ့လည်းမဝင်၊ ပဋိဉာဉ်စာချုပ်ကို လက်မှတ်လည်း မထိုးတဲ့ နိုင်ငံက ၄၂ နိုင်ငံဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံ၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ စတဲ့နိုင်ငံတွေလည်း ပါဝင်ပါတယ်။ 

ICC က အမှုကို လက်ခံရာမှာ အဖွဲ့ဝင်နိုင်ငံရဲ့ နိုင်ငံသား ဖြစ်ရပါမယ်။ အဖွဲ့ဝင် နိုင်ငံတစ်ခုရဲ့ ပိုင်နက်မှာ ကျူးလွန်မှု ဖြစ်ရပါမယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ICC ကို လွှဲပေးတဲ့အမှုဆိုရင်လည်း စီရင်ဆုံးဖြတ်နိုင်ပါတယ်။ အခု ဘင်္ဂါလီ မွတ်စလင်အရေးမှာ ICC က စုံစမ်းစစ်ဆေးခွင့် ပြုလိုက်တယ် ဆိုတာဟာ ICC အဖွဲ့ဝင် နိုင်ငံဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် မြေပေါ်ကို ဒုက္ခသည်တွေ ရောက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကနေဒါက ICC ကို ဘင်္ဂါလီ မွတ်စလင်အမှု တင်ဖို့ ထောက်ခံမှုလည်း ရှိနေပါတယ်။

အခုလက်ရှိ ICC မှာ ကနဦး လေ့လာစစ်ဆေးတဲ့ အမှု ကိုးမှု၊ စုံစမ်းစစ်ဆေးဆဲ အမှု ၁၂ မှု၊ အမှုပေါင်းက ၁၇ ခု၊ ဖမ်းဝရမ်းထုတ်ထားပြီး လွတ်မြောက်နေသူက ၁၅ ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ/ဘင်္ဂလားဒေ့ရှ် အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခွင့်ကို ICC က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ခွင့်ပြုလိုက်ပါတယ်။ 

ICC ဟာ ယူဂန်ဒါ သူပုန်ခေါင်းဆောင် ဂျိုးဇက် ကိုနီ၊ ဆူဒန် သမ္မတဟောင်း အိုမာ အယ်လ်-ဘာရှား၊ ကင်ညာ သမ္မတ အူဟူရူ ကင်ညတ်တာ၊ လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ၊ အိုင်ဗရီကို့စ် သမ္မတ လောရန့် ဂဘက်ဘို စသူတွေ အပါအဝင် ၄၄ ဦးကို တရားစီရင် ဆုံးဖြတ်ခဲ့ပါတယ်။

ICC ဟာ နိုင်ငံတွေနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကိုလည်း အမြောက်အများ ရင်ဆိုင်နေရပါတယ်။ တရားစီရင်ရေးကို အသိအမှတ်မပြုမှု၊ ဘက်လိုက်မှု စွပ်စွဲချက်၊ အမှုစွဲချက်တွေအပေါ် တရားမျှတမှု ရှိ၊ မရှိ၊ တရားရုံး လုပ်ထုံးလုပ်နည်း၊ တရားရုံးရဲ့ ထိရောက်မှုတွေကို ဝေဖန်နေကြတာတွေ ရှိပါတယ်။ ICC ဟာ အားနည်းတဲ့၊ သေးငယ်တဲ့ နိုင်ငံက ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး အားကြီးတဲ့၊ ချမ်းသာတဲ့ နိုင်ငံတွေက ကျူးလွန်တာတွေကိုတော့ လျစ်လျူရှုထားတယ်လို့ ဝေဖန်ခံရပါတယ်။ ICC က ဖမ်းဝရမ်း ထုတ်ထားတဲ့ ဆူဒန် သမ္မတ အိုမာ အယ်လ်-ဘာရှားဟာ နိုင်ငံများစွားကို သွားရောက်လည်ပတ်ခဲ့ပေမယ့် ဘယ်နိုင်ငံကမှ ဖမ်းဆီးမပေးတဲ့ သာဓကလည်း ရှိခဲ့ဖူးပါတယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန် စစ်တပ်ရဲ့ လုပ်ရပ်တွေကို ICC က တရားစွဲဖို့လုပ်လာရင် ICC တရားသူကြီးတွေကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်မယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူမယ်လို့ ပြင်းပြင်းထန်ထန် ပြောဖူးပါတယ်။ နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် ICC ဟာ ဘာမှ အောင်မြင်အောင် လုပ်နိုင်ခြင်း မရှိသလို သူတို့ စီရင်ချက်ချ၊ ဖမ်းဝရမ်း ထုတ်ထားသူတွေဟာလည်း အဲဒီ အားနည်းချက်ကို သိကြပါတယ်။

နောက်တစ်ခု ဝေဖန်ကြတာက ICC ရှေ့နေချုပ် ဖာတို ဘင်ဆိုဒါ ဖြစ်ပါတယ်။ ဘင်္ဂါလီ မွတ်စလင်အရေးမှာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့ လျှောက်ထားသူက ဖာတို ဘင်ဆိုဒါဖြစ်ပါတယ်။ 

ICC ဥပဒေချုပ် ဘင်ဆိုဒါဟာ နိုင်ငံရေး ပယောဂနဲ့ ကိုယ်ကျိုးစိတ်ခံစားမှုကို အခြေခံပြီး အမှုကို တည်ဆောက်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးခွင့်ပြုဖို့ လျှောက်ထားချက်မှာ ARSA အကြမ်းဖက်အဖွဲ့ကနေ ဟိန္ဒူတွေအပါအဝင် ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ပြစ်မှုတွေ မပါဝင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်က ဝေဖန်ထားပါတယ်။

ဖာတို ဘင်ဆိုဒါဟာ ဂမ်ဘီယာနိုင်ငံက ဖြစ်ပြီး တိုက်ဆိုက်စွာပဲ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အထောက်အပံ့နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဖို့ အမှုတင်သွင်းထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

သူဟာ သူ့အရင် ပထမဆုံး ICC ရှေ့နေချုပ် လူးဝစ် မိုရင်နို အိုကမ်ပိုရဲ့ သြဇာကို အခုထိ ခံနေရတယ်ဆိုတဲ့ ဝေဖန်ချက် ဖြစ်ပါတယ်။ အိုကမ်ပိုဟာ အနားယူသွားပြီဖြစ်ပေမယ့် ဘင်ဆိုဒါဟာ အိုကမ်ပိုနဲ့ အနီးကပ် ဆက်ဆံရေး ရှိနေတဲ့အပြင် ICC ရဲ့ အတွင်းရေး အချက်အလက်တွေကို အိုကမ်ပိုကို ပြသတာ၊ တရားစီရင်ရေးအတွက် အကြံဉာဏ် တောင်းခြင်းအားဖြင့် အိုကမ်ပိုရဲ့ လွှမ်းမိုးမှုကနေ မလွတ်မြောက်နိုင်တာတွေကြောင့် ဝေဖန်ခံရတာတွေ ရှိနေပါတယ်။ နောက်ထပ် တိုက်ဆိုင်စွာပွဲ အိုကမ်ပိုဟာ အာဂျင်တီးနား နိုင်ငံက ဖြစ်ပြီး ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ တပ်မတော် ခေါင်းဆောင်တွေသာမက ဒေါ်အောင်ဆန်းစုကြည်ကိုပါ အာဂျင်တီးနား တရားရုံးမှာ တရားစွဲဆိုထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဘင်ဆိုဒါဟာ ရုရှားနဲ့ ဂျော်ဂျီယာအရေးမှာလည်း တင်ထားတဲ့အဆိုကို ပြန်ရုပ်သိမ်းခဲ့ရသလို ဘူရွန်ဒီ၊ ဂမ်ဘီယာ၊ တောင်အာဖရိကနိုင်ငံတွေက ICC ရဲ့ ပဋိဉာဉ်စာချုပ် ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်မှုမှာလည်း အဓိက ပြဿနာက ဘင်ဆိုဒါ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဖာတို ဘင်ဆိုဒါရဲ့ သားဖြစ်သူ ဂျော့ဂျ် ဘင်ဆိုဒါဟာ အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ ဝစ္စကွန်ဆင်၊ အယ်လ်တူးနားမြို့မှာ လက်နက်ကိုင်ဆောင်မှု၊ ရောင်းချဖို့ ရည်ရွယ်ထားတဲ့ ကိုကင်းမူးယစ်ဆေး ပိုင်ဆိုင်မှုတွေနဲ့ အမှုဖွင့်ခံရပါတယ်။ မှုခင်း အရှုပ်အထွေးတွေ ဖြစ်ပြီးနောက် ဂျော့ဂျ် ဘင်ဆိုဒါဟာ မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလ်မြို့ရှိ အရက်ဘားတစ်ခုရဲ့ အပြင်ဘက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ပိုင်အိုးနီးယား ပရက်စ် သတင်းဌာနက “သူက ကမ္ဘာနဲ့ချီပြီး အာဏာရှင်တွေကို ရှာနေချိန် သူ့သားကတော့ စိန့်ပေါလ်မြို့မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပြီ” လို့ သတင်းခေါင်းစဉ်တပ် ရေးသားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှေ့နေချုပ် ဘင်ဆိုဒါရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ ရုပ်သိမ်းလိုက်ပါတယ်။ အာဖဂန်နစ္စတန်၊ ပိုလန်၊ ရိုမေးနီးယားနဲ့ လစ်သူယေးနီးယားတို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သည်နဲ့ အရာရှိတွေကို ICC က စုံစမ်းစစ်ဆေးမယ့်အရေးကို တားမြစ်ဖို့ ဖြစ်တယ်လို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြပါတယ်။ ဘင်ဆိုဒါကို ဗီဇာ ရုတ်သိမ်းမှုဟာ ကုလသမဂ္ဂမှာ ဂယက်ရိုက်ခဲ့ပါတယ်။

သင်ကာဘုန်းမြင့်

(ဆက်လက်ဖော်ပြပါမည်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)