သစ္ပင္စိုက္ၾကစို႔လား (၂)

0
277

လွေအာင္

ကြ်န္ေတာ္တို႔ေနထိုင္ရာ ကမာၻႀကီး ပူေလာင္လာတာကို ခံစားရတာ ကြ်န္ေတာ္ တစ္ေယာက္တည္း မဟုတ္ေလာက္ပါဘူး။ က်ေနာ္တို႔ႏိုင္ငံ ရာသီဥတု ဆိုးရြားျပင္းထန္လာတာ ကြ်န္ေတာ္ တစ္ေယာက္တည္း ခံစားလာရတာ မဟုတ္ေလာက္ပါဘူး။ ဘာေၾကာင္႔လဲဆိုေတာ႔ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ သစ္ပင္ေတြ နည္းသြားလို႔ပါ။ ဘယ္သူ လုပ္ခဲ့တယ္၊ ဘာေၾကာင့္ လုပ္ခဲ့တယ္ဆိုတာ ျပန္ေျပာမေနေတာ႔ပါဘူး။ ကြ်န္ေတာ္တို႔ ဘာလုပ္ႏိုင္တယ္။ ကြ်န္ေတာ္တို႔ ဘာလုပ္ရမလဲနဲ႔ပဲ စပါမယ္။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ သစ္ပင္ စိုက္ရပါမယ္။

သစ္ပင္စိုက္ျခင္းကို ဘာေၾကာင့္ စိုက္သင့္ေၾကာင္း လူမ်ားမ်ားသိေအာင္ လုပ္ရပါမယ္။ သမိုင္းပညာရွင္ ေဒါက္တာ သန္႔ျမင့္ဦး မၾကာခင္ကမွ ေျပာသြားပါတယ္။ ဒီပုံစံတိုင္း ဆက္သြားရင္ ဆိုးရြားတဲ့ ရာသီဥတု ေဖာက္ျပန္မႈေတြ ႀကဳံၾကရပါေတာ႔မယ္။ အပူခ်ိန္လြန္ကဲမႈေတြ၊ ေသာက္သုံးေရ ရွားပါးျပတ္လပ္မႈေတြ၊ ဆိုင္ကလုန္း မုန္တိုင္းေတြ၊ ဒါေတြက ႏွစ္ ငါးဆယ္၊ တစ္ရာ မေစာင္႔ရဘဲ ဆယ္ႏွစ္၊ ႏွစ္ ႏွစ္ဆယ္ အတြင္း ျဖစ္လာေတာ႔မွာပါ။ ကြ်န္ေတာ္တို႔ သားေျမးလက္ထက္အထိ ေစာင့္စရာ မလိုေတာ႔ပါဘူး။ က်ေနာ္တို႔ကိုယ္တိုင္ႀကဳံေတာ႔မွာပါ။ အခုေတာင္ အပူခ်ိန္ေၾကာင္႔ ေရအားလွ်ပ္စစ္ထုတ္လုပ္မႈ႕ ေလ်ာ႔က်လို႔ ကြ်န္ေတာ္တို႔ ပူပူေလာင္ေလာင္ မီးပ်က္ပ်က္နဲ႔ ေနေနရပါၿပီ။

အခု ကြ်န္ေတာ္ေရးမယ့္ အေၾကာင္းအရာက Freelance writer မက္တီယာ ဂ်က္ေကာ႔စ္ ဆိုသူ အမ်ိဳးသမီးရဲ႕ သစ္တစ္ပင္စိုက္ျခင္ရဲ႕ အက်ိဳးေက်းဇူး ၁၀ ခ်က္ကို ကိုးကားၿပီး ဒုတိယပိုင္းအျဖစ္ ေဖာ္ျပမွာပါ။

(အပိုင္း – ၁ ဖတ္ရန္)

၆။ ေရထုညစ္ညမ္းမႈမွ ကာကြယ္ေပးျခင္း

မုန္တိုင္းေၾကာင့္ ရြာလိုက္တဲ့ မိုးေရေတြ၊ ဆီးႏွင္းေပ်ာ္လို႔ က်လာတဲ့ မိုးေရေတြမွာ ေဖာ႔စ္စဖိတ္တို႔၊ ႏိုက္ထ႐ုိဂ်င္တို႔ မ်ားျပားစြာ ပါဝင္လာပါတယ္။ အဲဒီမိုးေရေတြဟာ သစ္ပင္မ်ားသာ မရွိခဲ့ဘူးဆိုရင္ ပင္လယ္ သမုဒၵရာ ေခ်ာင္းေျမာင္ေတြထဲ ဒီတိုင္းပဲ စီးဝင္သြားမွာပါ။ ဒါကို သစ္ပင္ေတြက မိုးေရေတြကို ရပ္တန္႔ေစၿပီး ေျမထဲစိမ္႔ ဝင္ေစပါတယ္။ အဲဒီေရေတြကို ေျမေအာက္ေရအျဖစ္ တည္ရွိေစပါတယ္။ ဒါဟာ သစ္ပင္မ်ားက မိုးေရမ်ား၊ ဆီႏွင္းေပ်ာ္ရည္မ်ားကို တိုက္႐ိုက္ မစီးဝင္ေစဘဲ ပင္လယ္ သမုဒၵရာကို သန္႔ရွင္းေစပါတယ္။ ေနာက္ၿပီး ေဖာ္ျပခဲ႔ၿပီးေသာ ဗိသုကာတို႔ ပညာရပ္နဲ႔ အမိုးေတြေပၚမွာ သစ္ပင္ပန္းမန္ စိုက္ပ်ိဳးထားတဲ႔ အမိုးစိမ္းမ်ားဟာလည္း မိုးေရရဲ႕ ညစ္ညမ္းမႈကို အမွန္တကယ္ ကာကြယ္ေပးႏိုင္ပါတယ္။

၇။ သစ္ပင္မ်ားဟာ ေတာ႐ိုင္း တိရိစာၦန္ေလးမ်ား အတြက္လည္း နားခိုရာျဖစ္

သစ္ပင္မ်ားဟာ ေတာတြင္း သဘာဝအေလ်ာက္ ေနထိုင္တဲ႔ တိရစာၦန္ေလးမ်ားအတြက္ အဓိက အစာရင္းျမစ္ အေနနဲ႔ေရာ မွီတည္ေနထိုင္ရာ အေနနဲ႔ ျဖစ္တာေၾကာင္႔ ဇီဝမ်ိဳးကြဲမ်ိဳးစုံအတြက္ အေထာက္အပံ႔အျဖစ္ ရရွိႏိုင္ပါတယ္။ ဥပမာ – ပန္းသီးပင္ တစ္ပင္ဟာ ငွက္ကေလးေတြအတြက္၊ ပိုးမႊားေတြအတြက္၊ သဘာဝ အေလ်ာက္ေနထိုင္တဲ႔ တိရစာၦန္ေလးေတြအတြက္ အာဟာရျဖည့္တင္းဖို႔ရာ တႏွစ္မွာ ပန္းသီး တင္းေတာင္း ၂၀ ေလာက္ ရရွိေစပါတယ္။ ဒီအပင္ဟာ ေျမျပင္ခပ္က်ဥ္းက်ဥ္းမွာ စိုက္ပ်ိဳးႏိုင္ေပမယ္႔ ရရွိမယ့္ သဘာဝ ပတ္ဝန္းက်င္နဲ႔ ပတ္သတ္တဲ့ အက်ိဳးသက္ေရာက္မႈကေတာ႔ ႏွစ္လိုဖြယ္ပါ။ စကားခ်ပ္အေနနဲ႔ ျမန္မာျပည္မွာေတာ႔ ပန္းသီးပင္ဟာ ေနရာေရြးေလာက္ပါတယ္။ ေဆာင္းပါးရွင္က အေမရိကန္ကကိုး။ သူတို႔ေဒသမွာေတာ႔ ငွက္ကေလးေတြ၊ ရွဥ့္ေလးေတြ၊ ပ်ားေတြအတြက္ အိမ္ေတြမွာ အမ်ားစု စိုက္ၾကတာေတာ့ ဝက္သစ္ခ်ပင္နဲ႔ သဖန္းပင္မ်ိဳးႏြယ္ အပင္တစ္မ်ိဳးပါ။

၈။ သစ္ပင္ေတြဟာ ျပည့္ၿဖိဳးၿမဲ စြမ္းအင္ရဲ႕ အရင္းအျမစ္ႀကီး ျဖစ္

ယေန႔ေခတ္ ကမာၻ႔ျပႆနာေတြ ထဲမွာ ေရနံ၊ သဘာဝဓာတ္ေငြ႔ကဲ့သို႔ ႐ုုပ္ၾကြင္းေလာင္စာေတြ ကိစၥကလည္း ျပႆနာႀကီး တစ္ရပ္ပါ။ အဲဒီေလာင္စာေတြမွာ အဆိပ္အေတာက္ ပါတာ၊ မပါတာ ေနာက္ထား၊ အၿမဲမရႏိုင္မွာေတာ့ ေသခ်ာပါတယ္။ ဒါေၾကာင္႔ စြမ္းအင္ ကုမၸဏီႀကီးမ်ားဟာ ျပည္႔ၿဖိဳးၿမဲ စြမ္းအင္အေပၚ အာ႐ုံစိုက္လာပါတယ္။ ဒါေၾကာင္႔ သစ္ပင္ေတြကို ခုတ္ယူသလို ျပန္လည္ စိုက္ပ်ိဳးမႈကိုလည္း အစဥ္မျပတ္ျပဳ ေနမယ္ဆို သစ္ပင္ေတြဟာ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္ အရင္းအျမစ္ႀကီးတစ္ခု ျဖစ္လာမွာပါ။

သစ္နဲ႔ သစ္ေတာထြက္ စြမ္းအင္ကို သုံးစြဲရတာ အလြန္႐ိုးရွင္းပါတယ္။ လူေတြအေနနဲ႔ သမိုင္းမတင္မီ ေခတ္ကတည္းက သုံးစြဲခ့ဲၾကတာပဲ။ သစ္ပင္ သစ္ေတာကို စမတ္က်တဲ့ စီမံခန္႔ခြဲမႈနဲ႔သာ ေဆာင္ရြက္ၾကမယ္ ဆိုရင္ေတာ့ သစ္ပင္ေတြဟာ လူေတြအတြက္ ဥပါဒ္ကင္းေသာ စြမ္းအင္ အရင္းအျမစ္ ျဖစ္လာမွာပါ။

၉။ သစ္ပင္ေတြဟာ ေျမဆီၾသဇာကို ပိုမိုေကာင္းမြန္ေစ

စိုက္ပ်ိဳးထြန္ယက္ၾကၿပီဆိုင္ရင္ သစ္ပင္ေတြဟာ လူေတြအတြက္ အေကာင္းဆုံး အေဖာ္မြန္ပါ။ သစ္ပင္ေတြမွာ ေျမၾသဇာအတြက္ အက်ိဳးျပဳတဲ့အခ်က္ မ်ားစြာ ရွိပါတယ္။ သစ္ပင္ေတြဟာ ေျမဆီလႊာ တိုက္စားျခင္းကို ေလွ်ာ႔ခ်ေပးပါတယ္။ ေျမၾသဇာ ျဖစ္ထြန္းမႈကိုလည္း တိုးတက္ေစပါတယ္။ ေျမျပင္အစိုဓာတ္ ရွိေနဖို႔ ထိန္းသိမ္းေပးပါတယ္။

ေျမျပင္ကို ေၾကြက်လာတဲ႔ သစ္ရြက္ေတြဟာ ေျမျပင္ရဲ႕ အပူခ်ိန္ကိုလည္း ေလ်ာ့က်ေစၿပီး ေရေငြ႔ပ်ံျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ ေျခာက္ေသြ႔ေၾကြ က်လာတဲ့ သစ္ရြက္ေတြက သစ္ပင္ေတြ ရွင္သန္ဖို႔ ေျမၾသဇာ ျပန္ျဖစ္လာပါတယ္။ ဒါ့အျပင္ အဏုဇီဝ႐ုပ္တို႔ရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူ ျပဳပါတယ္။

၁၀။ သစ္ပင္မ်ားဟာ ေျမဆီလႊာ ပ်က္ဆီးျခင္းကို ထိမ္းသိမ္းေပးတယ္။

သစ္ပင္မရွိတဲ႔ ဗလာေျမျပင္ေတြဟာ ေလနဲ႔မိုးဆိုတဲ႔ အဓိက အခ်က္ႏွစ္ခ်က္ေၾကာင္႔ ေျမဆီလႊာေတြကို ပ်က္ဆီးေစပါတယ္။ မိုးေရေတြဟာ အျမင္႔က က်လာတဲ့အခါ အားနဲ႔အရွိန္ပါလာပါတယ္။ အဲဒီ အရွိန္ဟာ ေျမျပင္ကို ေကာင္းေကာင္း ထိုးေဖာက္ႏိုင္ပါတယ္။ ဒါဟာလည္း ေျမျပင္ကို ပ်က္စီးေစတဲ႔ အခ်က္ပါပဲ။ ဒါ့အျပင္ တဖက္မွာ ေျခာက္ေသြ႔ေနတဲ႔ ေျမျပင္ဟာ ေလရဲ႕ဖ်က္ဆီးျခင္းခံရပါတယ္။ အဲဒီကိစၥေတြရဲ႕ အေျဖက သစ္ပင္ေတြပါ။ အရွိန္အဟုန္နဲ႔ ဆင္းလာတဲ့ မိုးေရစက္ေတြကို သစ္ရြက္ေတြက ရပ္တန္႔ေစပါတယ္။ ေလေၾကာင့္ ပ်က္စီးရတဲ႔ ေျမဆီလႊာကို သစ္ပင္ရဲ႕ အျမစ္ေတြက တြယ္ကုပ္ထားျခင္းနဲ႔ ေျမဆီလႊာကို ေလရဲ႕ဖ်က္ဆီးျခင္းမွ ကာကြယ္ေပးပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ စာေရးသူက သစ္ပင္စိုက္ျခင္းဟာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အက်ိဳးေက်းဇူးမ်ားေၾကာင္း ေျပာပါတယ္။ က်ေနာ္တို႔ အိမ္ဝန္းက်င္မွာ သစ္ပင္ေတြကို စိုက္ပ်ိဳးျခင္ျဖင့္ အံ့ၾသရေလာက္ေအာင္ သဘာဝ ပတ္ဝန္းက်င္အတြက္ အက်ိဳးရွိေၾကာင္းလည္း တင္ျပသြားပါတယ္။ ဒါေၾကာင္႔ သစ္ပင္ စိုက္ပ်ိဳးျခင္းဟာ ကြ်န္ေတာ္တို႔ရဲ႕ လူမႈအဖြဲ႔အစည္းမွာ၊ ကြ်န္ေတာ္တို႔ရဲ႕ ဘဝ တန္ဖိုးေတြကို ေကာင္းစြာ ထိန္းသိမ္း ျမွင္႔တင္ႏိုင္ပါတယ္။ ကြ်န္ေတာ္တို႔ဟာ သဘာဝပတ္ဝန္းက်င္ႀကီးကို တစ္ခုခု ေပးဆပ္ခ်င္တယ္ ဆိုရင္ေတာ႔ သစ္ပင္စိုက္ျခင္းဟာ အေကာင္းဆုံး စိတ္ကူး စိတ္သန္းပဲ ျဖစ္ပါလိမ့္မယ္လို႔ နိဂုံးခ်ဳပ္ထားပါတယ္။

ဒီေနရာမွာ ကြ်န္ေတာ္ ျဖည့္စြက္ေျပာခ်င္တာက မၾကာေသးခင္က ဖိလစ္ပိုင္ႏိုင္ငံမွာ ဂင္းနစ္ စံခ်ိန္တင္သြားတဲ႔ ေက်ာင္းသားေလးမ်ားရဲ႕ စုေပါင္း သစ္ပင္စိုက္ပ်ိဳးပြဲလို လူထုလႈပ္ရွားမႈမ်ိဳး၊ အိႏၵိယႏိုင္ငံမွာ ဂႏၵီႀကီး ၁၄၉ ႏွစ္ျပည့္ အထိမ္းအမွတ္ သစ္ပင္ေပါင္း ၁၃၂၆၀၀၀ စိုက္ပ်ိဳးတာလိုမ်ိဳး ကြ်န္ေတာ္တို႔ ႏိုင္ငံမွာ မျဖစ္ႏိုင္ေတာ့ဘူးလား။ ႏိုင္ငံေတာ္မွာ ၾသဇာရွိသူ တိုက္တြန္းမွ လုပ္ၾကေတာ့မွာလား။ ကြ်န္ေတာ္တို႔ ရာသီဥတုရဲ႕ ဆိုးရြား ျပင္းထန္လာမႈကို ကိုယ္မိသားစုကိစၥလို သေဘာထားၿပီး ညီညြတ္စြာ ႀကိဳးပမ္းၾကပါစို႔လို႔ တိုက္တြန္းအပ္ပါတယ္။

သစ်ပင်စိုက်ကြစို့လား (၂)


လှအောင်
ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီး ပူလောင်လာတာကို ခံစားရတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ကျနော်တို့နိုင်ငံ ရာသီဥတု ဆိုးရွားပြင်းထန်လာတာ ကျွန်တော် တစ်ယောက်တည်း ခံစားလာရတာ မဟုတ်လောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ သစ်ပင်တွေ နည်းသွားလို့ပါ။ ဘယ်သူ လုပ်ခဲ့တယ်၊ ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာ ပြန်ပြောမနေတော့ပါဘူး။ ကျွန်တော်တို့ ဘာလုပ်နိုင်တယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲနဲ့ပဲ စပါမယ်။ အဲဒီတော့ ကျွန်တော်တို့ သစ်ပင် စိုက်ရပါမယ်။


သစ်ပင်စိုက်ခြင်းကို ဘာကြောင့် စိုက်သင့်ကြောင်း လူများများသိအောင် လုပ်ရပါမယ်။ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး မကြာခင်ကမှ ပြောသွားပါတယ်။ ဒီပုံစံတိုင်း ဆက်သွားရင် ဆိုးရွားတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံကြရပါတော့မယ်။ အပူချိန်လွန်ကဲမှုတွေ၊ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေ၊ ဆိုင်ကလုန်း မုန်တိုင်းတွေ၊ ဒါတွေက နှစ် ငါးဆယ်၊ တစ်ရာ မစောင့်ရဘဲ ဆယ်နှစ်၊ နှစ် နှစ်ဆယ် အတွင်း ဖြစ်လာတော့မှာပါ။ ကျွန်တော်တို့ သားမြေးလက်ထက်အထိ စောင့်စရာ မလိုတော့ပါဘူး။ ကျနော်တို့ကိုယ်တိုင်ကြုံတော့မှာပါ။ အခုတောင် အပူချိန်ကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု့ လျော့ကျလို့ ကျွန်တော်တို့ ပူပူလောင်လောင် မီးပျက်ပျက်နဲ့ နေနေရပါပြီ။


အခု ကျွန်တော်ရေးမယ့် အကြောင်းအရာက Freelance writer မက်တီယာ ဂျက်ကော့စ် ဆိုသူ အမျိုးသမီးရဲ့ သစ်တစ်ပင်စိုက်ခြင်ရဲ့ အကျိုးကျေးဇူး ၁၀ ချက်ကို ကိုးကားပြီး ဒုတိယပိုင်းအဖြစ် ဖော်ပြမှာပါ။


(အပိုင်း – ၁ ဖတ်ရန်)


၆။ ရေထုညစ်ညမ်းမှုမှ ကာကွယ်ပေးခြင်း
မုန်တိုင်းကြောင့် ရွာလိုက်တဲ့ မိုးရေတွေ၊ ဆီးနှင်းပျော်လို့ ကျလာတဲ့ မိုးရေတွေမှာ ဖော့စ်စဖိတ်တို့၊ နိုက်ထရိုဂျင်တို့ များပြားစွာ ပါဝင်လာပါတယ်။ အဲဒီမိုးရေတွေဟာ သစ်ပင်များသာ မရှိခဲ့ဘူးဆိုရင် ပင်လယ် သမုဒ္ဒရာ ချောင်းမြောင်တွေထဲ ဒီတိုင်းပဲ စီးဝင်သွားမှာပါ။ ဒါကို သစ်ပင်တွေက မိုးရေတွေကို ရပ်တန့်စေပြီး မြေထဲစိမ့် ဝင်စေပါတယ်။ အဲဒီရေတွေကို မြေအောက်ရေအဖြစ် တည်ရှိစေပါတယ်။ ဒါဟာ သစ်ပင်များက မိုးရေများ၊ ဆီနှင်းပျော်ရည်များကို တိုက်ရိုက် မစီးဝင်စေဘဲ ပင်လယ် သမုဒ္ဒရာကို သန့်ရှင်းစေပါတယ်။ နောက်ပြီး ဖော်ပြခဲ့ပြီးသော ဗိသုကာတို့ ပညာရပ်နဲ့ အမိုးတွေပေါ်မှာ သစ်ပင်ပန်းမန် စိုက်ပျိုးထားတဲ့ အမိုးစိမ်းများဟာလည်း မိုးရေရဲ့ ညစ်ညမ်းမှုကို အမှန်တကယ် ကာကွယ်ပေးနိုင်ပါတယ်။

၇။ သစ်ပင်များဟာ တောရိုင်း တိရိစ္ဆာန်လေးများ အတွက်လည်း နားခိုရာဖြစ်
သစ်ပင်များဟာ တောတွင်း သဘာဝအလျောက် နေထိုင်တဲ့ တိရစ္ဆာန်လေးများအတွက် အဓိက အစာရင်းမြစ် အနေနဲ့ရော မှီတည်နေထိုင်ရာ အနေနဲ့ ဖြစ်တာကြောင့် ဇီဝမျိုးကွဲမျိုးစုံအတွက် အထောက်အပံ့အဖြစ် ရရှိနိုင်ပါတယ်။ ဥပမာ – ပန်းသီးပင် တစ်ပင်ဟာ ငှက်ကလေးတွေအတွက်၊ ပိုးမွှားတွေအတွက်၊ သဘာဝ အလျောက်နေထိုင်တဲ့ တိရစ္ဆာန်လေးတွေအတွက် အာဟာရဖြည့်တင်းဖို့ရာ တနှစ်မှာ ပန်းသီး တင်းတောင်း ၂၀ လောက် ရရှိစေပါတယ်။ ဒီအပင်ဟာ မြေပြင်ခပ်ကျဉ်းကျဉ်းမှာ စိုက်ပျိုးနိုင်ပေမယ့် ရရှိမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ အကျိုးသက်ရောက်မှုကတော့ နှစ်လိုဖွယ်ပါ။ စကားချပ်အနေနဲ့ မြန်မာပြည်မှာတော့ ပန်းသီးပင်ဟာ နေရာရွေးလောက်ပါတယ်။ ဆောင်းပါးရှင်က အမေရိကန်ကကိုး။ သူတို့ဒေသမှာတော့ ငှက်ကလေးတွေ၊ ရှဉ့်လေးတွေ၊ ပျားတွေအတွက် အိမ်တွေမှာ အများစု စိုက်ကြတာတော့ ဝက်သစ်ချပင်နဲ့ သဖန်းပင်မျိုးနွယ် အပင်တစ်မျိုးပါ။


၈။ သစ်ပင်တွေဟာ ပြည့်ဖြိုးမြဲ စွမ်းအင်ရဲ့ အရင်းအမြစ်ကြီး ဖြစ်
ယနေ့ခေတ် ကမ္ဘာ့ပြဿနာတွေ ထဲမှာ ရေနံ၊ သဘာဝဓာတ်ငွေ့ကဲ့သို့ ရုပ်ကြွင်းလောင်စာတွေ ကိစ္စကလည်း ပြဿနာကြီး တစ်ရပ်ပါ။ အဲဒီလောင်စာတွေမှာ အဆိပ်အတောက် ပါတာ၊ မပါတာ နောက်ထား၊ အမြဲမရနိုင်မှာတော့ သေချာပါတယ်။ ဒါကြောင့် စွမ်းအင် ကုမ္ပဏီကြီးများဟာ ပြည့်ဖြိုးမြဲ စွမ်းအင်အပေါ် အာရုံစိုက်လာပါတယ်။ ဒါကြောင့် သစ်ပင်တွေကို ခုတ်ယူသလို ပြန်လည် စိုက်ပျိုးမှုကိုလည်း အစဉ်မပြတ်ပြု နေမယ်ဆို သစ်ပင်တွေဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်ကြီးတစ်ခု ဖြစ်လာမှာပါ။
သစ်နဲ့ သစ်တောထွက် စွမ်းအင်ကို သုံးစွဲရတာ အလွန်ရိုးရှင်းပါတယ်။ လူတွေအနေနဲ့ သမိုင်းမတင်မီ ခေတ်ကတည်းက သုံးစွဲခဲ့ကြတာပဲ။ သစ်ပင် သစ်တောကို စမတ်ကျတဲ့ စီမံခန့်ခွဲမှုနဲ့သာ ဆောင်ရွက်ကြမယ် ဆိုရင်တော့ သစ်ပင်တွေဟာ လူတွေအတွက် ဥပါဒ်ကင်းသော စွမ်းအင် အရင်းအမြစ် ဖြစ်လာမှာပါ။

၉။ သစ်ပင်တွေဟာ မြေဆီသြဇာကို ပိုမိုကောင်းမွန်စေ
စိုက်ပျိုးထွန်ယက်ကြပြီဆိုင်ရင် သစ်ပင်တွေဟာ လူတွေအတွက် အကောင်းဆုံး အဖော်မွန်ပါ။ သစ်ပင်တွေမှာ မြေသြဇာအတွက် အကျိုးပြုတဲ့အချက် များစွာ ရှိပါတယ်။ သစ်ပင်တွေဟာ မြေဆီလွှာ တိုက်စားခြင်းကို လျှော့ချပေးပါတယ်။ မြေသြဇာ ဖြစ်ထွန်းမှုကိုလည်း တိုးတက်စေပါတယ်။ မြေပြင်အစိုဓာတ် ရှိနေဖို့ ထိန်းသိမ်းပေးပါတယ်။
မြေပြင်ကို ကြွေကျလာတဲ့ သစ်ရွက်တွေဟာ မြေပြင်ရဲ့ အပူချိန်ကိုလည်း လျော့ကျစေပြီး ရေငွေ့ပျံခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ခြောက်သွေ့ကြွေ ကျလာတဲ့ သစ်ရွက်တွေက သစ်ပင်တွေ ရှင်သန်ဖို့ မြေသြဇာ ပြန်ဖြစ်လာပါတယ်။ ဒါ့အပြင် အဏုဇီဝရုပ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုပါတယ်။

၁၀။ သစ်ပင်များဟာ မြေဆီလွှာ ပျက်ဆီးခြင်းကို ထိမ်းသိမ်းပေးတယ်။
သစ်ပင်မရှိတဲ့ ဗလာမြေပြင်တွေဟာ လေနဲ့မိုးဆိုတဲ့ အဓိက အချက်နှစ်ချက်ကြောင့် မြေဆီလွှာတွေကို ပျက်ဆီးစေပါတယ်။ မိုးရေတွေဟာ အမြင့်က ကျလာတဲ့အခါ အားနဲ့အရှိန်ပါလာပါတယ်။ အဲဒီ အရှိန်ဟာ မြေပြင်ကို ကောင်းကောင်း ထိုးဖောက်နိုင်ပါတယ်။ ဒါဟာလည်း မြေပြင်ကို ပျက်စီးစေတဲ့ အချက်ပါပဲ။ ဒါ့အပြင် တဖက်မှာ ခြောက်သွေ့နေတဲ့ မြေပြင်ဟာ လေရဲ့ဖျက်ဆီးခြင်းခံရပါတယ်။ အဲဒီကိစ္စတွေရဲ့ အဖြေက သစ်ပင်တွေပါ။ အရှိန်အဟုန်နဲ့ ဆင်းလာတဲ့ မိုးရေစက်တွေကို သစ်ရွက်တွေက ရပ်တန့်စေပါတယ်။ လေကြောင့် ပျက်စီးရတဲ့ မြေဆီလွှာကို သစ်ပင်ရဲ့ အမြစ်တွေက တွယ်ကုပ်ထားခြင်းနဲ့ မြေဆီလွှာကို လေရဲ့ဖျက်ဆီးခြင်းမှ ကာကွယ်ပေးပါတယ်။


နိဂုံးချုပ်အနေနဲ့ စာရေးသူက သစ်ပင်စိုက်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကြောင်း ပြောပါတယ်။ ကျနော်တို့ အိမ်ဝန်းကျင်မှာ သစ်ပင်တွေကို စိုက်ပျိုးခြင်ဖြင့် အံ့သြရလောက်အောင် သဘာဝ ပတ်ဝန်းကျင်အတွက် အကျိုးရှိကြောင်းလည်း တင်ပြသွားပါတယ်။ ဒါကြောင့် သစ်ပင် စိုက်ပျိုးခြင်းဟာ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းမှာ၊ ကျွန်တော်တို့ရဲ့ ဘဝ တန်ဖိုးတွေကို ကောင်းစွာ ထိန်းသိမ်း မြှင့်တင်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင်ကြီးကို တစ်ခုခု ပေးဆပ်ချင်တယ် ဆိုရင်တော့ သစ်ပင်စိုက်ခြင်းဟာ အကောင်းဆုံး စိတ်ကူး စိတ်သန်းပဲ ဖြစ်ပါလိမ့်မယ်လို့ နိဂုံးချုပ်ထားပါတယ်။
ဒီနေရာမှာ ကျွန်တော် ဖြည့်စွက်ပြောချင်တာက မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံမှာ ဂင်းနစ် စံချိန်တင်သွားတဲ့ ကျောင်းသားလေးများရဲ့ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲလို လူထုလှုပ်ရှားမှုမျိုး၊ အိန္ဒိယနိုင်ငံမှာ ဂန္ဒီကြီး ၁၄၉ နှစ်ပြည့် အထိမ်းအမှတ် သစ်ပင်ပေါင်း ၁၃၂၆၀ဝ၀ စိုက်ပျိုးတာလိုမျိုး ကျွန်တော်တို့ နိုင်ငံမှာ မဖြစ်နိုင်တော့ဘူးလား။ နိုင်ငံတော်မှာ သြဇာရှိသူ တိုက်တွန်းမှ လုပ်ကြတော့မှာလား။ ကျွန်တော်တို့ ရာသီဥတုရဲ့ ဆိုးရွား ပြင်းထန်လာမှုကို ကိုယ်မိသားစုကိစ္စလို သဘောထားပြီး ညီညွတ်စွာ ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်။