နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၁၂)

0
83

လေ့လာသင်ယူခြင်းနဲ့ ပတ်သက်ပြီး နာမည်ကျော် အမေရိကန်စာကြည့်တိုက်မှူး ဂျွန် ကော်တန် ဒါနာ (John Cotton Dana) ပြောခဲ့တာလေးကို ကြိုက်မိသည်။“Who dares to teach must never cease to learn” (စာသင်မယ့်သူဟာ အမြဲတမ်းလေ့လာနေရမယ်)။
အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ကိုယ်သိထားတာတွေ၊ ကိုယ်သင်ခဲ့ရတာတွေက တစ်ချိန်မဟုတ် တစ်ချိန်မှာ ခေတ်နောက်ကျသွားမှာ၊ မလုံလောက်တော့မှာ မလွဲဧကန်ပါ။ ဒါကြောင့် ဆရာ၊ ဆရာမတွေကလည်း ခေတ်နဲ့အညီလိုက်ပြီး ကျောင်းသားတွေကို သင်ကြားပေးနိုင်ဖို့ ကိုယ်တိုင်က အမြဲလေ့လာနေဖို့ လိုအပ်ပါသည်။ လေ့လာလိုစိတ်၊ လေ့လာတာ ကိုယ့်အတွက်လည်း အကျိုးရှိတယ်ဆိုတဲ့ စိတ်မျိုး ထားသင့်ပါသည်။

The mindset of teachers

လူတစ်ယောက်မှာ သူ့ရဲ့ စိတ်နေစိတ်ထားက အဓိကကျတယ်လို့ မိမိထင်ပါသည်။ တခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေပြောပြော နောက်ဆုံးတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်တတ်တာ လူ့သဘာဝပါ။ ကျောင်းသားတွေကို ဆရာတွေက ဆုံးမ လမ်းညွှန်တာပဲ လုပ်နိုင်ပါသည်။ တကယ့်ဆုံးဖြတ်ချက်ကတော့ ကျောင်းသားတွေ ကိုယ်တိုင်ပဲ ချရ မှာပါ။ မကြာခင်တုန်းက မိမိကလေးဘဝက စာသင်ပေးခဲ့ကြတဲ့ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့နဲ့ စကားပြောတဲ့အခါ သူတို့၏ လက်ရှိ ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲများကို ပြောပြခဲ့သလို အနာဂတ်ပညာရေးကို သူတို့ အားတက်စွာ ဖော်ဆောင်နေကြတဲ့ အကြောင်းပြောလာတော့ အတိုင်းမသိ ဝမ်းသာရပါသည်။

အလားတူ အစိုးရက ဆရာ ဆရာမတွေကို သင်တန်းတွေမှာ စာသင်နည်း အသစ်တွေအကြောင်း၊ သင်ထောက်ကူပစ္စည်း အသစ်တွေအကြောင်း၊ ခေတ်နဲ့ညီတဲ့ ကျောင်းသုံးပြဌာန်း စာအုပ်တွေအကြောင်း စတာတွေ သင်တန်းပေးနိုင်ပေမယ့် တကယ် လက်တွေ့သုံးတယ်၊ မသုံးဘူးဆိုတာကတော့ ဆရာတွေရဲ့ စိတ်နေစိတ်ထားပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါဆိုတာကအစ ဆရာမကြီး ဒေါ်ရီရီမြင့်က အားတက်သရော ပြောပြပါသည်။

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့က မိမိ မွေးရပ်မြေမှာ စာသင်ခဲ့တဲ့ နှစ်မှာစပြီး နှစ်စဉ်နှစ်တိုင်း ဆရာ ဆရာမတွေဟာ သင်ကြားနည်းစနစ်တွေနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို မတက်မနေ တက်ရပါသည်။ အဲဒီအခါ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ဟာ သူတို့၏ လုပ်ဖော်ကိုင်ဖက်တချို့က စာသင်တယ်ဆိုတာ ကိုယ်တတ်ထားတာကို ပြန်ရှင်းပြလိုက်ရုံပဲ၊ သင်ကြားနည်းစနစ်တွေအကြောင်း ဆွေးနွေးတာတို့၊ သင်ယူလေ့လာဖို့ မလိုဘူးလို့ စိတ်ထဲခံယူထားကြတယ်ဆိုတာ ပြောပြခဲ့ပါသည်။

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့က တစ်ချို့တွေကတော့ သူတို့ အဲဒီလို သင်တန်းတွေကို မတက်မနေရမို့သာ သွားတက်ကြပေမယ့် ဘာကိုမှ လေ့လာတာမျိုး၊ ပြီးတော့ ပြန်အသုံးချတာမျိုး မလုပ်ကြကြောင်း၊ တချို့ဆရာတွေက သူတို့ဘာသာရပ်ကို ပိုင်နိုင်ကြတဲ့အတွက် စာကို သေချာရှင်းပြနိုင်ကြကြောင်း ပြောပါတယ်။ ဒါပေမယ့် ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ ခံယူထားကြတာက ဒါနဲ့တင် မလုံလောက်ပါဘူး။ သင်ကြားနည်းမှာပါ ကျွမ်းကျင်မှသာ ကျောင်းသားတွေက စိတ်ဝင်တစားဖြစ်ပြီး ပိုပြီး လေ့လာသင်ယူကြမှာပဲ ဖြစ်ပါသည်။

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ ဆက်ပြောတာက ယခုခေတ်ကြီးမှာ ကျောင်းသားတွေဟာ စာအုပ်တွေထဲမှာပါတဲ့ အချက်အလက်ကြွယ်ဝတာနဲ့ မလုံလောက်တော့ကြောင်း၊ တကယ့်လက်တွေ့မှာ အဲဒီ အချက်အလက်တွေကို ဘယ်လို အသုံးချမလဲ၊ အဲဒါတွေသုံးပြီး တခြားအရာတွေနဲ့ ဘယ်လို ဆက်စပ်တွေးခေါ်လေ့လာမလဲ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘယ်လို တွေးခေါ်နိုင်သလဲဆိုတာတွေက အရေးကြီးလာကြောင်း ပြောပါသည်။ ကျောင်းသားတစ်ယောက်ကို ဘက်ပေါင်းစုံ ပညာရေးမျိုး (holistic education) ပေးဖို့ လိုအပ်လာပါပြီဆိုတာကို ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့က ခံယူထားကြပါသည်။

How teachers see the purpose of education

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ အလေးအနက် စဉ်းစားတာကတော့ ကျောင်းသားတွေကို သူတို့အတန်းတွေထဲမှာ ဘယ်လိုပညာရေးမျိုး ပေးမလဲ ဆိုတာပါပဲ။
ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့က ပညာရေးရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားထားပါသည်။ “ပညာရေးဆိုတာ စာသင်ခန်းတွေထဲမှာ လေ့လာသင်ယူတာကိုသာ ဆိုလိုတာ မဟုတ်ပါဘူး၊ စတင်မှတ်သားတတ်တဲ့ ကလေးဘဝ အရွယ်ကနေ ဘဝတစ်လျှောက်လုံး လေ့လာသင်ယူနေမှုကို ဆိုလိုတာပါ။ တကယ်တော့ စာသင်ခန်းတွေဆိုတာ ပညာရေးရဲ့ တစိတ်တဒေသပဲ ဖြစ်ပါတယ်”။

ဒါဟာ ပညာရေးအပေါ် မှန်ကန်တဲ့ သုံးသပ်ချက်ပါ။ မိမိကိုယ်တိုင်လည်း ကျောင်းမှာ သင်ယူခဲ့ရတာတွေပေါ် အခြေခံပြီး ကိုယ့်ဘာသာ လေ့လာခဲ့ရတာတွေ၊ လုပ်သက်ကြာလာတာနဲ့အမျှ အတွေ့အကြုံက သင်ကြားပေးခဲ့တာတွေ အများကြီးပါပဲ။ မိမိသာ ကျောင်းမှာ သင်ယူခဲ့ရတာလောက်နဲ့ပဲ ရပ်တန့်နေခဲ့မယ်ဆိုရင် မိမိဟာ အခုချိန်မှာ ပညာအရ ခေတ်နောက်မှာ ကျန်ခဲ့သူတယောက်ဖြစ်မှာ သေချာပါသည်။ ဒါကြောင့်လည်း မိမိရဲ့ကလေးဘဝက ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ ပြောသလိုပါပဲ။ မိမိတို့၏ ဘဝတစ်လျှောက်လုံး အမြဲမပြတ် လေ့လာနိုင်သူတွေဖြစ်အောင် နည်းပေးလမ်းပြနိုင်ဖို့ ကြိုးစားပါသည်။

အပေါ်မှာ မိမိကလေးဘဝက ဆရာများဖြစ်တဲ့ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ ပြောတဲ့အတိုင်း ပညာရေးစနစ်တိုင်းမှာ အရမ်းအရေးကြီးတဲ့ နေရာမှာ ပါဝင်နေရတဲ့ မိမိတို့လို ကျောင်းသား ကျောင်းသူတွဟာ ငါ ဘယ်လို ကျောင်းသားဖြစ်ချင်သလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ဖို့ လိုအပ်ပါသည်။ နေ့စဉ်နေ့တိုင်း စာသင်ခန်းထဲမှာ ကိုယ့်သင်ကြားမှုက မိမိတို့ ကျောင်းသားတွေအတွက် ဘယ်လောက် အကျိုးရှိလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ အားရကျေနပ်မိသလဲ၊ ပညာရေးဆိုတာကို ဘယ်လို ယုံကြည်တန်ဖိုးထားသလဲ၊ ကျောင်းသားတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့ မေးခွန်းတွေကို ကိုယ်တိုင်ပြန်လည် မေးခွန်းထုတ်ဖို့ လိုပါသည်။


တကယ်တော့ မိမိတို့၏ ဆရာ၊ ဆရာမတွေဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ဥယာဉ်မှူးတွေပါပဲ။ တခြားသော အကြောင်းအရာတွေ ခဏထားပြီးတော့ နော်ဝေနိုင်ငံ ပညာရေးနဲ့ ပတ်သက်တာလေးတွေ ပြန်ကြည့်ရအောင်။

နော်ဝေနိုင်ငံ ပညာရေးမှာတော့ အသက်ကြီးများနှင့် ပညာရေး။ လူ့လောကသည် အမြဲပြောင်းလဲနေသည်။ နည်းပညာသစ်များ အဆက်မပြတ် ပေါ်ထွန်းလာနေပြီး အလုပ်ခွင်လောကအတွက် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာစေတတ်သည်။ ဤသည်က အလုပ်သမားများ အနေနှင့် အသစ်အဆန်းများကို သိရှိစေရေး လေ့လာနေရန်လိုသည်ဟု တောင်းဆိုနေသည်။

သက်ကြီးများ အနေနှင့် ပညာရပ်အသစ်တခုခု (သို့) ယခင်တတ်ပြီးသား အေပေါ် တိုးချဲ့သင်ယူမှု (သို့) အလုပ်ခွင် လောကအတွက် လိုအပ်ချက်ကို လိုက်မီအောင် အခြေခံပညာကျောင်းသင် ဘာသာရပ်များ စသည်တို့ကို သင်ယူနိုင်သည်။
သက်ကြီးများအတွက် သင်တန်းအမျိုးမျိုးကို စီစဉ်ပို့ချပေးသူများရှိသည်။ ဥပမာ – ဝါသနာပါ လုပ်ငန်းများ၊ ဘာသာစကားသင်တန်းနှင့် အရည်အချင်း မြှင့်တင်ရေးသင်တန်း စသည်တို့ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သင်တန်းများကို နိုင်ငံတော်က ငွေကြေးထောက်ပံ့ပေးသည်။

သက်ကြီးများ အခြေခံပညာကျောင်း သင်တန်းများသို့ တက်နိုင်စေရန် ကမ်းလှမ်းရန်မှာ မြိှု့နယ်များ၏ တာဝန်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကျောင်း တက်ခွင့်ကမ်းလှမ်းရန်မှာ တိုင်းရုံးစိုက်ရာ မြိှု့နယ်၏ တာဝန်ဖြစ်သည်။ တက်ခွင့်ရှိသူ သက်ကြီးများအတွက် ထိုကျောင်းများတွင် အခမဲ့သင်ကြားခွင့်ရမည်။ သက်ကြီးများကို အလားတူ ကမ်းလှမ်းသော ပုဂ္ဂလိက တက္ကသိုလ်ဝင်တန်း ကျောင်းများလည်း တွေ့နိုင်သည်။

အလုပ်ရှာသူများအတွက် အလုပ်သမားနှင့် လူမှုဖူလုံရေး ဦးစီးဌာနမှ ကမ်းလှမ်းသော သင်တန်းအမျိုးမျိုးကို တက်နိုင်ပါသည်။ ရည်ရွယ်ချက်မှာ သင်တန်းတက်သူများကို အလုပ်အတွက် အရည်အချင်း မြှင့်တင်ပေးရန် ဖြစ်သည်။ လုပ်သား/ဦးစီးက သင်တန်းကြေးကို ပေးချေသည့်အပြင် ထိုသင်တန်းများကိုတက်သည့် သင်တန်းသားများကိုလည်း သင်တန်းတက်စရိတ် ထောက်ပံ့ပေးလေ့ရှိသည်။
သက်ကြီးများအတွက် အခြေခံပညာရေး သင်ယူရန် လိုအပ်သော သက်ကြီးများအတွက် အခြေခံပညာရေး သင်ယူပိုင်ခွင့်ရှိသည်။ အခမဲ့ပညာရေး ဖြစ်သည်။ မြို့နယ်များက သိသင့်သည်များကို အသိပေးပါလိမ့်မည်။

သက်ကြီးများ တက္ကသိုလ်တန်းကျောင်း တက်ပိုင်ခွင့်

အခြေခံပညာကျောင်း တက်ပြီးသော်လည်း တက္ကသိုလ်ဝင်တန်းကျောင်း မတက်ရသေးသူ လူကြီးများအတွက် တက္ကသိုလ်ဝင်တန်းကျောင်း တက်ပိုင်ခွင့်ရှိသည်။ ဤသည်ကို ဖြည့်ဆည်းပေးရန် တိုင်းရုံးစိုက်ရာ မြို့နယ်တွင် တာဝန်ရှိသည်။

နိုင်ငံခြားရလာသောဘွဲ့ကို အသိအမှတ်ပြုခြင်း

အကယြ၍ သင့မြှာ အသကမြှေးဝမြးကွောငြး ပညာတဈရပကြို နိုငငြံခှားမှာ သငယြူခဲ့ပှီး သငတြနြးဆငြး လကမြှတြ ပါမလာခဲ့ရငြ သင့အြနနေဲ့ ကိုယဘြာတှေ လုပတြတကြှောငြး စမြးသပြ လုပကြိုငပြှခှငြး (Yrkersproving) အားဖှင့ြ သကသြပှနေိုငပြါသညြ။ စမြးသပလြုပကြိုငပြှခှငြးဟာ တကျကသိုလဝြငတြနြးအဆင့ြ ပညာရေးကို မီ၊ မမီ သုံးသပပြှီး အသိအမှတပြှုပေးတဲ့ နညြးလမြးတဈခု ဖှဈပါသညြ။ ဒါပမယေ့ြ သငဟြာ ကွောငြးမတကဘြဲ သငယြူတတမြှောကခြဲ့တဲ့ အတတပြညာ ဖှဈရငလြညြး ရနိုငပြါသညြ။ ကယွကြယွပြှန့ပြှန့ြ သိရအောငြ www.norkut.no မှာ ဝငရြောကဖြတရြှုနိုငပြါသညြ။
(ဆကလြကဖြောပြှပါမညြ)
ရှှဝေါရောငြ အရှငထြာဝရ (နောဝြေ)

နောျဝနေိုငျငံ ပညာရေးနှငျ့ ထိတှေ့ခွငျး (၁၂)

လေ့လာသင်ယူခြင်းနဲ့ ပတ်သက်ပြီး နာမည်ကျော် အမေရိကန်စာကြည့်တိုက်မှူး ဂျွန် ကော်တန် ဒါနာ (John Cotton Dana) ပြောခဲ့တာလေးကို ကြိုက်မိသည်။“Who dares to teach must never cease to learn” (စာသင်မယ့်သူဟာ အမြဲတမ်းလေ့လာနေရမယ်)။

အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ကိုယ်သိထားတာတွေ၊ ကိုယ်သင်ခဲ့ရတာတွေက တစ်ချိန်မဟုတ် တစ်ချိန်မှာ ခေတ်နောက်ကျသွားမှာ၊ မလုံလောက်တော့မှာ မလွဲဧကန်ပါ။ ဒါကြောင့် ဆရာ၊ ဆရာမတွေကလည်း ခေတ်နဲ့အညီလိုက်ပြီး ကျောင်းသားတွေကို သင်ကြားပေးနိုင်ဖို့ ကိုယ်တိုင်က အမြဲလေ့လာနေဖို့ လိုအပ်ပါသည်။ လေ့လာလိုစိတ်၊ လေ့လာတာ ကိုယ့်အတွက်လည်း အကျိုးရှိတယ်ဆိုတဲ့ စိတ်မျိုး ထားသင့်ပါသည်။

The mindset of teachers

လူတစ်ယောက်မှာ သူ့ရဲ့ စိတ်နေစိတ်ထားက အဓိကကျတယ်လို့ မိမိထင်ပါသည်။ တခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေပြောပြော နောက်ဆုံးတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်တတ်တာ လူ့သဘာဝပါ။ ကျောင်းသားတွေကို ဆရာတွေက ဆုံးမ လမ်းညွှန်တာပဲ လုပ်နိုင်ပါသည်။ တကယ့်ဆုံးဖြတ်ချက်ကတော့ ကျောင်းသားတွေ ကိုယ်တိုင်ပဲ ချရ မှာပါ။ မကြာခင်တုန်းက မိမိကလေးဘဝက စာသင်ပေးခဲ့ကြတဲ့ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့နဲ့ စကားပြောတဲ့အခါ သူတို့၏ လက်ရှိ ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲများကို ပြောပြခဲ့သလို အနာဂတ်ပညာရေးကို သူတို့ အားတက်စွာ ဖော်ဆောင်နေကြတဲ့ အကြောင်းပြောလာတော့ အတိုင်းမသိ ဝမ်းသာရပါသည်။

အလားတူ အစိုးရက ဆရာ ဆရာမတွေကို သင်တန်းတွေမှာ စာသင်နည်း အသစ်တွေအကြောင်း၊ သင်ထောက်ကူပစ္စည်း အသစ်တွေအကြောင်း၊ ခေတ်နဲ့ညီတဲ့ ကျောင်းသုံးပြဌာန်း စာအုပ်တွေအကြောင်း  စတာတွေ သင်တန်းပေးနိုင်ပေမယ့် တကယ် လက်တွေ့သုံးတယ်၊ မသုံးဘူးဆိုတာကတော့ ဆရာတွေရဲ့ စိတ်နေစိတ်ထားပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါဆိုတာကအစ ဆရာမကြီး ဒေါ်ရီရီမြင့်က အားတက်သရော ပြောပြပါသည်။

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့က မိမိ မွေးရပ်မြေမှာ စာသင်ခဲ့တဲ့ နှစ်မှာစပြီး နှစ်စဉ်နှစ်တိုင်း ဆရာ ဆရာမတွေဟာ သင်ကြားနည်းစနစ်တွေနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို မတက်မနေ တက်ရပါသည်။ အဲဒီအခါ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ဟာ သူတို့၏ လုပ်ဖော်ကိုင်ဖက်တချို့က စာသင်တယ်ဆိုတာ ကိုယ်တတ်ထားတာကို ပြန်ရှင်းပြလိုက်ရုံပဲ၊ သင်ကြားနည်းစနစ်တွေအကြောင်း ဆွေးနွေးတာတို့၊ သင်ယူလေ့လာဖို့ မလိုဘူးလို့ စိတ်ထဲခံယူထားကြတယ်ဆိုတာ ပြောပြခဲ့ပါသည်။

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့က တစ်ချို့တွေကတော့ သူတို့ အဲဒီလို သင်တန်းတွေကို မတက်မနေရမို့သာ သွားတက်ကြပေမယ့် ဘာကိုမှ လေ့လာတာမျိုး၊ ပြီးတော့ ပြန်အသုံးချတာမျိုး မလုပ်ကြကြောင်း၊ တချို့ဆရာတွေက သူတို့ဘာသာရပ်ကို ပိုင်နိုင်ကြတဲ့အတွက် စာကို သေချာရှင်းပြနိုင်ကြကြောင်း ပြောပါတယ်။ ဒါပေမယ့် ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ ခံယူထားကြတာက ဒါနဲ့တင် မလုံလောက်ပါဘူး။ သင်ကြားနည်းမှာပါ ကျွမ်းကျင်မှသာ ကျောင်းသားတွေက စိတ်ဝင်တစားဖြစ်ပြီး ပိုပြီး လေ့လာသင်ယူကြမှာပဲ ဖြစ်ပါသည်။

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ ဆက်ပြောတာက ယခုခေတ်ကြီးမှာ ကျောင်းသားတွေဟာ စာအုပ်တွေထဲမှာပါတဲ့ အချက်အလက်ကြွယ်ဝတာနဲ့ မလုံလောက်တော့ကြောင်း၊ တကယ့်လက်တွေ့မှာ အဲဒီ အချက်အလက်တွေကို ဘယ်လို အသုံးချမလဲ၊ အဲဒါတွေသုံးပြီး တခြားအရာတွေနဲ့ ဘယ်လို ဆက်စပ်တွေးခေါ်လေ့လာမလဲ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘယ်လို တွေးခေါ်နိုင်သလဲဆိုတာတွေက အရေးကြီးလာကြောင်း ပြောပါသည်။ ကျောင်းသားတစ်ယောက်ကို ဘက်ပေါင်းစုံ ပညာရေးမျိုး (holistic education) ပေးဖို့ လိုအပ်လာပါပြီဆိုတာကို ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့က ခံယူထားကြပါသည်။

How teachers see the purpose of education

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ အလေးအနက် စဉ်းစားတာကတော့ ကျောင်းသားတွေကို သူတို့အတန်းတွေထဲမှာ ဘယ်လိုပညာရေးမျိုး ပေးမလဲ ဆိုတာပါပဲ။ 

ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့က ပညာရေးရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားထားပါသည်။ “ပညာရေးဆိုတာ စာသင်ခန်းတွေထဲမှာ လေ့လာသင်ယူတာကိုသာ ဆိုလိုတာ မဟုတ်ပါဘူး၊ စတင်မှတ်သားတတ်တဲ့ ကလေးဘဝ အရွယ်ကနေ ဘဝတစ်လျှောက်လုံး လေ့လာသင်ယူနေမှုကို ဆိုလိုတာပါ။ တကယ်တော့ စာသင်ခန်းတွေဆိုတာ ပညာရေးရဲ့ တစိတ်တဒေသပဲ ဖြစ်ပါတယ်”။

ဒါဟာ ပညာရေးအပေါ် မှန်ကန်တဲ့ သုံးသပ်ချက်ပါ။ မိမိကိုယ်တိုင်လည်း ကျောင်းမှာ သင်ယူခဲ့ရတာတွေပေါ် အခြေခံပြီး ကိုယ့်ဘာသာ လေ့လာခဲ့ရတာတွေ၊ လုပ်သက်ကြာလာတာနဲ့အမျှ အတွေ့အကြုံက သင်ကြားပေးခဲ့တာတွေ အများကြီးပါပဲ။ မိမိသာ ကျောင်းမှာ သင်ယူခဲ့ရတာလောက်နဲ့ပဲ ရပ်တန့်နေခဲ့မယ်ဆိုရင် မိမိဟာ အခုချိန်မှာ ပညာအရ ခေတ်နောက်မှာ ကျန်ခဲ့သူတယောက်ဖြစ်မှာ သေချာပါသည်။ ဒါကြောင့်လည်း မိမိရဲ့ကလေးဘဝက ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ ပြောသလိုပါပဲ။ မိမိတို့၏ ဘဝတစ်လျှောက်လုံး အမြဲမပြတ် လေ့လာနိုင်သူတွေဖြစ်အောင် နည်းပေးလမ်းပြနိုင်ဖို့ ကြိုးစားပါသည်။

အပေါ်မှာ မိမိကလေးဘဝက ဆရာများဖြစ်တဲ့ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဆရာမကြီး ဒေါ်နော်ရီဝင်းရွှေတို့ ပြောတဲ့အတိုင်း ပညာရေးစနစ်တိုင်းမှာ အရမ်းအရေးကြီးတဲ့ နေရာမှာ ပါဝင်နေရတဲ့ မိမိတို့လို ကျောင်းသား ကျောင်းသူတွဟာ ငါ ဘယ်လို ကျောင်းသားဖြစ်ချင်သလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ဖို့ လိုအပ်ပါသည်။ နေ့စဉ်နေ့တိုင်း စာသင်ခန်းထဲမှာ ကိုယ့်သင်ကြားမှုက မိမိတို့ ကျောင်းသားတွေအတွက် ဘယ်လောက် အကျိုးရှိလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ အားရကျေနပ်မိသလဲ၊ ပညာရေးဆိုတာကို ဘယ်လို ယုံကြည်တန်ဖိုးထားသလဲ၊ ကျောင်းသားတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့ မေးခွန်းတွေကို ကိုယ်တိုင်ပြန်လည် မေးခွန်းထုတ်ဖို့ လိုပါသည်။

တကယ်တော့ မိမိတို့၏ ဆရာ၊ ဆရာမတွေဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ဥယာဉ်မှူးတွေပါပဲ။ တခြားသော အကြောင်းအရာတွေ ခဏထားပြီးတော့ နော်ဝေနိုင်ငံ ပညာရေးနဲ့ ပတ်သက်တာလေးတွေ ပြန်ကြည့်ရအောင်။ 

နော်ဝေနိုင်ငံ ပညာရေးမှာတော့ အသက်ကြီးများနှင့် ပညာရေး။ လူ့လောကသည် အမြဲပြောင်းလဲနေသည်။ နည်းပညာသစ်များ အဆက်မပြတ် ပေါ်ထွန်းလာနေပြီး အလုပ်ခွင်လောကအတွက် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာစေတတ်သည်။ ဤသည်က အလုပ်သမားများ အနေနှင့် အသစ်အဆန်းများကို သိရှိစေရေး လေ့လာနေရန်လိုသည်ဟု တောင်းဆိုနေသည်။

သက်ကြီးများ အနေနှင့် ပညာရပ်အသစ်တခုခု (သို့) ယခင်တတ်ပြီးသား အေပေါ် တိုးချဲ့သင်ယူမှု (သို့) အလုပ်ခွင် လောကအတွက် လိုအပ်ချက်ကို လိုက်မီအောင် အခြေခံပညာကျောင်းသင် ဘာသာရပ်များ စသည်တို့ကို သင်ယူနိုင်သည်။

သက်ကြီးများအတွက် သင်တန်းအမျိုးမျိုးကို စီစဉ်ပို့ချပေးသူများရှိသည်။ ဥပမာ – ဝါသနာပါ လုပ်ငန်းများ၊ ဘာသာစကားသင်တန်းနှင့် အရည်အချင်း မြှင့်တင်ရေးသင်တန်း စသည်တို့ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သင်တန်းများကို နိုင်ငံတော်က ငွေကြေးထောက်ပံ့ပေးသည်။

သက်ကြီးများ အခြေခံပညာကျောင်း သင်တန်းများသို့ တက်နိုင်စေရန် ကမ်းလှမ်းရန်မှာ မြှို့နယ်များ၏ တာဝန်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကျောင်း တက်ခွင့်ကမ်းလှမ်းရန်မှာ တိုင်းရုံးစိုက်ရာ မြှို့နယ်၏ တာဝန်ဖြစ်သည်။ တက်ခွင့်ရှိသူ သက်ကြီးများအတွက် ထိုကျောင်းများတွင် အခမဲ့သင်ကြားခွင့်ရမည်။ သက်ကြီးများကို အလားတူ ကမ်းလှမ်းသော ပုဂ္ဂလိက တက္ကသိုလ်ဝင်တန်း ကျောင်းများလည်း တွေ့နိုင်သည်။

အလုပ်ရှာသူများအတွက် အလုပ်သမားနှင့် လူမှုဖူလုံရေး ဦးစီးဌာနမှ ကမ်းလှမ်းသော သင်တန်းအမျိုးမျိုးကို တက်နိုင်ပါသည်။ ရည်ရွယ်ချက်မှာ သင်တန်းတက်သူများကို အလုပ်အတွက် အရည်အချင်း မြှင့်တင်ပေးရန် ဖြစ်သည်။ လုပ်သား/ဦးစီးက သင်တန်းကြေးကို ပေးချေသည့်အပြင် ထိုသင်တန်းများကိုတက်သည့် သင်တန်းသားများကိုလည်း သင်တန်းတက်စရိတ် ထောက်ပံ့ပေးလေ့ရှိသည်။ 

သက်ကြီးများအတွက် အခြေခံပညာရေး သင်ယူရန် လိုအပ်သော သက်ကြီးများအတွက် အခြေခံပညာရေး သင်ယူပိုင်ခွင့်ရှိသည်။ အခမဲ့ပညာရေး ဖြစ်သည်။ မြို့နယ်များက သိသင့်သည်များကို အသိပေးပါလိမ့်မည်။

သက်ကြီးများ တက္ကသိုလ်တန်းကျောင်း တက်ပိုင်ခွင့်

အခြေခံပညာကျောင်း တက်ပြီးသော်လည်း တက္ကသိုလ်ဝင်တန်းကျောင်း မတက်ရသေးသူ လူကြီးများအတွက် တက္ကသိုလ်ဝင်တန်းကျောင်း တက်ပိုင်ခွင့်ရှိသည်။ ဤသည်ကို ဖြည့်ဆည်းပေးရန် တိုင်းရုံးစိုက်ရာ မြို့နယ်တွင် တာဝန်ရှိသည်။

နိုင်ငံခြားရလာသောဘွဲ့ကို အသိအမှတ်ပြုခြင်း

အကယ်၍ သင့်မှာ အသက်မွေးဝမ်းကျောင်း ပညာတစ်ရပ်ကို နိုင်ငံခြားမှာ သင်ယူခဲ့ပြီး သင်တန်းဆင်း လက်မှတ် ပါမလာခဲ့ရင် သင့်အနေနဲ့ ကိုယ်ဘာတွေ လုပ်တတ်ကြောင်း စမ်းသပ် လုပ်ကိုင်ပြခြင်း (Yrkersproving) အားဖြင့် သက်သေပြနိုင်ပါသည်။ စမ်းသပ်လုပ်ကိုင်ပြခြင်းဟာ တက္ကသိုလ်ဝင်တန်းအဆင့် ပညာရေးကို မီ၊ မမီ သုံးသပ်ပြီး အသိအမှတ်ပြုပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ဒါပေမယ့် သင်ဟာ ကျောင်းမတက်ဘဲ သင်ယူတတ်မြောက်ခဲ့တဲ့ အတတ်ပညာ ဖြစ်ရင်လည်း ရနိုင်ပါသည်။ ကျယ်ကျယ်ပြန့်ပြန့် သိရအောင် www.norkut.no မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)