ေဂ်႐ုဆလင္ ဂယက္နဲ႔ ႏိုင္ငံတကာ တံု႔ျပန္ခ်က္

0
2007

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က အျငင္းပြားေနတဲ့ ေဂ်႐ုဆလင္ကို အစၥေရးရဲ႕ ၿမိဳ႕ေတာ္အျဖစ္ အသိအမွတ္ျပဳတယ္လို႔ ဒီဇင္ဘာ ၆ ရက္ေန႔မွာ ေၾကညာလိုက္ၿပီးေနာက္ အေမရိကန္၊ အစၥေရးနဲ႔ မြတ္စလင္ ကမာၻၾကား ပြက္ေလာ႐ိုက္သြားပါတယ္။ သမၼတ ထရမ့္ရဲ႕ ဆံုးျဖတ္ခ်က္အေပၚ ႏိုင္ငံတကာက ျပင္းျပင္းထန္ထန္ ဝိုင္းဝန္း ေဝဖန္ခဲ့ၾကၿပီး တင္းမာမႈေတြ ျဖစ္ေပၚလာပါတယ္။

 

 

အစၥေရး ဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟုကေတာ့ ‘သမိုင္းဝင္ေန႔’ လို႔ ေၾကြးေၾကာ္ပါတယ္။ ေဂ်႐ုဆလင္ဟာ အစၥေရးနဲ႔ ပါလက္စတိုင္းၾကား ဆူးၾကားက ဗူးခါးျဖစ္ေနခဲ့တာ ၾကာပါၿပီ။ သမၼတ ထရမ့္ရဲ႕ ေၾကညာခ်က္ဟာ ဆယ္စုႏွစ္ၾကာ အေမရိကန္ ႏိုင္ငံျခားေရး မူဝါဒကို ဆြဲလွည့္လိုက္သလို ျဖစ္သြားပါတယ္။

ပါလက္စတိုင္း သမၼတ မာမြတ္ အဘတ္စ္ကေတာ့ သမၼတ ထရမ့္ရဲ႕ အသိအမွတ္ျပဳမႈဟာ ဝမ္းနည္းဖြယ္ရာ ျဖစ္တယ္လို႔ ႐ႈတ္ခ်ပါတယ္။ အေနာက္ဘက္ ကမ္းေျခနဲ႔ ဂါဇာ ကမ္းေျမွာင္ေဒသက ပါလက္စတိုင္းေတြကေတာ့ ဆႏၵျပဖို႔ တာဆူေနၾကပါတယ္။

ေဆာ္ဒီအာေရဗ်က တရားမွ်တမႈ မရွိ၊ တာဝန္မဲ့မႈလို႔ ေဝဖန္လိုက္ၿပီး ျပင္သစ္နဲ႔ ၿဗိတိန္ကလည္း သမၼတ ထရမ့္ရဲ႕ ဆံုးျဖတ္ခ်က္ကို မေထာက္ခံဘူးလို႔ ေျပာလိုက္ပါတယ္။

ေဂ်႐ုဆလင္ကို အသိအမွတ္ျပဳမႈေၾကာင့္ အစၥေရးနဲ႔ ပါလက္စတိုင္းအၾကား

ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြ လမ္းစပိတ္ကုန္လိမ့္မယ္လို႔ အာရပ္ကမာၻေရးရာ ကြ်မ္းက်င္သူ ပါေမာကၡ ဗလာဒီမာ ခ်ဴးေကာ့ဗ္က ေျပာပါတယ္။

ေဂ်႐ုဆလင္ဟာ သူ႔နဂိုအတိုင္း လြတ္လပ္တဲ့ အေနအထားအတိုင္း ရွိသင့္တယ္၊ ထရမ့္ရဲ႕ လုပ္ပံုေၾကာင့္ ဆန္႔က်င္ဘက္ ဆိုးက်ိဳးေတြပဲ ရလိမ့္မယ္လို႔ သူက ေျပာလိုက္ပါတယ္။

တူရကီသမၼတ အာဒိုဂန္ကေတာ့ သမၼတ ထရမ့္ရဲ႕ လုပ္ရပ္ဟာ ကုလသမဂၢကို မခန္႔ေလးစားရာေရာက္တယ္လို႔ ေဝဖန္ပါတယ္။

ႏိုင္ငံ ရွစ္ႏိုင္ငံက ေတာင္းဆိုတဲ့အတြက္ ဒီေန႔ ဒီဇင္ဘာ ၈ ရက္မွာ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက အေရးေပၚ အစည္းအေဝး ေခၚယူၿပီး ေဂ်႐ုဆလင္အေရး ေဆြးေႏြးမွာ ျဖစ္ပါတယ္။ အာရပ္အဖြဲ႔ခ်ဳပ္ကလည္း ဒီဇင္ဘာ ၉ ရက္ေန႔မွာ အစည္းအေဝး ေခၚယူက်င္းပၾကဦးမွာပါ။

အျငင္းပြားစရာ အသိအမွတ္ျပဳမႈ အၿပီးမွာ သမၼတ ထရမ့္က အစၥေရးနဲ႔ ပါလက္စတိုင္းအၾကား ၿငိမ္းခ်မ္းေရး ရေစဖို႔က အေမရိကန္ ျပည္ေထာင္စုရဲ႕ အေကာင္းဆံုး အက်ိဳးစီးပြား ျဖစ္ပါတယ္လို႔ ေျပာခဲ့ပါတယ္။
သမၼတ ထရမ့္ဟာ အစၥေရးႏိုင္ငံ၊ တဲလ္အဗစ္ၿမိဳ႕ရွိ အေမရိကန္သံ႐ံုးကို ေဂ်႐ုဆလင္ၿမိဳကကို ေျပာင္းဖို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကို ညႊန္ၾကားထားပါတယ္။

ေဒသတြင္းမွာ မတည္ၿငိမ္မႈေတြ ျဖစ္လာလိမ့္မယ္လို႔ သတိေပးမႈေတြ ရွိေနတဲ့ၾကားက ေဂ်႐ုဆလင္ကို အစၥေရး ၿမိဳ႕ေတာ္အျဖစ္ အသိအမွတ္ျပဳခဲ့တာ ျဖစ္ပါတယ္။

KTK

………………….. ။ ။ ……………………….

 

ဂျေရုဆလင် ဂယက်နဲ့ နိုင်ငံတကာ တုံ့ပြန်ချက်

KTK

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အငြင်းပွားနေတဲ့ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကြေညာလိုက်ပြီးနောက် အမေရိကန်၊ အစ္စရေးနဲ့ မွတ်စလင် ကမ္ဘာကြား ပွက်လောရိုက်သွားပါတယ်။ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝိုင်းဝန်း ဝေဖန်ခဲ့ကြပြီး တင်းမာမှုတွေ ဖြစ်ပေါ်လာပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ‘သမိုင်းဝင်နေ့’ လို့ ကြွေးကြော်ပါတယ်။ ဂျေရုဆလင်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ဆူးကြားက ဗူးခါးဖြစ်နေခဲ့တာ ကြာပါပြီ။ သမ္မတ ထရမ့်ရဲ့ ကြေညာချက်ဟာ ဆယ်စုနှစ်ကြာ အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ဆွဲလှည့်လိုက်သလို ဖြစ်သွားပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်ကတော့ သမ္မတ ထရမ့်ရဲ့ အသိအမှတ်ပြုမှုဟာ ဝမ်းနည်းဖွယ်ရာ ဖြစ်တယ်လို့ ရှုတ်ချပါတယ်။ အနောက်ဘက် ကမ်းခြေနဲ့ ဂါဇာ ကမ်းမြှောင်ဒေသက ပါလက်စတိုင်းတွေကတော့ ဆန္ဒပြဖို့ တာဆူနေကြပါတယ်။

ဆော်ဒီအာရေဗျက တရားမျှတမှု မရှိ၊ တာဝန်မဲ့မှုလို့ ဝေဖန်လိုက်ပြီး ပြင်သစ်နဲ့ ဗြိတိန်ကလည်း သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို မထောက်ခံဘူးလို့ ပြောလိုက်ပါတယ်။

ဂျေရုဆလင်ကို အသိအမှတ်ပြုမှုကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လမ်းစပိတ်ကုန်လိမ့်မယ်လို့ အာရပ်ကမ္ဘာရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဗလာဒီမာ ချူးကော့ဗ်က ပြောပါတယ်။ ဂျေရုဆလင်ဟာ သူ့နဂိုအတိုင်း လွတ်လပ်တဲ့ အနေအထားအတိုင်း ရှိသင့်တယ်၊ ထရမ့်ရဲ့ လုပ်ပုံကြောင့် ဆန့်ကျင်ဘက် ဆိုးကျိုးတွေပဲ ရလိမ့်မယ်လို့ သူက ပြောလိုက်ပါတယ်။

တူရကီသမ္မတ အာဒိုဂန်ကတော့ သမ္မတ ထရမ့်ရဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂကို မခန့်လေးစားရာရောက်တယ်လို့ ဝေဖန်ပါတယ်။

နိုင်ငံ ရှစ်နိုင်ငံက တောင်းဆိုတဲ့အတွက် ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ဂျေရုဆလင်အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ အာရပ်အဖွဲ့ချုပ်ကလည်း ဒီဇင်ဘာ ၉ ရက်နေ့မှာ အစည်းအဝေး ခေါ်ယူကျင်းပကြဦးမှာပါ။

အငြင်းပွားစရာ အသိအမှတ်ပြုမှု အပြီးမှာ သမ္မတ ထရမ့်က အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေး ရစေဖို့က အမေရိကန် ပြည်ထောင်စုရဲ့ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ အမေရိကန်သံရုံးကို ဂျေရုဆလင်မြိုကကို ပြောင်းဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။

ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးမှုတွေ ရှိနေတဲ့ကြားက ဂျေရုဆလင်ကို အစ္စရေး မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)