မူဆယ္ေဆြးေႏြးပြဲ၊ NLD ကို ကူဖူးတဲ့ ပါဝဲလ္ အယူအဆနဲ႔ တစ္ပြဲတိုး ျဖစ္စဥ္ကို ေရွာင္ၾကဥ္ရန္ လိုအပ္ျခင္း

0
397

စိုင္းထြန္းေအာင္လြင္

ၿငိမ္းခ်မ္းေရး ေဆြးေႏြးတည္ေဆာက္မႈကို တစ္ပြဲထိုး အေျဖရွာ သေဘာတူလက္မွတ္ ေရးထိုးဆိုတဲ႔ အခမ္းအနားမ်ဳိး အျမင္ထက္ ရန္ေစာင္အမုန္းပြားေနတဲ႔ ဘက္ႏွစ္ဘက္အၾကား ေရရွည္တည္တံ့တဲ့ ယံုၾကည္မႈကို အခ်ိန္နဲ႔အမွ် တည္ေဆာက္ေပးရတဲ့ ျဖစ္စဥ္တစ္ရပ္အျဖစ္ ႐ႈျမင္သေဘာထားရမွာျဖစ္တယ္လို႔ ဆုိလာသူကေတာ့ ဂ်ဳိနသန္ ပါဝဲလ္ပဲ ျဖစ္ပါတယ္။ သူဟာ ေျမာက္အိုင္ယာလန္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ ၿဗိတိသွ် အစိုးရဘက္က ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ေဆြးေႏြးညိွႏိႈင္းေရးအဖြဲ႔ ေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့သူပါ။ တစ္ခ်ိန္တည္းမွာလည္း သူဟာ ဝန္ႀကီးခ်ဳပ္ တိုနီဘလဲရဲ႕ ဝန္ႀကီးခ်ဳပ္႐ံုး အဖြဲ႔မွဴးရာထူးကို ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ လက္ရိွ ျမန္မာႏိုင္ငံရဲ႕ အရပ္သားအစိုးရျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) အစိုးရ လက္ထက္ က်င္းပခဲ့တဲ႔ ၂၁ ပင္လံု ပထမအႀကိမ္ကိုလည္း ဂ်ဳိနသန္ ပါဝဲလ္ တက္ေရာက္ခဲ့ၿပီး နည္းစနစ္ပိုင္းဆိုင္ရာ အႀကံေပးမႈေတြလည္း ျပဳလုပ္ခဲ့တယ္လို႔ ဆိုၾကပါတယ္။

ေစ့စပ္ေဆြးေႏြးမႈ ညိွႏိႈင္းျဖစ္စဥ္တစ္ခုကို အစျပဳလုိက္တာနဲ႔ အဲဒီျဖစ္စဥ္ကို ေရရွည္တည္တံ့ဖို႔အတြက္ ဦးတည္လုပ္ေဆာင္ရပါတယ္။ သူ႔အေနနဲ႔ေတာ့ စက္ဘီး သီအိုရီလို႔ သတ္မွတ္ၿပီး အဆက္မျပတ္ စီးနင္းေနရမည္ျဖစ္ကာ ရပ္လိုက္တာနဲ႔ လဲက်သြားမွာ ျဖစ္တယ္။ ရပ္ၿပီး ျပန္နင္းရင္လည္း အားစိုက္ရတယ္။ ေဆြးေႏြးပြဲက ဘယ္ေလာက္ပဲ ပင္ပန္းပါေစ၊ ရပ္တန္႔မသြားေအာင္ လုပ္ေဆာင္သြားရမွာ ျဖစ္သလို ခ်ဥ္းကပ္မႈ ပံုစံအေဟာင္းေတြနဲဲ႔ အဆင္မေျပရင္လည္း ပံုစံအသစ္အသစ္ ခ်ဥ္းကပ္မႈအသစ္နဲ႔ အဆက္မျပတ္ စဥ္းစားေဆြးေႏြး ေနရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ေဆြးေႏြးညိွႏိႈင္းတဲ့ အခါမွာလည္း သံတမန္ပိုင္းဆိုင္ရာ ညိွႏိႈင္းေဆြးေႏြးမႈေတြလိုပဲ စနစ္တက် တည္ေဆာက္ထားတဲ႔ ပံုစံတစ္ခုေတာ့ ရိွဖို႔လိုအပ္တယ္လို႔လည္း ေဟာင္ေကာင္ကို တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္အပ္ႏွံေရး၊ ၁၉၈၀ ျပည့္ႏွစ္ အလယ္ပိုင္းႏွစ္မ်ားက ဆိုဗီယက္ယူနီယံနဲ႔ ျပဳလုပ္တဲ႔ လက္နက္ ထိန္းခ်ဳပ္ျခင္းဆိုင္ရာ ေဆြးေႏြးပြဲမ်ားနဲ႔ ဂ်ာမန္ႏိုင္ငံ ျပန္လည္ေပါင္းစည္းျခင္းဆိုင္ရာ ေဆြးေႏြးမႈေတြမွာ ပါဝင္ခဲ့သူ ဂ်ဳိနသန္ ပါဝဲလ္က သူ႔ရဲ႕  How to End Armed Conflict စာအုပ္မွာ ေရးသားထားပါတယ္။

လက္နက္ကိုင္ အုပ္စုေတြနဲ႔ ေဆြးေႏြးညိွႏိႈင္းရျခင္း ဆိုတာဟာ အစည္းအေဝးေတြ မၾကာခဏ က်င္းပၿပီး လူသိရွင္ၾကား လက္မွတ္ေရးထိုးမႈ အခမ္းအနားေတြနဲ႔ အပစ္အခတ္ရပ္စဲေရးကို လုပ္လိုက္တာထက္  စိတ္ရွည္သည္းခံမႈေတြ၊ ႀကီးမားတဲ့ ဉာဏ္ပညာရိွမႈေတြ၊ ခိုင္မာတဲ႔ စိတ္ဆံုးျဖတ္မႈေတြနဲ႔အတူ ေရရွည္အက်ဳိး ေမ်ွာ္ကိုးၿပီး စီမံထားတဲ႔ ျဖစ္စဥ္ေတြနဲ႔ ခ်ဥ္းကပ္ေျဖရွင္းျခင္းကသာ အေကာင္းဆံုးပါပဲလို႔လည္း သူက ဆိုပါတယ္။ ပဋိပကၡ ေျဖရွင္းမႈနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ တည္ေဆာက္မႈအတြက္ သူအႀကံျပဳထားတဲ့ အခ်က္ ၂၀ ေလာက္ထဲမွာ ခိုင္မာတဲ႔ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္အတြက္ စနစ္က်တဲဲ႔ ဖြဲ႔စည္းတည္ေဆာက္မႈျဖစ္ဖို႔၊ ေစ့စပ္ညိွႏိႈင္းမႈဆိုတာ ေဆြးေႏြးျငင္းခုန္မႈ (Debate) နဲ႔ တရားေဟာဆံုးမ ၾသဝါဒေပးတာ (Preaching) မဟုတ္တာကို သတိျပဳဖို႔ လိုပါတယ္။

ၿငိမ္းခ်မ္း process အတြက္ အရိွန္ကို ထိန္းထားဖို႔ စကားလံုးေတြရဲ႕ အေရးပါမႈ၊ ေဆြးေႏြးပြဲေတြ က်င္းပမဲ့ ေနရာကို မွန္ကန္စြာ ေရြးခ်ယ္သတ္မွတ္ႏိုင္ဖို႔က ယံုၾကည္မႈ တည္ေဆာက္ရာမွာ အေရးပါတယ္လို႔လည္း ဆိုသလို ေစ့စပ္ညိွႏိႈင္းမႈ ျဖစ္စဥ္အတြက္ စီမံခ်က္ (၁) နဲ႔ မေအာင္ျမင္ရင္ အရံသင့္ (၂) ဆိုတာ ရိွရန္ လိုအပ္မႈ၊ ေစ့စပ္ေဆြးေႏြးမႈမ်ားမွာ အသြင္သ႑ာန္နဲ႔ အမွတ္သ႐ုပ္လကၡဏာေတြရဲ႕ အေရးပါမႈကို အေလးထားမႈကလည္း အေရးႀကီးတယ္လို႔ မစၥတာ ပါဝဲလ္က ဆိုထားပါတယ္။

အေရးႀကီးတဲ့ အခ်က္ကေတာ့ ေစ့စပ္ညိွႏိႈင္း ေဆြးေႏြးေရးကို မဟာဗ်ဴဟာတက် လုပ္ဖို႔လိုသလို အေျခအေန၊ အခ်ိန္အခါအလိုက္ ျပဳလြယ္ျပင္လြယ္ရိွေစရန္ စီမံထားဖို႔ကလည္း အေရးအႀကီးဆံုးျဖစ္ၿပီး ေစ့စပ္ညိွႏိႈင္းမႈ ျဖစ္စဥ္နဲ႔ ပတ္သက္တဲ႔ အႏိၱမရည္မွန္းခ်က္ကိုမူ ခိုင္ခိုင္မာမာ အေမွ်ာ္အျမင္ရိွရိွ ထားဖို႔ လိုတယ္လို႔ သူ႔စာအုပ္ထဲမွာ ေဖာ္ျပထားပါတယ္။ အေရးႀကီးတဲ့ အခ်က္ကေတာ့ ကမာၻတစ္လႊားမွာရိွတဲ႔ အမ်ဳိးမ်ဳိးေသာ ေစ့စပ္ညိွႏိႈင္းမႈ ျဖစ္စဥ္ေတြဟာ အာဏာခြဲေဝျခင္း၊ ရင္းျမစ္ခြဲေဝျခင္း စတဲ႔ တူညီတဲ့ ကိစၥရပ္ေတြ အေပၚမွာသာ ထပ္ခါတလဲလဲ ေျဖရွင္းေနၾကျခင္းျဖစ္ၿပီး ေစ့စပ္ညိွႏိႈင္းမႈမ်ားအတြက္ ေဆြးေႏြးဘက္ေတြအၾကား အေကာင္းဆံုး ကိုယ္စားျပဳမႈကို ျဖစ္ေပၚေစမယ့္ ဆံုးျဖတ္ခ်က္ ခ်မွတ္မႈျဖစ္စဥ္ကိုလည္း ႀကိဳတင္စဥ္းစားဖို႔ လိုတယ္လို႔လည္း သူက ဆိုပါတယ္။

လက္ရိွ တပ္မေတာ္ရဲ႕ အပစ္ရပ္ ေလးလတာကို ျပန္ၾကည့္မယ္ဆိုရင္ မၾကာေသးမီက မူဆယ္မွာ ေဆြးေႏြးတဲ့ ၄ ဖြဲ႔နဲ႔ အပစ္ရပ္ ေလးလတာ ကာလအတြင္း တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာ ေတြ႔ရမွာပါ။

ေဆြးေႏြးပြဲ မစခင္ တဘက္နဲ႔တဘက္ အဆိုျပဳခ်က္ေတြကို ၾကည့္မယ္ဆိုရင္ေတာ့ ၄ ဖြဲ႔စလံုးကို တဖြဲ႔ခ်င္း အပစ္ရပ္ ေဆြးေႏြးေရး လက္ခံမွ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔ေတြ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ ပါဝင္ႏိုင္မယ္ဆိုတဲ့ အယူအဆကို တိုင္းရင္းသား မဟာမိတ္ဘက္က ဆုပ္ကိုင္သလို အစိုးရ တပ္မေတာ္ဘက္ကေတာ့ Deed of Commitment စာခ်ဳပ္ကို လက္မွတ္ထိုး အပစ္ရပ္စာခ်ဳပ္ NCA ဝင္ဆိုတဲ့ အယူအဆကို လက္ကိုင္ထားတာပါ။

မၾကာေသးခင္ကပဲ ကခ်င္ KIA မွ အပ ေျမာက္ပိုင္း ၃ ဖြဲ႔ဟာ ရခိုင္ျပည္နယ္ စစ္ေရးဖိအားေပးမႈနဲ႔ ပတ္သက္လို႔ ေၾကညာခ်က္ထုတ္ျပန္ ႐ႈတ္ခ်ခဲ့ပါတယ္။ KIA ကေတာ့ ရခိုင္ျပည္နယ္အေရး ေၾကညာခ်က္ ထုတ္ျပန္မႈထဲ မပါဘဲ ကခ်င္လူမႈ႔  အဖြဲ႔အစည္းေတြဘက္က စစ္ေဘးေရွာင္ ေနရပ္ျပန္ေရး ေနျပည္ေတာ္မွာ လာေဆြးေႏြးခဲ့တာ သတိထားမိပါတယ္။

KIA အေနနဲ႔လည္း တဖြဲ႔ခ်င္း အပစ္ရပ္ေရး လိုလားႏိုင္ေပမယ့္ သူနဲ႔ နယ္ေျမခ်င္း ထိစပ္တဲ့ အဖြဲ႔ေတြ မပါဘဲ လက္မွတ္ထိုးဖို႔ဆိုတဲ့ ကိစၥကေတာ့ စိတ္ထင့္ေလး စိတ္မပါဟန္ ျဖစ္ေနဆဲပါပဲ။

ထူျခားခ်က္ကေတာ့ KIA နဲ႔ ေျမာက္ပိုင္း မဟာမိတ္အၾကား ထိစပ္ေနတဲ့ နယ္ေျမေတြျဖစ္တဲ့ KIA တပ္မဟာ (၆)၊ (၄) နယ္ေျမေတြကို စစ္တပ္က ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္းမွာ ဝင္ေရာက္ တိုက္ခိုက္ခဲ့တာပဲ ျဖစ္ပါတယ္။ မူဆယ္-ကြတ္ခိုင္ လမ္းေၾကာကေန သံလြင္ျမစ္ အေနာက္ဘက္ေက်ာ တေလွ်ာက္ အေရွ႕ဘက္ကမ္း ကိုးကန္႔နယ္အထိ ဆက္ႏိုင္တဲ့ နယ္ေျမမွာ KIA မရိွတာကို လိုလားသလား၊ ဒါမွမဟုတ္ ရွမ္းေျမာက္မွာ ကခ်င္ တည္ရိွေနမႈနဲ႔ အျခား တိုင္းရင္းသား တပ္ဖြဲ႔ေတြကလည္း အဲဒီ ခြင္မွာ အေျခခ်လိုေနမႈအေပၚ တပ္မေတာ္က ၾကားထဲ ဝင္ခြဲေပးဖို႔ လုပ္သလားေတာ့ ကာယကံရွင္ေတြပဲ သိပါလိမ့္မယ္။

ေနာက္ပိုင္းႏွစ္ေတြအတြင္း တပ္မေတာ္၊ အစိုးရတို႔နဲ႔ KIO တို႔အၾကား ေဆြးေႏြးပြဲကို ျပန္ၾကည့္ရင္ တပ္မဟာေတြ ေလွ်ာ့ခ်ဖို႔ဆိုတဲ့ ကိစၥကလည္း အၿမဲဲပါဝင္ေနတာပါ။ တဘက္ကလည္း ၁၉၉၄ မွာ KIA အေနနဲ႔ မဟာမိတ္ေတြကို စြန္႔ခြာၿပီး အပစ္ရပ္ခဲ့သလို ျပန္လုပ္ဦးမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ဳိး ရိွေကာင္းရိွေနႏိုင္ပါတယ္။

AA ရခိုင္တပ္ဖြဲ႔ အေနနဲ႔ ရခိုင္ျပည္နယ္မွာ မျဖစ္မေန အေျခခ်ရမႈကို အဲဒီလို တြက္ဆထားေကာင္း တြက္ဆထားသူေတြ ရိွေနႏိုင္ပါတယ္။

တအာင္းTNLA အဖြဲ႔၊ ကိုးကန္႔၊ AA သံုးဖြဲ႔ အေျခအေနကေတာ့ သံုးဖြဲ႔မွာ နွစ္ဖြဲ႔က ကခ်င္မွာ ေမြး၊ ‘ဝ’ ဆီမွာ ႀကီး ဆိုတဲ့ အေျခအေနမ်ဳိး ျဖစ္ေပမယ့္လည္း ေလာေလာလတ္လတ္ အေျခအေနအရေတာ့ TNLA ၊ ကိုးကန္႔တို႔ အေျခအေနကေတာ့ ပည္ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညွိႏိႈင္းေရးေကာ္မတီ (FPNCC) နဲ႔ အစိုးရတို႔ ညိွႏိႈင္းႏိုင္မႈ အေျခအေနမွာ မူတည္ေနပါတယ္။

ၿပီးခဲ့တဲ့ သၾကၤန္ကာလ ပန္ဆန္းမွာလုပ္တဲ့ ‘ဝ’ ႏွစ္ ၃၀ ျပည့္ အေျခအေနနဲ႔ ျမင္ကြင္းကို ျပန္ၾကည့္ရင္ေတာ့ ‘ဝ’ ကိုရရင္ က်န္သူေတြရ ဆိုၿပီး လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္အတြင္းက တပ္မေတာ္ဘက္က ခ်ဥ္းကပ္မႈေတြ လြဲေခ်ာ္ေနဆဲဲျဖစ္ေနေၾကာင္း အလြယ္တကူ သံုးသပ္လို႔ရပါတယ္။

‘ဝ’ ကေတာ့ တိုင္းရင္းသားေတြကို ႏိုင္ငံေရးအရ ေသခ်ာ ဦးေဆာင္မႈ မေပးႏိုင္ေပမယ့္ ဓန ဥစၥာ ၾကြယ္ဝမႈနဲ႔ အင္အားတို႔ေၾကာင့္ ၂၀၁၁ ခုႏွစ္ကေန ျပန္စတဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ႏိုင္ငံေရးအရေကာ စီးပြားေရးအရပါ တြက္ေျခကိုက္တဲ့အဖြဲ႔ ျဖစ္လာေနတာပါ။

တ႐ုတ္ဘက္က ၂၀၁၅ ခုႏွစ္အလြန္ အေစာပိုင္းမွာ တစံုတရာ တိုင္းရင္းသား အခြင့္အေရးေပးမွ ၿငိမ္းခ်မ္းေရး ရယူႏိုင္မယ္ဆိုတဲ့ အသြင္နဲဲ႔ အစိုးရ တပ္မေတာ္ဘက္ကို တိုက္တြန္းတာေတြ လုပ္ခဲ့ေပမယ့္ အဲဒီ အစီအစဥ္ မလြယ္ခဲ့တဲ့ေနာက္မွာ နယ္စပ္ တည္ၿငိမ္ေရးဆိုတဲ့ ကိစၥကို ဦးစားေပးလာၿပီး ရပ္ဝန္းနဲ႔ ပိုးလမ္းမ BRI မွာ အေရးပါတဲ့  ေရႊလီ-မန္း ရထာားလမ္း အူေၾကာင္း ေလ့လာေရးကာလအတြင္း အပစ္ရပ္စဲေရး လုပ္ထားေပးဖို႔ တြန္းအားေပးခဲ့ပါတယ္။

စစ္တိုင္း ၅ တိုင္းမွာ အကန္႔အသတ္နဲ႔ ေလးလတာ အပစ္ရပ္စဲေရးဟာ ႏိုင္ငံတကာဖိအား အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အေျခအေနကေတာ့ ခဏတာ ေျဖေလွ်ာ့မႈ ျပသႏိုင္ဖို႔အတြက္ ရည္ရြယ္မႈလား၊ ေရရွည္တည္တံ့တဲဲ့ အပစ္ရပ္စဲမႈ ၿငိမ္းခ်မ္းေရး အတြက္လားဆိုတာ အခုအခ်ိန္မွာေတာ့ ဒိြဟ ျဖစ္စရာ မလိုေတာ့ပါ။

ဒါေပမယ့္ တ႐ုတ္ရဲ႕ ႏိုင္ငံတကာ ပဋိပကၡၾကား၀င္ ေဆာင္ရြက္မႈေတြမွာ Social Order, Social Harmony လို ကိစၥေတြက ပါလာတဲ့အတြက္ အရင္ ဗကပ ေခတ္လို ပါတီခ်င္း ပါတီဆက္ဆံေရး မဟုတ္ေတာ့တာ လူမႈ အသိုင္းအဝိုင္း အခ်င္းခ်င္း သဟဇာတ ျဖစ္ေရးလို ကိစၥေတြက တ႐ုတ္ရဲ႕ ႏိုင္ငံျခားေရး ေပၚလစီျဖစ္တဲ့ People to People လူထုအခ်င္းခ်င္း ဆက္ဆံေရးမွာ အေရးပါလာမႈေတြက ေျမာက္ပိုင္းက လူမ်ဳိးစု တိုင္းရင္းသား တပ္ေတြနဲ႔ ဗဟိုအစိုးရအၾကား အပစ္ရပ္စဲႏိုင္ေရး  တ႐ုတ္-ျမန္မာ နယ္စပ္ တည္ၿငိမ္ေရးတို႔မွာ ထည့္တြက္ရမယ့္ တ႐ုတ္ရဲ႕ မူဝါဒဆိုင္ရာ ရပ္တည္မႈေတြပဲ ျဖစ္ပါတယ္။

ေျမာက္ပိုင္းမွာ NCA ထိုးဖို႔ က်န္ေနတဲ့ အဖြဲ႔ ၇ ဖြဲ႔ကို ျပန္ၾကည့္ရင္ AA ရခိုင္တပ္ဖြဲ႔မွအပ က်န္အဖြဲ႔ေတြဟာ အမ်ဳိးသားညီလာခံလို ပြဲေတြနဲ႔ တနည္းမဟုတ္ တနည္း ပတ္သက္ဖူးတဲ့ အဖြဲ႔ေတြပဲ ျဖစ္ပါတယ္။

ရခိုင္ေဒသဘက္ၾကည့္ရင္ေတာ့ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသူ မြတ္စလင္ေတြ ျပန္လည္လက္ခံႏိုင္ေရး ကိစၥကအစ၊ ရခိုင္အမ်ဳိးသားေရး လႈပ္ရွားမႈအလယ္၊ တပ္မေတာ္ ေခါင္းေဆာင္ေတြကို ႏိုင္ငံတကာ ရာဇဝတ္မႈ ခံု႐ံုးတင္ႏိုင္ေရး ႀကိဳးပမ္းခ်က္ေတြဟာ ရခိုင္ေဒသတြင္းမွာ လတ္တေလာ ျဖစ္ေနတဲ့ AA နဲ႔ တပ္မေတာ္ အၾကား တိုက္ပြဲေတြအထိ ဆက္ႏြယ္လာတာ ေတြ႔ရမွာျဖစ္ပါတယ္။

ျပန္ၾကည့္မယ္ဆိုရင္ေတာ့ ၄ လတာ အကန္႔အသတ္နဲ႔ လုပ္တဲ့ ယာယီ တဘက္သတ္ အပစ္ရပ္စဲေရးဟာ ေရရွည္ တည္တံ႔မယ့္ ၿငိမ္းခ်မ္းေရးအတြက္ေတာ့ ႀကီးႀကီးမားမား အေထာက္အကူ မျပဳခဲ့ဘူးလို႔ေတာ့ ေယဘူယ် ေကာက္ခ်က္ခ်ႏိုင္ပါတယ္။

အဒမ္ပ႐ိုစကီး အဆိုအရေတာ့ ဒီမိုကေရစီဆိုတာ မေရရာမႈ မတည္ၿငိမ္မႈေတြကတဆင့္ ရယူ တည္ေဆာက္ရတာလို႔ ဆိုထားတာေၾကာင့္ မေရရာမႈ ျဖစ္ေနတဲ့ အေနအထား ေက်ာ္လႊားႏိုင္ဖို႔အတြက္ မွားယြင္းတဲ့ ေျခလွမ္းဗ်ဴဟာေတြကို ျပန္လည္သံုးသပ္ရမယ့္ အေျခအေနနဲ႔အခ်ိန္ ေရာက္ေနပါၿပီ။

လတ္တေလာ အခင္းအက်င္းမွာ ပဋိပကၡ ရပ္စဲေရးအတြက္ အေကာင္းဆံုးျဖစ္ႏိုင္တဲ့ ထြက္ေပါက္ကေတာ့ စစ္တိုင္းအားလံုး စစ္ဆင္ေရး နယ္ေျမအားလံုးမွာ အပစ္ရပ္စဲေရး ျပဳလုပ္ေၾကာင္း ေၾကညာေပးမႈနဲဲ႔ NCA ထဲ မပါႏိုင္ေသးတဲ့ တိုင္းရင္းသားတပ္ဖြဲ႔ေတြကိုု တဖြဲ႔ခ်င္း အပစ္ရပ္စဲႏိုင္ေရးအတြက္ လက္ခံမႈဟာ ေသနတ္ သံမထြက္ေစမယ့္ တစ္ခုတည္းေသာ ထြက္ေပါက္ျဖစ္ေနပါတယ္။

မူဆယ်ဆွေးနွေးပွဲ၊ NLD ကို ကူဖူးတဲ့ ပါဝဲလ် အယူအဆနဲ့ တစ်ပွဲထိုး ဖြစ်စဉ်ကို ရှောင်ကြဉ်ရန် လိုအပ်ခြင်း


စိုင်းထွန်းအောင်လွင်
ငြိမ်းချမ်းရေး ဆွေးနွေးတည်ဆောက်မှုကို တစ်ပွဲထိုး အဖြေရှာ သဘောတူလက်မှတ် ရေးထိုးဆိုတဲ့ အခမ်းအနားမျိုး အမြင်ထက် ရန်စောင်အမုန်းပွားနေတဲ့ ဘက်နှစ်ဘက်အကြား ရေရှည်တည်တံ့တဲ့ ယုံကြည်မှုကို အချိန်နဲ့အမျှ တည်ဆောက်ပေးရတဲ့ ဖြစ်စဉ်တစ်ရပ်အဖြစ် ရှုမြင်သဘောထားရမှာဖြစ်တယ်လို့ ဆိုလာသူကတော့ ဂျိုနသန် ပါဝဲလ်ပဲ ဖြစ်ပါတယ်။ သူဟာ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဗြိတိသျှ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှု ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။ တစ်ချိန်တည်းမှာလည်း သူဟာ ဝန်ကြီးချုပ် တိုနီဘလဲရဲ့ ဝန်ကြီးချုပ်ရုံး အဖွဲ့မှူးရာထူးကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ ပထမအကြိမ်ကိုလည်း ဂျိုနသန် ပါဝဲလ် တက်ရောက်ခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။


စေ့စပ်ဆွေးနွေးမှု ညှိနှိုင်းဖြစ်စဉ်တစ်ခုကို အစပြုလိုက်တာနဲ့ အဲဒီဖြစ်စဉ်ကို ရေရှည်တည်တံ့ဖို့အတွက် ဦးတည်လုပ်ဆောင်ရပါတယ်။ သူ့အနေနဲ့တော့ စက်ဘီး သီအိုရီလို့ သတ်မှတ်ပြီး အဆက်မပြတ် စီးနင်းနေရမည်ဖြစ်ကာ ရပ်လိုက်တာနဲ့ လဲကျသွားမှာ ဖြစ်တယ်။ ရပ်ပြီး ပြန်နင်းရင်လည်း အားစိုက်ရတယ်။ ဆွေးနွေးပွဲက ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ရပ်တန့်မသွားအောင် လုပ်ဆောင်သွားရမှာ ဖြစ်သလို ချဉ်းကပ်မှု ပုံစံအဟောင်းတွေနဲ့ အဆင်မပြေရင်လည်း ပုံစံအသစ်အသစ် ချဉ်းကပ်မှုအသစ်နဲ့ အဆက်မပြတ် စဉ်းစားဆွေးနွေး နေရမှာဖြစ်တယ်လို့ ဆိုပါတယ်။


လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အခါမှာလည်း သံတမန်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေလိုပဲ စနစ်တကျ တည်ဆောက်ထားတဲ့ ပုံစံတစ်ခုတော့ ရှိဖို့လိုအပ်တယ်လို့လည်း ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်အပ်နှံရေး၊ ၁၉၈၀ ပြည့်နှစ် အလယ်ပိုင်းနှစ်များက ဆိုဗီယက်ယူနီယံနဲ့ ပြုလုပ်တဲ့ လက်နက် ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများနဲ့ ဂျာမန်နိုင်ငံ ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့သူ ဂျိုနသန် ပါဝဲလ်က သူ့ရဲ့ How to End Armed Conflict စာအုပ်မှာ ရေးသားထားပါတယ်။


လက်နက်ကိုင် အုပ်စုတွေနဲ့ ဆွေးနွေးညှိနှိုင်းရခြင်း ဆိုတာဟာ အစည်းအဝေးတွေ မကြာခဏ ကျင်းပပြီး လူသိရှင်ကြား လက်မှတ်ရေးထိုးမှု အခမ်းအနားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်လိုက်တာထက် စိတ်ရှည်သည်းခံမှုတွေ၊ ကြီးမားတဲ့ ဉာဏ်ပညာရှိမှုတွေ၊ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်မှုတွေနဲ့အတူ ရေရှည်အကျိုး မျှော်ကိုးပြီး စီမံထားတဲ့ ဖြစ်စဉ်တွေနဲ့ ချဉ်းကပ်ဖြေရှင်းခြင်းကသာ အကောင်းဆုံးပါပဲလို့လည်း သူက ဆိုပါတယ်။ ပဋိပက္ခ ဖြေရှင်းမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်မှုအတွက် သူအကြံပြုထားတဲ့ အချက် ၂၀ လောက်ထဲမှာ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စနစ်ကျတဲ့ ဖွဲ့စည်းတည်ဆောက်မှုဖြစ်ဖို့၊ စေ့စပ်ညှိနှိုင်းမှုဆိုတာ ဆွေးနွေးငြင်းခုန်မှု (Debate) နဲ့ တရားဟောဆုံးမ သြဝါဒပေးတာ (Preaching) မဟုတ်တာကို သတိပြုဖို့ လိုပါတယ်။ ငြိမ်းချမ်း process အတွက် အရှိန်ကို ထိန်းထားဖို့ စကားလုံးတွေရဲ့ အရေးပါမှု၊ ဆွေးနွေးပွဲတွေ ကျင်းပမဲ့ နေရာကို မှန်ကန်စွာ ရွေးချယ်သတ်မှတ်နိုင်ဖို့က ယုံကြည်မှု တည်ဆောက်ရာမှာ အရေးပါတယ်လို့လည်း ဆိုသလို စေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ်အတွက် စီမံချက် (၁) နဲ့ မအောင်မြင်ရင် အရံသင့် (၂) ဆိုတာ ရှိရန် လိုအပ်မှု၊ စေ့စပ်ဆွေးနွေးမှုများမှာ အသွင်သဏ္ဍာန်နဲ့ အမှတ်သရုပ်လက္ခဏာတွေရဲ့ အရေးပါမှုကို အလေးထားမှုကလည်း အရေးကြီးတယ်လို့ မစ္စတာ ပါဝဲလ်က ဆိုထားပါတယ်။


အရေးကြီးတဲ့ အချက်ကတော့ စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးကို မဟာဗျူဟာတကျ လုပ်ဖို့လိုသလို အခြေအနေ၊ အချိန်အခါအလိုက် ပြုလွယ်ပြင်လွယ်ရှိစေရန် စီမံထားဖို့ကလည်း အရေးအကြီးဆုံးဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အန္တိမရည်မှန်းချက်ကိုမူ ခိုင်ခိုင်မာမာ အမျှော်အမြင်ရှိရှိ ထားဖို့ လိုတယ်လို့ သူ့စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ်တွေဟာ အာဏာခွဲဝေခြင်း၊ ရင်းမြစ်ခွဲဝေခြင်း စတဲ့ တူညီတဲ့ ကိစ္စရပ်တွေ အပေါ်မှာသာ ထပ်ခါတလဲလဲ ဖြေရှင်းနေကြခြင်းဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများအတွက် ဆွေးနွေးဘက်တွေအကြား အကောင်းဆုံး ကိုယ်စားပြုမှုကို ဖြစ်ပေါ်စေမယ့် ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်ကိုလည်း ကြိုတင်စဉ်းစားဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။


လက်ရှိ တပ်မတော်ရဲ့ အပစ်ရပ် လေးလတာကို ပြန်ကြည့်မယ်ဆိုရင် မကြာသေးမီက မူဆယ်မှာ ဆွေးနွေးတဲ့ ၄ ဖွဲ့နဲ့ အပစ်ရပ် လေးလတာ ကာလအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ တွေ့ရမှာပါ။


ဆွေးနွေးပွဲ မစခင် တဘက်နဲ့တဘက် အဆိုပြုချက်တွေကို ကြည့်မယ်ဆိုရင်တော့ ၄ ဖွဲ့စလုံးကို တဖွဲ့ချင်း အပစ်ရပ် ဆွေးနွေးရေး လက်ခံမှ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နိုင်မယ်ဆိုတဲ့ အယူအဆကို တိုင်းရင်းသား မဟာမိတ်ဘက်က ဆုပ်ကိုင်သလို အစိုးရ တပ်မတော်ဘက်ကတော့ Deed of Commitment စာချုပ်ကို လက်မှတ်ထိုး အပစ်ရပ်စာချုပ် NCA ဝင်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတာပါ။


မကြာသေးခင်ကပဲ ကချင် KIA မှ အပ မြောက်ပိုင်း ၃ ဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်ရေးဖိအားပေးမှုနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။ KIA ကတော့ ရခိုင်ပြည်နယ်အရေး ကြေညာချက် ထုတ်ပြန်မှုထဲ မပါဘဲ ကချင်လူမှု့ အဖွဲ့အစည်းတွေဘက်က စစ်ဘေးရှောင် နေရပ်ပြန်ရေး နေပြည်တော်မှာ လာဆွေးနွေးခဲ့တာ သတိထားမိပါတယ်။


KIA အနေနဲ့လည်း တဖွဲ့ချင်း အပစ်ရပ်ရေး လိုလားနိုင်ပေမယ့် သူနဲ့ နယ်မြေချင်း ထိစပ်တဲ့ အဖွဲ့တွေ မပါဘဲ လက်မှတ်ထိုးဖို့ဆိုတဲ့ ကိစ္စကတော့ စိတ်ထင့်လေး စိတ်မပါဟန် ဖြစ်နေဆဲပါပဲ။


ထူခြားချက်ကတော့ KIA နဲ့ မြောက်ပိုင်း မဟာမိတ်အကြား ထိစပ်နေတဲ့ နယ်မြေတွေဖြစ်တဲ့ KIA တပ်မဟာ (၆)၊ (၄) နယ်မြေတွေကို စစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ မူဆယ်-ကွတ်ခိုင် လမ်းကြောကနေ သံလွင်မြစ် အနောက်ဘက်ကျော တလျှောက် အရှေ့ဘက်ကမ်း ကိုးကန့်နယ်အထိ ဆက်နိုင်တဲ့ နယ်မြေမှာ KIA မရှိတာကို လိုလားသလား၊ ဒါမှမဟုတ် ရှမ်းမြောက်မှာ ကချင် တည်ရှိနေမှုနဲ့ အခြား တိုင်းရင်းသား တပ်ဖွဲ့တွေကလည်း အဲဒီ ခွင်မှာ အခြေချလိုနေမှုအပေါ် တပ်မတော်က ကြားထဲ ဝင်ခွဲပေးဖို့ လုပ်သလားတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။


နောက်ပိုင်းနှစ်တွေအတွင်း တပ်မတော်၊ အစိုးရတို့နဲ့ KIO တို့အကြား ဆွေးနွေးပွဲကို ပြန်ကြည့်ရင် တပ်မဟာတွေ လျှော့ချဖို့ဆိုတဲ့ ကိစ္စကလည်း အမြဲပါဝင်နေတာပါ။ တဘက်ကလည်း ၁၉၉၄ မှာ KIA အနေနဲ့ မဟာမိတ်တွေကို စွန့်ခွာပြီး အပစ်ရပ်ခဲ့သလို ပြန်လုပ်ဦးမလားဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိကောင်းရှိနေနိုင်ပါတယ်။


AA ရခိုင်တပ်ဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်မှာ မဖြစ်မနေ အခြေချရမှုကို အဲဒီလို တွက်ဆထားကောင်း တွက်ဆထားသူတွေ ရှိနေနိုင်ပါတယ်။
တအာင်းTNLA အဖွဲ့၊ ကိုးကန့်၊ AA သုံးဖွဲ့ အခြေအနေကတော့ သုံးဖွဲ့မှာ နှစ်ဖွဲ့က ကချင်မှာ မွေး၊ ‘ဝ’ ဆီမှာ ကြီး ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေမယ့်လည်း လောလောလတ်လတ် အခြေအနေအရတော့ TNLA ၊ ကိုးကန့်တို့ အခြေအနေကတော့ ပည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နဲ့ အစိုးရတို့ ညှိနှိုင်းနိုင်မှု အခြေအနေမှာ မူတည်နေပါတယ်။


ပြီးခဲ့တဲ့ သင်္ကြန်ကာလ ပန်ဆန်းမှာလုပ်တဲ့ ‘ဝ’ နှစ် ၃၀ ပြည့် အခြေအနေနဲ့ မြင်ကွင်းကို ပြန်ကြည့်ရင်တော့ ‘ဝ’ ကိုရရင် ကျန်သူတွေရ ဆိုပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်အတွင်းက တပ်မတော်ဘက်က ချဉ်းကပ်မှုတွေ လွဲချော်နေဆဲဖြစ်နေကြောင်း အလွယ်တကူ သုံးသပ်လို့ရပါတယ်။


‘ဝ’ ကတော့ တိုင်းရင်းသားတွေကို နိုင်ငံရေးအရ သေချာ ဦးဆောင်မှု မပေးနိုင်ပေမယ့် ဓန ဥစ္စာ ကြွယ်ဝမှုနဲ့ အင်အားတို့ကြောင့် ၂၀၁၁ ခုနှစ်ကနေ ပြန်စတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရကော စီးပွားရေးအရပါ တွက်ခြေကိုက်တဲ့အဖွဲ့ ဖြစ်လာနေတာပါ။


တရုတ်ဘက်က ၂၀၁၅ ခုနှစ်အလွန် အစောပိုင်းမှာ တစုံတရာ တိုင်းရင်းသား အခွင့်အရေးပေးမှ ငြိမ်းချမ်းရေး ရယူနိုင်မယ်ဆိုတဲ့ အသွင်နဲ့ အစိုးရ တပ်မတော်ဘက်ကို တိုက်တွန်းတာတွေ လုပ်ခဲ့ပေမယ့် အဲဒီ အစီအစဉ် မလွယ်ခဲ့တဲ့နောက်မှာ နယ်စပ် တည်ငြိမ်ရေးဆိုတဲ့ ကိစ္စကို ဦးစားပေးလာပြီး ရပ်ဝန်းနဲ့ ပိုးလမ်းမ BRI မှာ အရေးပါတဲ့ ရွှေလီ-မန်း ရထားလမ်း အူကြောင်း လေ့လာရေးကာလအတွင်း အပစ်ရပ်စဲရေး လုပ်ထားပေးဖို့ တွန်းအားပေးခဲ့ပါတယ်။


စစ်တိုင်း ၅ တိုင်းမှာ အကန့်အသတ်နဲ့ လေးလတာ အပစ်ရပ်စဲရေးဟာ နိုင်ငံတကာဖိအား အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကတော့ ခဏတာ ဖြေလျှော့မှု ပြသနိုင်ဖို့အတွက် ရည်ရွယ်မှုလား၊ ရေရှည်တည်တံ့တဲ့ အပစ်ရပ်စဲမှု ငြိမ်းချမ်းရေး အတွက်လားဆိုတာ အခုအချိန်မှာတော့ ဒွိဟ ဖြစ်စရာ မလိုတော့ပါ။


ဒါပေမယ့် တရုတ်ရဲ့ နိုင်ငံတကာ ပဋိပက္ခကြားဝင် ဆောင်ရွက်မှုတွေမှာ Social Order, Social Harmony လို ကိစ္စတွေက ပါလာတဲ့အတွက် အရင် ဗကပ ခေတ်လို ပါတီချင်း ပါတီဆက်ဆံရေး မဟုတ်တော့တာ လူမှု အသိုင်းအဝိုင်း အချင်းချင်း သဟဇာတ ဖြစ်ရေးလို ကိစ္စတွေက တရုတ်ရဲ့ နိုင်ငံခြားရေး ပေါ်လစီဖြစ်တဲ့ People to People လူထုအချင်းချင်း ဆက်ဆံရေးမှာ အရေးပါလာမှုတွေက မြောက်ပိုင်းက လူမျိုးစု တိုင်းရင်းသား တပ်တွေနဲ့ ဗဟိုအစိုးရအကြား အပစ်ရပ်စဲနိုင်ရေး တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေးတို့မှာ ထည့်တွက်ရမယ့် တရုတ်ရဲ့ မူဝါဒဆိုင်ရာ ရပ်တည်မှုတွေပဲ ဖြစ်ပါတယ်။


မြောက်ပိုင်းမှာ NCA ထိုးဖို့ ကျန်နေတဲ့ အဖွဲ့ ၇ ဖွဲ့ကို ပြန်ကြည့်ရင် AA ရခိုင်တပ်ဖွဲ့မှအပ ကျန်အဖွဲ့တွေဟာ အမျိုးသားညီလာခံလို ပွဲတွေနဲ့ တနည်းမဟုတ် တနည်း ပတ်သက်ဖူးတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။


ရခိုင်ဒေသဘက်ကြည့်ရင်တော့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူ မွတ်စလင်တွေ ပြန်လည်လက်ခံနိုင်ရေး ကိစ္စကအစ၊ ရခိုင်အမျိုးသားရေး လှုပ်ရှားမှုအလယ်၊ တပ်မတော် ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင်နိုင်ရေး ကြိုးပမ်းချက်တွေဟာ ရခိုင်ဒေသတွင်းမှာ လတ်တလော ဖြစ်နေတဲ့ AA နဲ့ တပ်မတော် အကြား တိုက်ပွဲတွေအထိ ဆက်နွယ်လာတာ တွေ့ရမှာဖြစ်ပါတယ်။
ပြန်ကြည့်မယ်ဆိုရင်တော့ ၄ လတာ အကန့်အသတ်နဲ့ လုပ်တဲ့ ယာယီ တဘက်သတ် အပစ်ရပ်စဲရေးဟာ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးအတွက်တော့ ကြီးကြီးမားမား အထောက်အကူ မပြုခဲ့ဘူးလို့တော့ ယေဘူယျ ကောက်ချက်ချနိုင်ပါတယ်။


အဒမ်ပရိုစကီး အဆိုအရတော့ ဒီမိုကရေစီဆိုတာ မရေရာမှု မတည်ငြိမ်မှုတွေကတဆင့် ရယူ တည်ဆောက်ရတာလို့ ဆိုထားတာကြောင့် မရေရာမှု ဖြစ်နေတဲ့ အနေအထား ကျော်လွှားနိုင်ဖို့အတွက် မှားယွင်းတဲ့ ခြေလှမ်းဗျူဟာတွေကို ပြန်လည်သုံးသပ်ရမယ့် အခြေအနေနဲ့အချိန် ရောက်နေပါပြီ။
လတ်တလော အခင်းအကျင်းမှာ ပဋိပက္ခ ရပ်စဲရေးအတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ ထွက်ပေါက်ကတော့ စစ်တိုင်းအားလုံး စစ်ဆင်ရေး နယ်မြေအားလုံးမှာ အပစ်ရပ်စဲရေး ပြုလုပ်ကြောင်း ကြေညာပေးမှုနဲ့ NCA ထဲ မပါနိုင်သေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို တဖွဲ့ချင်း အပစ်ရပ်စဲနိုင်ရေးအတွက် လက်ခံမှုဟာ သေနတ် သံမထွက်စေမယ့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)