ေက်ာင္းဆရာ၊ အက်ဥ္းသား၊ ေတာ္လွန္ေရးသမားနဲ႔ အာဏာရွင္

0
82

ေကတီေက

ဇင္ဘာေဘြရဲ႕ သက္တမ္းရွည္ အာဏာရွင္ေဟာင္း ေရာဘတ္ မူဂါဘီဟာ အသက္ ၉၅ ႏွစ္အရြယ္ စက္တင္ဘာလ ၆ ရက္ေန႔က စင္ကာပူႏိုင္ငံရွိ ေဆး႐ံုတစ္႐ံုမွာ ကြယ္လြန္သြားပါတယ္။ မူဂါဘီ ဇင္ဘာေဘြႏိုင္ငံကို ၃၇ ႏွစ္ၾကာ အုပ္စိုးစဥ္အတြင္း ႏိုင္ငံ ခြ်တ္ၿခံဳက်ခဲ့ၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြ ျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ ဘဝျဖစ္စဥ္ထဲက ထူးျခားမႈေတြကို ႏွစ္စဥ္အလိုက္ ေဖာ္ျပလိုက္ပါတယ္။

၁၉၄၂ – မူဂါဘီကို ၿဗိတိသွ် အုပ္ခ်ဳပ္တဲ့ ႐ိုေဒးရွား ေတာင္ပိုင္းမွာ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က ေမြးဖြားပါတယ္။

၁၉၄၀ နဲ႔ ၁၉၅၀ ဝန္းက်င္ – ငယ္စဥ္က ကက္သလစ္ေက်ာင္းေတြမွာ ပညာသင္ၾကားခဲ့ၿပီး ေတာင္အာဖရိက ႏိုင္ငံရွိ ဖို႔ဒ္ ဟာေရး တကၠသိုလ္မွာ တက္ခဲ့ပါတယ္။ အဲဒီေနာက္ ဇမ္ဘီယာ၊ ဂါနာတို႔မွာ ေက်ာင္းဆရာ လုပ္ခဲ့ရင္း အာဖရိက လြတ္လပ္ေရးရရွိဖို႔ ႀကိဳးပမ္းတဲ့ ေခါင္းေဆာင္ေတြရဲ႕ လႊမ္းမိုးမႈ ခံခဲ့ရပါတယ္။

၁၉၆၀ ဝန္းက်င္ – မူဂါဘီက ဇင္ဘာေဘြ လြတ္လပ္ေရးအတြက္ စတင္လႈပ္ရွားခဲ့ၿပီး ၁၉၆၄ ခုႏွစ္မွာ ႏိုင္ငံေရးမႈနဲ႔ ေထာင္ခ်ခံရပါတယ္။ အက်ဥ္းက်ေနစဥ္ လန္ဒန္တကၠသိုလ္ ျပင္ပ ပ႐ိုဂရမ္ကေန ေလ့လာၿပီး ဥပေဒဘြဲ႔ႏွစ္ခု ရရွိခဲ့ပါတယ္။

၁၉၇၄ – ေထာင္က လြတ္တဲ့အခါ မိုဇမ္ဘစ္ကို ထြက္ေျပးခဲ့ၿပီး ဇင္ဘာေဘြ အာဖရိက အမ်ိဳးသား သမဂၢ (ZANU) က မူဂါဘီကို ေတာ္လွန္ေရး ေပ်ာက္ၾကားေခါင္းေဆာင္အျဖစ္ တင္ေျမွာက္ခဲ့ၾကပါတယ္။ အဲဒီေနာက္ မူဂါဘီရဲ႕ ၿပိဳင္ဘက္ေတြဟာ သံသယျဖစ္ဖြယ္ အသီးသီး ေသဆံုးခဲ့တယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာပါတယ္။

၁၉၈၀ – မူဂါဘီရဲ႕ ZANU ပါတီဟာ လြတ္လပ္ေရးရခဲ့တဲ့ ဇင္ဘာေဘြႏိုင္ငံရဲ႕ ပထမဆံုး ေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့ပါတယ္။ ဧၿပီလ ၁၈ ရက္ေန႔မွာ မူဂါဘီက ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ပါတယ္။

၁၉၈၂ – သူ႔ၿပိဳင္ဘက္ ဂ်ိဳရႊာ အန္ကိုမိုရဲ႕ ေတာ္လွန္မႈကို ေျခမႈန္းဖို႔ ေျမာက္ကိုရီးယားက ေလ့က်င့္ေပးထားတဲ့ တပ္ဖြဲ႔ေတြကို အသံုးျပဳခဲ့ပါတယ္။ အစိုးရ တပ္ဖြဲ႔ေတြဟာ အရပ္သား ၂ ေသာင္းကို သတ္ျဖတ္မႈမွာ ပါဝင္ပတ္သက္တယ္လို႔ စြပ္စြဲမႈေတြကို မူဂါဘီက ျငင္းဆိုခဲ့ပါတယ္။

၁၉၈၇ – ဖြဲ႔စည္းပံု အေျခခံဥပေဒကို ျပင္ဆင္ၿပီးေနာက္ မူဂါဘီ သမၼတ ျဖစ္လာကာ အန္ကိုမိုနဲ႔ ညီညြတ္ေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ပါတယ္။

၁၉၉၀ – ZANU ပါတီနဲ႔ မူဂါဘီတို႔ ပါလီမန္နဲ႔ သမၼတ ေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့ပါတယ္။

၁၉၉၈ – အတိုးႏႈန္း ျမင့္မားျခင္းနဲ႔ ေငြေဖာင္းပြမႈေတြေၾကာင့္ စီးပြားေရး အက်ပ္အတည္းျဖစ္ၿပီး အဓိက႐ုဏ္းေတြ စျဖစ္လာပါတယ္။

၂၀၀၀ – ျပည္သူ႔ဆႏၵခံယူပြဲအရ ဖြဲ႔စည္းပံု အေျခခံ ဥပေဒသစ္ကို မူဂါဘီက ျငင္းဆိုခဲ့ပါတယ္။ အစိုးရက ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ လြတ္လပ္ေရး တိုက္ပြဲ စစ္ျပန္ေတြနဲ႔ သူတို႔ အေပါင္းအေဖာ္ေတြက လူျဖဴေတြ တရားမဝင္ ရယူထားတယ္ဆိုၿပီး လူျဖဴေတြပိုင္တဲ့ လယ္ယာေျမေတြကို သိမ္းယူၾကပါတယ္။

၂၀၀၁ – ေျမသိမ္းမႈေတြေၾကာင့္ ကုလသမဂၢက မူဂါဘီ အစိုးရရဲ႕ ဘ႑ာေငြေတြကို ထိန္းခ်ဳပ္ခဲ့ၿပီး အေနာက္ႏိုင္ငံေတြက ပိတ္ဆို႔အေရးယူမႈ စတင္ခဲ့ပါတယ္။

၂၀၀၂ – ေစာင့္ၾကည့္သူေတြက အားနည္းခ်က္ေတြ ရွိတယ္လို႔ ေျပာၾကတဲ့ အျငင္းပြားဖြယ္ သမၼတ ေရြးေကာက္ပြဲမွာ မူဂါဘီ ထပ္ႏိုင္ပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြေၾကာင့္ ၿဗိတိသွ် ဓနသဟာယ အဖြဲ႔ဝင္အျဖစ္က ဆိုင္းငံ့ခံခဲ့ရပါတယ္။ ေနာက္ႏွစ္မွာ မူဂါဘီက ဓနသဟာယ အဖြဲ႔က ႏုတ္ထြက္လိုက္ပါတယ္။

၂၀၀၈ – ေငြေဖာင္းပြမႈႏႈန္း အျမင့္ဆံုးေရာက္ရွိလို႔ သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြ ႏိုင္ငံက ထြက္ခြာသြားၾကၿပီး အမ်ားစုက ေတာင္အာဖရိက ႏိုင္ငံကို ေရႊ႕ေျပာင္းခဲ့ၾကပါတယ္။ သမၼတ ေရြးေကာက္ပြဲမွာ မူဂါဘီ ႐ံႈးခဲ့ေပမယ့္ အတိုက္အခံ ေမာ္ဂန္ ဆြာဂီ႐ိုင္းက လံုၿခံဳေရးတပ္ဖြဲ႔ေတြဟာ သူ႔ကို ေထာက္ခံသူေတြကို တိုက္ခိုက္ခဲ့တယ္ဆိုၿပီး ေရြးေကာက္ပြဲကေန ႏုတ္ထြက္သြားပါတယ္။ အာဏာကို ခြဲေဝအုပ္ခ်ဳပ္ဖို႔ သေဘာတူညီခ်က္ ျပန္ရပါတယ္။

၂၀၁၀ – မူဂါဘီ ကင္ဆာေရာဂါ ခံစားေနရတယ္လို႔ မီဒီယာေတြက ေရးသားၾကပါတယ္။

၂၀၁၃ – ေနာက္ထပ္ အျငင္းပြားဖြယ္ သမၼတ ေရြးေကာက္ပြဲမွာ ႏိုင္ျပန္ပါတယ္။ အေနာက္တိုင္း ေစာင့္ၾကည့္ေလ့လာသူေတြက မဲလိမ္မႈေတြ အမ်ားႀကီးရွိတယ္လို႔ ေျပာပါတယ္။

၂၀၁၆ – ဆယ္စုႏွစ္တစ္ခုအတြင္း မူဂါဘီကို အာခံတဲ့ အႀကီးဆံုးပြဲကို ခရစ္ယာန္ ဓမၼဆရာတစ္ဦး ဦးစီးၿပီး ေထာက္ခံသူမ်ားစြာနဲ႔ ျပဳလုပ္ပါတယ္။

၂၀၁၇ – စစ္တပ္က အာဏာသိမ္းလိုက္လို႔ ႏိုဝင္ဘာလမွာ မူဂါဘီ ရာထူးက ႏုတ္ထြက္ေပးလိုက္ရၿပီး အမ္မာဆန္ မနန္ဂါဂဝါ သမၼတ ျဖစ္လာပါတယ္။

၂၀၁၈ – အာဏာလက္လြတ္ရၿပီးေနာက္ မူဂါဘီကို လူျမင္ကြင္းမွာ ျပန္ျမင္ခဲ့ၾကပါတယ္။ ေရြးေကာက္ပြဲ မတိုင္ခင္ သူ႔ရဲ႕ ZANU ပါတီဝင္ေဟာင္းေတြကို ေဝဖန္ေျပာဆိုခဲ့ၿပီး အတိုက္အခံ နယ္လ္ဆင္ ကာမီဆာကို ေထာက္ခံခဲ့ပါတယ္။

၂၀၁၉ – မူဂါဘီဟာ စင္ကာပူကို အႀကိမ္မ်ားစြာ လာေရာက္ၿပီး ေဆးကုသမႈ ခံယူခဲ့ပါတယ္။ စက္တင္ဘာလ ၆ ရက္ေန႔မွာ ေသဆံုးခဲ့ပါတယ္။

ကျောင်းဆရာ၊ အကျဉ်းသား၊ တော်လှန်ရေးသမားနဲ့ အာဏာရှင်
ကေတီကေ
ဇင်ဘာဘွေရဲ့ သက်တမ်းရှည် အာဏာရှင်ဟောင်း ရောဘတ် မူဂါဘီဟာ အသက် ၉၅ နှစ်အရွယ် စက်တင်ဘာလ ၆ ရက်နေ့က စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ရုံမှာ ကွယ်လွန်သွားပါတယ်။ မူဂါဘီ ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်စိုးစဉ်အတွင်း နိုင်ငံ ချွတ်ခြုံကျခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဘဝဖြစ်စဉ်ထဲက ထူးခြားမှုတွေကို နှစ်စဉ်အလိုက် ဖော်ပြလိုက်ပါတယ်။
၁၉၄၂ – မူဂါဘီကို ဗြိတိသျှ အုပ်ချုပ်တဲ့ ရိုဒေးရှား တောင်ပိုင်းမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မွေးဖွားပါတယ်။
၁၉၄၀ နဲ့ ၁၉၅၀ ဝန်းကျင် – ငယ်စဉ်က ကက်သလစ်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပြီး တောင်အာဖရိက နိုင်ငံရှိ ဖို့ဒ် ဟာရေး တက္ကသိုလ်မှာ တက်ခဲ့ပါတယ်။ အဲဒီနောက် ဇမ်ဘီယာ၊ ဂါနာတို့မှာ ကျောင်းဆရာ လုပ်ခဲ့ရင်း အာဖရိက လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းတဲ့ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှု ခံခဲ့ရပါတယ်။
၁၉၆၀ ဝန်းကျင် – မူဂါဘီက ဇင်ဘာဘွေ လွတ်လပ်ရေးအတွက် စတင်လှုပ်ရှားခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ နိုင်ငံရေးမှုနဲ့ ထောင်ချခံရပါတယ်။ အကျဉ်းကျနေစဉ် လန်ဒန်တက္ကသိုလ် ပြင်ပ ပရိုဂရမ်ကနေ လေ့လာပြီး ဥပဒေဘွဲ့နှစ်ခု ရရှိခဲ့ပါတယ်။
၁၉၇၄ – ထောင်က လွတ်တဲ့အခါ မိုဇမ်ဘစ်ကို ထွက်ပြေးခဲ့ပြီး ဇင်ဘာဘွေ အာဖရိက အမျိုးသား သမဂ္ဂ (ZANU) က မူဂါဘီကို တော်လှန်ရေး ပျောက်ကြားခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ အဲဒီနောက် မူဂါဘီရဲ့ ပြိုင်ဘက်တွေဟာ သံသယဖြစ်ဖွယ် အသီးသီး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
၁၉၈၀ – မူဂါဘီရဲ့ ZANU ပါတီဟာ လွတ်လပ်ရေးရခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဧပြီလ ၁၈ ရက်နေ့မှာ မူဂါဘီက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။
၁၉၈၂ – သူ့ပြိုင်ဘက် ဂျိုရွှာ အန်ကိုမိုရဲ့ တော်လှန်မှုကို ခြေမှုန်းဖို့ မြောက်ကိုရီးယားက လေ့ကျင့်ပေးထားတဲ့ တပ်ဖွဲ့တွေကို အသုံးပြုခဲ့ပါတယ်။ အစိုးရ တပ်ဖွဲ့တွေဟာ အရပ်သား ၂ သောင်းကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှုတွေကို မူဂါဘီက ငြင်းဆိုခဲ့ပါတယ်။
၁၉၈၇ – ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီးနောက် မူဂါဘီ သမ္မတ ဖြစ်လာကာ အန်ကိုမိုနဲ့ ညီညွတ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
၁၉၉၀ – ZANU ပါတီနဲ့ မူဂါဘီတို့ ပါလီမန်နဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
၁၉၉၈ – အတိုးနှုန်း မြင့်မားခြင်းနဲ့ ငွေဖောင်းပွမှုတွေကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်ပြီး အဓိကရုဏ်းတွေ စဖြစ်လာပါတယ်။
၂၀ဝ၀ – ပြည်သူ့ဆန္ဒခံယူပွဲအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို မူဂါဘီက ငြင်းဆိုခဲ့ပါတယ်။ အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ လွတ်လပ်ရေး တိုက်ပွဲ စစ်ပြန်တွေနဲ့ သူတို့ အပေါင်းအဖော်တွေက လူဖြူတွေ တရားမဝင် ရယူထားတယ်ဆိုပြီး လူဖြူတွေပိုင်တဲ့ လယ်ယာမြေတွေကို သိမ်းယူကြပါတယ်။
၂၀ဝ၁ – မြေသိမ်းမှုတွေကြောင့် ကုလသမဂ္ဂက မူဂါဘီ အစိုးရရဲ့ ဘဏ္ဍာငွေတွေကို ထိန်းချုပ်ခဲ့ပြီး အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှု စတင်ခဲ့ပါတယ်။
၂၀ဝ၂ – စောင့်ကြည့်သူတွေက အားနည်းချက်တွေ ရှိတယ်လို့ ပြောကြတဲ့ အငြင်းပွားဖွယ် သမ္မတ ရွေးကောက်ပွဲမှာ မူဂါဘီ ထပ်နိုင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ခံခဲ့ရပါတယ်။ နောက်နှစ်မှာ မူဂါဘီက ဓနသဟာယ အဖွဲ့က နုတ်ထွက်လိုက်ပါတယ်။
၂၀ဝ၈ – ငွေဖောင်းပွမှုနှုန်း အမြင့်ဆုံးရောက်ရှိလို့ သန်းနဲ့ချီတဲ့ ပြည်သူတွေ နိုင်ငံက ထွက်ခွာသွားကြပြီး အများစုက တောင်အာဖရိက နိုင်ငံကို ရွှေ့ပြောင်းခဲ့ကြပါတယ်။ သမ္မတ ရွေးကောက်ပွဲမှာ မူဂါဘီ ရှုံးခဲ့ပေမယ့် အတိုက်အခံ မော်ဂန် ဆွာဂီရိုင်းက လုံခြုံရေးတပ်ဖွဲ့တွေဟာ သူ့ကို ထောက်ခံသူတွေကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲကနေ နုတ်ထွက်သွားပါတယ်။ အာဏာကို ခွဲဝေအုပ်ချုပ်ဖို့ သဘောတူညီချက် ပြန်ရပါတယ်။
၂၀၁၀ – မူဂါဘီ ကင်ဆာရောဂါ ခံစားနေရတယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။
၂၀၁၃ – နောက်ထပ် အငြင်းပွားဖွယ် သမ္မတ ရွေးကောက်ပွဲမှာ နိုင်ပြန်ပါတယ်။ အနောက်တိုင်း စောင့်ကြည့်လေ့လာသူတွေက မဲလိမ်မှုတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။
၂၀၁၆ – ဆယ်စုနှစ်တစ်ခုအတွင်း မူဂါဘီကို အာခံတဲ့ အကြီးဆုံးပွဲကို ခရစ်ယာန် ဓမ္မဆရာတစ်ဦး ဦးစီးပြီး ထောက်ခံသူများစွာနဲ့ ပြုလုပ်ပါတယ်။
၂၀၁၇ – စစ်တပ်က အာဏာသိမ်းလိုက်လို့ နိုဝင်ဘာလမှာ မူဂါဘီ ရာထူးက နုတ်ထွက်ပေးလိုက်ရပြီး အမ်မာဆန် မနန်ဂါဂဝါ သမ္မတ ဖြစ်လာပါတယ်။
၂၀၁၈ – အာဏာလက်လွတ်ရပြီးနောက် မူဂါဘီကို လူမြင်ကွင်းမှာ ပြန်မြင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် သူ့ရဲ့ ZANU ပါတီဝင်ဟောင်းတွေကို ဝေဖန်ပြောဆိုခဲ့ပြီး အတိုက်အခံ နယ်လ်ဆင် ကာမီဆာကို ထောက်ခံခဲ့ပါတယ်။
၂၀၁၉ – မူဂါဘီဟာ စင်ကာပူကို အကြိမ်များစွာ လာရောက်ပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။