သြစေတြးလျတောမီး အဆိုးဆုံး အခြေအနေကို ဘာကြောင့် ရောက်ရသလဲ

0
18

MCN သတင်းအဖွဲ့
ဒီဘက်ခေတ်မှာ လုပ်ကြံသတ်ဖြတ်မှု၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုအထိ ရှိခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံး တင်းမာမှုဖြစ်တဲ့ အမေရိကန်-အီရန် ရန်စောင်မှုနဲ့ အပြိုင် ကမ္ဘာ့စာမျက်နှာမှာ အပြိုင်လိုက်နေတာကတော့ သြစတြေးလျ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပါတယ်။

အခုလို ရာသီဟာ သြစတြေးလျမှာ တောမီးလောင်ကျွမ်းလေ့ရှိတဲ့ ရာသီဖြစ်ပေမယ့် အခု ၂၀၁၉-၂၀၂၀ တောမီးက မကြုံစဖူးဖြစ်တဲ့အပြင် နေရာအနှံ့မှာ ဆတိုးနဲ့ လောင်နေတာ ဖြစ်ပါတယ်။ အခု လက်ရှိအထိ တောမီးဟာ ဧက ၂၆ သန်း လောင်ကျွမ်းထားပြီး နေအိမ် ၂၂၀၀ ကျော်အပါအဝင် အဆောက်အဦပေါင်း ၆ ထောင်နီးပါးကိုလည်း လောင်ကျွမ်းပြီးပါပြီ။ ဇနန်ဝါရီလ ၁၃ ရက်နေ့အထိ တောမီးကြောင့် သေဆုံးသူ လူ ၂၇ ဦး ရှိပါတယ်။ တိရစ္ဆာန်ကောင်ရေပေါင်း ၁ ဘီလီယံလောက် သေဆုံးပြီး တချို့ မျိုးစိတ်တွေ မျိုးတုံးမယ့် အန္တရာယ် ကြုံနေပါတယ်။

လူရှို့မီးလား၊ သဘာဝ ဘေးလား

တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်ကြရတဲ့ သြစတြေးလျ တောမီးဟာ လွင်ပြင်က ခြောက်သွေ့နေတဲ့ ခြုံပုတ်တွေကို လူတွေက နေရာ အနှံ့မှာ မီးရှို့ကြလို့လား၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ဒီလောက် ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ် ဖြစ်သွားတာလား ဆိုတာကလည်း လေ့လာသူတွေ၊ အထူးသဖြင့် နိုင်ငံရေးသမားတွေနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေအကြား အခုထိ စကားနိုင်လုလို့ မပြီးသေးပါဘူး။

သြစတြေးလျ ဝန်ကြီးချုပ် စကောက် မော်ရစ်ဆန်ကတော့ တောမီးလောင်တာ ရာသီဥတု ပြောင်းလဲမှုကြောင့်လည်း ပါတယ်လို့ ဝန်ခံပေမယ့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စေမယ့် အလုပ်အကိုင်တွေကို ဖျက်၊ စီးပွားရေးတွေ ဖျက် ဆိုတဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်ဟာ သြစတြေးလျက တောမီးလို ကိစ္စမျိုးအပေါ် ဘယ်လိုမှ အပြောင်းအလဲ ရှိစေမှာ မဟုတ်ဘူးလို့ ရာသီဥတု ပြောင်းလဲမှု တက်ကြွလှုပ်ရှားသူတွေကို ရည်ရွယ် ပြောဆိုခဲ့ပါတယ်။

သြစတြေးလျ လွှတ်တော်အမတ် ကရိတ်ချ် ကယ်လီကလည်း အင်တာဗျူးတစ်ခုမှာ ရာသီဥတု ပြောင်းလဲမှုနဲ့ သြစတြေးလျတောမီး ဆက်နွှယ်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အခွင့်အရေးရှာသူတွေက သြစတြေးလျ တောမီးကို သူတို့ လှုပ်ရှားမှုအတွက် အသုံးချနေကြကြောင်း အမေရိန်ကန်၊ ချီကာဂို မြို့တော်ဝန်ဟောင်း ရမ် အီမန်နျူရယ်ကလည်း ဝေဖန်ထားပါတယ်။

တောမီးနဲ့ တောရိုင်းမြေ မီးလောင်ခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ နှစ်စဉ် ပုံမှန် တောမီးလောင်ခြင်းကို လျှော့ချဖို့က မီးရှို့တဲ့ ဓလေ့ကို ထိန်းချုပ်ဖို့ ဖြစ်ကြောင်း၊ ဒါပေမယ့် ရာသီဥတု ပြောင်းလဲမှုကလည်း တောမီး ဘယ်လို လောင်ကျွမ်းနိုင်တယ်ဆိုတာကို ခန့်မှန်းရ ခက်စေကြောင်း ပြောကြပါတယ်။ မီးသတ် အကြီးအကဲတွေကလည်း မီးရှို့တဲ့ ဓလေ့ကို ထိန်းချုပ်တာဟာ တောမီး အလွန်အကျွံ လောင်ကျွမ်းမှုအတွက် ဥုံဖွ ပျောက်ဆေး မဟုတ်ဘူးလို့ ငြင်းကြပါတယ်။

ဘာကြောင့် ဒီရာသီ တောမီး အလွန်ဆိုးရွားသွားသလဲ

၂၀၁၉ ခုနှစ်ဟာ သြစတြေးလျအတွက် အပူချိန် အလွန်အမင်း လွန်ကဲခြင်းနဲ့ ခြောက်သွေ့လွန်းခြင်းတို့က တောမီးလောင်စေဖို့ ဖြစ်စေတဲ့ အကြောင်းရင်းနှစ်ခု ဖြစ်ပါတယ်။ သြစတြေးလျရဲ့ စံချိန်တင် အပူဆုံးအချိန်တွေကို ပြောရရင် ၂၀၁၉ ခုနှစ်က ပထမ၊ ၂၀၁၃ ခုနှစ်က ဒုတိယ ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ၂၀၀၅၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ်တို့ ဖြစ်ပါတယ်။
တောမီးလောင်ကျွမ်းရာမှာ နယူးဆောက်သ်ဝေးလ် ပြည်နယ်ဟာ အပူဒဏ် အခံရဆုံးဖြစ်ပြီး အပူချိန် ၁ ဒသမ ၉၅ ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်ပါတယ်။ မနှစ်တုန်းက အပူချိန် ၀ ဒသမ ၂၇ ဒီဂရီ ဆဲလ်စီးယပ်စ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အခြေခံအားဖြင့် လေထုထဲမှာ မှန်လုံအိမ် ဓာတ်ငွေ့တွေ ပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။

သြစတြေးလျဟာ ၂၀၁၉ ခုနှစ်ထဲမှာလည်း မိုးနည်းပြီး ပုံမှန်ထက် ၄၀ ရာခိုင်နှုန်း လျော့နည်းခဲ့ကာ အခြောက်သွေ့ဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ သြစတြေးလျရဲ့ ၂၀၁၉ ခုနှစ် နွေဦးရာသီဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေဟာလည်း ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း တောမီးလောင်ဖို့အတွက် စံချိန်တင် ဆိုးရွားခဲ့ပါတယ်။

တောမီး ရာသီဥတု

သြစတြေးလျမှာ ပိုပြီး အန္တရာယ်များတဲ့ တောမီး ရာသီဥတုရဲ့ လားရာကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်ရှာဖွေခဲ့ပြီး ဖြစ်ပါတယ်။ ၆၇ နှစ်တာ အချက်အလက်တွေကို အခြေခံထားတဲ့ ၂၀၁၇ ခုနှစ် လေ့လာချက်မှာ သြစတြေးလျ တောင်ဘက်ပိုင်းဟာ နွေဦးနဲ့ နွေရာသီ ကာလအတွင်း ပိုပြီး အန္တရာယ်များတဲ့ အခြေအနေကို ရှင်းရှင်းကြီး သွားနေတာ တွေ့ခဲ့ကြပါတယ်။ တောမီးလောင်တတ်တဲ့ ရာသီဟာလည်း ပိုစောလာပါတယ်။
အဲဒီလားရာဟာ ၂၀၁၉ ခုနှစ်အထိ ဆက်ဖြစ်လာပြီးတဲ့နောက် ၁၉၅၀ ပြည့်နှစ် နောက်ပိုင်း တောမီးလောင်မှု အန္တရာယ် အကြီးဆုံး အဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

တောမီးလောင်မှုမှာ ရာသီဥတု ပြောင်းလဲမှုရဲ့ အခန်းကဏ္ဍ

တောမီးလောင်တဲ့ ရာသီမှာ ၂၀၁၈ ခုနှစ်က စံချိန်တင် မီးလောင်ခဲ့တဲ့ ကွင်းစလန်ပြည်နယ်ကို လေ့လာချက်အရ အပူချိန် အလွန်မြင့်တက်ခြင်းနဲ့ တောမီးလောင်ချိန် ကြုံကြိုက်ခြင်းတို့ကြောင့် လောင်တဲ့မီးက လူတွေကြောင့် ဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် လောင်ထက် မီးထက် လေးဆ ပိုပြင်းတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

သြစတြေးလျ အမျိုးသား သဘာဝပတ်ဝန်းကျင် သိပ္ပံ အစီအစဉ်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ အကြံပြုချက်ကလည်း တစ်ခုတည်းကိုသာ ကိုင်စွဲထားပါတယ်။ သြစတြေးလျ ဒေသအများစုမှာ မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း တောမီးလောင်ဖို့က ရာသီဥတု အခြေအနေထက် လူတွေကြောင့် ဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှုက ပိုအန္တရာယ်များတယ်လို့ ဖော်ပြထားပါတယ်။ မှန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ပိုမိုမြင့်တက်လာတဲ့အတွက် တောမီးလောင်တဲ့ အခြေအနေဟာ အနာဂတ်မှာ ပိုဆိုးလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

အဲဒီလို အဆိုနှစ်ခု ကွဲပြားနေပေမယ့် ဝန်ကြီးချုပ် စကောက် မော်ရစ်န်က အင်တာဗျူးတွေမှာ သြစတြေးလျ အစိုးရရဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပြောဆိုခဲ့ပြီး ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး မူဝါဒနဲ့ တောမီးလောင်တာတွေကို ချိတ်ဆက်တာဟာ ရယ်စရာသာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ မော်ရစ်ဆန်က ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးဟာ တသီးတခြား ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ချိတ်ဆက်လို့ မရနိုင်ကြောင်း ငြင်းချက်ထုတ်ပါတယ်။
တခြားလေ့လာမှု တစ်ခုကလည်း ကမ္ဘာကြီး အပူချိန်တက်နေမှုဟာ သြစတြေးလျမှာ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်စေဖို့ အခြေနေကို တွန်းအားပေးနေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

ဘာတွေ ကြုံရမလဲ

ရာသီဥတု လေ့လာရေးတွေအရ သြစတြေးလျ တောမီး အပြင်းအထန် လောင်ကျွမ်းမှုတွေက လေထုထဲကို မှန်လုံအိမ် ဓာတ်ငွေ့ ပိုမို ထုတ်လွှတ်မှုတွေနဲ့ ပေါင်းပြီး ပိုဆိုးစေလိမ့်မယ်လို့ ညွှန်ပြနေပါတယ်။
သြစတြေးလျ သိပ္ပံအကယ်ဒမီ ဥက္ကဋ္ဌ ပါမောက္ခ ဂျွန်ရှိုင်းက သြစတြေးလျဟာ ရာသီဥတုနဲ့ ပတ်သက်လို့ ပုံစံချနိုင်စွမ်း ပိုမိုတိုးတက်ဖို့ လိုကြောင်းနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် မကြာခဏ ပြောင်းလဲနေတဲ့အတွက် ဆိုးရွားတဲ့ အခြေအနေ မရောက်အောင် တောမီး သဘာဝကို နားလည်ဖို့ လိုကြောင်း ပြောခဲ့ပါတယ်။

သြစတြေးလျ တောမီး နောက်ဆက်တွဲ

သြစတြေးလျ တောမီးကို ငြှိမ်းသတ်နိုင်ဖို့ ကနေဒါ၊ နယူးဇီလန်၊ ပါပူဝါ နယူးဂီနီ၊ စင်ကာပူ၊ UAE ၊ အမေရိကန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေက ကူညီနေပါတယ်။ ဒါ့အပြင် နာမည်ကျော် အနုပညာရှင်တွေ၊ အားကစားသမားတွေနဲ့ သြစတြေးလျ နိုင်ငံသားတွေကိုယ်တိုင်ကလည်း ကိုယ်တိုင်လှူဒါန်းတာ၊ ရန်ပုံငွေ ရှာဖွေတာတွေ လုပ်ဆောင်နေကြပါတယ်။

မီးသတသြမားတှကေ တောမီးကို ငှှိမြးသတနြိုငအြောငြ ကှိုးပမြးနစဉေမြှာပဲ ရဲတှကလေညြး မီးရှို့တယလြို့ သံသယရှိသူတှကေို လိုကလြံ ဖမြးဆီးနပေါတယြ။ နရောအနှံ့အပှားမှာ တောမီးလောငမြှုတှနေဲ့ ပတသြကလြို့ ၂၀၁၉ ခုနှဈ နိုဝငဘြာလက စပှီး တောမီးရှို့မှု ၂၀၅ ခုအတှကြ လူ ၁၈၀ ကွောကြို ဖမြးဆီးထားပှီး ဖှဈပါတယြ။
Ref; The Guardian, Townhall

သွစတွေးလတြောမီး အဆိုးဆုံး အခွအေနကေို ဘာကွောငျ့ ရောကျရသလဲ

မီးသတ်သမားတွေက တောမီးကို ငြှိမ်းသတ်နိုင်အောင် ကြိုးပမ်းနေစဉ်မှာပဲ ရဲတွေကလည်း မီးရှို့တယ်လို့ သံသယရှိသူတွေကို လိုက်လံ ဖမ်းဆီးနေပါတယ်။ နေရာအနှံ့အပြားမှာ တောမီးလောင်မှုတွေနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက စပြီး တောမီးရှို့မှု ၂၀၅ ခုအတွက် လူ ၁၈၀ ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

Ref; The Guardian, Townhall