0
159
၇။ မိဘများအနေနှင့် ကျောင်းကိစ္စတွင် ပူးတွဲတာဝန်ယူရသော ပူးပေါင်းဆောင်ရွက်မှုဖြစ်အောင် စီမံပေးရန်။
ကျောင်းတွင် ပညာဆည်းပူးခြင်းသည် အိမ်နှင့်ကျောင်း ပူပေါင်းကာ ကမ္ဘာလောကနှင့် အနာဂတ်အတွက် တံခါးများကို ဖွင့်ပေးပြီး ကျောင်းသားများကို သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်နှင့် အခြေခံများ ပေးစေရမည်။
(၁) လူ့တန်ဖိုးနှင့် သဘာဝလောက၊ အတွေးအခေါ် လွတ်လပ်ခွင့်၊ ပရဟိတစိတ်၊ ခွင့်လွှတ်မှု၊ တန်းတူတန်ဖိုးထားမှုနှင့် စည်းလုံညီညွတ်မှု၊ အခြားဘာသာတရားနှင့် အယူဝါဒများက ဖွင့်ဆိုသော တန်ဖိုးများနှင့် လူ့အခွင့်အရေး၏ အခြေခံတန်ဖိုးများကို လေးစားတန်ဖိုးထားသည့် ခရစ်ယာန်နှင့် လူသားဝါဒ အမွေအနှစ်နှင့် ရိုးရာဓလေ့တို့ကို ပျိုးထောင်ပေးရန် ဖြစ်စေရမည်။
(၂) အမျိုးသားရေး အမွေအနှစ်နှင့် မိမိတို့၏ နိုင်ငံတကာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအပေါ် ဗဟုသုတ တိုးပွားစေရန်နှင့် နားလည်မှုရှိစေရန် အထောက်အကူပြုနိုင်စေရမည်။
(၃) ယဉ်ကျေးမှု ကွဲပြားခြားနားခြင်းကို သဘောပေါက်စေပြီး သူတပါး၏ စွဲမြဲယုံကြည်မှုကို လေးစားတတ်စေရမည်။
(၄) ဒီမိုကရေစီ၊ တန်းတူအခွင့်အရေးနှင့် သိပ္ပံနည်းကျ အတွေးအခေါ်တို့ကို အားပေးစေရမည်။
ပညာရေးဆိုင်ရာ ဥပဒေမှ ညီမျှခြင်း၊ တန်းတူတန်ဖိုးထားခြင်းနှင့် တဦးချင်း၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်တို့မှာ နော်ဝေ လူ့အဖွဲ့အစည်းတွင် အခြေခံထားသော တန်ဖိုးများဖြစ်ကြသည်။ ထိုတန်ဖိုးများသည် ကျောင်းအပေါ်လည်း ရောငပြန်ဟပ်သည်။ ကျောင်း၌ သင်ကြားပို့ချမှုနှင့် စုပေါင်းလှုပ်ရှားမှုများက ကျောင်းသားများကို လူသားတိုင်း တန်းတူ တန်ဖိုးကြီးမားကြောင်း သင်ပြရန်၊ ကိုယ့်ကျောင်းသားဘဝကို ကိုယ်တိုင် ထိန်းကျောင်းနိုင်စေရန်၊ ငယ်စဉ်ကတည်းက ပညာရရေးအတွက် ကိုယ့်ဖာသာကိုယ် တာဝန်ယူတတ်လာစေရန် သင်ပေးရမည်။ ကျောင်းအနေနှင့် ကျောင်းသား အားလုံးအပေါ် တဦးချင်းအတွက် အသင့်တော်ဆုံးဖြစ်မည့် အဆင့်အတန်းဖြင့် သင်ယူခွင့်ပေးရန် တာဝန်ရှိသည်။
ကျောင်းပညာရေးသည် လူမှုရေးနှင့် ကျောင်းစာတွင် ထူးချွန်ထက်မြက်သော ကိုယ့်အားကိုယ်ကိုးတတ်သူ များကို မွေးထုတ်ပေးရန် ဦးတည်ချက်ထားရှိသည်။
ခေတ်မီ ဒီမိုကရေစီစနစ်တခုတွင် နိုင်ငံသားတိုင်းသည် ဗဟုသုတနှင့် လွတ်လပ်သော သဘောထားများရှိကြပြီး လုပ်ငန်းနှင့် လူမှုအသိုင်းအဝိုင်းများတွင် တက်တက်ကြွကြွ ပါဝင်နေလိမ့်မည်ဟု မျှော်လင့်ထားသည်။ ကျောင်းပညာရေးက ကလေးများကို အထွေထွေဗဟုသုတ ရစေလိမ့်မည်။ ဆိုလိုသည်မှာ ကလေးသည် သင်ခန်းစာ အမျိုးမျိုးကို သင်ယူရလိမ့်မည်။ သူတို့သည် ဘာသာစကား၊ သင်္ချာနှင့်တကွ လူ့အသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင် သဘာဝတို့ကိုလည်း လေ့လာသင်ယူရလိမ့်မည်။
နော်ဝေက ကျောင်းပညာရေးသည် ကလေးများကို အထွေထွေ ဗဟုသုတပေးရုံမျှမက တခြား တာဝန်များလည်း ရှိပေသေးသည်။ ဥပမာအားဖြင့် ကလေးများသင်ယူရန်မှာ – သတင်းအချက်အလက်ကို ဆက်လက် စူးစမ်းရှာဖွေရန်နှင့် နက်နက်နဲနဲ စိစစ်သုံးသပ်ရန်။ သတင်း၏ အချက်အလက်နှင့် ကိုယ်ပိုင် သုံးသပ်ချက်တို့အပေါ် အခြေခံပြီး ကိုယ်ပိုင်သဘောထားများ ဖော်ထုတ်နိုင်ရန်။ ကိုယ့်သဘောထားအတွက် အချေအတင် ဆွေးနွေးရန်တို့ ဖြစ်သည်။
နော်ဝေက ကျောင်းတွေမှာတော့ လူတိုင်းအတွက် မနက်စာလိုပဲ နေ့လည်စာသည်လည်း အလွန် အရေးကြီးသည်။ American Academy of Pediatrics’ Healthy Children ဝက်ဘ်ဆိုက်မှာ နေ့လည်ဘက် ကျောင်းချိန်မှာ ကလေးတွေ စားတဲ့ နေ့လည်စာတွေ၊ သရေစာတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလွန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။
ကလေးတွေ နေ့လည်စာ ပုံမှန်မစားဘူး၊ အဟာရပြည့်ဝတဲ့ နေ့လည်စာ မစားဘူးဆိုရင် ဘာတွေ ဆိုးကျိုးရှိနိုင်လဲ ကြည့်ရအောင်ပါ။ အများအားဖြင့်တော့ ကလေးငယ်တွေမှာ အားအင်လျော့နည်းခြင်း။ နေ့လည်ဘက်မှာ စားတဲ့ အစာအဟာရ မှာ ပါဝင်တဲ့ ကယ်လိုရီဟာ နေ့လည်ခင်း စာသင်ချိန်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်ပေးပါသည်။ ကလေးတွေအနေနှင့် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်သော နေ့လည်စာ မစားဘူးဆိုရင်တော့ အားအင်ယုတ်လျော့နေမှာ ဖြစ်ပြီး သာမန်ထက်ပိုပြီး အစာပိုစားမိတာမျိုး ဖြစ်လာလို့ ကိုယ်အလေးချိန် တက်တာမျိုး ဖြစ်စေပါသည်။ ဒါ့အပြင် ဆာလောင်နေပြီး ခေါင်းကိုက်တာ ပင်ပန်းနွမ်းနယ်တာမျိုး ဖြစ်စေပါသည်။ငယ်ရွယ်ချိန်မှာ အဟာရပြည့်ပြည့်ဝဝ စားပေးဖို့အရေးကြီးပါသည်။
အဟာရပြည့်ဝတဲ့ နေ့လည်စာ မစားတဲ့ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည်ဟာ ပညာရေး ဆိုင်ရာ နှောင့်နှေးမှု ရှိနိုင်ပါသည်။အဟာရပြည့်ဝတဲ့ နေလည်စာ စားတဲ့ကလေးတွေထက် ဦးနှောက် စွမ်းဆောင်ရည် ပိုလျှော့ပြီး ကျောင်းမှာ အာရုံစိုက်နိုင်မှု အားနည်းတာမျိုး ဖြစ်နိုင်ပါသည်။ နေ့လည်စာမစားလျှင် ဗီတာမင်နှင့် သတ္တုဓာတ် ချို့တဲ့နိုင်ပြီး သင်ယူနိုင်မှု စွမ်းအင်လျော့ကျတာကြောင့် ပညာရေးပိုင်းမှာ နှောင့်နှေးမှု ရှိနိုင်ပါသည်။ ဒါ့ကြောင့် ကလေးတွေကို နေ့လည်စာ ထည့်ပေးမယ်ဆိုရင် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသား၊ အဆီနည်းသည့် နို့ထွက် အစားအစာတွေကို ထည့်ပေးသင့်ပါသည်။
သို့မှသာ ကျောင်းမှာ သင်တဲ့စာတွေကို အာရုံစိုက်နိုင်ပြီး တခြား လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း တက်ကြွစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့ နေလည်စာ မစားရတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိဘဲ ကျောင်းစာတင်မက ကျောင်းမှာ လုပ်ဆောင်နေတဲ့ အားကစား၊ ပန်းချီ စတဲ့ တခြား လုပ်ဆောင်မှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအခါ ကိုယ်အလေးချိန် တက်လာပြီး နောက်ပိုင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာမျိုး ဖြစ်လာနိုင်ပါသည်။
အစားအသောက်ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ မိုင်လို ဘူးလေးတစ်ဘူးလည်း ထည့်ပေးဖို့မမေ့ပါနဲ့။ မိုင်လိုမှာ သာမန်မုယောထက် ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် ၆ မျိုးနဲ့ သတ္တုဓာတ် ၃ မျိုး ပါဝင်တဲ့အပြင်က လေးတွေအတွက် အားအင်ပြည့်ဝစေတဲ့ အဟာရဓာတ် မျှတစွာပါဝင်ပါသည်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ချော့ကလက် အရသာနဲ့ မိုင်လိုဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဉာဏ်ရည်ထက်မြက်စေမှာ ဖြစ်ပါသည်။
ယနေ့ ကမ္ဘာကြီးမှာ ပညာရေးနှင့် ခေါင်းဆောင် စိန်ခေါ်သံများနဲ့ ပြောင်းလဲမှု အရှိန်အဟုန် မြန်လွန်းထန်လွန်းသော မျက်မှောက် ကမ္ဘာကြီးအတွင်း၌ ခေါင်းဆောင်ရှားပါးမှုသည် ဖြစ်နိုင်ကောင်းသော ခြင်းရာတစ်ရပ်ဟု ဆိုရမည်။ ပြောင်းလဲမှုနှင့်အတူ စိန်ခေါ်မှုအသစ်များ ပြဿနာအသစ်များလည်း ဘွားကနဲ ဘွားကနဲ ဒွန်တွဲ ပေါ်ထွန်းလာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင် တစ်ယောက်၏အဖြစ်မှာ ‘မဗေဒါက တစ်ပင်တည်း’ ဆိုသည့် အဖြစ်ထက် ပိုမိုဆိုးဝါးဖွယ်ရှိသည်။ ပန်းပန်ဖို့ဝေးစွ၊ အထောင်အသောင်းသော ပြဿနာ ဘဲအုပ်တို့၏ အယက်အကန်ကြားဝယ် အပိုင်းပိုင်း ပြတ်တောက်ကြေမွပြီး လွင့်ပျောက်မသွားဖို့ပင် အတော်ကြီး ဘုရားတနေရမည့်ကိန်း။
သို့သော် စိန်ခေါ်နေသောပြဿနာတို့ကို အကောင်းဖက်မှ ရှုမြင်နှိုင်ပါသေးသည်။ စိန်ခေါ်မှုကို အခွင့်အလမ်းကောင်း အဖြစ် ခံယူပြီး အောင်မြင်မှုကို ရယူနိုင်ပါသည်။ အကြပ်အတည်းက ခေါင်းဆောင်ကို မွေးဖွားပေးသည်ဆိုသော စကားသည် ဤသို့သော အလှည့်အပြောင်းကို ရည်ညွှန်းခြင်း မဟုတ်လော။ စိန်ခေါ်မှုတို့ကို ဦးဆောင်ရင်ဆိုင်၍ အောင်မြင်မှုကို ဦးဆောင်ရယူသူကိုပင် ခေါင်းဆောင်ဟု ခေါ်ဝေါ်သမုတ်ခြင်း မဟုတ်ပါလော။
ပညာရေး စိန်ခေါ်မှုတို့ကြောင့် ခေါင်းဆောင်များ ရှိနိုင်သကဲ့သို့ သစ်ထွန်းလာသော ခေါင်းဆောင်များလည်း ရှိမည်အမှန်ပင်။ ပညာရေး စိန်ခေါ်မှုတို့ကား ကမ္ဘာ့နိုင်ငံရေး နယ်ပယ်၌သာ ရှိသည်မဟုတ်ပေ။ နယ်ပယ်အသီးသီးတွင် ရှိနေသည်။
နယ်ပယ်အသီးသီးတွင် ပြဿနာမျိုးစုံနှင့် ရှုပ်ထွေးပွေလီနေသောကြောင့် လက်ရှိ ကမ္ဘာ့အနေအထားကို ကမ္ဘာ့ပုံစံပျက်အသစ် (The New World Disorder) ဟုပင် ခေါ်ဝေါ်သူများ ရှိနေသည်။ သို့သော် နယ်ပယ်ပေါင်းစုံမှ စိန်ခေါ်သံ ပေါင်းစုံ ထွက်ပေါ်နေခြင်းကို လူသားတိုင်းအတွက် ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အလမ်းများဟု မျှော်လင့်နိုင်သည်။
လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးမှသည် ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေးအဆုံး နယ်ပယ်အသီးသီးမှ သောသောညံညံ ထွက်ပေါ်နေသော စိန်ခေါ်သံတို့သည် ခေါင်းဆောင်သစ်တို့ကို လက်ယပ် ဖိတ်ခေါ်နေခြင်းပင်တည်း။
ပညာရှင်နှင့် အမှန်တရား
ခေါင်းဆောင်မှုအတွက် စိန်ခေါ်သံတို့ မည်မျှညံနေသော်လည်း လူများစုသည်ကား ကိုယ်နှင့် မဆိုင်သယောင် ဖာသိဖာသာ နေကြသည်။ ဤသည်ပင် ‘ခေါင်းဆောင်ရှား ကမ္ဘာကြီး’ အတွက် အနာဂတ်မဲ့ဖို့ အလားအလာ ဖြစ်နေသည်။ လူများစုအနေနှင့် ခေါင်းဆောင်မှုကို ရှောင်ရှားခြင်းသည် တစ်ချို့သော လူတို့ လွှမ်းမိုးမှုကြောင့်ဟု ခေါင်းဆောင်မှု ပညာရှင်တို့က ထောက်ပြကြသည်။ သူရသတ္တိ ကင်းမဲ့ခြင်းကြောင့်မဟုတ်။ စွမ်းဆောင်ရည် ချို့တဲ့သောကြောင့် မဟုတ်။ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လွဲလွဲမှားမှား လူတစ်ချို့၏ စကားတို့ကို ယုံမှတ် လက်ခံထားသော ကြောင့်သာဟု ဆိုသည်။ ယုံတမ်း ဒဏ္ဍာရီတို့ကား အမှန်တရားကို ဖုံးကွယ်ဖျောက်ဖျက်သည့် ကိရိယာတစ်မျိုး ဖြစ်၏။
ရာဇဝင်များက ခေါင်းဆောင်ဟူသည် တန်ခိုးသိဒ္ဓိနှင့် ပြည့်စုံသော မဟာပါရမီရှင်များ ဖြစ်သည်ဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့၏ စွမ်းအားသည် တန်ခိုးသိဒ္ဓိမှ လာသည်မဟုတ်။ ပညာရေး ရည်မှန်းချက် တစ်ခုအပေါ် ပြင်းထန်စွာ သက်ဝင်ယုံကြည်မှုမှ လည်းကောင်း၊ မိမိ၏ ယုံကြည်ချက်ကို လက်တွေ့ အကောင်အထည်ဖော်လိုသည့် ဆန္ဒမှလည်းကောင်း ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။
ပညာရှင်က ခေါင်းဆောင်ဟူသည် တမန်တော် ပရောဖက်များကဲ့သို့ လာမည့် အနာဂတ်ကို အတိအကျ ဟောဖော်ညွှန်ပြနိုင်သူဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်ထံတွင် အနာဂတ်ရုပ်ပုံ တစ်ခုရှိသည်ဆိုရာ၌ ယင်းအနာဂတ်ရုပ်ပုံသည် ထူးခြားဆန်းကြယ်သည့် စိတ်တန်ခိုးမှ ထွက်ပေါ်လာခြင်းမဟုတ်။ နောက်လိုက်တို့၏ ရည်မှန်းချက်နှင့် မိမိ၏ ကိုယ်ပိုင်အတွေးအခေါ်တို့မှ ထွက်ပေါ်လာခြင်းသာဖြစ်သည်။
ပညာရှင်က ခေါင်းဆောင်ဟူသည် အံ့မခန်းစွန့်စားမှုတို့ဖြင့် နောက်လိုက်တို့ကို ဆွဲဆောင်ကာ သူအလိုရှိရာသို့ ခေါ်သွားတတ်သူဟု ဆိုသည်။ အမှန်မူကား စွန့်စားခန်းတို့ဖြင့် ဆွဲဆောင်ခြင်း မဟုတ်။ နောက်လိုက်တို့၏ ရည်မှန်းချက်များကို လေးလေးစားစား တန်ဖိုးထားသောကြောင့် သူထံပါးသို့ နောက်လိုက်များ ဝန်းရံချဉ်းကပ်လာခြင်းသာ ဖြစ်သည်။
ပညာရှင်တို့၏ မဂ္ဂင်ငါးပါး
ခေါင်းဆောင်ဟူသည် လူထဲကလူသာဖြစ်ကြောင်း ထင်းထင်းကြီး မြင်သိပါမည်။ ခေါင်းဆောင်ဟူသည် မွေးရာပါ တန်ခိုးရှင်မဟုတ်။ ဗီဇပါသိဒ္ဓိရှင် မဟုတ်။ သို့သော် သူတို့၌ထူးခြားသော စွမ်းဆောင် အောင်မြင်ချက်များ ရှိသည်။ ‘ခေါင်းဆောင်မှု စိန်ခေါ်သံ’ ဟူသော စာအုပ်ကို ရေးသားသူ ဂျိမ်းကိုဇက်နှင့် ဘာရီပေါ့ဆနာတို့က ခေါင်းဆောင်တို့၏ ထူးကဲသော စွမ်းဆောင်အောင်မြင်ချက်များကို မြစ်ဖျားခံရာတွင် –
ခေါင်းဆောင်ဟူသမျှ၌ မချွတ်မယွင်း ရှိနေသော ကျင့်စဉ်ငါးပါးကို တွေ့ရှိခဲ့ပါသည်။
၁။ တည်ဆဲဖြစ်စဉ်ကို စိန်ခေါ်ခြင်း
ခေါင်းဆောင်မှုသည် အသေရပ်နေသော ဖြစ်စဉ်မဟုတ်။ လှုပ်ရှားရှင်သန်နေသော ဖြစ်စဉ်ဖြစ်၏။ ခေါင်းဆောင် အများစုက သူတို့၏ အောင်မြင်မှုသည် ‘အချိန်ကိုက် နေရာကိုက်ဖြစ်ခြင်း’၊ ‘အခွင့်ကောင်းနှင့် ကြုံကြိုက်ခြင်း’ ဟု အကြောင်းပြတတ်သည်။ သို့သော် မည်သည့် ခေါင်းဆောင်မျှ ‘ကံကြမ္မာ၏ မျက်နှာသာပေးမှု’ ကို ငုတ်တုတ်ထိုင်စောင့်ပြီး မျှော်တလင့်လင့် လုပ်မနေကြ။
ပညာရှင်ထဲက ခေါင်းဆောင်သည် အေးဆေးတည်ငြိမ်မှုရှိသော အစုအဖွဲ့ကို ကြည့်ပြီး သာယာ ကြည်နူးတတ်သူ ဖြစ်သော်လည်း လက်တွေ့ ခေါင်းဆောင်တို့သည်ကား တည်ဆဲအနေအထားကို ပြောင်းလဲပစ်ရေးအတွက် အစုအဖွဲ့ကို လှုပ်ရမ်းသူများ ဖြစ်နေကြသည်။
ခေါင်းဆောင်တို့သည် လက်ရှိ အနေအထားကို တင်းတိမ်ရောင့်ရဲခြင်း မရှိတတ်။ ပိုမိုကောင်းမွန်သော အဆင့်သို့ တက်ရန် နည်းလမ်းသစ်များ ရှာဖွေတွေ့ရှိဖို့အတွက် မသိကျွမ်းသော နယ်မြေစိမ်းများဆီသို့ ခြေချလိုသူများ ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်သံကို နားစိုက်သည်။ စိန်ခေါ်ချက်ကို ရှာဖွေသည်။ သို့မဟုတ် သူကိုယ်တိုင်က စိန်ခေါ်သံ ပေးလေသည်။ အဲဒါကတော့ ပညာရှင်များမှာသာ မြင်တွေ့ရသော ကိုယ်ကျင့် သိက္ခာတရားဖြစ်ပါသည်။
နော်ဝေနိုင်ငံက ပညာရေးဆိုသည်မှာ ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်း များစွာကို မွေးထုတ်ပေးသော ပညာရေးဖြစ်ပါသည်။
အရှင်ထာဝရ (နော်ဝေ)
ဆက်လက်ဖော်ပြပါမည်။