ေနာ္ေဝႏုိင္ငံ ပညာေရးႏွင့္ ထိေတြ႔ျခင္း (၈)

0
75

မိမိရဲ႕ စာဖတ္ ပရိသတ္ႀကီးကုိ ဦးစြာေတာင္းပန္ပါသည္။ ဥေရာပ ေႏြရာသီ ခရီးသြားေနလုိ႔ စာေတြ မေရးျဖစ္တာပါ။ ခရီးကေတာ့ ဥေရာပ ႏုိင္ငံ ေလးႏုိင္ငံေလာက္ သြားျဖစ္သည္။ တျခားေသာ ဘာသာေရးဆုိင္ရာ ပြဲေတာ္မ်ား၊ ဥေရာပ သံဃာေတာ္မ်ား စာတမ္းဖတ္ပြဲႀကီးလည္း ရွိေနေတာ့ စာေရးဖုိ႔ ၾကာသြားတာကုိ နားလည္ေပးၾကပါ။ အခုေတာ့ စာေတြ ပုံမွန္ျပန္ေရးပါမယ္။ မၾကာခင္ေတာ့ ေနာ္ေဝႏုိင္ငံ ပညာေရးႏွင့္ ထိေတြ႔ျခင္းက ၿပီးဆုံးေတာ့မွာ ျဖစ္ပါသည္။ စာဖတ္ ပရိသတ္ႀကီး အားလုံး က်န္းမာ ခ်မ္းသာၾကပါေစ။ အစစရာရာ အဆင္ေျပၾကပါေစလုိ႔ ဆုေတာင္းေပးပါသည္။

မိမိ ေရွ႕အပုိင္း (၇) မွာ ေျပာခဲ့သလုိပါပဲ ေနာ္ေဝ ႏုိင္ငံက မိဘမ်ားအေနႏွင့္ ေက်ာင္းကိစၥတြင္ ပူးတြဲတာဝန္ယူရေသာ ပူးေပါင္းေဆာင္ရြက္မႈျဖစ္ေအာင္ စီမံေပးရန္ တာဝန္အျပည့္ ေဆာင္ရြက္ေပးရပါသည္။ ထုိ႔အျပင္ မိမိတုိ႔ကေလးမ်ား၏ အႀကဳိက္ အနာဂတ္႐ုပ္ပုံကုိ ဖန္တီးေဖာ္ေဆာင္ၾကရၿပီး ကေလးငယ္မ်ားကုိ မိမိတုိ႔ အနာဂတ္ဆုိတာ မေသခ်ာ မေရရာမႈတုိ႔ျပည့္ေနေသာ နယ္ေျမစိမ္းတစ္ခုျဖစ္သည္ ဆုိတာကုိ လက္ေတြ႔က်က် သင္ျပေပးၾကရပါသည္။

မိမိတုိ႔ အားလုံး ယင္းနယ္ေျမစိမ္းသုိ႔ သက္သာ ေခ်ာေမာစြာ သြားႏုိင္ေသာ လမ္းမရွိ။ ကႏၱာရခရီးၾကမ္းႏွင့္ ခေရာင္းေတာသာ ရွိသည္။ ထုိ႔ေၾကာင့္ အနာဂတ္ ေခါင္းေဆာင္ ေနာ္ေဝ ကေလးမ်ားသည္ မိမိ၏ အေမွ်ာ္အျမင္ျဖင့္ အနာဂတ္ကုိ အိပ္မက္ မက္ၾကည့္သည္။ စိတ္ကူးပုံေဖာ္ၾကည့္သည္။ သုိ႔ျဖင့္ ျဖစ္သင့္ျဖစ္ထုိက္ေသာ၊ ျဖစ္ႏိုင္ဖြယ္ရွိေသာ၊ ျဖစ္ေစခ်င္ေသာ အနာဂတ္႐ုပ္ပုံလႊာတစ္ခု ေပၚထြန္းလာသည္။ ယင္းကဲ့သုိ႔ အနာဂတ္႐ုပ္ပုံလႊာ တစ္ခုကုိ ၾကည္လင္ျပတ္သားစြာ ပုံေဖာ္စိတ္ကူးႏိုင္ရမည္။

သုိ႔ေသာ္ ေနာ္ေဝႏုိင္ငံ ေက်ာင္းပညာေရးမွာေတာ့ ကုိယ္တစ္ေယာက္တည္း သိျမင္ေန႐ုံႏွင့္ မလုံေလာက္။ သူတစ္ပါးကုိ တင္ျပႏုိင္ရမည္။ အနာဂတ္႐ုပ္ပုံကုိ ဖန္တီးၿပီး အသက္သြင္းရမည္။ မိမိ၏ စိတ္ကူးအိပ္မက္သည္ မိမိအစုအဖြဲ႔၏ စိတ္ကူးအိပ္မက္အျဖစ္သုိ႔ ေရာက္ရွိေရးအတြက္ ၾကည္လင္ျပတ္သားေသာ ေဖာ္က်ဴးတင္ျပမႈကုိ အားထုတ္ရမည္။ အနာဂတ္ႏွင့္ ပတ္သက္၍ မေရမရာျဖစ္ေနသူမ်ား၊ ဝုိးတဝါးျဖစ္ေနသူမ်ား၊ သုိ႔မဟုတ္ အနာဂတ္ ေပ်ာက္ေနသူမ်ားအတြက္ ကေလးငယ္မ်ားက တင္ျပေသာ အနာဂတ္ဒီဇုိင္းသည္ တကယ့္အားေဆး။ ‘အနာဂတ္႐ုပ္ပုံ မရွိလွ်င္ ပ်က္စီးၾကအံ့’ ဟူေသာ စကားသည္ ေနာ္ေဝလူငယ္မ်ားစြာတုိိ႔အတြက္ လက္စြဲစကားျဖစ္၏။

၃။ ေနာ္ေဝႏုိင္ငံက ပညာေရးက အျခားသူတုိ႔ ပါဝင္လုပ္ကုိင္ေအာင္ အားေပးျခင္း အနာဂတ္ကုိ အေကာင္အထည္ ေဖာ္ရာတြင္ ကုိယ္တစ္ဦးတည္းႏွင့္ မျဖစ္ႏိုင္သည္ကုိ အနာဂတ္ လူငယ္ ေခါင္းေဆာင္တုိ႔ သိေအာင္ သင္ၾကားေပးပါသည္။

အစုအဖြဲ႔အတြင္း ထူးကဲေသာ စြမ္းေဆာင္ေအာင္ျမင္မႈတုိ႔ကုိ ရရွိႏိုင္ေရးအတြက္ လုပ္ေဖာ္ကုိင္ဖက္မ်ား လုိအပ္သည္ကုိ သူတုိ႔ မေမ့ၾက။ ထုိ႔ေၾကာင့္ပင္ ေနာ္ေဝႏုိင္ငံက ေက်ာင္းသား  လူငယ္မ်ား အနာဂတ္ လူငယ္ေခါင္းေဆာင္တုိ႔သည္ မိသားစုကဲ့သုိ႔ ရင္းႏွီးခုိင္မာေသာ အစုအဖြဲ႔မ်ားကုိ ဖန္တီးၾကသည္။

ေနာက္တစ္ခ်က္ အေရးႀကီးဆုံက  မိမိေက်ာင္းသား ဘဝမွာ သင္ၾကားခဲ့ရတဲ့ ေခါင္းေဆာင္တစ္ေယာက္အဖုိ႔ ေအာင္ျမင္မႈဟူသည္မွာ ‘မိမိ၏ေအာင္ျမင္မႈ’ မဟုတ္ေပ။ ‘မိမိတုိ႔၏ ေအာင္ျမင္မႈ’ သာ ျဖစ္သည္ဆုိသည့္ စိတ္ဓာတ္မ်ားပင္ ျဖစ္ပါသည္။

ထုိ႔ေၾကာင့္ စြမ္းေဆာင္ခ်က္မွာလည္း ‘မိမိ၏စြမ္းေဆာင္ခ်က္’ မဟုတ္။ ‘မိမိတုိ႔၏ စြမ္းေဆာင္ခ်က္သာ’ ျဖစ္၏။ ထုိ႔ေၾကာင့္ ဆရာမ်ားသည္ မိမိ၏ ေနာက္လုိက္ တပည့္မ်ား စြမ္းေဆာင္ရည္ထက္ျမက္ေရးကုိ အားေပးကူညီသည္။ ဆရာမ်ား၏ အားေပးမႈေၾကာင့္ပင္ ေနာက္လုိက္တပည့္မ်ား၏ စြမ္းရည္မ်ား တုိးပြားလာျခင္းႏွင့္အတူ ထက္ျမက္ေသာ လုပ္ကုိင္မႈတုိ႔လည္း ေပၚထြန္းလာခဲ့သည္။

မွတ္ခ်က္ – ေနာက္ဆုံးတြင္ ယင္းေနာက္လုိက္တုိ႔သည္ ေခါင္းေဆာင္မ်ား ျဖစ္လာၾကသတည္း။

၄။ ေနာ္ေဝႏုိင္ငံမွ ဆရာ၊ ဆရာမမ်ား၏ စံနမူနာျပျဖစ္ျခင္း

‘အလုပ္အကုိင္က လုပ္ပုိင္ခြင့္ကုိ ေပးၿပီး၊ အျပဳအမူက ေလးစားမႈကုိ ေပးသည္’ ဟူေသာစကားရွိ၏။ ဆရာတုိ႔က တပည့္တုိိ႔ကုိ အကဲျဖတ္သကဲ့သုုိ႔ တပည့္ ေနာက္လုိက္တုိ႔ကလည္း ဆရာေကာင္းကုိ အကဲျဖတ္ေနပါသည္။

တပည့္ေနာက္လုိက္တုိ႔ အေနႏွင့္ ဆရာေကာင္း၏ အျပဳအမူသည္ တပည့္ေကာင္း၏ တန္ဖုိးကုိ ေဖာ္ျပခ်က္ျဖစ္သကဲ့သုိ႔ မိမိတုိ႔ ေဆာင္ရန္ေရွာင္ရန္ စံနမူနာမ်ားလည္း ျဖစ္ေနသည္။ ‘ငါတုိ႔ဆရာဟာ သူေျပာတဲ့အတုိင္း လက္ေတြ႔လုပ္ရဲ့လား’ ဟူေသာေမးခြန္းသည္ တပည့္ ေနာက္လုိက္တုိ႔ သုံးသည့္ မွတ္ေက်ာက္ပင္ျဖစ္၏။

အစုအဖြဲ႔တစ္ခု၏ ေအာင္ျမင္မႈ ရရွိေရးအတြက္ စကားလုံးမ်ား စီမံခ်က္မ်ားႏွင့္ လုံေလာက္ျခင္းမရွိပါ။ ဆရာတုိိ႔သည္ မိမိ၏ ယုံၾကည္ခ်က္တုိ႔ကုိ ကုိယ္တုိင္ သ႐ုပ္ေဖာ္ျပၾကသည္။ အေျပာကုိ လက္ေတြ႔ လုပ္ျပၾကသည္။ အေျပာႏွင့္အလုပ္ တစ္ထပ္တည္းက်ျခင္းသည္ပင္ ဆရာတုိ႕၏ယုံၾကည္စိတ္ခ်ရမႈ ျဖစ္ေလသတည္း။

၅။ ေနာ္ေဝႏုိင္ငံမွ ဆရာ၊ ဆရာမမ်ားသည္ တပည့္တုိ႔၏ စိတ္ဓာတ္ခြန္အား တုိးျမွင့္ေပးျခင္း

ေအာင္ျမင္မႈသုိ႔ သြားရာလမ္းသည္ ခက္ထန္ၾကမ္းတမ္းေသာ ေတာင္ထြတ္ေတာင္ထိပ္သုိ႔ တက္ရသည္ႏွင့္ အလားတူသည္။ ပင္ပန္းဆင္းရဲမႈကုိ ဇြဲရွိရွိႏွင့္ ျဖတ္ေက်ာ္ႏိုင္ဖုိ႔ လုိအပ္သည္။ ဆရာေနာက္ လု္ိက္ပါသူတုိ႔မွာ လမ္းခုလပ္တြင္ပင္ အားအင္ ကုန္ခမ္းသြားတတ္သည္။ လက္ေလွ်ာ့သြားတတ္သည္။ ထုိ႔ေၾကာင့္တပည့္ ေနာက္လုိက္မ်ား ေရွ႕သုိ႔ ဆက္လက္လုိက္ပါလာေအာင္ ဆရာတုိိ႔သည္ စိတ္ဓာတ္ခြန္အား သြင္းေပးၾကသည္။

ေနာက္လုိက္တုိ႔ အေနႏွင့္ မိမိတုိ႔ လုပ္ခဲ့ၿပီးသမွ်အေပၚ ဆရာေကာင္းတုိ႔က အသိအမွတ္ျပဳ တန္ဖုိးထားျခင္းေလာက္ စိတ္အားတက္စရာ မရွိ။ ဤအခ်က္ကုိ တပည့္တုိိ႔ သိၾကသည္။ ကုိယ့္ကုိကုိယ္ ေအာင္ပြဲႏွင့္ ထုိက္တန္သူမ်ားအျဖစ္ သေဘာေပါက္လာၾကသည္။ ယင္းသုိ႔ သေဘာေပါက္သြားသူတုိ႔အဖုိ႔ ဆရာတုိ႔၏ ေနာက္သုိ႔ ဆက္မလုိက္ဘဲ လက္ေလွ်ာ့ က်န္ရစ္ျခင္းေလာက္ ရွက္စရာ အလုပ္မ်ဳိးမရွိၿပီ။ စိတ္ဓာတ္ခြန္အား သြင္းေပးႏိုင္ေသာ ဆရာေကာင္းေနာက္က လုိက္ပါရျခင္းသည္ စိတ္ပ်က္စရာ မေကာင္းဘဲ ေပ်ာ္ရႊင္ဖြယ္ ေကာင္းေနသည္။ ထပ္ေရာက္မွ ေပ်ာ္ရႊင္မႈကုိ ရရွိသည္မဟုတ္။ ေတာင္တက္ရင္းႏွင့္ပင္ ေပ်ာ္ရႊင္မႈ ရေနသည္။ စင္စစ္ ယင္းသည္ပင္ ေအာင္ျမင္မႈေပတည္း။

ေနာ္ေဝက ေက်ာင္းသားမိဘမ်ားက သူတုိ႔ကေလးေတြကုိ ေက်ာင္းေတြမွာ ‘ယုံၾကည္စိတ္ခ်မႈ’ ခံယူရရွိေရး ျဖစ္ေပသည္။ ေနာ္ေဝက ကေလးမ်ားသည္ ‘ယုံၾကည္စိတ္ခ်ရသူ’ ျဖစ္ေၾကာင္း အလုပ္ျဖင့္ သက္ေသျပသည္။ ယင္းအလုပ္တုိ႔ကား တည္ဆဲျဖစ္စဥ္ကုိ စိန္ေခၚျခင္း၊

အမ်ားလက္ခံႏိုင္မည့္ အနာဂတ္႐ုပ္ပုံကုိ ဖန္တီးတင္ျပျခင္း၊ အျခားသူတုိ႔ကုိ ပါဝင္လုပ္ကုိင္ေအာင္ အားေပးျခင္း၊ စံနမူနာျပျဖစ္ျခင္း၊ စိတ္ဓာတ္ခြန္အား တုိးျမွင့္ေပးျခင္း စသည့္ ျဖစ္ေပသတည္း။

ေနာ္ေဝ စာသင္ေက်ာင္းမွသည္ အနာဂတ္ကမာၻသုိ႔

ေနာ္ေဝမွ ကေလးမ်ားသည္ ေခါင္းေဆာင္လုိစိတ္ရွိျခင္းႏွင့္ ေခါင္းေဆာင္ႏိုင္မည္ဟု ယုံၾကည္ျခင္းတုိ႔သည္ ေခါင္းေဆာင္မႈသုိ႔ သြားရာလမ္း၏ တာထြက္အစ ျဖစ္ပါ၏။ ေခါင္းေဆာင္မႈသည္ အႏုပညာတစ္ရပ္ျဖစ္သည္။ ယင္းအႏုပညာကား ကုိယ္တုိင္သ႐ုပ္ေဆာင္ရေသာ အႏုပညာ။ အႏုပညာရွင္တုိ႔၌ သူ၏အႏုပညာကုိ ေဖာ္က်ဴးရန္ ကိရိယာကုိယ္စီ ရွိၾကသည္။ ဂီတပညာရွင္၌ တူရိယာမ်ားရွိသည္။ ပန္းခ်ီပညာရွင္၌ စုတ္တံႏွင့္ ေဆးမ်ားရွိသည္။

ေခါင္းေဆာင္မႈ အႏုပညာရွင္၌ကား သူကုိယ္တုိင္သည္ သူ၏ကိရိယာ ျဖစ္ေပေတာ့၏။ ေခါင္းေဆာင္မႈ အႏုပညာကုိ ကၽြမ္းက်င္ပုိင္ႏုိင္ျခင္းဟူသည္ မိမိကုိယ္ကုိ ကၽြမ္းက်င္ပုိင္ႏုိင္ျခင္းပင္ ျဖစ္သည္။ အဆုံးစြန္အားျဖင့္ ေခါင္းေဆာင္မႈ ဖြံ႔ၿဖိဳးျခင္းသည္ မိမိအတၱ တုိးတက္ဖြံ႔ၿဖိဳးမႈပင္ ျဖစ္ေပ၏။

ေလ့လာခ်က္တုိ႔အရ ေခါင္းေဆာင္တုိ႔တြင္ ထူးျခားေသာ အက်င့္အႀကံႏွင့္ ထူးျခားေသာ ဂုဏ္ရည္တုိ႔ရွိေၾကာင္း ထင္ရွားသည္။ ထူးျခားေသာ အက်င့္အႀကံႏွင့္ ထူးျခားေသာ ဂုဏ္ရည္ဟုဆုိရေသာ္လည္း သာမန္လူတုိင္း စြမး္ေဆာင္ႏိုင္ေသာ အက်င့္အႀကံမ်ားခ်ည္းသာ ျဖစ္၏။ သာမန္လူတုိင္း ပုိင္ဆုိင္ရရွိႏိုင္ေသာ ဂုဏ္ရည္မ်ားသာ ျဖစ္၏။ လူထက္လြန္ေသာ အက်င့္အႀကံႏွင့္ ဂုဏ္ရည္မ်ား မဟုတ္ၾက။

သုိ႔ေသာ္ ယင္းအက်င့္အႀကံႏွင့္ ဂုဏ္ရည္မ်ား မရွိဘဲလ်က္ႏွင့္ ေခါင္းေဆာင္ျဖစ္ခ်င္၍ကား မရ။ မိမိကုိယ္ကုိသာ အားကုိးရမည္ျဖစ္၏။ ဤသည္ပင္ ဗုဒၶဘာသာဝင္မ်ားအတြက္ကား အခြင့္ေကာင္းဟုဆုိရေပမည္။

အဘယ္ေၾကာင့္ဆုိေသာ္ ဗုဒၶဘာသာဝင္တုိ႔၏ အေျခခံခံယူခ်က္သည္ ‘မိမိမွတစ္ပါး အားထားကုိးကြယ္ရာမရွိ’ ဟူ၍ ျဖစ္ၿပီး ဗုဒၶဘာသာဝင္တုိ႔၏ ေနာက္ဆုံးပန္းတုိင္သည္ ‘မိမိကုိယ္ကုိ ပုိင္ႏုိင္ေရး’ ပင္ျဖစ္ေသာေၾကာင့္တည္း။

မ်က္ေမွာက္ကမာၻႀကီးကား အရွိန္အဟုန္ႀကီးစြာ ေျပာင္းလဲေနသည္။ ယင္းေျပာင္းလဲမႈသည္ နယ္ပယ္အသီးသီးကုိ ႐ုိက္ခတ္ေနသည္။ ပုဂၢလိက တစ္ဦးခ်င္းမွအစ အိမ္ေထာင္ေရး၊ ႏုိင္ငံေရး၊ ကမၻာေရးအစုအဖြဲ႔တုိ႔အဆုံး ေျပာင္းလဲမႈဒဏ္ေၾကာင့္ သိမ့္သိမ့္တုန္ေနသည္။ ယင္းကုိ ‘အနာဂတ္ေသြးလန္႔မႈ’ ေရာဂါ အမည္တပ္သူက တပ္သည္။ သုိ႔ေသာ္ ေခါင္းေဆာင္တုိ႔သည္ အနာဂတ္ကုိ မထိတ္လန္႔။ အဘယ္ေၾကာင့္ ထိတ္လန္႔မည္နည္း။

အနာဂတ္သည္ ေခါင္းေဆာင္တုိ႔၏ ႀကီးစုိးရာနယ္ပယ္ျဖစ္သည္ မဟုတ္ပါေလာ။

‘မိမိသည္ ေတာင္တန္းႀကီးကုိ ေအာင္ႏုိင္သည္မဟုတ္။ ကုိယ့္ကုိယ္ကုိယ္ ေအာင္ႏုိင္ျခင္းသာျဖစ္သည္။ ကုိယ့္ေၾကာက္ရြံ႔စိတ္၊ ကုိယ့္သံသယစိတ္မ်ားကုိ ေအာင္ႏုိင္ျခင္းသာျဖစ္သည္’ ဟု ဧဝရတ္ေတာင္ကုိ ဦးဆုံးတက္ခဲ့သူ ဂ်င္ဝွစ္တိတ္ကားက ေျပာသည္။

ကၽြန္ေတာ္တုိ႔ လူသားမ်ားသည္လည္း မိမိကုိယ္ကုိ ေအာင္ႏုိင္ျခင္းျဖင့္ အနာဂတ္ကမာၻႀကီးကုိ ဦးေဆာင္ႏိုင္ရမည္ ျဖစ္ပါသတည္း။

မိမိတုိ႕ ျမန္မာျပည္က ေက်ာင္းမ်ား အေနႏွင့္ လုပ္သင့္သည္မွာ။

၁။ ေက်ာင္းသားအားလုံးကုိ တဦးခ်င္းျဖစ္ေစ ပူးေပါင္းလ်က္ျဖစ္ေစ အရည္အခ်င္းႏွင့္ ထူးျခားစြမ္းရည္မ်ား ဖြံ ႔ၿဖဳိးတုိးတက္ေအာင္ တေျပးညီ အခြင့္အလမ္းမ်ားေပးရန္။

၂။ သင္ယူလုိစိတ္၊ ဇြဲႏွင့္ စူးစမ္းလုိစိတ္မ်ားကုိ လံႈေဆာ္အားေပးရန္။

၃။ ေက်ာင္းသားမ်ား၏ ကုိယ္ပုိင္ေလ့လာဆည္းပူးပုံ နည္းနာႏွင့္ ေလးေလးနက္နက္ ေတြးေတာမႈကုိ ေဆာ္ၾသေပးရန္။

၅။ ေက်ာင္းသားမ်ား၏ ကုိယ္ရည္ကုိယ္ေသြးဖြံ႔ၿဖဳိးေရးႏွင့္ ပင္ကုိယ္ဗီဇကုိ ပုိမုိထက္ျမက္ေစေရး၊ ကုိယ္က်င့္တရား၊ ေပါင္းသင္းဆက္ဆံေရးႏွင့္ ယဥ္ေက်းမႈဆုိင္ရာ အရည္အေသြး တုိးတက္ေစေရး၊့ ဒီမုိကေရစီကုိ နားလည္ႏုိင္စြမ္းႏွင့္ ဒီမုိကေရစီလုိက္နာက်င့္သုံးေရး တုိ႔ကုိ လႈံ႕ေဆာ္ေပးရန္။

၆။ေက်ာင္းသားကိုယ္တိုင္ လုပ္ကိုင္ေဆာင္႐ြက္တတ္ေအာင္ ပံ့ပိုးေပးၿပီး ေက်ာင္းသား၏ ကိုယ္ပိုင္အသိျဖင့္ တန္ဖိုး႐ွိရာကို ေ႐ြးခ်ယ္တတ္ကာ သင့္ေလ်ာ္မည့္ အနာဂတ္ပညာေရးႏွင့္ အလုပ္အကိုင္ကို ေ႐ြးခ်ယ္ႏိုင္ေစေရး ေဖးမကူညီရန္။

 ၇။ က်န္းမာေရး၊ ေပ်ာ္႐ႊင္ေရးႏွင့္ ပညာရ႐ွိေရးတို႔ကို ေဖာ္ေဆာင္ျမႇင့္တင္ေပးမည့္ ႐ုပ္ပိုင္းႏွင့္ လူမႈေရး စိတ္ပိုင္းဆိုင္ရာ လုပ္ငန္းႏွင့္ သင္ၾကားေရးဝန္းက်င္မ်ား ေဖာ္ထုတ္ေပးရန္။

၈။ မိဘမ်ားအေနႏွင့္ ေက်ာင္းကိစၥတြင္ ပူးတြဲတာဝန္ယူရေသာ ပူးေပါင္းေဆာင္႐ြက္မႈျဖစ္ေအာင္ စီမံေပးရန္။

အရွင္ထာဝရ (ေနာ္ေဝ)

ဆက္လက္ေဖာ္ျပပါမည္။

နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၈)
မိမိရဲ့ စာဖတ် ပရိသတ်ကြီးကို ဦးစွာတောင်းပန်ပါသည်။ ဥရောပ နွေရာသီ ခရီးသွားနေလို့ စာတွေ မရေးဖြစ်တာပါ။ ခရီးကတော့ ဥရောပ နိုင်ငံ လေးနိုင်ငံလောက် သွားဖြစ်သည်။ တခြားသော ဘာသာရေးဆိုင်ရာ ပွဲတော်များ၊ ဥရောပ သံဃာတော်များ စာတမ်းဖတ်ပွဲကြီးလည်း ရှိနေတော့ စာရေးဖို့ ကြာသွားတာကို နားလည်ပေးကြပါ။ အခုတော့ စာတွေ ပုံမှန်ပြန်ရေးပါမယ်။ မကြာခင်တော့ နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်းက ပြီးဆုံးတော့မှာ ဖြစ်ပါသည်။ စာဖတ် ပရိသတ်ကြီး အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ အစစရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါသည်။
မိမိ ရှေ့အပိုင်း (၇) မှာ ပြောခဲ့သလိုပါပဲ နော်ဝေ နိုင်ငံက မိဘများအနေနှင့် ကျောင်းကိစ္စတွင် ပူးတွဲတာဝန်ယူရသော ပူးပေါင်းဆောင်ရွက်မှုဖြစ်အောင် စီမံပေးရန် တာဝန်အပြည့် ဆောင်ရွက်ပေးရပါသည်။ ထို့အပြင် မိမိတို့ကလေးများ၏ အကြိုက် အနာဂတ်ရုပ်ပုံကို ဖန်တီးဖော်ဆောင်ကြရပြီး ကလေးငယ်များကို မိမိတို့ အနာဂတ်ဆိုတာ မသေချာ မရေရာမှုတို့ပြည့်နေသော နယ်မြေစိမ်းတစ်ခုဖြစ်သည် ဆိုတာကို လက်တွေ့ကျကျ သင်ပြပေးကြရပါသည်။
မိမိတို့ အားလုံး ယင်းနယ်မြေစိမ်းသို့ သက်သာ ချောမောစွာ သွားနိုင်သော လမ်းမရှိ။ ကန္တာရခရီးကြမ်းနှင့် ခရောင်းတောသာ ရှိသည်။ ထို့ကြောင့် အနာဂတ် ခေါင်းဆောင် နော်ဝေ ကလေးများသည် မိမိ၏ အမျှော်အမြင်ဖြင့် အနာဂတ်ကို အိပ်မက် မက်ကြည့်သည်။ စိတ်ကူးပုံဖော်ကြည့်သည်။ သို့ဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော၊ ဖြစ်နိုင်ဖွယ်ရှိသော၊ ဖြစ်စေချင်သော အနာဂတ်ရုပ်ပုံလွှာတစ်ခု ပေါ်ထွန်းလာသည်။ ယင်းကဲ့သို့ အနာဂတ်ရုပ်ပုံလွှာ တစ်ခုကို ကြည်လင်ပြတ်သားစွာ ပုံဖော်စိတ်ကူးနိုင်ရမည်။
သို့သော် နော်ဝေနိုင်ငံ ကျောင်းပညာရေးမှာတော့ ကိုယ်တစ်ယောက်တည်း သိမြင်နေရုံနှင့် မလုံလောက်။ သူတစ်ပါးကို တင်ပြနိုင်ရမည်။ အနာဂတ်ရုပ်ပုံကို ဖန်တီးပြီး အသက်သွင်းရမည်။ မိမိ၏ စိတ်ကူးအိပ်မက်သည် မိမိအစုအဖွဲ့၏ စိတ်ကူးအိပ်မက်အဖြစ်သို့ ရောက်ရှိရေးအတွက် ကြည်လင်ပြတ်သားသော ဖော်ကျူးတင်ပြမှုကို အားထုတ်ရမည်။ အနာဂတ်နှင့် ပတ်သက်၍ မရေမရာဖြစ်နေသူများ၊ ဝိုးတဝါးဖြစ်နေသူများ၊ သို့မဟုတ် အနာဂတ် ပျောက်နေသူများအတွက် ကလေးငယ်များက တင်ပြသော အနာဂတ်ဒီဇိုင်းသည် တကယ့်အားဆေး။ ‘အနာဂတ်ရုပ်ပုံ မရှိလျှင် ပျက်စီးကြအံ့’ ဟူသော စကားသည် နော်ဝေလူငယ်များစွာတို့အတွက် လက်စွဲစကားဖြစ်၏။
၃။ နော်ဝေနိုင်ငံက ပညာရေးက အခြားသူတို့ ပါဝင်လုပ်ကိုင်အောင် အားပေးခြင်း အနာဂတ်ကို အကောင်အထည် ဖော်ရာတွင် ကိုယ်တစ်ဦးတည်းနှင့် မဖြစ်နိုင်သည်ကို အနာဂတ် လူငယ် ခေါင်းဆောင်တို့ သိအောင် သင်ကြားပေးပါသည်။
အစုအဖွဲ့အတွင်း ထူးကဲသော စွမ်းဆောင်အောင်မြင်မှုတို့ကို ရရှိနိုင်ရေးအတွက် လုပ်ဖော်ကိုင်ဖက်များ လိုအပ်သည်ကို သူတို့ မမေ့ကြ။ ထို့ကြောင့်ပင် နော်ဝေနိုင်ငံက ကျောင်းသား လူငယ်များ အနာဂတ် လူငယ်ခေါင်းဆောင်တို့သည် မိသားစုကဲ့သို့ ရင်းနှီးခိုင်မာသော အစုအဖွဲ့များကို ဖန်တီးကြသည်။
နောက်တစ်ချက် အရေးကြီးဆုံက မိမိကျောင်းသား ဘဝမှာ သင်ကြားခဲ့ရတဲ့ ခေါင်းဆောင်တစ်ယောက်အဖို့ အောင်မြင်မှုဟူသည်မှာ ‘မိမိ၏အောင်မြင်မှု’ မဟုတ်ပေ။ ‘မိမိတို့၏ အောင်မြင်မှု’ သာ ဖြစ်သည်ဆိုသည့် စိတ်ဓာတ်များပင် ဖြစ်ပါသည်။
ထို့ကြောင့် စွမ်းဆောင်ချက်မှာလည်း ‘မိမိ၏စွမ်းဆောင်ချက်’ မဟုတ်။ ‘မိမိတို့၏ စွမ်းဆောင်ချက်သာ’ ဖြစ်၏။ ထို့ကြောင့် ဆရာများသည် မိမိ၏ နောက်လိုက် တပည့်များ စွမ်းဆောင်ရည်ထက်မြက်ရေးကို အားပေးကူညီသည်။ ဆရာများ၏ အားပေးမှုကြောင့်ပင် နောက်လိုက်တပည့်များ၏ စွမ်းရည်များ တိုးပွားလာခြင်းနှင့်အတူ ထက်မြက်သော လုပ်ကိုင်မှုတို့လည်း ပေါ်ထွန်းလာခဲ့သည်။
မှတ်ချက် – နောက်ဆုံးတွင် ယင်းနောက်လိုက်တို့သည် ခေါင်းဆောင်များ ဖြစ်လာကြသတည်း။

၄။ နော်ဝေနိုင်ငံမှ ဆရာ၊ ဆရာမများ၏ စံနမူနာပြဖြစ်ခြင်း
‘အလုပ်အကိုင်က လုပ်ပိုင်ခွင့်ကို ပေးပြီး၊ အပြုအမူက လေးစားမှုကို ပေးသည်’ ဟူသောစကားရှိ၏။ ဆရာတို့က တပည့်တို့ကို အကဲဖြတ်သကဲ့သို့ တပည့် နောက်လိုက်တို့ကလည်း ဆရာကောင်းကို အကဲဖြတ်နေပါသည်။
တပည့်နောက်လိုက်တို့ အနေနှင့် ဆရာကောင်း၏ အပြုအမူသည် တပည့်ကောင်း၏ တန်ဖိုးကို ဖော်ပြချက်ဖြစ်သကဲ့သို့ မိမိတို့ ဆောင်ရန်ရှောင်ရန် စံနမူနာများလည်း ဖြစ်နေသည်။ ‘ငါတို့ဆရာဟာ သူပြောတဲ့အတိုင်း လက်တွေ့လုပ်ရဲ့လား’ ဟူသောမေးခွန်းသည် တပည့် နောက်လိုက်တို့ သုံးသည့် မှတ်ကျောက်ပင်ဖြစ်၏။
အစုအဖွဲ့တစ်ခု၏ အောင်မြင်မှု ရရှိရေးအတွက် စကားလုံးများ စီမံချက်များနှင့် လုံလောက်ခြင်းမရှိပါ။ ဆရာတို့သည် မိမိ၏ ယုံကြည်ချက်တို့ကို ကိုယ်တိုင် သရုပ်ဖော်ပြကြသည်။ အပြောကို လက်တွေ့ လုပ်ပြကြသည်။ အပြောနှင့်အလုပ် တစ်ထပ်တည်းကျခြင်းသည်ပင် ဆရာတို့၏ယုံကြည်စိတ်ချရမှု ဖြစ်လေသတည်း။

၅။ နော်ဝေနိုင်ငံမှ ဆရာ၊ ဆရာမများသည် တပည့်တို့၏ စိတ်ဓာတ်ခွန်အား တိုးမြှင့်ပေးခြင်း
အောင်မြင်မှုသို့ သွားရာလမ်းသည် ခက်ထန်ကြမ်းတမ်းသော တောင်ထွတ်တောင်ထိပ်သို့ တက်ရသည်နှင့် အလားတူသည်။ ပင်ပန်းဆင်းရဲမှုကို ဇွဲရှိရှိနှင့် ဖြတ်ကျော်နိုင်ဖို့ လိုအပ်သည်။ ဆရာနောက် လိ်ုက်ပါသူတို့မှာ လမ်းခုလပ်တွင်ပင် အားအင် ကုန်ခမ်းသွားတတ်သည်။ လက်လျှော့သွားတတ်သည်။ ထို့ကြောင့်တပည့် နောက်လိုက်များ ရှေ့သို့ ဆက်လက်လိုက်ပါလာအောင် ဆရာတို့သည် စိတ်ဓာတ်ခွန်အား သွင်းပေးကြသည်။
နောက်လိုက်တို့ အနေနှင့် မိမိတို့ လုပ်ခဲ့ပြီးသမျှအပေါ် ဆရာကောင်းတို့က အသိအမှတ်ပြု တန်ဖိုးထားခြင်းလောက် စိတ်အားတက်စရာ မရှိ။ ဤအချက်ကို တပည့်တို့ သိကြသည်။ ကိုယ့်ကိုကိုယ် အောင်ပွဲနှင့် ထိုက်တန်သူများအဖြစ် သဘောပေါက်လာကြသည်။ ယင်းသို့ သဘောပေါက်သွားသူတို့အဖို့ ဆရာတို့၏ နောက်သို့ ဆက်မလိုက်ဘဲ လက်လျှော့ ကျန်ရစ်ခြင်းလောက် ရှက်စရာ အလုပ်မျိုးမရှိပြီ။ စိတ်ဓာတ်ခွန်အား သွင်းပေးနိုင်သော ဆရာကောင်းနောက်က လိုက်ပါရခြင်းသည် စိတ်ပျက်စရာ မကောင်းဘဲ ပျော်ရွှင်ဖွယ် ကောင်းနေသည်။ ထပ်ရောက်မှ ပျော်ရွှင်မှုကို ရရှိသည်မဟုတ်။ တောင်တက်ရင်းနှင့်ပင် ပျော်ရွှင်မှု ရနေသည်။ စင်စစ် ယင်းသည်ပင် အောင်မြင်မှုပေတည်း။
နော်ဝေက ကျောင်းသားမိဘများက သူတို့ကလေးတွေကို ကျောင်းတွေမှာ ‘ယုံကြည်စိတ်ချမှု’ ခံယူရရှိရေး ဖြစ်ပေသည်။ နော်ဝေက ကလေးများသည် ‘ယုံကြည်စိတ်ချရသူ’ ဖြစ်ကြောင်း အလုပ်ဖြင့် သက်သေပြသည်။ ယင်းအလုပ်တို့ကား တည်ဆဲဖြစ်စဉ်ကို စိန်ခေါ်ခြင်း၊
အများလက်ခံနိုင်မည့် အနာဂတ်ရုပ်ပုံကို ဖန်တီးတင်ပြခြင်း၊ အခြားသူတို့ကို ပါဝင်လုပ်ကိုင်အောင် အားပေးခြင်း၊ စံနမူနာပြဖြစ်ခြင်း၊ စိတ်ဓာတ်ခွန်အား တိုးမြှင့်ပေးခြင်း စသည့် ဖြစ်ပေသတည်း။

နော်ဝေ စာသင်ကျောင်းမှသည် အနာဂတ်ကမ္ဘာသို့
နော်ဝေမှ ကလေးများသည် ခေါင်းဆောင်လိုစိတ်ရှိခြင်းနှင့် ခေါင်းဆောင်နိုင်မည်ဟု ယုံကြည်ခြင်းတို့သည် ခေါင်းဆောင်မှုသို့ သွားရာလမ်း၏ တာထွက်အစ ဖြစ်ပါ၏။ ခေါင်းဆောင်မှုသည် အနုပညာတစ်ရပ်ဖြစ်သည်။ ယင်းအနုပညာကား ကိုယ်တိုင်သရုပ်ဆောင်ရသော အနုပညာ။ အနုပညာရှင်တို့၌ သူ၏အနုပညာကို ဖော်ကျူးရန် ကိရိယာကိုယ်စီ ရှိကြသည်။ ဂီတပညာရှင်၌ တူရိယာများရှိသည်။ ပန်းချီပညာရှင်၌ စုတ်တံနှင့် ဆေးများရှိသည်။
ခေါင်းဆောင်မှု အနုပညာရှင်၌ကား သူကိုယ်တိုင်သည် သူ၏ကိရိယာ ဖြစ်ပေတော့၏။ ခေါင်းဆောင်မှု အနုပညာကို ကျွမ်းကျင်ပိုင်နိုင်ခြင်းဟူသည် မိမိကိုယ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းပင် ဖြစ်သည်။ အဆုံးစွန်အားဖြင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးခြင်းသည် မိမိအတ္တ တိုးတက်ဖွံ့ဖြိုးမှုပင် ဖြစ်ပေ၏။
လေ့လာချက်တို့အရ ခေါင်းဆောင်တို့တွင် ထူးခြားသော အကျင့်အကြံနှင့် ထူးခြားသော ဂုဏ်ရည်တို့ရှိကြောင်း ထင်ရှားသည်။ ထူးခြားသော အကျင့်အကြံနှင့် ထူးခြားသော ဂုဏ်ရည်ဟုဆိုရသော်လည်း သာမန်လူတိုင်း စွမး်ဆောင်နိုင်သော အကျင့်အကြံများချည်းသာ ဖြစ်၏။ သာမန်လူတိုင်း ပိုင်ဆိုင်ရရှိနိုင်သော ဂုဏ်ရည်များသာ ဖြစ်၏။ လူထက်လွန်သော အကျင့်အကြံနှင့် ဂုဏ်ရည်များ မဟုတ်ကြ။
သို့သော် ယင်းအကျင့်အကြံနှင့် ဂုဏ်ရည်များ မရှိဘဲလျက်နှင့် ခေါင်းဆောင်ဖြစ်ချင်၍ကား မရ။ မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်၏။ ဤသည်ပင် ဗုဒ္ဓဘာသာဝင်များအတွက်ကား အခွင့်ကောင်းဟုဆိုရပေမည်။
အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံခံယူချက်သည် ‘မိမိမှတစ်ပါး အားထားကိုးကွယ်ရာမရှိ’ ဟူ၍ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်သည် ‘မိမိကိုယ်ကို ပိုင်နိုင်ရေး’ ပင်ဖြစ်သောကြောင့်တည်း။
မျက်မှောက်ကမ္ဘာကြီးကား အရှိန်အဟုန်ကြီးစွာ ပြောင်းလဲနေသည်။ ယင်းပြောင်းလဲမှုသည် နယ်ပယ်အသီးသီးကို ရိုက်ခတ်နေသည်။ ပုဂ္ဂလိက တစ်ဦးချင်းမှအစ အိမ်ထောင်ရေး၊ နိုင်ငံရေး၊ ကမ္ဘာရေးအစုအဖွဲ့တို့အဆုံး ပြောင်းလဲမှုဒဏ်ကြောင့် သိမ့်သိမ့်တုန်နေသည်။ ယင်းကို ‘အနာဂတ်သွေးလန့်မှု’ ရောဂါ အမည်တပ်သူက တပ်သည်။ သို့သော် ခေါင်းဆောင်တို့သည် အနာဂတ်ကို မထိတ်လန့်။ အဘယ်ကြောင့် ထိတ်လန့်မည်နည်း။
အနာဂတ်သည် ခေါင်းဆောင်တို့၏ ကြီးစိုးရာနယ်ပယ်ဖြစ်သည် မဟုတ်ပါလော။
‘မိမိသည် တောင်တန်းကြီးကို အောင်နိုင်သည်မဟုတ်။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းသာဖြစ်သည်။ ကိုယ့်ကြောက်ရွံ့စိတ်၊ ကိုယ့်သံသယစိတ်များကို အောင်နိုင်ခြင်းသာဖြစ်သည်’ ဟု ဧဝရတ်တောင်ကို ဦးဆုံးတက်ခဲ့သူ ဂျင်ဝှစ်တိတ်ကားက ပြောသည်။
ကျွန်တော်တို့ လူသားများသည်လည်း မိမိကိုယ်ကို အောင်နိုင်ခြင်းဖြင့် အနာဂတ်ကမ္ဘာကြီးကို ဦးဆောင်နိုင်ရမည် ဖြစ်ပါသတည်း။
မိမိတို့ မြန်မာပြည်က ကျောင်းများ အနေနှင့် လုပ်သင့်သည်မှာ။
၁။ ကျောင်းသားအားလုံးကို တဦးချင်းဖြစ်စေ ပူးပေါင်းလျက်ဖြစ်စေ အရည်အချင်းနှင့် ထူးခြားစွမ်းရည်များ ဖွံ ့ဖြိုးတိုးတက်အောင် တပြေးညီ အခွင့်အလမ်းများပေးရန်။
၂။ သင်ယူလိုစိတ်၊ ဇွဲနှင့် စူးစမ်းလိုစိတ်များကို လှုံဆော်အားပေးရန်။
၃။ ကျောင်းသားများ၏ ကိုယ်ပိုင်လေ့လာဆည်းပူးပုံ နည်းနာနှင့် လေးလေးနက်နက် တွေးတောမှုကို ဆော်သြပေးရန်။
၅။ ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေးနှင့် ပင်ကိုယ်ဗီဇကို ပိုမိုထက်မြက်စေရေး၊ ကိုယ်ကျင့်တရား၊ ပေါင်းသင်းဆက်ဆံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အရည်အသွေး တိုးတက်စေရေး၊့ ဒီမိုကရေစီကို နားလည်နိုင်စွမ်းနှင့် ဒီမိုကရေစီလိုက်နာကျင့်သုံးရေး တို့ကို လှုံ့ဆော်ပေးရန်။
၆။ကျောင်းသားကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်တတ်အောင် ပံ့ပိုးပေးပြီး ကျောင်းသား၏ ကိုယ်ပိုင်အသိဖြင့် တန်ဖိုးရှိရာကို ရွေးချယ်တတ်ကာ သင့်လျော်မည့် အနာဂတ်ပညာရေးနှင့် အလုပ်အကိုင်ကို ရွေးချယ်နိုင်စေရေး ဖေးမကူညီရန်။
၇။ ကျန်းမာရေး၊ ပျော်ရွှင်ရေးနှင့် ပညာရရှိရေးတို့ကို ဖော်ဆောင်မြှင့်တင်ပေးမည့် ရုပ်ပိုင်းနှင့် လူမှုရေး စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းနှင့် သင်ကြားရေးဝန်းကျင်များ ဖော်ထုတ်ပေးရန်။
၈။ မိဘများအနေနှင့် ကျောင်းကိစ္စတွင် ပူးတွဲတာဝန်ယူရသော ပူးပေါင်းဆောင်ရွက်မှုဖြစ်အောင် စီမံပေးရန်။
အရှင်ထာဝရ (နော်ဝေ)
ဆက်လက်ဖော်ပြပါမည်။