နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၉)

0
367


အိမ်နှင့် ပူးပေါင်းဆောင်ရွက်မှု

မိဘများတွင် မိမိသားသမီးကို မိမိ သွန်သင်ဆုံးမရန် တာဝန်ရှိသည်။ ကျောင်းအနေနှင့် ဤတာဝန်ကို မိဘများနှင့် ပူးပေါင်းဆောင်ကာ ဖေးမထောက်ကူလိုသည်။ ကလေးများသည် ကျောင်းတွင် တတ်နိုင်သမျှ အများဆုံး သင်ယူရသည်ဖြစ်၍ အိမ်နှင့်ကျောင်း ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးသည်။
ကျောင်းသား၊ မိဘနှင့် ဆရာတို့ တွေ့ဆုံဆွေးနွေးကြရန် အရေးကြီးပါသည်။ သူတို့ ကျောင်းစာတွင် တိုးတက်မှုနှင့် ကျောင်းတွင် ကလေးမည်မျှ အဆင်ပြေပြေ နေနိုင်သည်ကို ဆွေးနွေးကြရမည်။ ထိုအစည်းအဝေးမျိုးကို တနှစ်လျှင် နှစ်ကြိမ်ထက်မနည်း ခေါ်သင့်သည်။


ကျောင်းကပေးလိုက်သော အကြောင်းကြားစာကို ဖတ်ရှုပြီး သေချာစွာ တွေးတောရန် အရေးကြီးသည်။ ကလေးတွင် အိမ်စာလုပ်ရန် သို့မဟုတ် အချိန်ပိုင်းအလိုက် စီမံထားချက်များ ပါရှိနိုင်သည်။ ထိုစီမံချက်များထဲတွင် ကျောင်းသင်ဘာသာရပ် အမျိုးမျိုးအတွက် ကျောင်းက ဘာလုပ်ပေးထားသည်ကို ဖတ်ကြည့်နိုင်သည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူထံ အရေးကြီးသော သတင်းပေးချက်များလည်း ပါဝင်နေနိုင်သည်။ မိဘများက တစုံတရာ သိလိုသည်များရှိပါက ဆရာ သို့မဟုတ် ကျောင်းမှ တစ်ယောက်ယောက်ကို ဆက်သွယ်နိုင်သည်။
မိဘများသည် ဆရာနှင့် အခြားကျောင်းသား မိဘများကို တွေ့ဆုံလေ့ရှိကြသည်။ သူတို့ စာသင်ခန်းအကြောင်း စာသင်ခန်းဝန်းကျင်နှင့် စီမံကိန်းများ စုပေါင်းလှုပ်ရှားမှုများ အကြောင်း ပြောဆိုကြလိမ့်မည်။ ထိုအစည်းအဝေးမျိုး တနှစ်လျှင် နှစ်ကြိမ်ထက်မနည်း ကျင်းပပါလိမ့်မည်။ ထိုအစည်းအဝေးမျိုးတွင် အခြားကျောင်းသား မိဘများနှင့် ခင်မင်သိကျွမ်းရသည်မှာ ကောင်းပါသည်။

ကျောင်းပတ်ဝန်းကျင်

ကျောင်းသားများသည် ရုပ်ပိုင်းရော လူမှုရေး စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်သော ကျောင်းပတ်ဝန်းကျင်ကို ရပိုင်ခွင့်ရှိသည်။ ကလေးများအနေနှင့် ကျောင်းပျော်ပြီး စိတ်ချလုံခြုံကာ သင့်တင့်လျောက်ပတ်သော သင်ကြားရေး ဝန်းကျင်ကောင်းတစ်ခုကို ပေးမည့် ကျောင်းသားဘဝကို ရပိုင်ခွင့်ရှိသည်။ ကလေးများ အခွင့်အရေးများ အပြည့်အဝ မရဟု မိဘများက ထင်မြင်ယူဆပါက မိဘများအနေနှင့် တင်ပြ ကန့်ကွက်နိုင်သည်။ မိဘများနှင့် ကျောင်းတို့အကြား သဘောထား ကွဲလွဲလျှင် ဆက်လက်၍ မြိှု့နယ်သို့ တင်ပြကန့်ကွက်နိုင်သည်။ နောက်ဆုံးအဆင့်အဖြစ် တိုင်းမင်းကြီးထံတွင် စောဒက တက်နိုင်သည်။
ဆရာ၊ ဆရာမတိုင်း စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် မျောက်ရှုံးအောင် ကစားနေသည့် ကလေးတွေနှင့် ကြုံဖူးမည် ထင်ပါသည်။ ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ ဆူဆူ၊ ဘယ်လောက်ရိုက်ရိုက် ကစားမြဲ ကစားတဲ့ ကလေးတွေကို စာသင်ခန်းထဲမှာ စိတ်ပါအောင် သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေ သိထားသင့်ပါသည်။
သင်က စာသင်ရတာကို စိတ်မဝင်စားရင် သင်ရဲ့ ကျောင်းသားတွေကလည်း စာသင်ကြားရေးကို စိတ်ဝင်စားမှာ မဟုတ်ပါ။ ဒီတော့ သင်ကိုယ်တိုင် စိတ်ဝင်စားမှုရှိအောင် သင်ဖို့က ပိုအရေးကြီးသည်။

၁။ ကျောင်းသားတိုင်းကို ပူးပေါင်းပါဝင်ခွင့်ပေးပါ

စာသင်နေတဲ့အခါ ဆရာကပဲ တတွတ်တွတ်သင်နေတဲ့ သင်ကြားနည်းကို အသုံးပြုမယ်ဆိုရင်တော့ ကလေးတွေက စိတ်ပါဝင်စားမှု လုံးဝမရှိတော့ဘူး။ ဒါလေး လိုက်မှတ်၊ ဒါက အရေးကြီးသည်၊ ဒါကျက်ဆိုတာ လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်၊ သင့်အနေနဲ့ ဒီလိုသင်နေတယ်ဆိုရင် သင် စာသင်နေတဲ ့အခန်းက ငြီးငွေ့စရာ ဖြစ်နေပါလိမ့်မယ်။ ကလေးတွေကလည်း အဲလိုသင်တာ မကြိုက်ပါ။
ကျောင်းသားနဲ့ ဆရာ အပြန်အလှန် ဆွေးနွေးမယ်၊ ဗဟုသုတတွေ ပြောပြမယ်၊ ဟာသလေးတွေ ထည့်ပြောမယ် ဆိုရင်တော့ ကလေးတွေကို စိတ်ဝင်စားအောင် ဆွဲခေါ်သင်ယူနိုင်မှာ သေချာပါသည်။ ဒီတော့ စာသင်ခန်းအတွင်းမှာ ကျောင်းသားကို ဗဟိုပြု သင်ကြားခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါသည်။

၂။ စာသင်ခန်းအတွင်း ပျော်စရာကောင်းအောင် ဖန်တီးပါ

သင့်အတန်းကို အမှတ်ရစရာတွေ၊ ကစားပွဲတွေ၊ ပြိုင်ပွဲတွေ ပြုလုပ်ပေးပါ။ လူတိုင်းဟာ ပြိုင်ပွဲတွေကို နှစ်သက် ပျော်ရွှင်ဖွယ်ဖြစ်ပြီး သင်ယူခြင်းကိုပါ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေစေအောင် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ – ကျောင်းသားတိုင်းရဲ့ အကြိုက်ဆုံး ကစားနည်းကတော့ ဂိမ်းကစားတာပဲ ဖြစ်သည်။ နော်ဝေနိုင်ငံမှာတော့ ကျောင်းသား ကျောင်းသူများ အတွက် Kahoot.no ကတော့ ဂိမ်းကစားပြီး စာသင်တဲ့ နေရာဖြစ်ပါသည်။ မိမိတို့ မြန်မာပြည်မှာလည်း အဲဒီလို စာသင်တဲ့ ဂိမ်းမျိုးတွေ ရှိလာမယ် ဆိုရင်တော့ မိမိတို့ အနာဂတ်မျိုးဆက်များ အတွက် အကောင်းဆုံးဖြစ်ပါသည်။

၃။ အချို့အရာတွေကို ဘာကြောင့် လုပ်ရသလဲ ဆိုတာကို သေချာ ရှင်းပြပါ

ကျောင်းသားများကို ဖတ်စာအုပ်ဖွင့်ပြီး စာမျက်နှာ တစ်ခုမှ လေ့ကျင့်ခန်းကို လုပ်ပါလို့ ခိုင်းတာလောက် ပျင်းစရာကောင်းတာ မရှိဘူး။ စာလုပ်ခိုင်းပြီဆိုရင်တော့ ကျောင်းသားအများစုက အလိုလို ငြီးတွားတတ်ကြသည်။
အဲလို လုပ်ခိုင်းတော့မယ်ဆိုရင် အဲဒီလေ့ကျင့်ခန်းက ဘာကြောင့် အရေးကြီးကြောင်းနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာကိုပါ ရှင်းပြပေးဖို့ လိုအပ်ပါသည်။

၄။ မတူညီတဲ့ သင်ကြားရေး ပစ္စည်းများကို အသုံးပြုပါ

ကျောင်းသားများဟာ စာအုပ်ကို ကြည့်ရတာထက် မြင်ကွင်းကျယ် Screen ကို ကြည့်ရတာကို ပိုမို နှစ်သက်ကြပါသည်။
ဆရာတစ်ယောက် အနေနဲ့ စာသင်ခန်းထဲကို အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးမယ့် သင်ကြားရေး အထောက်အကူ အသစ်တွေကို ရှာဖွေယူဆောင်လာဖို့ လိုအပ်ပါသည်။
စာသင်ခန်းထဲကိုလည်း နည်းပညာ အသစ်တွေကို ယူဆောင်လာခြင်းကလည်း ကျောင်းသားများကို စိတ်အားထက်သန်အောင် ပြုလုပ်ပေးခြင်း နည်းတစ်မျိုးလည်း ဖြစ်ပါသည်။

၅။ ကျောင်းသားများကို မကြာခဏ ချီးမွမ်းပေးပါ

ကျောင်းသားတွေရဲ့ လုပ်ဆောင်မှု တစ်ခုပြီးတိုင်း သူတို့ရဲ့ အဖြေတွေက မမှန်ဘူးဆိုရင်တောင် အထူးသဖြင့် အားနည်းတဲ့ ကျောင်းသားများအတွက် တော်လိုက်တာတို့၊ ဖြေပေးတာ ကျေးဇူးပဲ ဆိုတဲ့ စကားတွေနဲ့ မှတ်ချက်ပေးပြီး ချီးမွမ်းပေးတာဟာ သူတို့ရဲ့ ယုံကြည်မှုကို တိုးပွားစေပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကတော့ ချီးမွမ်းတာဆို သိပ်ကြိုက်တယ်လေ။ အဲဒီတော့ သင့်တပည့်လေးတွေကိုလည်း မကြာခဏ ချီးမွမ်းစကား ပြောပေးဖို့ မမေ့ပါနဲ့။

လူတိုင်းမှာ အားနည်းချက်တွေ ၊ အားသာချက်တွေ ကိုယ်စီရှိနေကြတာမို့ တခြားသူတွေ မမြင်နိုင်သော အားနည်းချက်များဟာ လူတိုင်းမှာရှိကြပါသည်။ တခါတလေ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင် မမြင်ကြတာလည်း ရှိပါသည်။ ဒီအားသာချက်၊ အားနည်းချက်တွေအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ရလဒ်တွေဟာလည်း မတူညီတဲ့ ရလဒ်တွေကို ဖြစ်စေတာပါ။ တခါတလေ ကြိုးစားအားထုတ်မှုချင်း တူနေပေမယ့် ရလဒ်ချင်းကွာသွားပါသည်။ ဒါဟာ ကံတရားကြောင့်လားလို့ တချို့က တွေးကြပေမယ့် ကိုယ်မမြင်နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဒါတွေကို သတိထားမိလာတဲ့ မိမိတို့ဟာ မိမိရဲ့ လုပ်ရပ်အပေါ်မှာ၊ ကလေးရဲ့ ရလဒ်အပေါ်မှာ အမြဲ ပြန်လည်သုံးသပ်ပြီး ဘယ်နေရာမှာ အားနည်းချက်တွေ ရှိနေလို့ ဒီလိုဖြစ်တာလဲ၊ ဘယ်နေရာမှာ အားသာချက်တွေ ရှိနေလို့ ဒီလို ရလဒ်ကောင်း ထွက်တာလဲ ဆိုတာလည်း အမြဲသုံးသပ်ဖို့ အရေးကြီးပါသည်။


ကိုယ်မသိသေးတဲ့ အားနည်းချက်တွေကို သတိထားမိပြီး ပြင်နိုင်ပါမှ ဒီလို မကောင်းတဲ့ရလဒ်တွေ ထပ်မရှိလာတော့မှာပါ။ ကိုယ့်မှာရှိထားတဲ့ အားသာချက်တွေကို အသုံးပြုပြီး ပိုမို တောက်ပြောင်အောင် ဖော်ဆောင်လိုက်မယ်ဆို ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ မလွဲမသွေ ရရှိလာမှာပါပဲ။
တခါတလေမှာ မိမိအားနည်းချက်ကြောင့် ဒီရလဒ် သွယ်ဝိုက် ရရှိလာတာကို အခြားလူအပြစ်လို့ တပါးသူကို အပြစ်ဖို့တတ်ကြသည်။
သတိလေးတော့ ပေးပါရစေ။


လူတိုင်းမှာ ပြီးပြည့်စုံသူရယ်လို့ မရှိတာမို့ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ပညာရေးကို ရရှိထားသည့်တိုင် အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိနေဦးမှာပါ။ ကိုယ့်မှာလည်း လိုအပ်ချက်တွေ၊ ထောက်ပြစရာတွေ ရှိနေမှာ အသေအချာပါပဲ။ ဒီလို မြင့်သူမှန်းရင် သူနဲ့ထိုက်တန်တဲ့နေရာမှာ ကိုယ်တိုင်က ရပ်တည်နေနိုင်တဲ့ အရည်အချင်းမျိုးတွေ ရှိနေရမှာပါ။
စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ သားသမီးရဲ့ ပညာရေး စတာတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရပ်တည်နေသမျှ သူများသားသမီးတွေ မိဘကို ငယ်ငယ်လေးနဲ့သိတတ်၊ တော်လိုက်ကြတာ။ ကိုယ့်သားသမီးများ ဆိုဆုံးမလို့မရ၊ ပြောစကားနားမထောင်၊ မသိတတ်၊ မိဘနဲ့ ကန့်လန့် လုပ်လိုက်ရမှ နေသာထိုင်သာရှိလို့ မိဘဖြစ်တဲ့ကိုယ့်မှာ သားသမီးကြောင့် စိတ်ဆင်းရဲနေရတယ်ဆိုတာ သားသမီးကံ မကောင်းလို့လား။


ကလေးကိုယ့်ကို တွယ်တာ ချစ်ခင်စေချင်ရင် ကလေးကို ကိုယ်ဝန် မဆောင်ခင် အချိန်ကတည်းက သူ့အတွက် လိုအပ်မယ့် ပံ့ပိုးမှုတွေ လုပ်ပေးဖို့ ငွေကြေးအခြေအနေ တောင့်တင်းနိုင်ဖို့ ကြိုးစားပါ။ ကလေးမွေးပြီးမှ သူ့အလိုလို ဖြည့်တင်းပေးသွားမယ်လို့ တွေးနေတဲ့ ယခု လုံးလည်ချာလည် ရရစားစား ဘဝမျိုးမှာဆို ကလေးကို အချိန်ပေးနိုင်ဖို့ အချိန်ရှားနေပါပြီ။ ကလေးအတွက် လိုအပ်တာတွေဟာ ကလေးမွေးပြီးချိန်ကစလို့ ကလေး အရွယ်ရလာလေလေ စားဝတ်နေရေး ၊ ပညာရေး စတာတွေမှာ ငွေပိုလိုအပ်လာတော့ လိုနေတဲ့ဒီငွေတွေ အပိုရှာဖို့ ကလေးကို အဓိက အုပ်ထိန်းရမယ့် မိခင်ဟာ ကလေးနား မနေနိုင်ဘဲ ငွေရှာနေရပြီလေ။


ကလေး အနားနေရမယ့်အချိန် ကလေးအနား မနေနိုင်ကတည်းက ကလေးနဲ့ ကိုယ့်အကြားမှာ စိတ်ချင်း ဝေးနေပါပြီ။ မိဘနဲ့ သားသမီးအကြား စိတ်ချင်းဝေးနေရင် ကလေးဟာ မိဘအပေါ် သွေးသားဆက်စပ်မှု အရသာ အဖေ၊ အမေ ခေါ်နေရပေမယ့် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချစ်ခင်တွယ်တာတာမျိုး ပါးလျနေပါပြီ။ ဒီကြားထဲ မိဘက လုံလောက်စွာ မပံ့ပိုးပေးနိုင်ဘူး၊ တွေ့ရင် အချစ်ခံရတာထက် အဆူခံအရိုက် ခံရတာတွေလည်း များနေမယ်၊ သားသမီး လုပ်ချင်တာထက် မိဘလုပ်စေချင်တာကိုပဲ ဖိအားပေး လုပ်နေရမယ်ဆိုရင် ကလေးဟာ အရွယ်ရလာလေလေ ဂျစ်ကန်ကန်နဲ့ မိဘနဲ့ အစေးမကပ် ဖြစ်နေမှာပါ။


ဆိုဆုံးမလို့မရတဲ့ သားသမီးကို ရနေတာဟာ နည်းမှန်လမ်းမှန် ဆိုဆုံးမမှုတွေ မလုပ်ခဲ့တဲ့ ကိုယ့်ရဲ့ အားနည်းချက်ပါပဲ။ ကိုယ့်လက်အောက်မှာ ရှိနေတဲ့ ကလေးအရွယ်မှာတောင် ကိုယ့်စကားနားမထောင်၊ ကလန်ကဆန်ကလေး ဖြစ်နေရင် ကိုယ့်လက်အောက်က လွတ်သွားတဲ့အရွယ်၊ ကိုယ်အိုမင်းသွားတဲ့ အရွယ်မှာ သားသမီးဖြစ်သူဆီက ယုယကြင်နာမှုတွေ၊ သိတတ်မှုတွေဆိုတာ ကိုယ်ခံစားရနိုင်ပါ့မလား။ ကိုယ့်အမွေတွေယူပြီး ကိုယ့်ကိုယ် မစွန့်ပစ်ရင် အတော်ကံကောင်းတယ်လို့များ ဆိုရလေမလား။ ခုနောက်ပိုင်း စွန့်ပစ်ခံ ဘိုးဘွားတွေ များလာလို့ ဒီလိုရေးရတာပါ။ နောင်နှစ်နှစ်ဆယ်ဆို ဒီ့ထက်များ ပိုဆိုးရွားလာလေမလားလို့။ အဲဒီစွန့်ပစ်ခံ ဘိုးဘွားတွေထဲ ကိုယ်မပါချင်ရင် ကလေးငယ်စဉ် ကလေးငယ်ကို အချိန်ပေးပါ၊ မေတ္တာပေးပါ၊ ဂရုစိုက်ပေးပါ၊ ကြင်နာမှုတွေပေးပါ၊ အစွမ်းကုန် ပံ့ပိုးပေးပါ။ မေတ္တာပေးမှ မေတ္တာရပါသည်။

(ဆက်လက် ဖော်ပြပါမည်)
အရှင် ထာဝရ (နော်ဝေ)

Zawgyi Version

နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၉)

အိမ်နှင့် ပူးပေါင်းဆောင်ရွက်မှု

မိဘများတွင် မိမိသားသမီးကို မိမိ သွန်သင်ဆုံးမရန် တာဝန်ရှိသည်။ ကျောင်းအနေနှင့် ဤတာဝန်ကို မိဘများနှင့် ပူးပေါင်းဆောင်ကာ ဖေးမထောက်ကူလိုသည်။ ကလေးများသည် ကျောင်းတွင် တတ်နိုင်သမျှ အများဆုံး သင်ယူရသည်ဖြစ်၍ အိမ်နှင့်ကျောင်း ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးသည်။

ကျောင်းသား၊ မိဘနှင့် ဆရာတို့ တွေ့ဆုံဆွေးနွေးကြရန် အရေးကြီးပါသည်။ သူတို့ ကျောင်းစာတွင် တိုးတက်မှုနှင့် ကျောင်းတွင် ကလေးမည်မျှ အဆင်ပြေပြေ နေနိုင်သည်ကို ဆွေးနွေးကြရမည်။ ထိုအစည်းအဝေးမျိုးကို တနှစ်လျှင် နှစ်ကြိမ်ထက်မနည်း ခေါ်သင့်သည်။

ကျောင်းကပေးလိုက်သော အကြောင်းကြားစာကို ဖတ်ရှုပြီး သေချာစွာ တွေးတောရန် အရေးကြီးသည်။ ကလေးတွင် အိမ်စာလုပ်ရန် သို့မဟုတ် အချိန်ပိုင်းအလိုက် စီမံထားချက်များ ပါရှိနိုင်သည်။ ထိုစီမံချက်များထဲတွင် ကျောင်းသင်ဘာသာရပ် အမျိုးမျိုးအတွက် ကျောင်းက ဘာလုပ်ပေးထားသည်ကို ဖတ်ကြည့်နိုင်သည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူထံ အရေးကြီးသော သတင်းပေးချက်များလည်း ပါဝင်နေနိုင်သည်။ မိဘများက တစုံတရာ သိလိုသည်များရှိပါက ဆရာ သို့မဟုတ် ကျောင်းမှ တစ်ယောက်ယောက်ကို ဆက်သွယ်နိုင်သည်။

မိဘများသည် ဆရာနှင့် အခြားကျောင်းသား မိဘများကို တွေ့ဆုံလေ့ရှိကြသည်။ သူတို့ စာသင်ခန်းအကြောင်း စာသင်ခန်းဝန်းကျင်နှင့် စီမံကိန်းများ စုပေါင်းလှုပ်ရှားမှုများ အကြောင်း ပြောဆိုကြလိမ့်မည်။ ထိုအစည်းအဝေးမျိုး တနှစ်လျှင် နှစ်ကြိမ်ထက်မနည်း ကျင်းပပါလိမ့်မည်။ ထိုအစည်းအဝေးမျိုးတွင် အခြားကျောင်းသား မိဘများနှင့် ခင်မင်သိကျွမ်းရသည်မှာ ကောင်းပါသည်။

ကျောင်းပတ်ဝန်းကျင်

ကျောင်းသားများသည် ရုပ်ပိုင်းရော လူမှုရေး စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်သော ကျောင်းပတ်ဝန်းကျင်ကို ရပိုင်ခွင့်ရှိသည်။ ကလေးများအနေနှင့် ကျောင်းပျော်ပြီး စိတ်ချလုံခြုံကာ သင့်တင့်လျောက်ပတ်သော သင်ကြားရေး ဝန်းကျင်ကောင်းတစ်ခုကို ပေးမည့် ကျောင်းသားဘဝကို ရပိုင်ခွင့်ရှိသည်။ ကလေးများ အခွင့်အရေးများ အပြည့်အဝ မရဟု မိဘများက ထင်မြင်ယူဆပါက မိဘများအနေနှင့် တင်ပြ ကန့်ကွက်နိုင်သည်။ မိဘများနှင့် ကျောင်းတို့အကြား သဘောထား ကွဲလွဲလျှင် ဆက်လက်၍ မြှို့နယ်သို့ တင်ပြကန့်ကွက်နိုင်သည်။ နောက်ဆုံးအဆင့်အဖြစ် တိုင်းမင်းကြီးထံတွင် စောဒက တက်နိုင်သည်။

ဆရာ၊ ဆရာမတိုင်း စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် မျောက်ရှုံးအောင် ကစားနေသည့် ကလေးတွေနှင့် ကြုံဖူးမည် ထင်ပါသည်။ ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ ဆူဆူ၊ ဘယ်လောက်ရိုက်ရိုက် ကစားမြဲ ကစားတဲ့ ကလေးတွေကို စာသင်ခန်းထဲမှာ စိတ်ပါအောင် သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေ သိထားသင့်ပါသည်။

သင်က စာသင်ရတာကို စိတ်မဝင်စားရင် သင်ရဲ့ ကျောင်းသားတွေကလည်း စာသင်ကြားရေးကို စိတ်ဝင်စားမှာ မဟုတ်ပါ။ ဒီတော့ သင်ကိုယ်တိုင် စိတ်ဝင်စားမှုရှိအောင် သင်ဖို့က ပိုအရေးကြီးသည်။

၁။ ကျောင်းသားတိုင်းကို ပူးပေါင်းပါဝင်ခွင့်ပေးပါ

စာသင်နေတဲ့အခါ ဆရာကပဲ တတွတ်တွတ်သင်နေတဲ့ သင်ကြားနည်းကို အသုံးပြုမယ်ဆိုရင်တော့ ကလေးတွေက စိတ်ပါဝင်စားမှု လုံးဝမရှိတော့ဘူး။ ဒါလေး လိုက်မှတ်၊ ဒါက အရေးကြီးသည်၊ ဒါကျက်ဆိုတာ လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်၊ သင့်အနေနဲ့ ဒီလိုသင်နေတယ်ဆိုရင် သင် စာသင်နေတဲ့အခန်းက  ငြီးငွေ့စရာ ဖြစ်နေပါလိမ့်မယ်။ ကလေးတွေကလည်း အဲလိုသင်တာ မကြိုက်ပါ။

ကျောင်းသားနဲ့ ဆရာ အပြန်အလှန် ဆွေးနွေးမယ်၊ ဗဟုသုတတွေ ပြောပြမယ်၊ ဟာသလေးတွေ ထည့်ပြောမယ် ဆိုရင်တော့ ကလေးတွေကို စိတ်ဝင်စားအောင် ဆွဲခေါ်သင်ယူနိုင်မှာ သေချာပါသည်။ ဒီတော့ စာသင်ခန်းအတွင်းမှာ ကျောင်းသားကို ဗဟိုပြု သင်ကြားခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါသည်။

၂။ စာသင်ခန်းအတွင်း ပျော်စရာကောင်းအောင် ဖန်တီးပါ

သင့်အတန်းကို အမှတ်ရစရာတွေ၊ ကစားပွဲတွေ၊ ပြိုင်ပွဲတွေ ပြုလုပ်ပေးပါ။ လူတိုင်းဟာ ပြိုင်ပွဲတွေကို နှစ်သက် ပျော်ရွှင်ဖွယ်ဖြစ်ပြီး သင်ယူခြင်းကိုပါ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေစေအောင် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ – ကျောင်းသားတိုင်းရဲ့ အကြိုက်ဆုံး ကစားနည်းကတော့ ဂိမ်းကစားတာပဲ ဖြစ်သည်။ နော်ဝေနိုင်ငံမှာတော့ ကျောင်းသား ကျောင်းသူများ အတွက် Kahoot.no ကတော့ ဂိမ်းကစားပြီး စာသင်တဲ့ နေရာဖြစ်ပါသည်။ မိမိတို့ မြန်မာပြည်မှာလည်း အဲဒီလို စာသင်တဲ့ ဂိမ်းမျိုးတွေ ရှိလာမယ် ဆိုရင်တော့ မိမိတို့ အနာဂတ်မျိုးဆက်များ အတွက် အကောင်းဆုံးဖြစ်ပါသည်။

၃။ အချို့အရာတွေကို ဘာကြောင့် လုပ်ရသလဲ ဆိုတာကို သေချာ ရှင်းပြပါ

ကျောင်းသားများကို ဖတ်စာအုပ်ဖွင့်ပြီး စာမျက်နှာ တစ်ခုမှ လေ့ကျင့်ခန်းကို လုပ်ပါလို့ ခိုင်းတာလောက် ပျင်းစရာကောင်းတာ မရှိဘူး။ စာလုပ်ခိုင်းပြီဆိုရင်တော့ ကျောင်းသားအများစုက အလိုလို ငြီးတွားတတ်ကြသည်။

အဲလို လုပ်ခိုင်းတော့မယ်ဆိုရင် အဲဒီလေ့ကျင့်ခန်းက ဘာကြောင့် အရေးကြီးကြောင်းနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာကိုပါ ရှင်းပြပေးဖို့ လိုအပ်ပါသည်။

၄။ မတူညီတဲ့ သင်ကြားရေး ပစ္စည်းများကို အသုံးပြုပါ

ကျောင်းသားများဟာ စာအုပ်ကို ကြည့်ရတာထက် မြင်ကွင်းကျယ် Screen ကို ကြည့်ရတာကို ပိုမို နှစ်သက်ကြပါသည်။

ဆရာတစ်ယောက် အနေနဲ့ စာသင်ခန်းထဲကို အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးမယ့် သင်ကြားရေး အထောက်အကူ အသစ်တွေကို ရှာဖွေယူဆောင်လာဖို့ လိုအပ်ပါသည်။

စာသင်ခန်းထဲကိုလည်း နည်းပညာ အသစ်တွေကို ယူဆောင်လာခြင်းကလည်း ကျောင်းသားများကို စိတ်အားထက်သန်အောင် ပြုလုပ်ပေးခြင်း နည်းတစ်မျိုးလည်း ဖြစ်ပါသည်။

၅။ ကျောင်းသားများကို မကြာခဏ ချီးမွမ်းပေးပါ

ကျောင်းသားတွေရဲ့ လုပ်ဆောင်မှု တစ်ခုပြီးတိုင်း သူတို့ရဲ့ အဖြေတွေက မမှန်ဘူးဆိုရင်တောင် အထူးသဖြင့် အားနည်းတဲ့ ကျောင်းသားများအတွက် တော်လိုက်တာတို့၊ ဖြေပေးတာ ကျေးဇူးပဲ ဆိုတဲ့ စကားတွေနဲ့ မှတ်ချက်ပေးပြီး ချီးမွမ်းပေးတာဟာ သူတို့ရဲ့ ယုံကြည်မှုကို တိုးပွားစေပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကတော့ ချီးမွမ်းတာဆို သိပ်ကြိုက်တယ်လေ။ အဲဒီတော့ သင့်တပည့်လေးတွေကိုလည်း မကြာခဏ ချီးမွမ်းစကား ပြောပေးဖို့ မမေ့ပါနဲ့။

လူတိုင်းမှာ အားနည်းချက်တွေ ၊ အားသာချက်တွေ ကိုယ်စီရှိနေကြတာမို့ တခြားသူတွေ မမြင်နိုင်သော အားနည်းချက်များဟာ လူတိုင်းမှာရှိကြပါသည်။ တခါတလေ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင် မမြင်ကြတာလည်း ရှိပါသည်။ ဒီအားသာချက်၊ အားနည်းချက်တွေအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ရလဒ်တွေဟာလည်း မတူညီတဲ့ ရလဒ်တွေကို ဖြစ်စေတာပါ။ တခါတလေ ကြိုးစားအားထုတ်မှုချင်း တူနေပေမယ့် ရလဒ်ချင်းကွာသွားပါသည်။ ဒါဟာ ကံတရားကြောင့်လားလို့ တချို့က တွေးကြပေမယ့် ကိုယ်မမြင်နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဒါတွေကို သတိထားမိလာတဲ့ မိမိတို့ဟာ မိမိရဲ့ လုပ်ရပ်အပေါ်မှာ၊ ကလေးရဲ့ ရလဒ်အပေါ်မှာ အမြဲ ပြန်လည်သုံးသပ်ပြီး ဘယ်နေရာမှာ အားနည်းချက်တွေ ရှိနေလို့ ဒီလိုဖြစ်တာလဲ၊ ဘယ်နေရာမှာ အားသာချက်တွေ ရှိနေလို့ ဒီလို ရလဒ်ကောင်း ထွက်တာလဲ ဆိုတာလည်း အမြဲသုံးသပ်ဖို့ အရေးကြီးပါသည်။

ကိုယ်မသိသေးတဲ့ အားနည်းချက်တွေကို သတိထားမိပြီး ပြင်နိုင်ပါမှ ဒီလို မကောင်းတဲ့ရလဒ်တွေ ထပ်မရှိလာတော့မှာပါ။ ကိုယ့်မှာရှိထားတဲ့ အားသာချက်တွေကို အသုံးပြုပြီး ပိုမို တောက်ပြောင်အောင် ဖော်ဆောင်လိုက်မယ်ဆို ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ မလွဲမသွေ ရရှိလာမှာပါပဲ။

တခါတလေမှာ မိမိအားနည်းချက်ကြောင့် ဒီရလဒ် သွယ်ဝိုက် ရရှိလာတာကို အခြားလူအပြစ်လို့ တပါးသူကို အပြစ်ဖို့တတ်ကြသည်။

သတိလေးတော့ ပေးပါရစေ။

လူတိုင်းမှာ ပြီးပြည့်စုံသူရယ်လို့ မရှိတာမို့ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ပညာရေးကို ရရှိထားသည့်တိုင် အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိနေဦးမှာပါ။ ကိုယ့်မှာလည်း လိုအပ်ချက်တွေ၊ ထောက်ပြစရာတွေ ရှိနေမှာ အသေအချာပါပဲ။ ဒီလို မြင့်သူမှန်းရင် သူနဲ့ထိုက်တန်တဲ့နေရာမှာ ကိုယ်တိုင်က ရပ်တည်နေနိုင်တဲ့ အရည်အချင်းမျိုးတွေ ရှိနေရမှာပါ။

စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ သားသမီးရဲ့ ပညာရေး စတာတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရပ်တည်နေသမျှ   သူများသားသမီးတွေ မိဘကို ငယ်ငယ်လေးနဲ့သိတတ်၊ တော်လိုက်ကြတာ။ ကိုယ့်သားသမီးများ ဆိုဆုံးမလို့မရ၊ ပြောစကားနားမထောင်၊ မသိတတ်၊ မိဘနဲ့ ကန့်လန့် လုပ်လိုက်ရမှ နေသာထိုင်သာရှိလို့ မိဘဖြစ်တဲ့ကိုယ့်မှာ သားသမီးကြောင့် စိတ်ဆင်းရဲနေရတယ်ဆိုတာ သားသမီးကံ မကောင်းလို့လား။

ကလေးကိုယ့်ကို တွယ်တာ ချစ်ခင်စေချင်ရင် ကလေးကို ကိုယ်ဝန် မဆောင်ခင် အချိန်ကတည်းက သူ့အတွက် လိုအပ်မယ့် ပံ့ပိုးမှုတွေ လုပ်ပေးဖို့ ငွေကြေးအခြေအနေ တောင့်တင်းနိုင်ဖို့ ကြိုးစားပါ။ ကလေးမွေးပြီးမှ သူ့အလိုလို ဖြည့်တင်းပေးသွားမယ်လို့ တွေးနေတဲ့ ယခု လုံးလည်ချာလည် ရရစားစား ဘဝမျိုးမှာဆို ကလေးကို အချိန်ပေးနိုင်ဖို့ အချိန်ရှားနေပါပြီ။ ကလေးအတွက် လိုအပ်တာတွေဟာ ကလေးမွေးပြီးချိန်ကစလို့ ကလေး အရွယ်ရလာလေလေ စားဝတ်နေရေး ၊ ပညာရေး စတာတွေမှာ ငွေပိုလိုအပ်လာတော့ လိုနေတဲ့ဒီငွေတွေ အပိုရှာဖို့ ကလေးကို အဓိက အုပ်ထိန်းရမယ့် မိခင်ဟာ ကလေးနား မနေနိုင်ဘဲ ငွေရှာနေရပြီလေ။

ကလေး အနားနေရမယ့်အချိန် ကလေးအနား မနေနိုင်ကတည်းက ကလေးနဲ့ ကိုယ့်အကြားမှာ စိတ်ချင်း ဝေးနေပါပြီ။ မိဘနဲ့ သားသမီးအကြား စိတ်ချင်းဝေးနေရင် ကလေးဟာ မိဘအပေါ် သွေးသားဆက်စပ်မှု အရသာ အဖေ၊ အမေ ခေါ်နေရပေမယ့် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချစ်ခင်တွယ်တာတာမျိုး ပါးလျနေပါပြီ။ ဒီကြားထဲ မိဘက လုံလောက်စွာ မပံ့ပိုးပေးနိုင်ဘူး၊ တွေ့ရင် အချစ်ခံရတာထက် အဆူခံအရိုက် ခံရတာတွေလည်း များနေမယ်၊ သားသမီး လုပ်ချင်တာထက် မိဘလုပ်စေချင်တာကိုပဲ ဖိအားပေး လုပ်နေရမယ်ဆိုရင် ကလေးဟာ အရွယ်ရလာလေလေ ဂျစ်ကန်ကန်နဲ့ မိဘနဲ့ အစေးမကပ် ဖြစ်နေမှာပါ။

ဆိုဆုံးမလို့မရတဲ့ သားသမီးကို ရနေတာဟာ နည်းမှန်လမ်းမှန် ဆိုဆုံးမမှုတွေ မလုပ်ခဲ့တဲ့ ကိုယ့်ရဲ့ အားနည်းချက်ပါပဲ။ ကိုယ့်လက်အောက်မှာ ရှိနေတဲ့ ကလေးအရွယ်မှာတောင် ကိုယ့်စကားနားမထောင်၊ ကလန်ကဆန်ကလေး ဖြစ်နေရင် ကိုယ့်လက်အောက်က လွတ်သွားတဲ့အရွယ်၊ ကိုယ်အိုမင်းသွားတဲ့ အရွယ်မှာ သားသမီးဖြစ်သူဆီက ယုယကြင်နာမှုတွေ၊ သိတတ်မှုတွေဆိုတာ ကိုယ်ခံစားရနိုင်ပါ့မလား။ ကိုယ့်အမွေတွေယူပြီး ကိုယ့်ကိုယ် မစွန့်ပစ်ရင် အတော်ကံကောင်းတယ်လို့များ ဆိုရလေမလား။ ခုနောက်ပိုင်း စွန့်ပစ်ခံ ဘိုးဘွားတွေ များလာလို့ ဒီလိုရေးရတာပါ။ နောင်နှစ်နှစ်ဆယ်ဆို ဒီ့ထက်များ ပိုဆိုးရွားလာလေမလားလို့။ အဲဒီစွန့်ပစ်ခံ ဘိုးဘွားတွေထဲ ကိုယ်မပါချင်ရင် ကလေးငယ်စဉ် ကလေးငယ်ကို အချိန်ပေးပါ၊ မေတ္တာပေးပါ၊ ဂရုစိုက်ပေးပါ၊ ကြင်နာမှုတွေပေးပါ၊ အစွမ်းကုန် ပံ့ပိုးပေးပါ။ မေတ္တာပေးမှ မေတ္တာရပါသည်။

(ဆက်လက် ဖော်ပြပါမည်)

အရှင် ထာဝရ (နော်ဝေ)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)