“ခြေ/ဥ ရုပ်ရှင် အစ ထရေလာ က”

0
382

ကျွန်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာရပ်ဖြင့် အသက်မွေး ဝမ်းကျောင်းနေသူ တစ်ဦးဖြစ်လာဘို့၊ ဥပဒေသိပ္ပံပညာကို တက္ကသိုလ် (၂) ခုမှာ ၁၄ နှစ်လောက် အချိန်ယူ သင်ယူလေ့လာခဲ့ပါတယ်။ ခြေ/ဥ ပညာဘာသာ ရပ်ကို သင်ပေးကြတဲ့ ပါမောက္ခ အများစုက “ခြေ/ဥ အစ နိဒါန်း” က ဆိုတဲ့ စကား ဖြစ်ပါတယ်။ ဒါကြောင့် ခြေ/ဥ တစ်ခု ကောင်းတယ် မကောင်းဘူး ဆိုတာ အဲဒီ ခြေ/ဥ နိဒါန်းကို ဖတ်လိုက်တာနဲ့ အတော်အတန် သိနိုင်ပါတယ်။ ကမ္ဘာကျော် အနုပညာရှင် ဟယ်ရီ ရိုလင်း စကားအရ ဆိုရင် “ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရုပ်ရှင်တစ်ခု ဖြစ်ရင်၊ နိဒါန်း ဆိုတာ ထလေလာ ပါပဲ” ဆိုတဲ့ စကားက သိပ်မှန် ပါတယ်။ “If the Constitution was a movie, the Preamble would be the trailer.” (Henry Rollins)

မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို အားလုံး မဖတ်ခင်မှာ နိဒါန်းကို ဖတ်လိုက်တာနဲ့ အတော်အတန် နားလည်းနိုင်ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လေ့လာသိရှိလိုတယ်၊ နားလည်သဘောပေါက်လိုတယ် ဆိုရင် နိဒါန်း ကို အရင်ဖတ်ဘို့ လိုပါတယ်။ ဟယ်ရီ ရိုလင်း စကားအရ ၂၀၀၈ ဆိုတဲ့ ခြေ/ဥ ရုပ်ရှင်ကားကြီးကို မကြည့်ခင် နိဒါန်း ဖြစ်တဲ့ ထရေလာ ကို အရင် သုံးသပ်ကြည့် ရအောင်။

စာပိုဒ် (၁)။ မှာ အင်္ဂလိပ်တွေ မသိမ်းပိုက်ခင်က အစဉ်အလာကြီးတဲ့ နိုင်ငံတော်၊ တိုင်းရင်းသားပြည်သူ အပေါင်းတို့ စည်းလုံးညီညွတ်စွာ တစ်သားတည်း နေထိုင်ခဲ့ကြတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတော် ထူထောင်ပြီး ထယ်ဝါစွာ ရပ်တည်ခဲ့တဲ့ အပိုင်းဖြစ်ပါတယ်။ တကယ်တော့ တိုင်းရင်းသား အချင်းချင်း သတ်ကြဖြတ်ကြ၊ နန်းလုကြ၊ မယားလုကြ၊ ကြီးသူက ငယ်သူကို ညှင်းပန်း၊ အခွန်ဘဏ္ဍာကောက် အလွန် ဝမ်းနည်းစရာကောင်းတဲ့ သမိုင်းကို ဖုံးဖိထားတာ ဖြစ်တဲ့ အတွက် ၂၀၀၈ ခြေ/ဥ ထရေလာ မှာ လုံးဝ မပါသင်တဲ့ အပိုဒ် ဖြစ်ပါတယ်။

စာပိုဒ် (၂)။ ၁၈၈၅ မှာ အင်အားချို့တဲ့လို့ ဗြိတိသျှကို စစ်ရှုံးခဲ့တာလည်း အချုပ်အခြာအာဏာ လက်လွှတ်ခဲ့ရတာလည်း ထရေလာ ထဲမှာ ထည့်ရတာ ရှက်စရာကောင်းပါတယ်။ ကိုယ်ညံ့တဲ့ အကြောင်း ကိုယ်ဝန်ခံနေတာနဲ့ အတူတူပါပဲ။ ၁၉၄၈ မှာ လွပ်လပ်ရေး ရတာလည်း လူတိုင်းသိတဲ့ အတွက် ထရေလာမှာ ထည့်နေစရာ မလိုတဲ့ အပိုဒ် ဖြစ်တယ်လို့ ယူဆပါတယ်။
စာပိုဒ် (၃)။ ၁၉၄၇ က နေ ၁၉၈၈ ခုနှစ် အထိ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးခဲ့ကြပေမယ့် နောက်ဆုံးမှာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ ဖြစ်ခဲ့ရတဲ့ ထရေလာကို လည်း မထည့်သင့် ဘူးလို့ ယူဆပါတယ်။ သွားလေသူကြီး တစ်ဦးပြောသွားတဲ့ “စနစ်တော့ ကောင်းပါတယ်၊ လူမကောင်းလို့ပါ” ဆိုတဲ့ စကားကို ထောက်ခံရာ ကျမနေဘူးလား။ ဒါကြောင့် ဒီအပိုဒ်လည်း ထရေလာ မှာ မပါသင့်ဘူးလို့ ယူဆပါတယ်။

စာပိုဒ် (၄၊ ၅၊ ၆၊ ၇၊ ၈ နဲ့ ၉)။ ယခင် တပ်မတော် အစိုးရ (၂) ခု က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခု ပေါ်ပေါက်လာရေး အတွက် ကြိုးပန်းခဲ့တဲ့ သမိုင်းဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ရေး သမိုင်းတွေကို ခြေ/ဥ ရုပ်ရှင် ထရေလာမှာ ထည့်သွင်းတာ မဖတ်မိပါဘူး။ ရှိခဲ့သော် ကျွန်တော် ညံ့လို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီအပိုဒ်တွေလည်း ထရေလာမှာ မပါသင့်ဘူး ယူဆပါတယ်။ ၂၀၀၈ ခြေ/ဥ ထရေလာ စာပိုဒ် (၁) က နေ (၉) အထိ ပိတ်ကားမှာ ကြည့်ရတာနဲ့ ၂၀၀၈ ခြေ/ဥ ရုပ်ရှင်ကို လူအများက စိတ်ဝင်စားမှု နည်းသွားမယ်လို့ ယူဆပါတယ်။

တကယ့် ထရေလာ ကတော့ “ကျွန်ပ်တို့ တိုင်းရင်းသားပြည်သူ အပေါင်းတို့သည်” ဆိုသည့် အပိုင်းက နေ စသင့်တယ်လို့ ယူဆပါတယ်။

ပထမ မှာ “ဒို့တာဝန် အရေးသုံးပါး ကို အသက်ပေးပြီး စောင့်ထိန်းသွားရေး၊”

ဒုတိယ မှာ “လောကပါလ တရား သုံးပါးထွန်းကားရေး နဲ့ ငြိမ်းချမ်းရေး ကို ဆောင်ရွက် ထိန်းသိမ်းရေး၊”

တတိယမှာ “တိုင်းရင်းသား လူမျိုးရေး တန်းတူမှု ကို အခြေခံပြီး ပြည်ထောင်စု ကို လေးစားမြတ်နိုး တန်ဖိုးထားသော နိုင်ငံသား စိတ်ဓါတ်ဖြင့် အတူတကွ လက်တွဲနေထိုင်ရေး၊”

စတုတ္တမှာ “နိုင်ငံတကာ အသိုင်းအဝန်း နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး တို့ကို အစဉ်ကြိုးပန်း ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်ပြီး”

နောက်ဆုံးမှာ “ဤ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ” ဖွဲ့စည်းပုံ အခြေခံဥပဒေကို သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်) နေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည်” ဟု ရေးသားသင့်တယ်လို့ ယူဆပါတယ်။

၂၀၀၈ ခြေ/ဥ နိဒါန်း သို့မဟုတ် ထရေလာမှာ မှားနေတဲ့ အချက်တွေ ရှိပါတယ်။ “နိုင်ငံတော်” ၌ ဆိုတဲ့ စကားရပ်ဟာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ” ကို ဆိုလိုတာလား ဆိုတာ မသဲကွဲပါဘူး။ ဒို့တာဝန် အရေးသုံးပါး အစမှာ “ပြည်ထောင်စု မပြိုကွဲရေး” ဆိုတဲ့ စကားရပ်ဟာ “နိုင်ငံတော် မပြိုကွဲရေး” ကို ဆိုလိုတာလား ဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အလားတူပါပဲ လောကပါလ တရား သုံးပါး အစမှ ပါတဲ့ “နိုင်ငံတော်” ဆိုတဲ့ စကားရပ် နဲ့ “လူမျိုးရေးတန်းတူမှု” ဆိုတဲ့ စကားရပ် အရှေ့က “နိုင်ငံတော်” ဆိုတဲ့ စကားရပ် တွေဟာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဆိုလိုတာလည်း မသဲကွဲပါဘူး။ အစပိုင်းမှာ ပါတဲ့ “တိုင်းရင်းသားပြည်သူအပေါင်း” ဆိုတဲ့ စကားရပ် နဲ့ “လူမျိုးရေး တန်းတူမှု” ဆိုတဲ့ အသုံးအနှုန်းတွေမှာ “တိုင်းရင်းသား” ဆိုတဲ့ စကားရပ်နဲ့ “လူမျိုးရေး” ဆိုတဲ့ စကားရပ် တွေကလည်း ပြသနာ ဖြစ်နေတဲ့ စကားရပ်များ သို့မဟုတ် ဝိရောဓိ ဖြစ်နေတဲ့ အသုံးအနှုန်းများ ဖြစ်တယ်လို့ ယူဆပါတယ်။

၂၀၀၈ ခြေ/ဥ ရုပ်ရှင်ကြီးကို အစအဆုံး ပိတ်ကားပေါ်မှာ မြန်မာနိုင်ငံသားများ မရှုစားခင်ကတည်းက ထရေလာမှာ ရှေ့နောက်မညီတဲ့၊ မတူကွဲပြားတဲ့၊ အနက်ဖွင့်လို့မရတဲ့ အချက်တွေ များစွာ ပါလာတော့၊ ရုပ်ရှင်ကား အစအဆုံးကြည့်ဘို့ နေသာသာ၊ ထရေလာကိုတောင်မှ ပြောင်းဖူးကြော်လေးမကုန်ခင်၊ နေကြာစေ့လေးမကုန်ခင်၊ ပက်စီကိုလာမကုန်ခင်အထိ ထိုင်ကြည့်နေကြမလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ထူးဆန်းတာကတော့ ဒီ ၂၀၀၈ ခြေ/ဥ ရုပ်ရှင်ကြီးကို အစအဆုံး ပြန်ရိုက်ကူးဘို့ ကြိုးပန်းနေကြတဲ့ ဒါရိုက်တာ ကြီးများက ဒီ ထရေလာ တိုတိုလေး ကို နဂိုအတိုင်းထားပြီး ရိုက်ကြဘို့ စဉ်းစားနေကြတဲ့ အကြောင်း ဒီနေ့ သိလိုက်ရတော့ တော်တော် အံ့ဩမိပါကြောင်း။ လွန်တာရှိက ဝန္တာမိပါ။

ဆလိုင်း ငွန်ကျုံးလျန်
ခြေ/ဥ ရုပ်ရှင် ချစ်သူ တစ်ဦး

(Zawgyi Versions)