အော်စကာ ဆုပေးပွဲ ၂၀၂၀ – တောင်ကိုရီးယား Parasite ဇာတ်ကား ဆုရရှိမှု သမိုင်းဝင်

0
472

၉၂ ကြိမ်မြောက် အော်စကာ အကယ်ဒမီ ဆုပေးပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ ဟောလိဝုဒ်ရှိ Dolby ဇာတ်ရုံမှာ ဖေဖော်ဝွရီလ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အခုတစ်ကြိမ် အော်စကာ ဆုပေးပွဲမှာ ထူခြားမှုအဖြစ် အင်္ဂလိပ် စကားပြော ရုပ်ရှင်ဇာတ်ကား မဟုတ်တဲ့ တောင်ကိုရီးယား ရုပ်ရှင် Parasite က ဆုအများဆုံးရရှိပြီး အကောင်းဆုံး ရုပ်ရှင်ဆု အပါအဝင် ဆု ၄ ဆု ရရှိခဲ့ပါတယ်။ Parasite ဟာ အင်္ဂလိပ် စကားပြော မဟုတ်ဘဲ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိတဲ့ ပထမဆုံး ဇာတ်ကားအဖြစ်လည်း သမိုင်းဝင်သွားပါတယ်။ ဆန်ကာတင် စာရင်း အများဆုံး ဇာတ်ကားကတော့ Joker ဇာတ်ကားပါ။ ဆန်ကာတင် စာရင်းကိုတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက ကြေညာခဲ့ပြီးသားပါ။

တောင်ကိုရီးယား ဇာတ်ကားဖြစ်တဲ့ Parasite ဟာ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာ ဘွန်ဂျွန်ဟိုက အကောင်းဆုံး ဒါရိုက်တာဆု၊ ဘွန်ဂျွန်ဟိုနဲ့ ဟန်ဂျင်ဝန်တို့က အကောင်းဆုံး မူလဇာတ်ညွှန်းဆု၊ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆုဆိုပြီး ဆု ၄ ခု ရရှိခဲ့ပါတယ်။ ထိတ်လန့် ခြောက်ခြားမှုကို အထူးပြုထားတဲ့ Parasite ဇာတ်ကားက ပထမ ကမ္ဘာစစ် နောက်ခံ 1917 ဇာတ်ကားကို ဒါရိုက်တာဆု အပါအဝင် ဆုတချို့အတွက် အများကြီး မျှော်လင့်ထားသူတွေအဖို့ အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။

Parasite ဇာတ်ကားက တခြား ဆန်ကာတင် ဇာတ်ကားတွေဖြစ်တဲ့ ကားထုတ်လုပ်မှု နောက်ကြောင်းခံ Ford v Ferrari ဇာတ်ကား၊ crime နဲ့ drama ဖြစ်တဲ့ The Irishman ဇာတ်ကား၊ comedy နဲ့ drama ဖြစ်တဲ့ Jojo Rabbit ဇာတ်ကား၊ ၂၀၁၉ ထဲမှာ ပရိသတ်တွေ ထူးထူးကဲကဲ အားပေးခဲ့ကြတဲ့ Joker နဲ့ ဟောလိဝုဒ် လောကနောက်ခံ ဖြစ်ပြီး ဘရက်ပစ်နဲ့ လီယိုနာဒို ဒီကာပရီယိုတို့ ပါဝင်တဲ့ Once Upon a Time… in Hollywood တို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။Parasite ဇာတ်ကားက လူနေမှု ဆင်းရဲ၊ ချမ်းသာ အလွန်ကွာဟတဲ့ မိသားစု နှစ်စုအကြောင်း သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော်ပေါင်း ၅၇ ခုမှာ ဆုပေါင်း ၅၅ ခု ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။


အကောင်းဆုံး အမျိုးသမီး အဓိက သရုပ်ဆောင်ဆုကိုတော့ Harriet ဇာတ်ကားထဲက စင်သီယာ အယ်ရီဗို၊ Marriage Story ဇာတ်ကားက စကားလက် ဂျိုဟန်ဆန်၊ Marriage Story ထဲက ဆော်ရေစီ ရိုနန်၊ Bombshell ထဲက ချားလစ် သီယွန်တို့ကို ကျော်ဖြတ်ပြီး ဂျူဒီ ဂါလန်ဆိုတဲ့ အမျိုးသမီးတစ်ယောက် အကြောင်း ရိုက်ထားတဲ့ Judy ဇာတ်ကားနဲ့ ရီနီ ဇယ်ဝဂ္ဂါက ရရှိသွားပါတယ်။

၂၀၀၄ ခုနှစ်တုန်းက Cold Mountain ဇာတ်ကားနဲ့ ဇာတ်ပို့ဆု ရဖူးတဲ့ ရီနီ ဇယ်ဝဂ္ဂါက အကောင်းဆုံး အမျိုးသမီး အဓိက ဇာတ်ဆောင်ဆုကို ပထမဆုံး ရရှိတာပါ။
အကောင်းဆုံး အမျိုးသား အဓိက သရုပ်ဆောင်ဆုကိုတော့ အားလုံး မျှော်လင့်ထားတဲ့အတိုင်း Joker ဇာတ်ကားနဲ့ ယိုဟွာကင်း ဖီးနစ်က ရရှိသွားပါတယ်။ ဆန်ကာတင် စာရင်းမှာပါဝင်တဲ့ အန်တိုနီယို ဘန်ဒါရက်စ်၊ လီယိုနာဒို ဒီကာပရီယို၊ အဒမ် ဒရိုင်ဗာ၊ ဂျိုနာသန် ပရိုက်စ်တို့ကို ကျော်ဖြတ်ပြီး ယိုဟွာကင်း ဖီးနစ်က ရရှိခဲ့ပြီး သူ့အတွက် ပထမဆုံး ရရှိတဲ့ဆု ဖြစ်ပါတယ်။ ယိုဟွာကင်း ဖီးနစ်က ဆုလက်ခံပြီးနောက် တိရစ္ဆာန်အခွင့်အရေးနဲ့ တခြား ကိစ္စတွေကို စိတ်အားထက်သန်စွာ ပြောခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို Marriage Story ဇာတ်ကားထဲက လော်ရာ ဒန်း၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို Once Upon a Time… in Hollywood ဇာတ်ကားထဲက ဘရက်ပစ်တို့ ရရှိခဲ့ပါတယ်။ ဒန်းက ဆုရတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး မိဘတွေဖြစ်တဲ့ ဘရုစ် ဒန်းနဲ့ ဒိုင်ယာနီ လတ်ဒ်တို့ကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ဆုလက်ခံယူစဉ် ဘရက်ပစ်ကတော့ သမ္မတ ဒေါ်နယ် ထရမ့် အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်း မဲခွဲမှုကို ရည်ညွှန်းတဲ့ နိုင်ငံရေးစကားတွေ ပြောသွားခဲ့ပါတယ်။

အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု ရတဲ့ ဘွန်ဂျွန်ဟိုဟာ မာတင် စကော်စီ၊ တုတ်ဒ် ဖိလစ်၊ ဆမ် မန်းဒက်စ်၊ ကွင်တင် တာရန်တီနိုတို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။ အကောင်းဆုံး ဇာတ်ညွှန်းဆုကိုတော့ ဒါရိုက်တာ ဘွန်ဂျွန်ဟိုနဲ့ ဟန်ဂျင်ဝန်တို့က ပူးတွဲ ရရှိပါတယ်။

အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆုကိုတော့ Jojo Rabbit ဇာတ်ကားနဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ တိုင်ကာ ဝိုင်တီတီက ရရှိပါတယ်။ အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်အဖြစ် Toy Story 4, အကောင်းဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် American Factory, အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်အဖြစ် Parasite တို့က ရရှိခဲ့ပါတယ်။အကောင်းဆုံး မူရင်း သီချင်းအဖြစ် အယ်လ်လင်တန် ဂျွန်နဲ့ ဘာရီ တော်ပင်တို့က Rocketman သီချင်းနဲ့ ပူးတွဲ ရရှိပါတယ်။


အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကို Ford v Ferrari ဇာတ်ကားနဲ့ မိုက်ကယ် မက်ခ်ကက်စကာနဲ့ အင်ဒရူး ဘက်ခ်လန်း၊ အကောင်းဆုံး အသံတည်းဖြတ်ဆုကို အခုဇာတ်ကားနဲ့ပဲ ဒေါ်နယ် ဆီလ်ဗက်စတာ၊ အကောင်းဆုံး sound mixing ဆုကို 1917 ဇာတ်ကားနဲ့ မာ့ခ် တိုင်လာနဲ့ စတူးဝပ် ဝီလ်ဆင်၊ အကောင်းဆုံး ဝတ်စုံဒီဇိုင်းဆုကို Little Women ဇာတ်ကားနဲ့ ဂျက်ကလင်း ဒါရန်း၊ အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်ပုံစံ ဖန်တီးမှုကို Bombshell ဇာတ်ကားနဲ့ ကာဇူ ဟီရို၊ အန်နီ မော်ဂန်နဲ့ ဗီဗီယန် ဘာကာတို့က ရရှိပါတယ်။


အခု ၉၂ ကြိမ်မြောက် အော်စကာ အကယ်ဒမီ ဆုပေးပွဲမှာ အားလုံးပါဝင်မှုနဲ့ မတူကွဲပြားမှုအပေါ် အငြင်းအခုံ တကြော့ပြန်လာတာ တွေ့နေရပါတယ်။ အော်စကာ ဆုပေးပွဲမှာ လူဖြူတွေပဲ ကြီးစိုးနေလို့ လွန်ခဲ့တဲ့ ငါးနှစ်က #OscarsSoWhite ဆိုပြီး လှုပ်ရှားမှု လုပ်ခဲ့ကြဖူးပါတယ်။ အခု အော်စကာ ဆုပေးပွဲမှာလည်း သရုပ်ဆောင်နဲ့ ပတ်သက်လို့ ဆန်ကာတင်စာရင်း ဝင်သူ၊ ဆုရရှိသူ ၂၀ အနက် လူမည်းဆိုလို့ Harriet ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး အဓိက သရုပ်ဆောင်ဆု ဆန်ကာတင် ဝင်ခဲ့တဲ့ စင်သီယာ အယ်ရီဗို တစ်ဦးပဲ ရှိပါတယ်။

သငကွာဘုနွးမှင့ွ

အောစြကာ ဆုပေးပှဲ ၂၀၂၀ – တောငကြိုရီးယား Parasite ဇာတကြား ဆုရရှိမှု သမိုငြးဝငြ

၉၂ ကြိမ်မြောက် အော်စကာ အကယ်ဒမီ ဆုပေးပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ ဟောလိဝုဒ်ရှိ Dolby ဇာတ်ရုံမှာ ဖေဖော်ဝွရီလ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အခုတစ်ကြိမ် အော်စကာ ဆုပေးပွဲမှာ ထူခြားမှုအဖြစ် အင်္ဂလိပ် စကားပြော ရုပ်ရှင်ဇာတ်ကား မဟုတ်တဲ့ တောင်ကိုရီးယား ရုပ်ရှင် Parasite က ဆုအများဆုံးရရှိပြီး အကောင်းဆုံး ရုပ်ရှင်ဆု အပါအဝင် ဆု ၄ ဆု ရရှိခဲ့ပါတယ်။ Parasite ဟာ အင်္ဂလိပ် စကားပြော မဟုတ်ဘဲ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိတဲ့ ပထမဆုံး ဇာတ်ကားအဖြစ်လည်း သမိုင်းဝင်သွားပါတယ်။ ဆန်ကာတင် စာရင်း အများဆုံး ဇာတ်ကားကတော့ Joker ဇာတ်ကားပါ။ ဆန်ကာတင် စာရင်းကိုတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက ကြေညာခဲ့ပြီးသားပါ။

တောင်ကိုရီးယား ဇာတ်ကားဖြစ်တဲ့ Parasite ဟာ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာ ဘွန်ဂျွန်ဟိုက အကောင်းဆုံး ဒါရိုက်တာဆု၊ ဘွန်ဂျွန်ဟိုနဲ့ ဟန်ဂျင်ဝန်တို့က အကောင်းဆုံး မူလဇာတ်ညွှန်းဆု၊ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆုဆိုပြီး ဆု ၄ ခု ရရှိခဲ့ပါတယ်။ ထိတ်လန့် ခြောက်ခြားမှုကို အထူးပြုထားတဲ့ Parasite ဇာတ်ကားက ပထမ ကမ္ဘာစစ် နောက်ခံ 1917 ဇာတ်ကားကို ဒါရိုက်တာဆု အပါအဝင် ဆုတချို့အတွက် အများကြီး မျှော်လင့်ထားသူတွေအဖို့ အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။ 

Parasite ဇာတ်ကားက တခြား ဆန်ကာတင် ဇာတ်ကားတွေဖြစ်တဲ့ ကားထုတ်လုပ်မှု နောက်ကြောင်းခံ Ford v Ferrari ဇာတ်ကား၊ crime နဲ့ drama ဖြစ်တဲ့ The Irishman ဇာတ်ကား၊ comedy နဲ့ drama ဖြစ်တဲ့ Jojo Rabbit ဇာတ်ကား၊ ၂၀၁၉ ထဲမှာ ပရိသတ်တွေ ထူးထူးကဲကဲ အားပေးခဲ့ကြတဲ့ Joker နဲ့ ဟောလိဝုဒ် လောကနောက်ခံ ဖြစ်ပြီး ဘရက်ပစ်နဲ့ လီယိုနာဒို ဒီကာပရီယိုတို့ ပါဝင်တဲ့ Once Upon a Time… in Hollywood တို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။

Parasite ဇာတ်ကားက လူနေမှု ဆင်းရဲ၊ ချမ်းသာ အလွန်ကွာဟတဲ့ မိသားစု နှစ်စုအကြောင်း သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော်ပေါင်း ၅၇ ခုမှာ ဆုပေါင်း ၅၅ ခု ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ 

အကောင်းဆုံး အမျိုးသမီး အဓိက သရုပ်ဆောင်ဆုကိုတော့ Harriet ဇာတ်ကားထဲက စင်သီယာ အယ်ရီဗို၊ Marriage Story ဇာတ်ကားက စကားလက် ဂျိုဟန်ဆန်၊ Marriage Story ထဲက ဆော်ရေစီ ရိုနန်၊ Bombshell ထဲက ချားလစ် သီယွန်တို့ကို ကျော်ဖြတ်ပြီး ဂျူဒီ ဂါလန်ဆိုတဲ့ အမျိုးသမီးတစ်ယောက် အကြောင်း ရိုက်ထားတဲ့ Judy ဇာတ်ကားနဲ့ ရီနီ ဇယ်ဝဂ္ဂါက ရရှိသွားပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက Cold Mountain ဇာတ်ကားနဲ့ ဇာတ်ပို့ဆု ရဖူးတဲ့ ရီနီ ဇယ်ဝဂ္ဂါက အကောင်းဆုံး အမျိုးသမီး အဓိက ဇာတ်ဆောင်ဆုကို ပထမဆုံး ရရှိတာပါ။  

အကောင်းဆုံး အမျိုးသား အဓိက သရုပ်ဆောင်ဆုကိုတော့ အားလုံး မျှော်လင့်ထားတဲ့အတိုင်း Joker ဇာတ်ကားနဲ့ ယိုဟွာကင်း ဖီးနစ်က ရရှိသွားပါတယ်။ ဆန်ကာတင် စာရင်းမှာပါဝင်တဲ့ အန်တိုနီယို ဘန်ဒါရက်စ်၊ လီယိုနာဒို ဒီကာပရီယို၊ အဒမ် ဒရိုင်ဗာ၊ ဂျိုနာသန် ပရိုက်စ်တို့ကို ကျော်ဖြတ်ပြီး ယိုဟွာကင်း ဖီးနစ်က ရရှိခဲ့ပြီး သူ့အတွက် ပထမဆုံး ရရှိတဲ့ဆု ဖြစ်ပါတယ်။ ယိုဟွာကင်း ဖီးနစ်က ဆုလက်ခံပြီးနောက် တိရစ္ဆာန်အခွင့်အရေးနဲ့ တခြား ကိစ္စတွေကို စိတ်အားထက်သန်စွာ ပြောခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို Marriage Story ဇာတ်ကားထဲက လော်ရာ ဒန်း၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို Once Upon a Time… in Hollywood ဇာတ်ကားထဲက ဘရက်ပစ်တို့ ရရှိခဲ့ပါတယ်။ ဒန်းက ဆုရတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး မိဘတွေဖြစ်တဲ့ ဘရုစ် ဒန်းနဲ့ ဒိုင်ယာနီ လတ်ဒ်တို့ကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ဆုလက်ခံယူစဉ် ဘရက်ပစ်ကတော့ သမ္မတ ဒေါ်နယ် ထရမ့် အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်း မဲခွဲမှုကို ရည်ညွှန်းတဲ့ နိုင်ငံရေးစကားတွေ ပြောသွားခဲ့ပါတယ်။

အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု ရတဲ့ ဘွန်ဂျွန်ဟိုဟာ မာတင် စကော်စီ၊ တုတ်ဒ် ဖိလစ်၊ ဆမ် မန်းဒက်စ်၊ ကွင်တင် တာရန်တီနိုတို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။  အကောင်းဆုံး ဇာတ်ညွှန်းဆုကိုတော့ ဒါရိုက်တာ ဘွန်ဂျွန်ဟိုနဲ့ ဟန်ဂျင်ဝန်တို့က ပူးတွဲ ရရှိပါတယ်။

အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆုကိုတော့ Jojo Rabbit ဇာတ်ကားနဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ တိုင်ကာ ဝိုင်တီတီက ရရှိပါတယ်။ အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်အဖြစ် Toy Story 4, အကောင်းဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် American Factory, အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်အဖြစ် Parasite တို့က ရရှိခဲ့ပါတယ်။

အကောင်းဆုံး မူရင်း သီချင်းအဖြစ် အယ်လ်လင်တန် ဂျွန်နဲ့ ဘာရီ တော်ပင်တို့က Rocketman သီချင်းနဲ့ ပူးတွဲ ရရှိပါတယ်။  

အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကို Ford v Ferrari ဇာတ်ကားနဲ့ မိုက်ကယ် မက်ခ်ကက်စကာနဲ့ အင်ဒရူး ဘက်ခ်လန်း၊ အကောင်းဆုံး အသံတည်းဖြတ်ဆုကို အခုဇာတ်ကားနဲ့ပဲ ဒေါ်နယ် ဆီလ်ဗက်စတာ၊ အကောင်းဆုံး sound mixing ဆုကို 1917 ဇာတ်ကားနဲ့ မာ့ခ် တိုင်လာနဲ့ စတူးဝပ် ဝီလ်ဆင်၊ အကောင်းဆုံး ဝတ်စုံဒီဇိုင်းဆုကို Little Women ဇာတ်ကားနဲ့ ဂျက်ကလင်း ဒါရန်း၊ အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်ပုံစံ ဖန်တီးမှုကို Bombshell ဇာတ်ကားနဲ့ ကာဇူ ဟီရို၊ အန်နီ မော်ဂန်နဲ့ ဗီဗီယန် ဘာကာတို့က ရရှိပါတယ်။

အခု ၉၂ ကြိမ်မြောက် အော်စကာ အကယ်ဒမီ ဆုပေးပွဲမှာ အားလုံးပါဝင်မှုနဲ့ မတူကွဲပြားမှုအပေါ် အငြင်းအခုံ တကြော့ပြန်လာတာ တွေ့နေရပါတယ်။ အော်စကာ ဆုပေးပွဲမှာ လူဖြူတွေပဲ ကြီးစိုးနေလို့ လွန်ခဲ့တဲ့ ငါးနှစ်က #OscarsSoWhite ဆိုပြီး လှုပ်ရှားမှု လုပ်ခဲ့ကြဖူးပါတယ်။ အခု အော်စကာ ဆုပေးပွဲမှာလည်း သရုပ်ဆောင်နဲ့ ပတ်သက်လို့ ဆန်ကာတင်စာရင်း ဝင်သူ၊ ဆုရရှိသူ ၂၀ အနက် လူမည်းဆိုလို့ Harriet ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး အဓိက သရုပ်ဆောင်ဆု ဆန်ကာတင် ဝင်ခဲ့တဲ့ စင်သီယာ အယ်ရီဗို တစ်ဦးပဲ ရှိပါတယ်။   

သင်ကာဘုန်းမြင့်

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)