မြန်မာဘက်က ရှေ့နေနဲ့ အကြံပေးတွေက ဘယ်သူတွေလဲ

0
4000

နယ်သာလန် နိုင်ငံ၊ သည်ဂိတ်ဂ်မြို့ရှိ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားရင်ဆိုင်လျှောက်လဲမယ့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့မှာ နိုင်ငံတကာက ရှေ့နေနဲ့ ဥပဒေ အကြံပေး ပညာရှင်တွေ ပါဝင်ပါတယ်။
ရှေ့နေတွေကတော့ မစ္စတာ ခရစ္စတိုဖာ စတိတ်ကာ၊ ပါမောက္ခ ဒေါက်တာ ဝီလျံ ရှဘတ်၊ ပါမောက္ခ ဒေါက်တာ ဖိုဘီ အိုကိုဝါတို့ ဖြစ်ပါတယ်။ အကြံပေးအဖွဲ့မှာတော့ ပါမောက္ခ အန်ဒရိယက်စ် ဇင်မာမန်း၊ ရှေ့နေ မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်တို့ ဖြစ်ကြပါတယ်။

ရှေ့နေ မစ္စတာ ခရစ္စတိုဖာ စတိတ်ကာ


အင်္ဂလန်နှင့် ဝေလနယ် ရှေ့နေအသင်း အဖွဲ့ဝင် ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေ၊ ပြည်သူ့ ဥပဒေရေးရာတွေမှာ ပြည်တွင်းအဆင့်၊ နိုင်ငံတကာအဆင့် အထူး အတွေ့အကြုံများသူဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၊ ပင်လယ်ဆိုင်ရာ ဥပဒေ နိုင်ငံတကာ ခုံရုံး (ITLOS)၊ ယခင် ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICTY)၊ ဆယ်ရာလီယွန်ဆိုင်ရာ အထူးတရားရုံး (SCSL)၊ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး စတာတွေမှာ ရှေ့နေလိုက်ဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။
ICJ မှာ ဥပဒေဌာနရဲ့ ဥပဒေအကြံပေး အကြီးအကဲ၊ ဆယ်ရာလီယွန် အထူးတရားရုံးဆိုင်ရာ လက်ထောက် ဆွဲချရှေ့နေချုပ်၊ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ သြစတြေးလျ ရှေ့နေအကျိုးဆောင်ရဲ့ လက်ထောက်အကြံပေး၊ သြစတြေးလျ ဖက်ဒရယ် ရှေ့နေချုပ်ငှာနရဲ့ နိုင်ငံတကာ ဥပဒေရုံး အကြံပေးတာဝန်တွေ ယူခဲ့ဖူးပြီး အဲဒီမတိုင်ခင်က သြစတြေးလျ နိုင်ငံခြားရေးဌာနမှာ သံတမန်အဖြစ် အတွေ့အကြုံ ရှိခဲ့ပါတယ်။

ပါမောက္ခ ဒေါက်တာ ဝီလျံ ရှဘတ်


ပါမောက္ခ ဝီလျံ ရှဘတ်ဟာ B.A., M.A., LLB., LLM., LLD ဘွဲ့တွေ ရရှိထားပါတယ်။ ဗြိတိန်နိုင်ငံ၊ မစ်ဒယ်ဆက်စ် တက္ကသိုလ်က ပါမောက္ခနဲ့ နယ်သာလန်နိုင်ငံ၊ လေဒင် တက္ကသိုလ်က ပါမောက္ခ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံသားဖြစ်ပြီး လူမျိုးတုံးသတ်မှုဆိုင်ရာနဲ့ နိုင်ငံတကာ ဥပဒေဆိုင်ရာ ကမ္ဘာ့ကျွမ်းကျင်သူ ဖြစ်ပါတယ်။
ပါမောက္ခ ရှဘတ်ဟာ ICJ နဲ့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) စတဲ့ ကမ္ဘာ့တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ အမြင်တွေ ဖော်ပြတဲ့ စာတမ်းပေါင်း ၁၈ စောင်၊ ဆောင်းပါးပေါင်း ၂၀၀ ရေးသားခဲ့ပါတယ်။ ပါမောက္ခ ရှဘတ်ဟာ ၂၀၀၉ ခုနှစ်မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်များ၏ နိုင်ငံတကာ အသင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရဖူးပါတယ်။
ကမ္ဘောဒီးယား ခမာ လူမျိုးတုံးသတ်ဖြတ်မှု၊ ဒါဖော်မှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်သုတ်သင်မှု၊ ယခင် ယူဂိုဆလားဗီးယား သတ်ဖြတ်မှု စတာတွေကိုလည်း လေ့လာပြီး စာအုပ်တွေ ရေးသားခဲ့ပါတယ်။ အစ္စရေး-ဂါဇာ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်အဖြစ်လည်း ခန့်အပ်ခံရဖူးပါတယ်။ ICJ, လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး၊ ICC တို့မှာလည်း အတွေ့အကြုံရှိပြီး ဆယ်ရာလီယွန်ဆိုင်ရာ အထူးတရားရုံးကိုလည်း ဖိတ်ခေါ်ခံရဖူးပါတယ်။

ပါမောက္ခ ဖိုဘီ အိုကိုဝါ


မစ္စ ဖိုဘီ အိုကိုဝါဟာ LLB., BCL, D.Phil ဘွဲ့တွေ ရရှိထားပါတယ်။ ဗြိတိန်နိုင်ငံ၊ ကွင်း မေရီ တက္ကသိုလ်က အမျာပြည်သူဆိုင်ရာ နိုင်ငံတကာ ဥပဒေ ပါမောက္ခ ဖြစ်ပြီး ကင်ညာ ဗဟိုတရားရုံးမှာ ဝတ်လုံတော်ရ၊ သည်ဟိဂ်မြို့ရှိ အနုညာတ အငြင်းပွားမှုဆိုင်ရာ အမြဲတမ်းခုံရုံးမှာ အဖွဲ့ဝင် ဖြစ်ပါတယ်။ အရင်က ဘရစ္စတိုလ် တက္ကသိုလ်မှာ သင်ကြားပို့ချဖူးပြီး ဟယ်လ်ဆင်ကီ တက္ကသိုလ်မှာလည်း ဧည့်ပါမောက္ခဖြစ်ပါတယ်။
ပါမောက္ခ အိုကိုဝါဟာ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ၊ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ဥပဒေနဲ့ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေတွေကို စိတ်ဝင်စားပါတယ်။ ပါမောက္ခ အိုကိုဝါဟာ နိုင်ငံတော်ရဲ့ တာဝန်ယူမှုဆိုင်ရာ ဥပဒေအကြောင်းကနေ နိုင်ငံတော်နဲ့ နိုင်ငံတကာ ရာဇဝတ်မှု ဆက်နွှယ်ချက်တွေအထိ စာအုပ်စာတမ်းတွေကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။

ပါမောက္ခ ဒေါက်တာ အန်ဒရီယပ်စ် ဇင်မာမန်


ပါမောက္ခ ဒေါက်တာ အန်ဒရီယပ်စ် ဇင်မာမန်းဟာ ဂျာမနီနိုင်ငံက ဖြစ်ပါတယ်။ ပါလက်စတိုင်း၊ ဘာဇစ် တက္ကသိုလ်မှာ ဧည့်ပါမောက္ခ၊ အစ္စရေးနိုင်ငံ၊ ဟီဗယူး တက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။ ဒါ့အပြင် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန အများပြည်သူ နိုင်ငံတကာ ဥပဒေ အကြံပေး ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားပြီး ပို့စ်ဒမ် တက္ကသိုလ်မှာ လက်ရှိ ပါမောက္ခ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးမှာလည်း Ad-hoc တရားသူကြီးအဖြစ် ဆောင်ရွက်ဖူးပါတယ်။
ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ အာရဗီ ဘာသာတို့ကို ကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။ ဒုက္ခသည်ဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေ၊ ဥရောပ သမဂ္ဂ ဥပဒေတွေကို ကျွမ်းကျင်ပါတယ်။

မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်


မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်ဟာ ပြည့်သူရေးရာ ဥပဒေနဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေတွေကို ကျွမ်းကျင်ပါတယ်။ ချိမ်းဘားစ် အန် ပါတနာစ် အဖွဲ့မှာ နှစ်များစွာ ဦးဆောင် ဂျူနီယာအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်ဟာ ရှေ့နေချုပ် အဖွဲ့ဝင်၊ လူ့အခွင့်အရေး ကော်မရှင်မှာလည်း အဖွဲ့ဝင် ဖြစ်ပါတယ်။
မစ္စ ကက်သရင်းဟာ ကိန်းဘရစ် တက္ကသိုလ် စိန့် အက်ဒမွန့် ကောလိပ်မှာလည်း Fellow ဖြစ်ပြီး ဖွဲ့သည်းပုံဆိုင်ရာ ဥပဒေတွေ လေ့လာရေးတွေကို ကြီးကြပ်ပေးနေပါတယ်။

Ad-hoc တရားသူကြီး ပါမောက္ခ ကလော့စ် ခရက်စ်


ICJ မှာ လွှောကလြဲကှရာမှာ မှနမြာနိုငငြံကရော ဂမဘြီယာနိုငငြံကပါ Ad-hoc တရားသူကှီး တဈဦးစီ ရှေးခယွခြှင့ြ ရှိပါတယြ။ အဲဒီအတှကြ မှနမြာနိုငငြံက ရှေးခယွလြိုကတြဲ့ Ad-hoc တရားသူကှီးကတော့ ဂွာမနြ ပါမောကျခ ကလော့ဈ ခရကဈြဖှဈပါတယြ။ ပါမောကျခ ခရကဈြဟာ နိုငငြံတကာ ဥပဒနေဲ့ ရာဇဝတြ ဥပဒဆေိုငရြာ ပါမောကျခဖှဈပါတယြ။ ဒါ့အပှငြ ဂွာမနနြဲ့ နိုငငြံတက ရာဇဝတမြှု ဥပဒဆေိုငရြာ ဥကျကဋျဌ၊ ကိုလုနြး တကျကသိုလြ၊ နိုငငြံတကာ ငှိမြးခမွြးရေးနှင့ြ လုံခှုံရေးဆိုငရြာ အငစြတီကွူမှာလညြး ဒါရိုကတြာ ဖှဈပါတယြ။

မွနျမာဘကျက ရှေ့နနေဲ့ အကွံပေးတှကေ ဘယျသူတှလေဲ

နယ်သာလန် နိုင်ငံ၊ သည်ဂိတ်ဂ်မြို့ရှိ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားရင်ဆိုင်လျှောက်လဲမယ့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့မှာ နိုင်ငံတကာက ရှေ့နေနဲ့ ဥပဒေ အကြံပေး ပညာရှင်တွေ ပါဝင်ပါတယ်။ 

ရှေ့နေတွေကတော့ မစ္စတာ ခရစ္စတိုဖာ စတိတ်ကာ၊ ပါမောက္ခ ဒေါက်တာ ဝီလျံ ရှဘတ်၊ ပါမောက္ခ ဒေါက်တာ ဖိုဘီ အိုကိုဝါတို့ ဖြစ်ပါတယ်။ အကြံပေးအဖွဲ့မှာတော့ ပါမောက္ခ အန်ဒရိယက်စ် ဇင်မာမန်း၊ ရှေ့နေ မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်တို့ ဖြစ်ကြပါတယ်။

ရှေ့နေ မစ္စတာ ခရစ္စတိုဖာ စတိတ်ကာ

အင်္ဂလန်နှင့် ဝေလနယ် ရှေ့နေအသင်း အဖွဲ့ဝင် ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေ၊ ပြည်သူ့ ဥပဒေရေးရာတွေမှာ ပြည်တွင်းအဆင့်၊ နိုင်ငံတကာအဆင့် အထူး အတွေ့အကြုံများသူဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၊ ပင်လယ်ဆိုင်ရာ ဥပဒေ နိုင်ငံတကာ ခုံရုံး (ITLOS)၊ ယခင် ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICTY)၊ ဆယ်ရာလီယွန်ဆိုင်ရာ အထူးတရားရုံး (SCSL)၊ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး စတာတွေမှာ ရှေ့နေလိုက်ဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။

ICJ မှာ ဥပဒေဌာနရဲ့ ဥပဒေအကြံပေး အကြီးအကဲ၊ ဆယ်ရာလီယွန် အထူးတရားရုံးဆိုင်ရာ လက်ထောက် ဆွဲချရှေ့နေချုပ်၊ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ သြစတြေးလျ ရှေ့နေအကျိုးဆောင်ရဲ့ လက်ထောက်အကြံပေး၊ သြစတြေးလျ ဖက်ဒရယ် ရှေ့နေချုပ်ငှာနရဲ့ နိုင်ငံတကာ ဥပဒေရုံး အကြံပေးတာဝန်တွေ ယူခဲ့ဖူးပြီး အဲဒီမတိုင်ခင်က သြစတြေးလျ နိုင်ငံခြားရေးဌာနမှာ သံတမန်အဖြစ် အတွေ့အကြုံ ရှိခဲ့ပါတယ်။

ပါမောက္ခ ဒေါက်တာ ဝီလျံ ရှဘတ်

ပါမောက္ခ ဝီလျံ ရှဘတ်ဟာ B.A., M.A., LLB., LLM., LLD ဘွဲ့တွေ ရရှိထားပါတယ်။ ဗြိတိန်နိုင်ငံ၊ မစ်ဒယ်ဆက်စ် တက္ကသိုလ်က ပါမောက္ခနဲ့ နယ်သာလန်နိုင်ငံ၊ လေဒင် တက္ကသိုလ်က ပါမောက္ခ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံသားဖြစ်ပြီး လူမျိုးတုံးသတ်မှုဆိုင်ရာနဲ့ နိုင်ငံတကာ ဥပဒေဆိုင်ရာ ကမ္ဘာ့ကျွမ်းကျင်သူ ဖြစ်ပါတယ်။

ပါမောက္ခ ရှဘတ်ဟာ ICJ နဲ့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) စတဲ့ ကမ္ဘာ့တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ အမြင်တွေ ဖော်ပြတဲ့ စာတမ်းပေါင်း ၁၈ စောင်၊ ဆောင်းပါးပေါင်း ၂၀၀ ရေးသားခဲ့ပါတယ်။ ပါမောက္ခ ရှဘတ်ဟာ ၂၀၀၉ ခုနှစ်မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်များ၏ နိုင်ငံတကာ အသင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရဖူးပါတယ်။

ကမ္ဘောဒီးယား ခမာ လူမျိုးတုံးသတ်ဖြတ်မှု၊ ဒါဖော်မှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်သုတ်သင်မှု၊ ယခင် ယူဂိုဆလားဗီးယား သတ်ဖြတ်မှု စတာတွေကိုလည်း လေ့လာပြီး စာအုပ်တွေ ရေးသားခဲ့ပါတယ်။ အစ္စရေး-ဂါဇာ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်အဖြစ်လည်း ခန့်အပ်ခံရဖူးပါတယ်။ ICJ, လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး၊ ICC တို့မှာလည်း အတွေ့အကြုံရှိပြီး ဆယ်ရာလီယွန်ဆိုင်ရာ အထူးတရားရုံးကိုလည်း ဖိတ်ခေါ်ခံရဖူးပါတယ်။  

ပါမောက္ခ ဖိုဘီ အိုကိုဝါ

မစ္စ ဖိုဘီ အိုကိုဝါဟာ LLB., BCL, D.Phil ဘွဲ့တွေ ရရှိထားပါတယ်။ ဗြိတိန်နိုင်ငံ၊ ကွင်း မေရီ တက္ကသိုလ်က အမျာပြည်သူဆိုင်ရာ နိုင်ငံတကာ ဥပဒေ ပါမောက္ခ ဖြစ်ပြီး ကင်ညာ ဗဟိုတရားရုံးမှာ ဝတ်လုံတော်ရ၊ သည်ဟိဂ်မြို့ရှိ အနုညာတ အငြင်းပွားမှုဆိုင်ရာ အမြဲတမ်းခုံရုံးမှာ အဖွဲ့ဝင် ဖြစ်ပါတယ်။ အရင်က ဘရစ္စတိုလ် တက္ကသိုလ်မှာ သင်ကြားပို့ချဖူးပြီး ဟယ်လ်ဆင်ကီ တက္ကသိုလ်မှာလည်း ဧည့်ပါမောက္ခဖြစ်ပါတယ်။

ပါမောက္ခ အိုကိုဝါဟာ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ၊ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ဥပဒေနဲ့ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေတွေကို စိတ်ဝင်စားပါတယ်။ ပါမောက္ခ အိုကိုဝါဟာ နိုင်ငံတော်ရဲ့ တာဝန်ယူမှုဆိုင်ရာ ဥပဒေအကြောင်းကနေ နိုင်ငံတော်နဲ့ နိုင်ငံတကာ ရာဇဝတ်မှု ဆက်နွှယ်ချက်တွေအထိ  စာအုပ်စာတမ်းတွေကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။

ပါမောက္ခ ဒေါက်တာ အန်ဒရီယပ်စ် ဇင်မာမန်း

ပါမောက္ခ ဒေါက်တာ အန်ဒရီယပ်စ် ဇင်မာမန်းဟာ ဂျာမနီနိုင်ငံက ဖြစ်ပါတယ်။ ပါလက်စတိုင်း၊ ဘာဇစ် တက္ကသိုလ်မှာ ဧည့်ပါမောက္ခ၊ အစ္စရေးနိုင်ငံ၊ ဟီဗယူး တက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။ ဒါ့အပြင် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန အများပြည်သူ နိုင်ငံတကာ ဥပဒေ အကြံပေး ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားပြီး ပို့စ်ဒမ် တက္ကသိုလ်မှာ လက်ရှိ ပါမောက္ခ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးမှာလည်း Ad-hoc တရားသူကြီးအဖြစ် ဆောင်ရွက်ဖူးပါတယ်။

ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ အာရဗီ ဘာသာတို့ကို ကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။ ဒုက္ခသည်ဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေ၊ ဥရောပ သမဂ္ဂ ဥပဒေတွေကို ကျွမ်းကျင်ပါတယ်။

မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်

မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်ဟာ ပြည့်သူရေးရာ ဥပဒေနဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေတွေကို ကျွမ်းကျင်ပါတယ်။ ချိမ်းဘားစ် အန် ပါတနာစ် အဖွဲ့မှာ နှစ်များစွာ ဦးဆောင် ဂျူနီယာအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်ဟာ ရှေ့နေချုပ် အဖွဲ့ဝင်၊ လူ့အခွင့်အရေး ကော်မရှင်မှာလည်း အဖွဲ့ဝင် ဖြစ်ပါတယ်။

မစ္စ ကက်သရင်းဟာ ကိန်းဘရစ် တက္ကသိုလ် စိန့် အက်ဒမွန့် ကောလိပ်မှာလည်း Fellow ဖြစ်ပြီး ဖွဲ့သည်းပုံဆိုင်ရာ ဥပဒေတွေ လေ့လာရေးတွေကို ကြီးကြပ်ပေးနေပါတယ်။

Ad-hoc တရားသူကြီး ပါမောက္ခ ကလော့စ် ခရက်စ်

ICJ မှာ လျှောက်လဲကြရာမှာ မြန်မာနိုင်ငံကရော ဂမ်ဘီယာနိုင်ငံကပါ Ad-hoc တရားသူကြီး တစ်ဦးစီ ရွေးချယ်ခွင့် ရှိပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံက ရွေးချယ်လိုက်တဲ့ Ad-hoc တရားသူကြီးကတော့ ဂျာမန် ပါမောက္ခ ကလော့စ် ခရက်စ်ဖြစ်ပါတယ်။ ပါမောက္ခ ခရက်စ်ဟာ နိုင်ငံတကာ ဥပဒေနဲ့ ရာဇဝတ် ဥပဒေဆိုင်ရာ ပါမောက္ခဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန်နဲ့ နိုင်ငံတက ရာဇဝတ်မှု ဥပဒေဆိုင်ရာ ဥက္ကဋ္ဌ၊ ကိုလုန်း တက္ကသိုလ်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျူမှာလည်း ဒါရိုက်တာ ဖြစ်ပါတယ်။

MCN သတင်းအဖွဲ့


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)