ထိုင်းစစ်သား သတ်ဖြတ်မှု အနည်းဆုံး လူ ၃၀ သေဆုံး၊ ထိုင်းမှာ မကြုံဖူးတဲ့အမှု ဖြစ်

0
160

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိ နခွန် ရတ်ချဆီမာ (ခေါ်) ကိုရတ်မြို့မှာ အသက် ၃၂ နှစ်အရွယ် ထိုင်းတပ်ကြပ် ဂျတ်ကရာပါနတ် သွန်မာရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၃၀ နဲ့ ဒဏ်ရာရသူ ၅၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ သမိုင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက် အဖြစ်ဟာ အဆိုးရွားဆုံး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပြီး မိသားစုဝင်တွေ ဆုံးရှုံးရလို့ ထိုင်းတစ်နိုင်ငံလုံး စိတ်မကောင်း ဝမ်းနည်းခဲ့ရပါတယ်။ သေနတ်သမားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ပစ်သတ်လိုက်လို့ အသေဖမ်းမိပါတယ်။

ဖြစ်စဉ် အကျဉ်းချုပ်ကတော့ –
ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီ – ထိုင်းစစ်သားက ဆူအာသမ် ဖီထပ် စစ်အခြေစိုက်စခန်းမှာ အသက် ၄၈ နှစ်အရွယ် အထက်အရာရှိကို အရင်ဆုံး ပစ်သတ်ပြီး နောက်ထပ် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကို ထပ်မံ ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် လက်နက်နဲ့ ဖောက်ခွွဲရေး ပစ္စည်းတွေယူပြီး ဟမ်းဗီးယာဉ်နဲ့ ထွက်ပြေးခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က Faceebook လူမှုကွန်ရက်မှာ အလိုရှိကြောင်း ကြေညာခဲ့ပါတယ်။


ညနေ ၅ နာရီခွဲ – တာမီနယ် ၂၁ စျေးဝယ်စင်တာမှာ ထိုင်းစစ်သားက တွေ့ရာမြင်ရာ ပစ်ခတ်နေတာကို ဗီဒီယို မှတ်တမ်းမှာ တွေ့ရှိရပါတယ်။ သေနတ်သမား စစ်သားဟာ သူပစ်ခတ်နေတာတွေကို လူမှုကွန်ရက်နေ Live လွှင့်ခဲ့ပါတယ်။


ညနေ ၅ နာရီ ၅၀ မိနစ် – ထိုင်းရဲတပ်ဖွဲ့က စျေးဝယ်စင်တာ တစ်ဝိုက် ၂ ကီလိုမီတာ အကွာကို ဝင်ခွင့် ပိတ်လိုက်ပါတယ်။ စျေးဝယ်စင်တာ အတွင်းမှာ သေနတ်ပစ်ခတ်သံတွေ ကြားနေရပါတယ်။

ည ၉ နာရီခွဲ – သေနတ်သမား စစ်သားရဲ့ Facebook account ကို ဖယ်ရှားလိုက်ပါတယ်။


ည ၁၀ နာရီ ၁၅ မိနစ် – ရာနဲ့ချီတဲ့ ရဲတွေနဲ့ စစ်ကွန်မန်ဒိုတွေ စတင် လှုပ်ရှားခဲ့ကြပါတယ်။ စျေးဝယ်စင်တာကို ဝင်စီးပြီး ရာနဲ့ချီတဲ့ ကလေးငယ်တွေ အပါအဝင် စျေးဝယ်သူတွေကို ကယ်ထုတ်ဖို့ လုပ်ဆောင်ပါတယ်။ သေနတ်သမားက လူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။


ဖေဖော်ဝါရီလ ၉ ရက်၊ မနက် ၉ နာရီ – ဒဏ်ရာရသူတွေထဲမှာ ဓားစာခံတွေနဲ့ ရဲ သုံးဦးတို့ ပါဝင်ပါတယ်။ ဓားစာခံတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း ပါဝင်ပါတယ်။

ထိုင်းစစ်သား သေနတ်သမားက ဘာကြောင့် ပစ်ခတ်သလဲဆိုတာနဲ့ ပတ်သက်ပြီး သေချာ မသိရပေမယ့် သူ့အက် အရာရှိတွေနဲ့ ငွေကြေးဆိုင်ရာ စကားများခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ သူဟာ ဘတ်ငေွ သိန်းချီ အကြွေးတင်နေပြီး ပြန်မဆပ်နိုင်ဘဲ အဲဒီကိစ္စကပဲ စစ်စခန်းမှာ လူနှစ်ဦးကို သတ်ဖြတ်မှု ဖြစ်စေခဲ့တာပါ။
ပစ်ခတ်မှု စတင် မဖြစ်ပွားခင် နေ့လည်လောက်က သေနတ်သမား ဂျတ်ကရာပါနတ် သွန်မာဟာ ချမ်းသားလာတဲ့ လူတွေဟာ တခြားလူတွေအပေါ် လိမ်ညာလှည့်ဖျားတယ်၊ ခေါင်းပုံဖြတ်တယ်ဆိုပြီး မြည်တွန်တောက်တီးနေခဲ့တယ်လို့ CNA သတင်းက ဖော်ပြပါတယ်။
သေနတ်သမားရဲ့ ဘဝနောက်ကြောင်းက သာမန်ပဲဖြစ်ပြီး သူသတ်လိုက်တဲ့ သူ့အထက်အရာရှိကြောင့် အခုလို ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အဆင့်အထိ ရောက်ခဲ့တာလို့ ထိုင်းမီဒီယာတွေကတော့ သေနတ်သမားနဲ့ နီးစပ်သူတွေကို ကိုးကားဖော်ပြပါတယ်။

ဒါပမယေ့ွ အပှဈမရှိသူတှကေို ရကစွကစွှာ သတဖွှတတွာကတော့ နားလညနွိုငစွရာ အကှောငွး မရှိဘူး ဖှဈနပေါတယွ။ သနတသွေမားရဲ့ မိခငကွတော့ ကှှကှေဲငိုကှှေးနပှေီး သူ့သား ဘယလွို ဖှဈသှားရတာလညွးလို့ မှညတွမွးနခေဲ့ပါတယွ။
ဒီလို အဖှဈမှိုးဟာ ထိုငွးနိုငငွံမှာ မကှုံဖူးကှောငွး၊ အခု ဖှဈပှားတာမှိုးဟာ ပထမဆုံးနဲ့ နောကဆွုံး ဖှဈဖို့ မှှောလွင့ကွှောငွးနဲ့ နောကွ ဘယတွော့မှ မဖှဈစလေိုကှောငွး၊ ဘယသွူ့ကိုမှလညွး မဖှဈစခငှကွှေောငွး၊ အခုကိဈစဟာလညွး ခဏတာအတှငွးမှာ လူတဈယောကရွဲ့ စိတအွခှအနကှေေောင့ွ ဖှဈနိုငကွှောငွး ထိုငွးဝနကွှီးခှုပွ ပရာယှတွ ခနှအွိုခှာက ပှောပါတယွ။
သငကွာဘုနွးမှင့ွ

ထိုငြးစဈသား သတဖြှတမြှု အနညြးဆုံး လူ ၃၀ သဆေုံး၊ ထိုငြးမှာ မကှုံဖူးတဲ့အမှု ဖှဈ

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိ နခွန် ရတ်ချဆီမာ (ခေါ်) ကိုရတ်မြို့မှာ အသက် ၃၂ နှစ်အရွယ် ထိုင်းတပ်ကြပ် ဂျတ်ကရာပါနတ် သွန်မာရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၃၀ နဲ့ ဒဏ်ရာရသူ ၅၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ သမိုင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက် အဖြစ်ဟာ အဆိုးရွားဆုံး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပြီး မိသားစုဝင်တွေ ဆုံးရှုံးရလို့ ထိုင်းတစ်နိုင်ငံလုံး စိတ်မကောင်း ဝမ်းနည်းခဲ့ရပါတယ်။ သေနတ်သမားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ပစ်သတ်လိုက်လို့ အသေဖမ်းမိပါတယ်။

ဖြစ်စဉ် အကျဉ်းချုပ်ကတော့ –

ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီ – ထိုင်းစစ်သားက ဆူအာသမ် ဖီထပ် စစ်အခြေစိုက်စခန်းမှာ အသက် ၄၈ နှစ်အရွယ် အထက်အရာရှိကို အရင်ဆုံး ပစ်သတ်ပြီး နောက်ထပ် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကို ထပ်မံ ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေယူပြီး ဟမ်းဗီးယာဉ်နဲ့ ထွက်ပြေးခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က Faceebook လူမှုကွန်ရက်မှာ အလိုရှိကြောင်း ကြေညာခဲ့ပါတယ်။

ညနေ ၅ နာရီခွဲ – တာမီနယ် ၂၁ ဈေးဝယ်စင်တာမှာ ထိုင်းစစ်သားက တွေ့ရာမြင်ရာ ပစ်ခတ်နေတာကို ဗီဒီယို မှတ်တမ်းမှာ တွေ့ရှိရပါတယ်။ သေနတ်သမား စစ်သားဟာ သူပစ်ခတ်နေတာတွေကို လူမှုကွန်ရက်နေ Live လွှင့်ခဲ့ပါတယ်။

ညနေ ၅ နာရီ ၅၀ မိနစ် – ထိုင်းရဲတပ်ဖွဲ့က ဈေးဝယ်စင်တာ တစ်ဝိုက် ၂ ကီလိုမီတာ အကွာကို ဝင်ခွင့် ပိတ်လိုက်ပါတယ်။ ဈေးဝယ်စင်တာ အတွင်းမှာ သေနတ်ပစ်ခတ်သံတွေ ကြားနေရပါတယ်။

ည ၉ နာရီခွဲ – သေနတ်သမား စစ်သားရဲ့ Facebook account ကို ဖယ်ရှားလိုက်ပါတယ်။

ည ၁၀ နာရီ ၁၅ မိနစ် – ရာနဲ့ချီတဲ့ ရဲတွေနဲ့ စစ်ကွန်မန်ဒိုတွေ စတင် လှုပ်ရှားခဲ့ကြပါတယ်။ ဈေးဝယ်စင်တာကို ဝင်စီးပြီး ရာနဲ့ချီတဲ့ ကလေးငယ်တွေ အပါအဝင် ဈေးဝယ်သူတွေကို ကယ်ထုတ်ဖို့ လုပ်ဆောင်ပါတယ်။ သေနတ်သမားက လူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။ 

ဖေဖော်ဝါရီလ ၉ ရက်၊ မနက် ၉ နာရီ – ဒဏ်ရာရသူတွေထဲမှာ ဓားစာခံတွေနဲ့ ရဲ သုံးဦးတို့ ပါဝင်ပါတယ်။ ဓားစာခံတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း ပါဝင်ပါတယ်။    

ထိုင်းစစ်သား သေနတ်သမားက ဘာကြောင့် ပစ်ခတ်သလဲဆိုတာနဲ့ ပတ်သက်ပြီး သေချာ မသိရပေမယ့် သူ့အက် အရာရှိတွေနဲ့ ငွေကြေးဆိုင်ရာ စကားများခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ သူဟာ ဘတ်ငွေ သိန်းချီ အကြွေးတင်နေပြီး ပြန်မဆပ်နိုင်ဘဲ အဲဒီကိစ္စကပဲ စစ်စခန်းမှာ လူနှစ်ဦးကို သတ်ဖြတ်မှု ဖြစ်စေခဲ့တာပါ။ 

ပစ်ခတ်မှု စတင် မဖြစ်ပွားခင် နေ့လည်လောက်က သေနတ်သမား ဂျတ်ကရာပါနတ် သွန်မာဟာ ချမ်းသားလာတဲ့ လူတွေဟာ တခြားလူတွေအပေါ် လိမ်ညာလှည့်ဖျားတယ်၊ ခေါင်းပုံဖြတ်တယ်ဆိုပြီး မြည်တွန်တောက်တီးနေခဲ့တယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

သေနတ်သမားရဲ့ ဘဝနောက်ကြောင်းက သာမန်ပဲဖြစ်ပြီး သူသတ်လိုက်တဲ့ သူ့အထက်အရာရှိကြောင့် အခုလို ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အဆင့်အထိ ရောက်ခဲ့တာလို့ ထိုင်းမီဒီယာတွေကတော့ သေနတ်သမားနဲ့ နီးစပ်သူတွေကို ကိုးကားဖော်ပြပါတယ်။

ဒါပေမယ့် အပြစ်မရှိသူတွေကို ရက်စက်စွာ သတ်ဖြတ်တာကတော့ နားလည်နိုင်စရာ အကြောင်း မရှိဘူး ဖြစ်နေပါတယ်။ သေနတ်သမားရဲ့ မိခင်ကတော့ ကြွေကွဲငိုကြွေးနေပြီး သူ့သား ဘယ်လို ဖြစ်သွားရတာလည်းလို့ မြည်တမ်းနေခဲ့ပါတယ်။   

ဒီလို အဖြစ်မျိုးဟာ ထိုင်းနိုင်ငံမှာ မကြုံဖူးကြောင်း၊ အခု ဖြစ်ပွားတာမျိုးဟာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ဖို့ မျှော်လင့်ကြောင်းနဲ့ နောက် ဘယ်တော့မှ မဖြစ်စေလိုကြောင်း၊ ဘယ်သူ့ကိုမှလည်း မဖြစ်စေချင်ကြောင်း၊ အခုကိစ္စဟာလည်း ခဏတာအတွင်းမှာ လူတစ်ယောက်ရဲ့ စိတ်အခြေအနေကြောင့် ဖြစ်နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပါတယ်။

သင်ကာဘုန်းမြင့်

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)