၂၀၁၉ မွာ ေစာင့္ၾကည့္ရမယ့္ ပဋိပကၡ ၁၀ ခု (၁)

0
323

ႏိုင္ငံတကာ ပဋိပကၡ ေစာင့္ၾကည့္ေရးအဖြဲ႔ (ICG) ရဲ႕ ဥကၠ႒ ေရာဘတ္ ေမာ္လီ စာရင္းျပဳစုထားတဲ့ ၂၀၁၉ ခုႏွစ္မွာ ေစာင့္ၾကည့္ရမယ့္ ပဋိပကၡ ၁၀ ခု ျဖစ္ပါတယ္။ အဲဒါေတြကေတာ့ ယီမင္၊ အာဖဂန္နစၥတန္၊ အေမရိကန္-တ႐ုတ္ တင္းမာမႈ၊ ေဆာ္ဒီအာေရဗ် – အေမရိကန္ – အစၥေရးနဲ႔ အီရန္၊ ဆီးရီးယား၊ ႏိုက္ဂ်ီးရီးယား၊ ေတာင္ဆူဒန္၊ ကင္မရြန္း၊ ယူကရိန္းနဲ႔ ဗင္နီဇြဲလားတို႔ ျဖစ္ပါတယ္။

၁။ ယီမင္စစ္ပြဲ

ၿပီးခဲ့တဲ့ႏွစ္မွာ ႏိုင္ငံတကာ ဥပေဒေတြနဲ႔ ကင္းလြတ္တဲ့ ေနရာျပပါဆိုရင္ ယီမင္ကို ျပရမွာ ျဖစ္ပါတယ္။ လူသားခ်င္း စာနာေထာက္ထားမႈ ကူညီေရး အက်ပ္အတည္း အဆိုးဆံုး ကပ္ဆိုက္ေနၿပီး တစ္စိတ္တစ္ပိုင္း အပစ္ရပ္ေရးနဲ႔ ယံုၾကည္မႈ တည္ေဆာက္ေရး မလုပ္ႏိုင္ရင္ ၂၀၁၉ ခုႏွစ္မွာ အေျခအေန ဆက္ဆိုးႏိုင္ပါတယ္။ အဲဒီ အေျခမစိုက္ေအာင္ ကုလသမဂၢ အထူးကိုယ္စားလွယ္ မာတင္ ဂရစ္ဖစ္စ္ ၾကားဝင္ေပးဖို႔ ႀကိဳးစားေနတဲ့ အေျခအေနကို အဓိက တာဝန္ရွိသူေတြက ဆုပ္ကိုင္မိဖို႔ လိုပါတယ္။

ေဆာ္ဒီဦးေဆာင္တဲ့ ေလးႏွစ္ၾကာ စစ္ပြဲေၾကာင့္ ယီမင္ျပည္သူ ၁၆ သန္း အငတ္ေဘးႀကံဳေနပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ဟူသီသူပုန္ေတြဟာ ႏိုင္ငံတကာက အသိအမွတ္ျပဳထားတဲ့ ယီမင္အစိုးရကို ၿမိဳ႕ေတာ္ကေန တိုက္ထုတ္လိုက္ပါတယ္။ ေဆာ္ဒီအာေရဗ် ဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔က ဟူသီသူပုန္ေတြကို တိုက္ေနၿပီး အေနာက္ႏိုင္ငံေတြကလည္း ေဆာ္ဒီဘက္က ေထာက္ခံၾကပါတယ္။

ယီမင္စစ္ပြဲအတြင္း အရပ္သား အေျမာက္အျမားလည္း ေသဆံုးခဲ့ၿပီး အငတ္ေဘး၊ ေရာဂါျဖစ္ပြားမႈေတြလည္း ခံစားေနရပါတယ္။ အေမရိကန္ ဆီးနိတ္ကေတာ့ ဒီစစ္ပြဲမွာ အေမရိကန္ ပါဝင္ပတ္သက္မႈကို တားဆီးပိတ္ပင္ဖို႔ မဲခြဲဆံုးျဖတ္ၿပီးပါၿပီ္။ ယီမင္စစ္ပြဲကို အဆံုးသတ္ဖို႔၊ အနည္းဆံုးအားျဖင့္ အဆိုးဆံုးေတြကို ေရွာင္ရွားႏိုင္ဖို႔ လိုပါတယ္။
ဥေရာပ၊ အိုမန္၊ အီရန္က ဟူသီသူပုန္ေတြကို၊ အေမရိကန္က ေဆာ္ဒီအာေရဗ်နဲ႔ UAE ကို၊ အဲဒီ ပင္လယ္ေကြ႔ ႏွစ္ႏိုင္ငံက ယီမင္ အစိုးရကို၊ ကြန္ဂရက္က အေမရိကန္ အစိုးရကို ဖိအားေတြ ေပးႏိုင္ခဲ့ရင္ ၂၀၁၉ ခုႏွစ္ထဲမွာ ယီမင္စစ္ပြဲဟာ တစ္မ်ိဳးတစ္ဖံု ေျပာင္းလဲသြားႏုိင္ပါတယ္။

၂။ အာဖဂန္နစၥတန္

ယီမင္စစ္ပြဲက ကမာၻ႔အဆိုးဆံုး စစ္ပြဲျဖစ္ေစသလို အာဖဂန္နစၥတန္မွာလည္း အျပင္းထန္ဆံုး တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္းမွာ တိုက္ခိုက္ေရးသမားနဲ႔ အရပ္သား ၄ ေသာင္း ေသဆံုးခဲ့ပါတယ္။ အေမရိကန္ သမၼတ ထရမ့္က ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ အာဖဂန္နစၥတန္ကေန အေမရိကန္ တပ္ဖြဲ႔ ထက္ဝက္ကို ေလွ်ာ့ခ်မယ္လို႔ ေျပာခဲ့ပါတယ္။

မႏွစ္က ဇြန္လမွာ တာလီဘန္နဲ႔ အစိုးရတို႔ သံုးရက္ၾကာ အပစ္ခတ္ရပ္ခဲ့ၾကေပမယ့္ မၾကာခင္မွာပဲ တိုက္ပြဲေတြက ျပန္လည္ စတင္ခဲ့ပါတယ္။ တာလီဘန္ေတြက အာဖဂန္နစၥတန္ ႏိုင္ငံရဲ႕ ထက္ဝက္နီးပါးေလာက္ကို ထိန္းခ်ဳပ္ထားႏိုင္ၿပီး သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းေတြကို ျဖတ္ေတာက္တာ၊ ၿမိဳ႕နဲ႔ ၿမိဳ႕နယ္ေတြကို ထိန္းခ်ဳပ္တာေတြ လုပ္ထားပါတယ္။

ဝါရွင္တန္အစိုးရကေတာ့ မႏွစ္က စက္တင္ဘာလမွာ ဝါရင့္ သံတမန္ ဇယ္လ္ေမ ခါလီဇတ္ကို ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အျဖစ္ ခန္႔အပ္ခဲ့ပါတယ္။ အာဖဂန္နစၥတန္ရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ အာဖဂန္အေရးမွာ ဝင္ပတ္သက္ေနတဲ့ အီရန္၊ ပါကစၥတန္၊ ႐ုရွားနဲ႔ တ႐ုတ္တို႔ကေတာ့ အေမရိကန္ တျဖည္းျဖည္း အာဖဂန္ေျမက ႐ုပ္သိမ္းသြားေရးကို အလိုရွိၾကေပမယ့္ သူတို႔ကေတာ့ ဆက္လက္ ပတ္သက္လိုၾကပါတယ္။

မႏွစ္က ဇြန္လ အပစ္ရပ္မႈက ၿငိမ္းခ်မ္းေရး ရလိုတဲ့ လကၡဏာ ျဖစ္ပါတယ္။ ဒါေပမယ့္ အာဖဂန္ အေရးကေတာ့ မေရမရာျဖစ္ေနၿပီး သမၼတ ထရမ့္ရဲ႕ အေမရိကန္ တပ္ေတြ ႐ုပ္သိမ္းေရးကလည္း ေနာက္ထပ္ မေရရာမႈတစ္ခုပဲ ျဖစ္ပါတယ္။

၃။ အေမရိကန္-တ႐ုတ္ တင္းမာမႈ

အေမရိကန္နဲ႔ တ႐ုတ္ၾကားမွာ ျပင္းထန္တဲ့ ပဋိပကၡေတြ၊ ဝါရွင္တန္နဲ႔ ေဘဂ်င္းၾကား ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ ဘယ္ေလာက္ခါးသီးမႈေတြ ျဖစ္ျဖစ္ ကိစၥမရွိပါ။ ဒါေပမယ့္ အျပန္အလွန္ စကားႏႈတ္လွန္ ထိုးမႈေတြကေတာ့ ႏွစ္ဖက္ ရန္လိုမႈနဲ႔ တိုက္ခိုက္လိုမႈေတြကို ျပသေနတာ ျဖစ္ပါတယ္။

တိန္႔နန္မင္ အေရးအခင္းေနာက္ပိုင္း အနိမ့္အဆင့္ အေျခအေန ေရာက္ေနတဲ့ အေမရိကန္-တ႐ုတ္ ဆက္ဆံေရးဟာ အကယ္၍ ဆက္လက္ ဆိုးရြားေနမယ္ဆိုရင္ ပထဝီ ႏိုင္ငံေရးအေပၚ သက္ေရာက္မႈေတြ ရွိလာမွာ ျဖစ္ပါတယ္။
သမၼတ ရွီက်င့္ဖ်င္ရဲ႕ သမၼတ သက္တမ္း ကန္႔သတ္ခ်က္ကို ပယ္ဖ်က္တာ၊ တ႐ုတ္စစ္တပ္ကို ျမန္ျမန္တိုးခ်ဲ႕ေနတာ၊ ကြန္ျမဴပါတီက တစ္ႏိုင္ငံလံုးနဲ႔ လူ႔အဖြဲ႔အစည္းကို ထိန္းခ်ဳပ္လာႏိုင္တာေတြဟာ ဝါရွင္တန္က လူေတြအတြက္ တ႐ုတ္ဟာ သမၼတရွီရဲ႕ ဦးေဆာင္မႈ ေအာက္မွာ အႏၱရာယ္တစ္ခုလို႔ ေသခ်ာလာေစပါတယ္။

အေမရိကန္ရဲ႕ ေတာင္းဆိုမႈနဲ႔ ဟြာေဝး ဆက္သြယ္ေရး ကုမၸဏီရဲ႕ ဘ႑ာေရး အမႈေဆာင္အရာရွိခ်ဳပ္ မန္ ဝန္ဇူကို ကေနဒါက ဖမ္းဆီးေပးၿပီးေနာက္ တ႐ုတ္က လက္တံု႔ျပန္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံရွိ ကေနဒါႏိုင္ငံသား သံုးဦးကို ဖမ္းဆီး လက္တံု႔ျပန္မႈဟာ ေဘဂ်င္းမွာ ဥပေဒဟာ လိုသလို လုပ္လို႔ရတယ္ဆိုတာ ျပသေနပါတယ္။ အီရန္ ႏိုင္ငံအေပၚ အေမရိကန္ ပိတ္ဆို႔အေရးယူမႈကို ေဖာက္ဖ်က္လို႔ မန္ ဝန္ဇူကို အေမရိကန္က အလိုရွိေနတာ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္ၾကားမွာ ေျမာက္ကုိရီးယား အေရး၊ ေတာင္တ႐ုတ္ပင္လယ္ ျပႆနာ၊ ထိုင္ဝမ္ႏိုင္ငံ အေရးတို႔လည္း ရွိေနပါတယ္။

ေဘဂ်င္းနဲ႔ ဝါရွင္တန္တို႔ဟာ လာမယ့္ လေတြအတြင္း ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ တခ်ိဳ႕ကို ရလာႏိုင္ၿပီး တင္းမာမႈ ေလ်ာ့ေကာင္း ေလ်ာ့ႏိုင္ပါတယ္။ ႏွစ္ဖက္ေခါင္းေဆာင္ေတြၾကား ပထဝီ ႏိုင္ငံေရးနဲ႔ စီးပြားေရး တိုးတိုက္မႈဟာ ဆက္လက္ ခြာၿပဲႏိုင္တဲ့ ဆံုခ်က္ ျဖစ္ေနႏိုင္ပါတယ္။

၄။ ေဆာ္ဒီအာေရဗ်၊ အေမရိကန္၊ အစၥေရးနဲ႔ အီရန္

၂၀၁၈၊ ၂၀၁၉ ခုႏွစ္မ်ားမွာလိုပင္ တမင္ရည္ရြယ္ေသာေၾကာင့္ ျဖစ္ျဖစ္၊ မေမွ်ာ္လင့္ဘဲ ျဖစ္ျဖစ္ အေမရိကန္၊ ေဆာ္ဒီအာေရဗ်၊ အစၥေရးနဲ႔ အီရန္တို႔ ထိပ္တိုက္ေတြ႔ၾကဖို႔ အလားအလာ ဆက္ရွိေနပါတယ္။ တဟီရန္အစိုးရရဲ႕ ၿခိမ္းေျခာက္မႈ အေနအထား၊ ၂၀၁၅ ႏ်ဴကလီးယား သေဘာတူညီခ်က္ စာခ်ဳပ္ကေန ဝါရွင္တန္ ႏုတ္ထြက္မႈ၊ ရီယာ့ဒ္ကလည္း အီရန္ကို လက္ဘႏြန္၊ အီရတ္နဲ႔ ယီမင္တို႔မွာ တန္ျပန္ေနမႈ၊ အစၥေရးက အီရန္ဟာ ဆီးရီးယားအေရးမွာ ပါဝင္ေနမႈကို သတိထားေနမႈနဲ႔ လက္ဘႏြန္ရွိ အီရန္က ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ဟစ္ဇ္ဘိုလာ ေပ်ာက္ၾကားေတြရဲ႕ ၿခိမ္းေျခာက္ေနမႈေတြေၾကာင့္ အခုလို သံုးသပ္တာ ျဖစ္ပါတယ္။

အီရန္က ဒံုးက်ည္လက္နက္ စမ္းသပ္မႈေတြ ျပန္စေနၿပီး အေမရိကန္ကလည္း အီရန္အေပၚ စီးပြားေရးပိတ္ဆို႔ အေရးယူမႈ အပါအဝင္ စီးပြားေရးအရ ဖိအားေပးေနပါတယ္။ ယီမင္၊ ပါရွန္ပင္လယ္ေကြ႔၊ ဆီးရီးယားနဲ႔ အီရတ္တို႔မွာ ပဋိပကၡျဖစ္ႏိုင္တဲ့ အႏၱရာယ္ကိုလည္း ေလွ်ာ့တြက္လို႔ မရပါ။ ေဆာ္ဒီအာေရဗ်နဲ႔ အီရန္ၾကားမွာလည္း တင္းမာမႈ၊ ရန္လိုမႈေတြက ရွိေနပါတယ္။

၅။ ဆီးရီးယား

ဆီးရီးယား ပဋိပကၡေတြက ဆက္ျဖစ္ဦးမယ့္ အရိပ္အေယာင္ ျပေနပါတယ္။ ဆီးရီးယားသမၼတ ဘာရွားအာဆတ္ဟာ အီရန္နဲ႔ ႐ုရွား အကူအညီနဲ႔ အၾကမ္းဖက္သမားေတြကို အႏိုင္ရဖြယ္ ရွိပါတယ္။ IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔ကို ႏွိမ္နင္းမႈက ေနာက္ဆံုး အေျခအေနကို ေရာက္ေနပါၿပီ။ ျပည္ပက ဝင္ေရာက္ ပတ္သက္ေနတဲ့ ႏိုင္ငံေတြကလည္း အေျခအေနရဲ႕ မွ်ေျခကို ထိန္းထားၾကပါတယ္။ ဆီးရီးယား အေနာက္ေတာင္ပိုင္း ေဒသမွာ အစၥေရး၊ အီရန္နဲ႔ ႐ုရွား၊ အေနာက္ေျမာက္ဘက္မွာ ႐ုရွားနဲ႔ တူရကီ၊ အေရွ႕ေျမာက္ဘက္မွာ အေမရိကန္နဲ႔ တူရကီတို႔ ရွိေနပါတယ္။

ကာ့ဒ္လူမ်ိဳး လက္နက္ကိုင္အဖြဲ႔ျဖစ္တဲ့ YPG က အေမရိကန္ စစ္တပ္နဲ႔ မဟာမိတ္လုပ္ထာၿပီး IS အဖြဲ႔ကို တိုက္ေနရာမွာ ဆီးရီးယားနယ္ေျမရဲ႕ သံုးပံု တစ္ပံုေလာက္ကို ထိန္းခ်ဳပ္ႏိုင္ၿပီ ျဖစ္ပါတယ္။ YPG အဖြဲ႔ဟာ တူရကီက အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားတဲ့ ကာ့ဒ္ အလုပ္သမားပါတီနဲ႔ ဆက္စပ္ေနလို႔ တူရကီကို ဆက္လက္ ရင္ဆိုင္ရႏိုင္ပါတယ္။ ဒါ့အျပင္ ေရနံၾကြယ္ဝတဲ့ အေရွ႕ေျမာက္ပိုင္းအပါအဝင္ တစ္ႏိုင္ငံလံုးကို ထိန္းခ်ဳပ္လိုတဲ့ အာဆတ္ အစိုးရနဲ႔လည္း ထိပ္တိုက္ေတြ႔ႏိုင္ပါတယ္။ အေမရိကန္ အတြက္ကလည္း ဆီးရီးယားမွာ ဆက္ရွိမလား၊ ထြက္သြားမလား စဥ္းစားရေတာ့မွာ ျဖစ္ၿပီး ဘယ္အခ်ိန္ ထြက္မွာလဲ၊ ဘယ္လို အေျခအေနမွာ ထြက္ခြာမွာလဲ ေျဖရေတာ့မွာ ျဖစ္ပါတယ္။

(ဆက္လက္ေဖာ္ျပပါမည္)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၉ မှာ စောင့်ကြည့်ရမယ့် ပဋိပက္ခ ၁၀ ခု (၁)
နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့ (ICG) ရဲ့ ဥက္ကဋ္ဌ ရောဘတ် မော်လီ စာရင်းပြုစုထားတဲ့ ၂၀၁၉ ခုနှစ်မှာ စောင့်ကြည့်ရမယ့် ပဋိပက္ခ ၁၀ ခု ဖြစ်ပါတယ်။ အဲဒါတွေကတော့ ယီမင်၊ အာဖဂန်နစ္စတန်၊ အမေရိကန်-တရုတ် တင်းမာမှု၊ ဆော်ဒီအာရေဗျ – အမေရိကန် – အစ္စရေးနဲ့ အီရန်၊ ဆီးရီးယား၊ နိုက်ဂျီးရီးယား၊ တောင်ဆူဒန်၊ ကင်မရွန်း၊ ယူကရိန်းနဲ့ ဗင်နီဇွဲလားတို့ ဖြစ်ပါတယ်။

၁။ ယီမင်စစ်ပွဲ

ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကင်းလွတ်တဲ့ နေရာပြပါဆိုရင် ယီမင်ကို ပြရမှာ ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှု ကူညီရေး အကျပ်အတည်း အဆိုးဆုံး ကပ်ဆိုက်နေပြီး တစ်စိတ်တစ်ပိုင်း အပစ်ရပ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေး မလုပ်နိုင်ရင် ၂၀၁၉ ခုနှစ်မှာ အခြေအနေ ဆက်ဆိုးနိုင်ပါတယ်။ အဲဒီ အခြေမစိုက်အောင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မာတင် ဂရစ်ဖစ်စ် ကြားဝင်ပေးဖို့ ကြိုးစားနေတဲ့ အခြေအနေကို အဓိက တာဝန်ရှိသူတွေက ဆုပ်ကိုင်မိဖို့ လိုပါတယ်။
ဆော်ဒီဦးဆောင်တဲ့ လေးနှစ်ကြာ စစ်ပွဲကြောင့် ယီမင်ပြည်သူ ၁၆ သန်း အငတ်ဘေးကြုံနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဟူသီသူပုန်တွေဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရကို မြို့တော်ကနေ တိုက်ထုတ်လိုက်ပါတယ်။ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ဟူသီသူပုန်တွေကို တိုက်နေပြီး အနောက်နိုင်ငံတွေကလည်း ဆော်ဒီဘက်က ထောက်ခံကြပါတယ်။
ယီမင်စစ်ပွဲအတွင်း အရပ်သား အမြောက်အမြားလည်း သေဆုံးခဲ့ပြီး အငတ်ဘေး၊ ရောဂါဖြစ်ပွားမှုတွေလည်း ခံစားနေရပါတယ်။ အမေရိကန် ဆီးနိတ်ကတော့ ဒီစစ်ပွဲမှာ အမေရိကန် ပါဝင်ပတ်သက်မှုကို တားဆီးပိတ်ပင်ဖို့ မဲခွဲဆုံးဖြတ်ပြီးပါပြီ်။ ယီမင်စစ်ပွဲကို အဆုံးသတ်ဖို့၊ အနည်းဆုံးအားဖြင့် အဆိုးဆုံးတွေကို ရှောင်ရှားနိုင်ဖို့ လိုပါတယ်။
ဥရောပ၊ အိုမန်၊ အီရန်က ဟူသီသူပုန်တွေကို၊ အမေရိကန်က ဆော်ဒီအာရေဗျနဲ့ UAE ကို၊ အဲဒီ ပင်လယ်ကွေ့ နှစ်နိုင်ငံက ယီမင် အစိုးရကို၊ ကွန်ဂရက်က အမေရိကန် အစိုးရကို ဖိအားတွေ ပေးနိုင်ခဲ့ရင် ၂၀၁၉ ခုနှစ်ထဲမှာ ယီမင်စစ်ပွဲဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။

၂။ အာဖဂန်နစ္စတန်

ယီမင်စစ်ပွဲက ကမ္ဘာ့အဆိုးဆုံး စစ်ပွဲဖြစ်စေသလို အာဖဂန်နစ္စတန်မှာလည်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ တိုက်ခိုက်ရေးသမားနဲ့ အရပ်သား ၄ သောင်း သေဆုံးခဲ့ပါတယ်။ အမေရိကန် သမ္မတ ထရမ့်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်ဖွဲ့ ထက်ဝက်ကို လျှော့ချမယ်လို့ ပြောခဲ့ပါတယ်။
မနှစ်က ဇွန်လမှာ တာလီဘန်နဲ့ အစိုးရတို့ သုံးရက်ကြာ အပစ်ခတ်ရပ်ခဲ့ကြပေမယ့် မကြာခင်မှာပဲ တိုက်ပွဲတွေက ပြန်လည် စတင်ခဲ့ပါတယ်။ တာလီဘန်တွေက အာဖဂန်နစ္စတန် နိုင်ငံရဲ့ ထက်ဝက်နီးပါးလောက်ကို ထိန်းချုပ်ထားနိုင်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်တာ၊ မြို့နဲ့ မြို့နယ်တွေကို ထိန်းချုပ်တာတွေ လုပ်ထားပါတယ်။
ဝါရှင်တန်အစိုးရကတော့ မနှစ်က စက်တင်ဘာလမှာ ဝါရင့် သံတမန် ဇယ်လ်မေ ခါလီဇတ်ကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဖဂန်အရေးမှာ ဝင်ပတ်သက်နေတဲ့ အီရန်၊ ပါကစ္စတန်၊ ရုရှားနဲ့ တရုတ်တို့ကတော့ အမေရိကန် တဖြည်းဖြည်း အာဖဂန်မြေက ရုပ်သိမ်းသွားရေးကို အလိုရှိကြပေမယ့် သူတို့ကတော့ ဆက်လက် ပတ်သက်လိုကြပါတယ်။
မနှစ်က ဇွန်လ အပစ်ရပ်မှုက ငြိမ်းချမ်းရေး ရလိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန် အရေးကတော့ မရေမရာဖြစ်နေပြီး သမ္မတ ထရမ့်ရဲ့ အမေရိကန် တပ်တွေ ရုပ်သိမ်းရေးကလည်း နောက်ထပ် မရေရာမှုတစ်ခုပဲ ဖြစ်ပါတယ်။

၃။ အမေရိကန်-တရုတ် တင်းမာမှု

အမေရိကန်နဲ့ တရုတ်ကြားမှာ ပြင်းထန်တဲ့ ပဋိပက္ခတွေ၊ ဝါရှင်တန်နဲ့ ဘေဂျင်းကြား ကုန်သွယ်ရေး စစ်ပွဲကြောင့် ဘယ်လောက်ခါးသီးမှုတွေ ဖြစ်ဖြစ် ကိစ္စမရှိပါ။ ဒါပေမယ့် အပြန်အလှန် စကားနှုတ်လှန် ထိုးမှုတွေကတော့ နှစ်ဖက် ရန်လိုမှုနဲ့ တိုက်ခိုက်လိုမှုတွေကို ပြသနေတာ ဖြစ်ပါတယ်။
တိန့်နန်မင် အရေးအခင်းနောက်ပိုင်း အနိမ့်အဆင့် အခြေအနေ ရောက်နေတဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ အကယ်၍ ဆက်လက် ဆိုးရွားနေမယ်ဆိုရင် ပထဝီ နိုင်ငံရေးအပေါ် သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
သမ္မတ ရှီကျင့်ဖျင်ရဲ့ သမ္မတ သက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်တာ၊ တရုတ်စစ်တပ်ကို မြန်မြန်တိုးချဲ့နေတာ၊ ကွန်မြူပါတီက တစ်နိုင်ငံလုံးနဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်လာနိုင်တာတွေဟာ ဝါရှင်တန်က လူတွေအတွက် တရုတ်ဟာ သမ္မတရှီရဲ့ ဦးဆောင်မှု အောက်မှာ အန္တရာယ်တစ်ခုလို့ သေချာလာစေပါတယ်။
အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ ဟွာဝေး ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ် မန် ဝန်ဇူကို ကနေဒါက ဖမ်းဆီးပေးပြီးနောက် တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံရှိ ကနေဒါနိုင်ငံသား သုံးဦးကို ဖမ်းဆီး လက်တုံ့ပြန်မှုဟာ ဘေဂျင်းမှာ ဥပဒေဟာ လိုသလို လုပ်လို့ရတယ်ဆိုတာ ပြသနေပါတယ်။ အီရန် နိုင်ငံအပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှုကို ဖောက်ဖျက်လို့ မန် ဝန်ဇူကို အမေရိကန်က အလိုရှိနေတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ်ကြားမှာ မြောက်ကိုရီးယား အရေး၊ တောင်တရုတ်ပင်လယ် ပြဿနာ၊ ထိုင်ဝမ်နိုင်ငံ အရေးတို့လည်း ရှိနေပါတယ်။
ဘေဂျင်းနဲ့ ဝါရှင်တန်တို့ဟာ လာမယ့် လတွေအတွင်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် တချို့ကို ရလာနိုင်ပြီး တင်းမာမှု လျော့ကောင်း လျော့နိုင်ပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေကြား ပထဝီ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတိုက်မှုဟာ ဆက်လက် ခွာပြဲနိုင်တဲ့ ဆုံချက် ဖြစ်နေနိုင်ပါတယ်။

၄။ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ အစ္စရေးနဲ့ အီရန်

၂၀၁၈၊ ၂၀၁၉ ခုနှစ်များမှာလိုပင် တမင်ရည်ရွယ်သောကြောင့် ဖြစ်ဖြစ်၊ မမျှော်လင့်ဘဲ ဖြစ်ဖြစ် အမေရိကန်၊ ဆော်ဒီအာရေဗျ၊ အစ္စရေးနဲ့ အီရန်တို့ ထိပ်တိုက်တွေ့ကြဖို့ အလားအလာ ဆက်ရှိနေပါတယ်။ တဟီရန်အစိုးရရဲ့ ခြိမ်းခြောက်မှု အနေအထား၊ ၂၀၁၅ နျူကလီးယား သဘောတူညီချက် စာချုပ်ကနေ ဝါရှင်တန် နုတ်ထွက်မှု၊ ရီယာ့ဒ်ကလည်း အီရန်ကို လက်ဘနွန်၊ အီရတ်နဲ့ ယီမင်တို့မှာ တန်ပြန်နေမှု၊ အစ္စရေးက အီရန်ဟာ ဆီးရီးယားအရေးမှာ ပါဝင်နေမှုကို သတိထားနေမှုနဲ့ လက်ဘနွန်ရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာ ပျောက်ကြားတွေရဲ့ ခြိမ်းခြောက်နေမှုတွေကြောင့် အခုလို သုံးသပ်တာ ဖြစ်ပါတယ်။
အီရန်က ဒုံးကျည်လက်နက် စမ်းသပ်မှုတွေ ပြန်စနေပြီး အမေရိကန်ကလည်း အီရန်အပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှု အပါအဝင် စီးပွားရေးအရ ဖိအားပေးနေပါတယ်။ ယီမင်၊ ပါရှန်ပင်လယ်ကွေ့၊ ဆီးရီးယားနဲ့ အီရတ်တို့မှာ ပဋိပက္ခဖြစ်နိုင်တဲ့ အန္တရာယ်ကိုလည်း လျှော့တွက်လို့ မရပါ။ ဆော်ဒီအာရေဗျနဲ့ အီရန်ကြားမှာလည်း တင်းမာမှု၊ ရန်လိုမှုတွေက ရှိနေပါတယ်။

၅။ ဆီးရီးယား

ဆီးရီးယား ပဋိပက္ခတွေက ဆက်ဖြစ်ဦးမယ့် အရိပ်အယောင် ပြနေပါတယ်။ ဆီးရီးယားသမ္မတ ဘာရှားအာဆတ်ဟာ အီရန်နဲ့ ရုရှား အကူအညီနဲ့ အကြမ်းဖက်သမားတွေကို အနိုင်ရဖွယ် ရှိပါတယ်။ IS အစ္စလာမ် အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းမှုက နောက်ဆုံး အခြေအနေကို ရောက်နေပါပြီ။ ပြည်ပက ဝင်ရောက် ပတ်သက်နေတဲ့ နိုင်ငံတွေကလည်း အခြေအနေရဲ့ မျှခြေကို ထိန်းထားကြပါတယ်။ ဆီးရီးယား အနောက်တောင်ပိုင်း ဒေသမှာ အစ္စရေး၊ အီရန်နဲ့ ရုရှား၊ အနောက်မြောက်ဘက်မှာ ရုရှားနဲ့ တူရကီ၊ အရှေ့မြောက်ဘက်မှာ အမေရိကန်နဲ့ တူရကီတို့ ရှိနေပါတယ်။
ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ YPG က အမေရိကန် စစ်တပ်နဲ့ မဟာမိတ်လုပ်ထာပြီး IS အဖွဲ့ကို တိုက်နေရာမှာ ဆီးရီးယားနယ်မြေရဲ့ သုံးပုံ တစ်ပုံလောက်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ YPG အဖွဲ့ဟာ တူရကီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ကာ့ဒ် အလုပ်သမားပါတီနဲ့ ဆက်စပ်နေလို့ တူရကီကို ဆက်လက် ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် ရေနံကြွယ်ဝတဲ့ အရှေ့မြောက်ပိုင်းအပါအဝင် တစ်နိုင်ငံလုံးကို ထိန်းချုပ်လိုတဲ့ အာဆတ် အစိုးရနဲ့လည်း ထိပ်တိုက်တွေ့နိုင်ပါတယ်။ အမေရိကန် အတွက်ကလည်း ဆီးရီးယားမှာ ဆက်ရှိမလား၊ ထွက်သွားမလား စဉ်းစားရတော့မှာ ဖြစ်ပြီး ဘယ်အချိန် ထွက်မှာလဲ၊ ဘယ်လို အခြေအနေမှာ ထွက်ခွာမှာလဲ ဖြေရတော့မှာ ဖြစ်ပါတယ်။