ICJ တရားရုံးမှာ ပြောကြားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်း ကောက်နုတ်ချက်

0
211

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ အဖွင့်မိန့်ခွန်းထဲက ထူးခြားချက်တွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။


ဂမ်ဘီယာရဲ့ စွပ်စွဲချက်အပေါ် တုံ့ပြန်ချက်

-စိတ်မကောင်းစရာ အချက်ကတော့ ယခု ဂမ်ဘီယာနိုင်ငံက ရုံးတော်ကို လျှောက်ထား တင်ပြမှုတွေမှာ အချက်အလက် ပြည့်စုံမှုမရှိတဲ့အပြင် နားလည်မှုလွဲမှားစေနိုင်တဲ့ အနေအထားနဲ့ ပုံဖော်ထားတာကို တွေ့ရပါတယ်။ ရခိုင်ဒေသအခြေအနေနဲ့ ပတ်သက်ပြီး နားလည်မှု လွဲစေတဲ့ အချက်အလက်တွေနဲ့ ပုံဖော်ပြီး မပြည့်မစုံ တင်ပြထားတာကို တွေ့ရှိရခြင်းဖြစ်ပါတယ်။ မည်သို့ဖြစ်စေကာမူ ရုံးတော်အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ မြေပြင် အခြေအနေများကို စိတ်ခံစားမှု ကင်းရှင်းစွာနဲ့ တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ရေးဟာ အလွန် အရေးကြီးပါတယ်။

-ဘယ်လိုနောက်ကြောင်း ဇာတိရင်းမြစ်ရှိနေပါစေ ရခိုင်ပြည်နယ်နဲ့ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ ကြုံတွေ့နေတဲ့ ဒုက္ခတွေဟာ ရာစုနှစ်များစွာ ကတည်းက အစပြုခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ပိုမို ဆိုးရွားလာခဲ့ပါတယ်။ ယခုလတ်တလော အနေအထားအရလည်း အင်အား ၅၀၀၀ ကျော်ခန့်ရှိတဲ့ Arakan Army (AA) လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်အကြား တိုက်ခိုက်မှုတွေကြောင့်လည်း ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခ အခြေအနေနဲ့ ကြုံတွေ့ နေရဆဲဖြစ်ပါတယ်၊ မနေ့က (ဂမ်ဘီယာဘက်က) ပြောကြားခဲ့သူ တစ်ဦးတစ်ယောက်ကမှ ဒီကိစ္စကို ထည့်သွင်းဖော်ပြ သွားတာကို မတွေ့ရပါဘူး၊
-၂၀၁၇ ခုနှစ် နှောင်းပိုင်းအထိ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ARSA အကြားတိုက်ခိုက်မှုများရဲ့ ကနဦးအစ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက ရွေးချယ်တင်ပြချက်တွေမှာ ဒီပဋိပက္ခအခြေအနေကို ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။

နယ်မြေရှင်းလင်းရေး အဓိပ္ပာယ် ဖွင့်ဆိုချက်


-မြန်မာဘာသာရဲ့ “နယ်မြေရှင်းလင်းရေး” လို့ခေါ်တဲ့ “Clearance Operations” အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုပါတယ်။ ယင်းအသုံးအနှုန်းရဲ့ အဓိပ္ပါယ်ကို တလွဲ ဖွင့်ဆိုကြခြင်းဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များ အတွင်းက ပဲခူးရိုးမမှာ ဗမာပြည် ကွန်မြူနစ်ပါတီအား စစ်ဆင်ရေးပြုလုပ်ရာ၌လည်း အလားတူ အသုံးအနှုန်းမျိုးကိုပဲ အသုံးပြုခဲ့ပါတယ်။ ထိုအချိန်မှစ၍ သောင်းကျန်းသူ နှိမ်နင်းရေးတွင် လည်းကောင်း၊ အကြမ်းဖက်သမားများ နှိမ်နင်းရာတွင် လည်းကောင်း ဤအသုံးအနှုန်းကို စစ်ဖက်တွင် အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာဘာသာအားဖြင့် “နယ်မြေရှင်းလင်းရေး” ဆိုတာဟာ နယ်မြေဒေသတစ်ခုအား သောင်းကျန်းသူများ သို့မဟုတ် အကြမ်းဖက်သမားများ ရှင်းလင်းရေးကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ပြစ်မှုတွေအကြောင်း ပြောကြားချက်


-အချို့သောဖြစ်စဉ်တွေမှာ ဆိုရင်တော့ တပ်မတော်သားများ အနေနဲ့ ARSA အကြမ်းဖက် တိုက်ခိုက်သူများနဲ့ အရပ်သားများကို သေချာစွာခွဲခြားနိုင်မှု ဒါမှမဟုတ် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို သတိမမူမိဘဲ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။
-တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လူများစွန့်ခွာခဲ့တဲ့ ကျေးရွာတွေမှာလည်း ကျန်ရှိနေတဲ့ ပစ္စည်းပိုင်ဆိုင်မှုများကို ဖျက်စီးခြင်း၊ လုယက်ခြင်းများကို ကျူးလွန်တဲ့ အရပ်သားများကို ဟန့်တားတဲ့ အပိုင်းမှာလည်း အားနည်းချက်များ ရှိကောင်းရှိနိုင် ပါတယ်။

တရားစီရင်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး


-ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို မြန်မာအစိုး ရတာဝန်ရှိသူများ ဆုံးဖြတ်ရန် မဟုတ်ဘဲ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုလုပ်ငန်းစဉ်တွေမှာ ဒီကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။
-ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လုပ်ပိုင်ခွင့် အချို့ကို အခြေခံထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တင်သွင်းချက်များမှာ မြန်မာနိုင်ငံမှ တပ်မတော် ဆိုင်ရာ တရားစီရင်ရေးစနစ်ဟာ တာဝန်ခံမှုအတွက် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့တောင်မှ ဖော်ပြပါရှိပါတယ်။
-ဒါဟာမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀(ခ) နဲ့ ဆန့်ကျင်နေရုံ သာမက တပ်မတော်နဲ့ အရပ်သားအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြီးမြောက် အောင်မြင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစတဲ့ ပြည်တွင်း ကြိုးပမ်းအားထုတ်နေမှုများကို ချေဖျက်ရာ ရောက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးလျက်ရှိပါတယ်။

“အမုန်းစကား” ဖွင့်ဆိုချက်

-ရခိုင်ပြည်နယ်အရေးကိစ္စမှာ အသိုင်းအဝိုင်းနှစ်ခု ကွဲပြားမှုအလွန်အကျွံ ဆိုးရွားသွားစေမဲ့ မီးလောင်ရာလေပင့်မှုများဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုတို့ကို ထိခိုက်စေပါတယ်။ ပဋိပက္ခဒဏ်ရာများကို ပိုမိုဆိုးရွားအောင် ဆောင်ရွက်ခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ပါတယ်။
-အမုန်းတရားအခြေခံတဲ့ ပြောဆိုချက်များသာလျင် အမုန်းစကားအဆင့်သာ မဟုတ်တော့ဘဲ အသိုက်အဝန်းများအကြား အလွန်အကျွံ ကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ အသုံးအနှုန်း ပြောဆိုချက်တွေဟာလည်း အမုန်းစကားတွေလို သဘောမျိုးပင် သက်ရောက်စေပါတယ်။

ICJ တရားရုံးသို့ လျှောက်လဲချက်


-ရခိုငပြှညနြယရြဲ့ ငှိမြးခမွြးရေး၊ လုံခှုံရေးနဲ့ လကရြှိဖှဈ ပှားနတေဲ့ ပဋိပကျခကို ပိုမိုထိခိုကဆြိုးရှားသှားစမယေ့ြ ဆောငရြှကခြကွတြှကေို ဒီတရားရုံးတောကြှီးအနနေဲ့ ရှောငရြှားပေးပါရနြ မတျေတာရပခြံအပပြါတယြ။
-၁၉၄၈ ခုနှဈ လှတလြပရြေးရရှိခွိနကြစပှီး မိမိတို့ရဲ့ ပှညသြူတှဟော ငှိမြးခမွြးရေးနဲ့ သာယာဝပှောရေးရဲ့ အသီးအပှင့ဖြှဈတဲ့ ရရှညေတြညတြံ့တဲ့ ဖှံ့ဖှိုးတိုးတကရြေးဆိုတဲ့ လုံခှုံမှုကို ခံစားရခှငြး မရှိသေးပါဘူး။ မိမိတို့ရဲ့ အကှီးမားဆုံး စိနခြေါမြှုကတော့ နိုငငြံတောအြတှကြ အခှခေံအုတမြှဈကောငြးတှကေို အားလွော့စမယေ့ြ မယုံကှညမြှုနဲ့ ကှောကရြှံ့မှု၊ ဘကလြိုကြ မမွှတမှုနဲ့ မုနြးတီးမှုတို့ အမှဈတှယနြခှငြေးကို ဖှရှငြေးဆောငရြှကရြနြ ဖှဈပါတယြ။
-မိမိတို့ဟာ လှနခြဲ့တဲ့ မွိုးဆကအြဆကဆြကကြပငြ ပှညသြူမွား မွှောလြင့တြောင့တြခဲ့ကှရတဲ့ ဖကဒြရယြ ဒီမိုကရစေီ ပှညထြောငစြု တညဆြောကနြိုငစြရေေးအတှကြ အကှမြးမဖကရြေး၊ လူ့အခှင့အြရေး၊ အမွိုးသားပှနလြညသြင့မြှတရြေး၊ တရားဥပဒေ စိုးမိုးရေးတို့အတှကြ ကတိကဝတမြွားကို တဈစိုကမြတမြတြ လိုကနြာဆောငရြှကသြှားမယဆြိုတာ ပှောကှားလိုပါတယြ။
-ပှညသြူမွားရဲ့ လုံခှုံရေးနဲ့ အခှင့အြရေးမွားကို အာမခံမှုပေးနိုငစြမယေ့ြ အမွိုးသား ပှနလြညသြင့မြှတရြေးနဲ့ သဟဇာတဖှဈစရေေးရဲ့ ရှေ့ဆောငတြဈခုအဖှဈ “တရားမွှတမှု” အပေါြ မွှောကြိုးအားထား လကွရြှိပါကှောငြး ပှောကှားလိုပါတယြ။

ICJ တရားရုံးမှာ ပွောကွားတဲ့ နိုငျငံတောျ အတိုငျပငျခံပုဂ်ဂိုလျရဲ့ မိနျ့ခှနျး ကောကျနုတျခကြျ

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ အဖွင့်မိန့်ခွန်းထဲက ထူးခြားချက်တွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

ဂမ်ဘီယာရဲ့ စွပ်စွဲချက်အပေါ် တုံ့ပြန်ချက်

-စိတ်မကောင်းစရာ အချက်ကတော့ ယခု ဂမ်ဘီယာနိုင်ငံက ရုံးတော်ကို လျှောက်ထား တင်ပြမှုတွေမှာ အချက်အလက် ပြည့်စုံမှုမရှိတဲ့အပြင် နားလည်မှုလွဲမှားစေနိုင်တဲ့ အနေအထားနဲ့ ပုံဖော်ထားတာကို တွေ့ရပါတယ်။ ရခိုင်ဒေသအခြေအနေနဲ့ ပတ်သက်ပြီး နားလည်မှု လွဲစေတဲ့ အချက်အလက်တွေနဲ့ ပုံဖော်ပြီး မပြည့်မစုံ တင်ပြထားတာကို တွေ့ရှိရခြင်းဖြစ်ပါတယ်။ မည်သို့ဖြစ်စေကာမူ ရုံးတော်အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ မြေပြင် အခြေအနေများကို စိတ်ခံစားမှု ကင်းရှင်းစွာနဲ့ တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ရေးဟာ အလွန် အရေးကြီးပါတယ်။

-ဘယ်လိုနောက်ကြောင်း ဇာတိရင်းမြစ်ရှိနေပါစေ ရခိုင်ပြည်နယ်နဲ့ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ ကြုံတွေ့နေတဲ့ ဒုက္ခတွေဟာ ရာစုနှစ်များစွာ ကတည်းက အစပြုခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ပိုမို ဆိုးရွားလာခဲ့ပါတယ်။ ယခုလတ်တလော အနေအထားအရလည်း အင်အား ၅၀၀၀ ကျော်ခန့်ရှိတဲ့ Arakan Army (AA) လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်အကြား တိုက်ခိုက်မှုတွေကြောင့်လည်း ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခ အခြေအနေနဲ့ ကြုံတွေ့ နေရဆဲဖြစ်ပါတယ်၊ မနေ့က (ဂမ်ဘီယာဘက်က) ပြောကြားခဲ့သူ တစ်ဦးတစ်ယောက်ကမှ ဒီကိစ္စကို ထည့်သွင်းဖော်ပြ သွားတာကို မတွေ့ရပါဘူး၊

-၂၀၁၇ ခုနှစ် နှောင်းပိုင်းအထိ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ARSA အကြားတိုက်ခိုက်မှုများရဲ့ ကနဦးအစ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက ရွေးချယ်တင်ပြချက်တွေမှာ ဒီပဋိပက္ခအခြေအနေကို ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။

နယ်မြေရှင်းလင်းရေး အဓိပ္ပာယ် ဖွင့်ဆိုချက်

-မြန်မာဘာသာရဲ့ “နယ်မြေရှင်းလင်းရေး” လို့ခေါ်တဲ့ “Clearance Operations” အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုပါတယ်။ ယင်းအသုံးအနှုန်းရဲ့ အဓိပ္ပါယ်ကို တလွဲ ဖွင့်ဆိုကြခြင်းဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များ အတွင်းက ပဲခူးရိုးမမှာ ဗမာပြည် ကွန်မြူနစ်ပါတီအား စစ်ဆင်ရေးပြုလုပ်ရာ၌လည်း အလားတူ အသုံးအနှုန်းမျိုးကိုပဲ အသုံးပြုခဲ့ပါတယ်။ ထိုအချိန်မှစ၍ သောင်းကျန်းသူ နှိမ်နင်းရေးတွင် လည်းကောင်း၊ အကြမ်းဖက်သမားများ နှိမ်နင်းရာတွင် လည်းကောင်း ဤအသုံးအနှုန်းကို စစ်ဖက်တွင် အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာဘာသာအားဖြင့် “နယ်မြေရှင်းလင်းရေး” ဆိုတာဟာ နယ်မြေဒေသတစ်ခုအား သောင်းကျန်းသူများ သို့မဟုတ် အကြမ်းဖက်သမားများ ရှင်းလင်းရေးကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ပြစ်မှုတွေအကြောင်း ပြောကြားချက်

-အချို့သောဖြစ်စဉ်တွေမှာ ဆိုရင်တော့ တပ်မတော်သားများ အနေနဲ့ ARSA အကြမ်းဖက် တိုက်ခိုက်သူများနဲ့ အရပ်သားများကို သေချာစွာခွဲခြားနိုင်မှု ဒါမှမဟုတ် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို သတိမမူမိဘဲ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။

-တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လူများစွန့်ခွာခဲ့တဲ့ ကျေးရွာတွေမှာလည်း ကျန်ရှိနေတဲ့ ပစ္စည်းပိုင်ဆိုင်မှုများကို ဖျက်စီးခြင်း၊ လုယက်ခြင်းများကို ကျူးလွန်တဲ့ အရပ်သားများကို ဟန့်တားတဲ့ အပိုင်းမှာလည်း အားနည်းချက်များ ရှိကောင်းရှိနိုင် ပါတယ်။

တရားစီရင်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး

-ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို မြန်မာအစိုး ရတာဝန်ရှိသူများ ဆုံးဖြတ်ရန် မဟုတ်ဘဲ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုလုပ်ငန်းစဉ်တွေမှာ ဒီကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။

-ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လုပ်ပိုင်ခွင့် အချို့ကို အခြေခံထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တင်သွင်းချက်များမှာ မြန်မာနိုင်ငံမှ တပ်မတော် ဆိုင်ရာ တရားစီရင်ရေးစနစ်ဟာ တာဝန်ခံမှုအတွက် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့တောင်မှ ဖော်ပြပါရှိပါတယ်။

-ဒါဟာမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀(ခ) နဲ့ ဆန့်ကျင်နေရုံ သာမက တပ်မတော်နဲ့ အရပ်သားအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြီးမြောက် အောင်မြင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစတဲ့ ပြည်တွင်း ကြိုးပမ်းအားထုတ်နေမှုများကို ချေဖျက်ရာ ရောက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးလျက်ရှိပါတယ်။

“အမုန်းစကား” ဖွင့်ဆိုချက်

-ရခိုင်ပြည်နယ်အရေးကိစ္စမှာ အသိုင်းအဝိုင်းနှစ်ခု ကွဲပြားမှုအလွန်အကျွံ ဆိုးရွားသွားစေမဲ့ မီးလောင်ရာလေပင့်မှုများဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုတို့ကို ထိခိုက်စေပါတယ်။ ပဋိပက္ခဒဏ်ရာများကို ပိုမိုဆိုးရွားအောင် ဆောင်ရွက်ခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ပါတယ်။

-အမုန်းတရားအခြေခံတဲ့ ပြောဆိုချက်များသာလျင် အမုန်းစကားအဆင့်သာ မဟုတ်တော့ဘဲ အသိုက်အဝန်းများအကြား အလွန်အကျွံ ကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ အသုံးအနှုန်း ပြောဆိုချက်တွေဟာလည်း အမုန်းစကားတွေလို သဘောမျိုးပင် သက်ရောက်စေပါတယ်။

ICJ တရားရုံးသို့ လျှောက်လဲချက်

-ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လက်ရှိဖြစ် ပွားနေတဲ့ ပဋိပက္ခကို ပိုမိုထိခိုက်ဆိုးရွားသွားစေမယ့် ဆောင်ရွက်ချက်တွေကို ဒီတရားရုံးတော်ကြီးအနေနဲ့ ရှောင်ရှားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

-၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်ကစပြီး မိမိတို့ရဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးရဲ့ အသီးအပွင့်ဖြစ်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လုံခြုံမှုကို ခံစားရခြင်း မရှိသေးပါဘူး။ မိမိတို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ နိုင်ငံတော်အတွက် အခြေခံအုတ်မြစ်ကောင်းတွေကို အားလျော့စေမယ့် မယုံကြည်မှုနဲ့ ကြောက်ရွံ့မှု၊ ဘက်လိုက် မမျှတမှုနဲ့ မုန်းတီးမှုတို့ အမြစ်တွယ်နေခြင်းကို ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ပါတယ်။

-မိမိတို့ဟာ လွန်ခဲ့တဲ့ မျိုးဆက်အဆက်ဆက်ကပင် ပြည်သူများ မျှော်လင့်တောင့်တခဲ့ကြရတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်စေရေးအတွက် အကြမ်းမဖက်ရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ကတိကဝတ်များကို တစ်စိုက်မတ်မတ် လိုက်နာဆောင်ရွက်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။

-ပြည်သူများရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးများကို အာမခံမှုပေးနိုင်စေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ သဟဇာတဖြစ်စေရေးရဲ့ ရှေ့ဆောင်တစ်ခုအဖြစ် “တရားမျှတမှု” အပေါ် မျှော်ကိုးအားထား လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)