နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၁၁)

0
265

နော်ဝေနိုင်ငံက ကျောင်းသား ကျောင်းသူ၊ လူတိုင်းဟာ ကိုယ်လုပ်ချင်သော အလုပ်ကို လုပ်ချင်ကြပေမယ့်၊ သူတို့ရရှိသော အခွင့်အရေးချင်း မတူညီကြချေ။ တချို့က အပူအပင်မရှိ၊ ဘယ်သူ့ကိုမှ ထည့်သွင်းစဉ်းစားစရာ မလိုဘဲ ကိုယ်လုပ်ချင်တာ လုပ်နိုင်ကြသည်။ ထို့ကြောင့် ကိုယ့်အခြေအနေကို ကိုယ့်ဖာသာ ပြန်လည်ဆန်းစစ်ဖို့ အရေးကြီးသည်။ ကိုယ်က အလုပ်ရဖို့ ဦးစားပေးချင်လား၊ ဘယ်လိုအလုပ်မဆို လုပ်ဖို့ စဉ်းစားထားပြီလား စသည်ဖြင့်။

တချို့တွေကတော့ အလုပ်ရွေးချယ်ရာတွင် အလုပ်ဂုဏ်ဆိုတာနှင့် တိုင်းတာတတ်ကြသည်။ တကယ်တော့ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုသည့်စကားလို ဘယ်အလုပ်မဆို သူ့နေရာနှင့်သူ အရေးကြီးသည်။ နော်ဝေနိုင်ငံမှ နာမည်ကျော် ဆံပင်ညှပ်သူတစေ်ယာက် အကြောင်းကို ဥပမာပေးချင်သည်။ သူက အတန်းပညာမှာ အလယ်တန်း အဆင့်လောက်သာ နေခဲ့သော်လည်း ဆံပင်ညှပ်ခြင်းဆိုသော လက်တွေ့ပညာရပ်တစ်ခုမှာ ထူးချွန်သောကြောင့် ဆံပင်ညှပ်လုပ်ငန်းနှင့် ချမ်းသာကြွယ်ဝသွားသည်။ အလားတူ အတန်းပညာရပ်တစ်ခု ထူးချွန်သူတွေဟာလည်း ထိုက်တန်သော ရလဒ်တွေကို ရနိုင်သည်။ ဘယ်အလုပ်မဆို အရေးကြီးတာက ထူးချွန်အောင် ကြိုးစားဖို့ပင် ဖြစ်သည်။


အလုပ်အကိုင် ရွေးချယ်ရာမှာ စဉ်းစားရမည့် နောက်တစ်ချက်က “Right person, right job” ဖြစ်သည်။ ဘယ်လိုအလုပ်ဟာ ကိုယ်နဲ့ သင့်တော်မလဲဆိုတာကို မိမိတို့ အမြဲသေချာ ဆန်းစစ်သင့်သည်။ ဥပမာ – လူတွေနှင့် ဆက်ဆံရတာကို မနှစ်သက်သူတစေ်ယာက်က Sales & Marketing လို နေရာမျိုးမှာ လုပ်မည်ဆိုလျှင်၊ သူ့ ကိုယ်ကျင့်စရိုက်ကို မပြောင်းသမျှ သိပ်အောင်မြင်မှု မရှိဖို့ များသည်။ ဒါကြောင့် လူတိုင်းဟာ ကိုယ့်အားသာချက်က ဘာလဲ၊ အားနည်းချက်က ဘာလဲဆိုတာကို အမြဲဆန်းစစ်ပြီး ဘယ်လိုနေရာဟာ ငါနဲ့ သင့်တော်မလဲဟု စဉ်းစားသင့်သည်။


အရေးကြီးဆုံးကတော့ ကိုယ်ဘဝနှင့် အလုပ်အကိုင်ပါပဲ။ ဘဝမှာ ကိုယ်က ဘယ်လိုအလုပ်မျိုးကို တကယ် စိတ်အားထက်သန်လဲဆိုတာ သေချာသိဖို့လည်း လိုအပ်သည်။ ဒါကြောင့် လူငယ်တွေကို ဘဝမှာ ကိုယ်ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်ပြီး ဆုံးဖြတ်ဖို့ နော်ဝေနိုင်ငံမှ ဆရာ၊ ဆရာများက အမြဲတိုက်တွန်းသည်။ အထူးသဖြင့် ကိုယ်စိတ်ဝင်စားသော အလုပ်အကိုင်တွေမှာ ဘာတွေ လုပ်ရလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံရနိုင်လဲ၊ ဘယ်လို အရည်အချင်းတွေ လိုအပ်သလဲ စတာတွေလေ့လာပြီး ကိုယ်နှင့်တကယ် သင့်တော်ပါ့မလားဆိုတာ မေးခွန်းထုတ်သင့်သည်။


မိမိတို့ဘဝမှာ အလုပ်ဆိုတာ နိစ္စဒူဝ တစ်ပတ် ငါးရက်၊ မနက်ကနေ ညနေထိ လုပ်နေရတာများသည်။ ဒါကြောင့် ကိုယ်တကယ် စိတ်အားထက်သန်သော အလုပ်မျိုးကို လုပ်နိုင်ဖို့ အခွင့်အလမ်းမျိုး ပေါ်လာတာနှင့် ကိုယ်က အသင့်ဖြစ်နေအောင် အဘက်ဘက်က ကြိုးစားထားသင့်သည်။


အောင်မြင်သော အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ဝါရင်း ဘတ်ဖတ်က ဘဝမှာ အလုပ်အကိုင် ရွေးချယ်တာနှင့့် ပတ်သက်ပြီး အခုလိုပြောခဲ့သည်။ “ပိုက်ဆံနောက်ကို လိုက်ပြီး အလုပ်အကိုင်ကို ရွေးတာထက်၊ ကိုယ်စိတ်အား ထက်သန်တာကို ရွေးချယ်သင့်သည်။ ဘာလို့လဲဆိုတော့ ကိုယ်စိတ်အား ထက်သန်တာကို လုပ်နေရရင်၊ အလုပ်လုပ်နေရတာ ပျော်ရွှင်စရာကောင်းသည်။ ဝင်ငွေဘယ်လောက် ရလဲဆိုတာကို အဓိကထား ရွေးမယ်ဆိုရင်၊ ကိုယ်မကြိုက်တာ လုပ်ရတာကြာလာရင် စိတ်ညစ်ပြီး၊ နောက်ဆုံးကျ အောင်မြင်သင့်သလောက် မအောင်မြင်ဖြစ်ပြီး၊ ဝင်ငွေလည်း ကိုယ်ထင်ထားသလောက် မရ ဖြစ်လိမ့်မယ်”။


တကယ်တော့ ဘဝမှာ ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့က အားလုံးအတွက် အလွယ်တကူဖြစ်လာသော အခြေအနေ မဟုတ်ချေ။ တချို့က သူများထက်ပိုပြီး ကြိုးစားအားထုတ် လုပ်ယူရတာမျိုး ဖြစ်သည်။ အသက်ငယ်လေ ဘယ်လိုအလုပ်အကိုင်ကို လုပ်မလဲဆိုတာ ပိုအချိန်ယူ စဉ်းစားနိုင်လေ ဖြစ်သည်။ အသက်ကြီးလာတာနှင့်အမျှ ဘဝမှာ တာဝန်တွေ ပိုလာသလို၊ ရရှိသော အခွင့်အလမ်းများလည်း နည်းပါးလာတတ်သည်။ ဒါကြောင့် မိမိတို့အားလုံး လူငယ်ဘဝမှာ ကိုယ်ရရှိသော အခွင့်အလမ်းများကို လက်လွတ်မခံဘဲ အကျိုးရှိရှိ အသုံးချပြီး ကိုယ်တကယ် စိတ်အားထက်သန်သော အလုပ်အကိုင်မျိုးကို လုပ်နိုင်ဖို့ ကြိုးစားကြရပေမည်။


နော်ဝေနိုင်ငံမှာတော့ အစိုးရပိုင်ကျောင်းများနှင့် တက္ကသိုလ်များအတွက် အစိုးရက ငွေပေးချေပြီး နော်ဝေတွင် ပညာသင်ကြားရေးသည် ပြည်သူများအတွက် အခမဲ့ဖြစ်သည်။ သို့သော် အစိုးရပိုင်ရော ပုဂ္ဂိုလိကပိုင်ပါ အဆင့်မြင့် ပညာရေးနှစ်မျိုးစလုံးတွင် တက္ကသိုလ်ကျောင်းသားများသည် လိုအပ်သော သင်ကြားရေး ပစ္စည်းများကို မိမိဘာသာ ရှာဖွေဝယ်ယူရမည်။ ဆိုလိုသည်မှာ သင်ရိုးညွှန်းတမ်း စာအုပ်များရော စာရေးကိရိယာများပါ ကိုယ့်ဘာသာဝယ်ရမည်။


တက္ကသိုလ်များနှင့် ကောလိပ်များသည် အခမဲ့ဖြစ်စေကာမှု တက္ကသိုလ်ပညာသင်နေဆဲ အချိန်တွင် အခြား ကုန်ကျစရိတ်များအတွက် ငွေကြးလိုအပ်သည်။ ထိုကြောင့် ထုံးစံအားဖြင့် နိုင်ငံတော် ချေးငွေဌာမှ ပညာသင်စရိတ် ချေးငွေကို ချေးယူကာ အိမ်ငှားခ၊ အစားအသောက်နှင့် အခြား လိုအပ်ရာရာများအတွက် သုံးစွဲကြရသည်။ ဤနည်းအားဖြင့် မိမိကသာ ဆန္ဒရှိပါက မိသားစုထံမှ ငွေကြေးကို မှီခိုရန်မလိုဘဲ တက္ကသိုလ်ပညာ သင်ယူနိုင်ရန် အခွင့်အလမ်းရှိသည်။ တက္ကသိုလ်ကျောင်းသားများသည် စားဝတ်နေစရိတ် ဖူလုံစေရန် တဘက်တွင် အလုပ်လည်း လုပ်ကြရသေးသည်။

တန်းတူရည်တူ ပညာသင်ကြားခွင့်
ခေတ်မီနိုင်ငံတစ်ခုသည် မြင့်မားသော အလုပ်ခန့်ထားမှု၊ စက်မှုနည်းပညာနှင့် မွမ်းမံတီထွင်မှုတို့အပေါ်တွင် အမှီပြုနေသည်။ ထိုကြောင့် နော်ဝေတွင် အဆင့်မြင့်ပညာတတ် နိုင်ငံသားများကို လိုအပ်သည်။ သို့ဖြစ်၍ အစိုးရက ပညာရေးအတွက် ပံ့ပိုးပေေးနရာ အားလုံးအတွက် တန်းတူရည်တူ ပညာသင်ကြားခွင့်ပေးခြင်းလည်း အပါအဝင်ဖြစ်သည်။


ယနေ့အခါ နော်ဝေတွင် အရွယ်ရောက်ပြီးသူများ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဘွဲ့ရပညာတတ်များ ဖြစ်ကြသည်။ တက္ကသိုလ်ပညာသင်သူ လူငယ်များ များသည်ထက် များလာပြီး နော်ဝေ၏ ပညာရေးအဆင့်အတန်းမှာ တဖြည်းဖြည်း မြင့်မားလာသည်။ ယခုခေတ် တက္ကသိုလ်ကျောင်းသား ၆၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသားများထက် အမျိုးသမီးများက ပညာအဆင့်အတန်း အနည်းငယ် ပိုမြင့်သည်။


တက္ကသိုလ်ဝင်တန်းကျောင်းမှ အရည်အချင်း ပြည့်မီလာသူများသည် ကောလိပ်များနှင့် တက္ကသိုလ်များတွင် ပညာသင်ခွင့်ကို လျှောက်ထားနိုင်သည်။ ကောလိပ်များနှင့် တက္ကသိုလ်များတွင် ပညာသင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ကွပ်ကဲသည်။

အချက်အလက်
ပညာရေးချေးငွေဌာန (ပညာရေးငွေပင်ငွေရင်း)
ပညာရေးချေးငွေဌာနက နော်ဝေနိုင်ငံတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ၊ တက္ကသိုလ် ကျောင်းသားတွေနဲ့ ပြည်ပရောက် နော်ဝေတက္ကသိုလ် ကျောင်းသားတွေကို ပညာသင် ထောက်ပံ့ကြေးနဲ့ ပညာရေးချေးငွေတွေ ထုတ်ပေးပါသည်။ ပညာရေးချေးငွေဌာန အနေနဲ့ ပူးပေါင်း လုပ်ဆောင်ပေးသွားမှာတွေက …
-ကွဲပြားခြားနားမှုများကို ပယ်ရှားပြီး ပထဝီ၊ အသက်၊ လိင်နှင့် ငွေကြေး (သို့) လူမှုရေး အခြေအနေပေါ် မူမတည်ဘဲ လူတိုင်းတန်းတူရည်မျှ တက္ကသိုလ်ပညာ သင်ယူနိုင်ရေးကို ဖော်ဆောင်ပေးရန်။
-သင်ယူမှုလုပ်ငန်းကို ထိရောက်စေမည့် အားရစရာကောင်းသော လုပ်ငန်းဝန်းကျင်ထဲတွင် ပညာသင်ကြားပေးနိုင်စေရန်။
-နိုင်ငံအတွက် ဘွဲ့ရပညာတတ်လုပ်အား ရရှိအောင် စီမံပေးရန်။
-လူကြီးများလည်း အခြေခံပညာကျောင်း (သို့) တက္ကသိုလ်ဝင်တန်း ကျောင်းတက်ရန် ပညာသင်ထောက်ပံ့ကြေး (သို့) ချေးငွေကို လျှောက်ထားနိုင်သည်။


အကြံပြုပါရစေ။
နော်ဝေနိုင်ငံက ဆရာ၊ ဆရာမတွေဟာ အခုခေတ် ကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် သင်ကြားမှုမျိုးနဲ့ သင်ကြားသင့်ပါသည်။ အခုခေတ် ကျောင်းသားတွေဟာ မိမိတို့ ခေတ်တုန်းကလို မဟုတ်တော့ဘူးဆိုတာ မိမိတို့ မြန်မာပြည်က ဆရာ၊ ဆရာမများ အနေနဲ့ မိမိတို့ ငယ်ဘဝတုန်းနဲ ယနေ့ခေတ် ကျောင်းသားတွေနဲ့ မတူတော့တာကို နားလည်ကြရပါမယ်။

သူတို့သင်ယူနည်းတွေ၊ စိတ်ဓာတ်တွေ၊ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ၊ ကမ္ဘာကြီးမှာ ပြောင်းလဲနေတာတွေ … ဒါတွေအကုန်လုံးနဲ့ လိုက်လျော်ညီထွေဖြစ်တဲ့ သင်ကြားနည်းစနစ်အသစ်တွေ၊ အတွေးအခေါ်သစ်တွေကို ပြောင်းလဲလက်ခံတတ်ဖို့ လိုအပ်ပါသည်။
နော်ဝေနိုင်ငံမှာတော့ အတန်းထဲမှာ ကျောင်းသား၊ ကျောင်းသူတွေကို ဆရာ၊ ဆရာမများက အလွန် မေးခွန်းထုတ်လေ့ရှိသည်။ သူတို့ကိုလည်း မိမိကိုဖြစ်စေ၊ သူတို့အချင်းချင်းဖြစ်စေ၊ ကိုယ့်အတွေးထဲပဲဖြစ်စေ သင်ယူနေတဲ့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေမေးဖို့ အားပေးသည်။ တခါတလေ သူတို့မေးခွန်း မေးလာရင် ချက်ချင်းအဖြေမပေးဘဲ သူတို့ကို လမ်းစဖွင့်ပေးတဲ့သဘောမျိုးနဲ့ သူတို့တွေးနိုင်မယ့် အဖြေမျိုးထွက်မယ့် မေးခွန်းမျိုးကို ဆရာ၊ ဆရာမများက ပြန်မေးလေ့ရှိသည်။


မေးခွန်းမေးတယ်ဆိုတာလည်း ကျောင်းသားက ဆရာကိုမေး ဆရာကပြန်ဖြေ … အဲဒီလို တလမ်းသွား မဖြစ်သင့်ပါ။ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို ကိုယ့်ဘာသာ မေးခွန်းထုတ် အဖြေရှာဖို့ စဉ်းစားတာမျိုးကို အားပေးသင့်သည်။ အထူးသဖြင့် WHY (ဘာကြောင့်လဲ) ဆိုတဲ့မေးခွန်းကို အမြဲစဉ်းစားမိတတ်အောင်။


ကှောငှးသားတှေေ မးခှနှးမေးလာတာကို တခှို့မှနမှာဆရာ၊ ဆရာမတှေ မကှိုကကှှတာ အဖှကေို သူတို့မသိမှာ စိုးရိမလှို့၊ မေးခှနှးကိုဖှနေိုငဖှို့ စာထပမှဖတခှငှလှို့၊ အခှိနကှုနတှယထှငလှို့၊ မေးခှနှးမေးခှငှးရဲ့ အကှိုးကှေးဇူးကို နားမလညလှို့၊ မယုံကှညလှို့ စတာတှကှေောင့ှ ဖှဈနိုငပှါသညှ။ မိမိငယငှယကှ မေးခှနှးမေးလို့ ငယဆှရာမကှီးမှား ဖှဈကှတဲ့ ဆရာမ ဒေါရှီရီမှင့ှ၊ ဆရာမ ဒေါနှောရှီရှှဝငှေးတို့က အမှဲတမှး အားပေးကှပါသညှ။


ဒါပေမယ့် မိမိအတွေ့အကြုံအရ ပြောရရင် ကျောင်းသားတွေ မေးခွန်းမေးတဲ့အခါ သူတို့ရော ဆရာတွေပါ တိုးတက်မှုရကြပါသည်။ ကျောင်းသားတွေ မေးခွန်းကြောင့် ဆရာတွေဟာ ကိုယ်မတွေးဖြစ်တဲ့ ရှုထောင့်ကနေ တွေးဖြစ်သွားသည်။ ကိုယ်သိထားတာတွေအပေါ် ထပ်ဆင့်တွေးမိသွားတာမျိုး၊ ဒါတော့ ငါမသိသေးပါလား၊ ငါမပိုင်သေးပါလား ဆိုတာမျိုး သဘောပေါက်လာနိုင်သည်။ ကျောင်းသားတွေ အတွက်လည်း စူးစမ်းတွေးခေါ်တတ်ပြီး မေးခွန်းထုတ်တတ်တဲ့ အကျင့်ရသွားမယ်။ ဆရာက သူတို့ကို တန်ပြန်မေးခွန်း ထုတ်တာအပေါ် ထပ်ဆင့်တွေးပြီး သင်ခန်းစာအပေါ် နားလည်မှု ပိုရှိသွားမယ်။ ဒီသင်ခန်းစာဟာ တခြား အရာတွေနဲ့လည်း ဘယ်လိုဆက်စပ်နိုင်တယ် ဆိုတာမျိုး တွေးမိသွားမယ်။


မေးခွန်းမေးတဲ့ အကျင့်ဟာ မိမိတို့မြန်မာနိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာ မရှိသလို၊ ဆရာတွေနဲ့ လက်ရှိပညာရေး စနစ်ကပါ အားမပေးတာ တွေ့ရသည်။ တကယ်တော့ ဆရာနဲ့ ကျောင်းသားကြား အပြန်အလှန် မေးခွန်းထုတ်တတ်တဲ့ အလေ့အကျင့်မျိုး မိမိတို့နိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာ အမြန်ဆုံး မိတ်ဆက်ပေးဖို့ လိုအပ်နေပါသည်။
နောက်ပြီး ကျောင်းသားတွေ မေးခွန်းကို ဖြေတာပဲဖြစ်ဖြစ်၊ သူတို့ကိုလမ်းပြဖို့အတွက် တန်ပြန်မေးခွန်း မေးတာပဲဖြစ်ဖြစ်၊ အဲဒီလိုတွေ လုပ်နိုင်အောင် ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ်တိုင်က အမြဲ လေ့လာသင်ယူနေရမှာ ဖြစ်ပါသည်။


(ဆက်လက်ဖော်ပြပါမည်)
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၁၁)

နော်ဝေနိုင်ငံက ကျောင်းသား ကျောင်းသူ၊ လူတိုင်းဟာ ကိုယ်လုပ်ချင်သော အလုပ်ကို လုပ်ချင်ကြပေမယ့်၊ သူတို့ရရှိသော အခွင့်အရေးချင်း မတူညီကြချေ။ တချို့က အပူအပင်မရှိ၊ ဘယ်သူ့ကိုမှ ထည့်သွင်းစဉ်းစားစရာ မလိုဘဲ ကိုယ်လုပ်ချင်တာ လုပ်နိုင်ကြသည်။ ထို့ကြောင့် ကိုယ့်အခြေအနေကို ကိုယ့်ဖာသာ ပြန်လည်ဆန်းစစ်ဖို့ အရေးကြီးသည်။ ကိုယ်က အလုပ်ရဖို့ ဦးစားပေးချင်လား၊ ဘယ်လိုအလုပ်မဆို လုပ်ဖို့ စဉ်းစားထားပြီလား စသည်ဖြင့်။

တချို့တွေကတော့ အလုပ်ရွေးချယ်ရာတွင် အလုပ်ဂုဏ်ဆိုတာနှင့် တိုင်းတာတတ်ကြသည်။ တကယ်တော့ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုသည့်စကားလို ဘယ်အလုပ်မဆို သူ့နေရာနှင့်သူ အရေးကြီးသည်။ နော်ဝေနိုင်ငံမှ နာမည်ကျော် ဆံပင်ညှပ်သူတစေ်ယာက် အကြောင်းကို ဥပမာပေးချင်သည်။ သူက အတန်းပညာမှာ အလယ်တန်း အဆင့်လောက်သာ နေခဲ့သော်လည်း ဆံပင်ညှပ်ခြင်းဆိုသော လက်တွေ့ပညာရပ်တစ်ခုမှာ ထူးချွန်သောကြောင့် ဆံပင်ညှပ်လုပ်ငန်းနှင့် ချမ်းသာကြွယ်ဝသွားသည်။ အလားတူ အတန်းပညာရပ်တစ်ခု ထူးချွန်သူတွေဟာလည်း ထိုက်တန်သော ရလဒ်တွေကို ရနိုင်သည်။ ဘယ်အလုပ်မဆို အရေးကြီးတာက ထူးချွန်အောင် ကြိုးစားဖို့ပင် ဖြစ်သည်။

အလုပ်အကိုင် ရွေးချယ်ရာမှာ စဉ်းစားရမည့် နောက်တစ်ချက်က “Right person, right job” ဖြစ်သည်။ ဘယ်လိုအလုပ်ဟာ ကိုယ်နဲ့ သင့်တော်မလဲဆိုတာကို မိမိတို့ အမြဲသေချာ ဆန်းစစ်သင့်သည်။ ဥပမာ – လူတွေနှင့် ဆက်ဆံရတာကို မနှစ်သက်သူတစေ်ယာက်က Sales & Marketing လို နေရာမျိုးမှာ လုပ်မည်ဆိုလျှင်၊ သူ့ ကိုယ်ကျင့်စရိုက်ကို မပြောင်းသမျှ သိပ်အောင်မြင်မှု မရှိဖို့ များသည်။ ဒါကြောင့် လူတိုင်းဟာ ကိုယ့်အားသာချက်က ဘာလဲ၊ အားနည်းချက်က ဘာလဲဆိုတာကို အမြဲဆန်းစစ်ပြီး ဘယ်လိုနေရာဟာ ငါနဲ့ သင့်တော်မလဲဟု စဉ်းစားသင့်သည်။

အရေးကြီးဆုံးကတော့ ကိုယ်ဘဝနှင့် အလုပ်အကိုင်ပါပဲ။ ဘဝမှာ ကိုယ်က ဘယ်လိုအလုပ်မျိုးကို တကယ် စိတ်အားထက်သန်လဲဆိုတာ သေချာသိဖို့လည်း လိုအပ်သည်။ ဒါကြောင့် လူငယ်တွေကို ဘဝမှာ ကိုယ်ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်ပြီး ဆုံးဖြတ်ဖို့ နော်ဝေနိုင်ငံမှ ဆရာ၊ ဆရာများက အမြဲတိုက်တွန်းသည်။ အထူးသဖြင့် ကိုယ်စိတ်ဝင်စားသော အလုပ်အကိုင်တွေမှာ ဘာတွေ လုပ်ရလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံရနိုင်လဲ၊ ဘယ်လို အရည်အချင်းတွေ လိုအပ်သလဲ စတာတွေလေ့လာပြီး ကိုယ်နှင့်တကယ် သင့်တော်ပါ့မလားဆိုတာ မေးခွန်းထုတ်သင့်သည်။

မိမိတို့ဘဝမှာ အလုပ်ဆိုတာ နိစ္စဒူဝ တစ်ပတ် ငါးရက်၊ မနက်ကနေ ညနေထိ လုပ်နေရတာများသည်။ ဒါကြောင့် ကိုယ်တကယ် စိတ်အားထက်သန်သော အလုပ်မျိုးကို လုပ်နိုင်ဖို့ အခွင့်အလမ်းမျိုး ပေါ်လာတာနှင့် ကိုယ်က အသင့်ဖြစ်နေအောင် အဘက်ဘက်က ကြိုးစားထားသင့်သည်။

အောင်မြင်သော အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ဝါရင်း ဘတ်ဖတ်က ဘဝမှာ အလုပ်အကိုင် ရွေးချယ်တာနှင့် ပတ်သက်ပြီး အခုလိုပြောခဲ့သည်။ “ပိုက်ဆံနောက်ကို လိုက်ပြီး အလုပ်အကိုင်ကို ရွေးတာထက်၊ ကိုယ်စိတ်အား ထက်သန်တာကို ရွေးချယ်သင့်သည်။ ဘာလို့လဲဆိုတော့ ကိုယ်စိတ်အား ထက်သန်တာကို လုပ်နေရရင်၊ အလုပ်လုပ်နေရတာ ပျော်ရွှင်စရာကောင်းသည်။ ဝင်ငွေဘယ်လောက် ရလဲဆိုတာကို အဓိကထား ရွေးမယ်ဆိုရင်၊ ကိုယ်မကြိုက်တာ လုပ်ရတာကြာလာရင် စိတ်ညစ်ပြီး၊ နောက်ဆုံးကျ အောင်မြင်သင့်သလောက် မအောင်မြင်ဖြစ်ပြီး၊ ဝင်ငွေလည်း ကိုယ်ထင်ထားသလောက် မရ ဖြစ်လိမ့်မယ်”။

တကယ်တော့ ဘဝမှာ ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့က အားလုံးအတွက် အလွယ်တကူဖြစ်လာသော အခြေအနေ မဟုတ်ချေ။ တချို့က သူများထက်ပိုပြီး ကြိုးစားအားထုတ် လုပ်ယူရတာမျိုး ဖြစ်သည်။ အသက်ငယ်လေ ဘယ်လိုအလုပ်အကိုင်ကို လုပ်မလဲဆိုတာ ပိုအချိန်ယူ စဉ်းစားနိုင်လေ ဖြစ်သည်။ အသက်ကြီးလာတာနှင့်အမျှ ဘဝမှာ တာဝန်တွေ ပိုလာသလို၊ ရရှိသော အခွင့်အလမ်းများလည်း နည်းပါးလာတတ်သည်။ ဒါကြောင့် မိမိတို့အားလုံး လူငယ်ဘဝမှာ ကိုယ်ရရှိသော အခွင့်အလမ်းများကို လက်လွတ်မခံဘဲ အကျိုးရှိရှိ အသုံးချပြီး ကိုယ်တကယ် စိတ်အားထက်သန်သော အလုပ်အကိုင်မျိုးကို လုပ်နိုင်ဖို့ ကြိုးစားကြရပေမည်။

နော်ဝေနိုင်ငံမှာတော့  အစိုးရပိုင်ကျောင်းများနှင့် တက္ကသိုလ်များအတွက် အစိုးရက ငွေပေးချေပြီး နော်ဝေတွင် ပညာသင်ကြားရေးသည် ပြည်သူများအတွက် အခမဲ့ဖြစ်သည်။ သို့သော် အစိုးရပိုင်ရော ပုဂ္ဂိုလိကပိုင်ပါ အဆင့်မြင့် ပညာရေးနှစ်မျိုးစလုံးတွင် တက္ကသိုလ်ကျောင်းသားများသည် လိုအပ်သော သင်ကြားရေး ပစ္စည်းများကို မိမိဘာသာ ရှာဖွေဝယ်ယူရမည်။ ဆိုလိုသည်မှာ သင်ရိုးညွှန်းတမ်း စာအုပ်များရော စာရေးကိရိယာများပါ ကိုယ့်ဘာသာဝယ်ရမည်။

တက္ကသိုလ်များနှင့် ကောလိပ်များသည် အခမဲ့ဖြစ်စေကာမှု တက္ကသိုလ်ပညာသင်နေဆဲ အချိန်တွင် အခြား ကုန်ကျစရိတ်များအတွက် ငွေကြးလိုအပ်သည်။ ထိုကြောင့် ထုံးစံအားဖြင့် နိုင်ငံတော် ချေးငွေဌာမှ ပညာသင်စရိတ် ချေးငွေကို ချေးယူကာ အိမ်ငှားခ၊ အစားအသောက်နှင့် အခြား လိုအပ်ရာရာများအတွက် သုံးစွဲကြရသည်။ ဤနည်းအားဖြင့် မိမိကသာ ဆန္ဒရှိပါက မိသားစုထံမှ  ငွေကြေးကို မှီခိုရန်မလိုဘဲ တက္ကသိုလ်ပညာ သင်ယူနိုင်ရန် အခွင့်အလမ်းရှိသည်။ တက္ကသိုလ်ကျောင်းသားများသည် စားဝတ်နေစရိတ် ဖူလုံစေရန် တဘက်တွင် အလုပ်လည်း လုပ်ကြရသေးသည်။

တန်းတူရည်တူ ပညာသင်ကြားခွင့်

ခေတ်မီနိုင်ငံတစ်ခုသည် မြင့်မားသော အလုပ်ခန့်ထားမှု၊ စက်မှုနည်းပညာနှင့် မွမ်းမံတီထွင်မှုတို့အပေါ်တွင် အမှီပြုနေသည်။ ထိုကြောင့် နော်ဝေတွင် အဆင့်မြင့်ပညာတတ် နိုင်ငံသားများကို လိုအပ်သည်။ သို့ဖြစ်၍ အစိုးရက ပညာရေးအတွက် ပံ့ပိုးပေေးနရာ အားလုံးအတွက် တန်းတူရည်တူ ပညာသင်ကြားခွင့်ပေးခြင်းလည်း အပါအဝင်ဖြစ်သည်။

ယနေ့အခါ နော်ဝေတွင် အရွယ်ရောက်ပြီးသူများ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဘွဲ့ရပညာတတ်များ ဖြစ်ကြသည်။ တက္ကသိုလ်ပညာသင်သူ လူငယ်များ များသည်ထက် များလာပြီး နော်ဝေ၏ ပညာရေးအဆင့်အတန်းမှာ တဖြည်းဖြည်း မြင့်မားလာသည်။ ယခုခေတ် တက္ကသိုလ်ကျောင်းသား ၆၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသားများထက် အမျိုးသမီးများက ပညာအဆင့်အတန်း အနည်းငယ် ပိုမြင့်သည်။

တက္ကသိုလ်ဝင်တန်းကျောင်းမှ အရည်အချင်း ပြည့်မီလာသူများသည် ကောလိပ်များနှင့် တက္ကသိုလ်များတွင် ပညာသင်ခွင့်ကို လျှောက်ထားနိုင်သည်။ ကောလိပ်များနှင့် တက္ကသိုလ်များတွင် ပညာသင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ကွပ်ကဲသည်။

အခ်က္အလက္

ပညာရေးချေးငွေဌာန (ပညာရေးငွေပင်ငွေရင်း)

ပညာရေးချေးငွေဌာနက နော်ဝေနိုင်ငံတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ၊ တက္ကသိုလ် ကျောင်းသားတွေနဲ့ ပြည်ပရောက် နော်ဝေတက္ကသိုလ် ကျောင်းသားတွေကို ပညာသင် ထောက်ပံ့ကြေးနဲ့ ပညာရေးချေးငွေတွေ ထုတ်ပေးပါသည်။ ပညာရေးချေးငွေဌာန အနေနဲ့ ပူးပေါင်း လုပ်ဆောင်ပေးသွားမှာတွေက …

-ကွဲပြားခြားနားမှုများကို ပယ်ရှားပြီး ပထဝီ၊ အသက်၊ လိင်နှင့် ငွေကြေး (သို့) လူမှုရေး အခြေအနေပေါ် မူမတည်ဘဲ လူတိုင်းတန်းတူရည်မျှ တက္ကသိုလ်ပညာ သင်ယူနိုင်ရေးကို ဖော်ဆောင်ပေးရန်။

-သင်ယူမှုလုပ်ငန်းကို ထိရောက်စေမည့် အားရစရာကောင်းသော လုပ်ငန်းဝန်းကျင်ထဲတွင် ပညာသင်ကြားပေးနိုင်စေရန်။

-နိုင်ငံအတွက် ဘွဲ့ရပညာတတ်လုပ်အား ရရှိအောင် စီမံပေးရန်။

-လူကြီးများလည်း အခြေခံပညာကျောင်း (သို့) တက္ကသိုလ်ဝင်တန်း ကျောင်းတက်ရန် ပညာသင်ထောက်ပံ့ကြေး (သို့) ချေးငွေကို လျှောက်ထားနိုင်သည်။

အကြံပြုပါရစေ။

နော်ဝေနိုင်ငံက ဆရာ၊ ဆရာမတွေဟာ အခုခေတ် ကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် သင်ကြားမှုမျိုးနဲ့ သင်ကြားသင့်ပါသည်။ အခုခေတ် ကျောင်းသားတွေဟာ မိမိတို့ ခေတ်တုန်းကလို မဟုတ်တော့ဘူးဆိုတာ မိမိတို့ မြန်မာပြည်က ဆရာ၊ ဆရာမများ အနေနဲ့ မိမိတို့ ငယ်ဘဝတုန်းနဲ ယနေ့ခေတ် ကျောင်းသားတွေနဲ့ မတူတော့တာကို နားလည်ကြရပါမယ်။ သူတို့သင်ယူနည်းတွေ၊ စိတ်ဓာတ်တွေ၊ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ၊ ကမ္ဘာကြီးမှာ ပြောင်းလဲနေတာတွေ … ဒါတွေအကုန်လုံးနဲ့ လိုက်လျော်ညီထွေဖြစ်တဲ့ သင်ကြားနည်းစနစ်အသစ်တွေ၊ အတွေးအခေါ်သစ်တွေကို ပြောင်းလဲလက်ခံတတ်ဖို့ လိုအပ်ပါသည်။

နော်ဝေနိုင်ငံမှာတော့ အတန်းထဲမှာ ကျောင်းသား၊ ကျောင်းသူတွေကို ဆရာ၊ ဆရာမများက အလွန် မေးခွန်းထုတ်လေ့ရှိသည်။ သူတို့ကိုလည်း မိမိကိုဖြစ်စေ၊ သူတို့အချင်းချင်းဖြစ်စေ၊ ကိုယ့်အတွေးထဲပဲဖြစ်စေ သင်ယူနေတဲ့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေမေးဖို့ အားပေးသည်။ တခါတလေ သူတို့မေးခွန်း မေးလာရင် ချက်ချင်းအဖြေမပေးဘဲ သူတို့ကို လမ်းစဖွင့်ပေးတဲ့သဘောမျိုးနဲ့ သူတို့တွေးနိုင်မယ့် အဖြေမျိုးထွက်မယ့် မေးခွန်းမျိုးကို ဆရာ၊ ဆရာမများက ပြန်မေးလေ့ရှိသည်။

မေးခွန်းမေးတယ်ဆိုတာလည်း ကျောင်းသားက ဆရာကိုမေး ဆရာကပြန်ဖြေ … အဲဒီလို တလမ်းသွား မဖြစ်သင့်ပါ။ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို ကိုယ့်ဘာသာ မေးခွန်းထုတ် အဖြေရှာဖို့ စဉ်းစားတာမျိုးကို အားပေးသင့်သည်။ အထူးသဖြင့် WHY (ဘာကြောင့်လဲ) ဆိုတဲ့မေးခွန်းကို အမြဲစဉ်းစားမိတတ်အောင်။

ကှောငွးသားတှေေ မးခှနွးမေးလာတာကို တခှို့မှနမွာဆရာ၊ ဆရာမတှေ မကှိုကကွှတာ အဖှကေို သူတို့မသိမှာ စိုးရိမလွို့၊ မေးခှနွးကိုဖှနေိုငဖွို့ စာထပမွဖတခွငှလွို့၊ အခှိနကွုနတွယထွငလွို့၊ မေးခှနွးမေးခှငွးရဲ့ အကှိုးကှေးဇူးကို နားမလညလွို့၊ မယုံကှညလွို့ စတာတှကှေောငွ့ ဖှဈနိုငပွါသညွ။ မိမိငယငွယကွ မေးခှနွးမေးလို့ ငယဆွရာမကှီးမှား ဖှဈကှတဲ့ ဆရာမ ဒေါရွီရီမှငွ့၊ ဆရာမ ဒေါနွောရွီရှှဝငွေးတို့က အမှဲတမွး အားပေးကှပါသညွ။ 

ဒါပေမယ့် မိမိအတွေ့အကြုံအရ ပြောရရင် ကျောင်းသားတွေ မေးခွန်းမေးတဲ့အခါ သူတို့ရော ဆရာတွေပါ တိုးတက်မှုရကြပါသည်။ ကျောင်းသားတွေ မေးခွန်းကြောင့် ဆရာတွေဟာ ကိုယ်မတွေးဖြစ်တဲ့ ရှုထောင့်ကနေ တွေးဖြစ်သွားသည်။ ကိုယ်သိထားတာတွေအပေါ် ထပ်ဆင့်တွေးမိသွားတာမျိုး၊ ဒါတော့ ငါမသိသေးပါလား၊ ငါမပိုင်သေးပါလား ဆိုတာမျိုး သဘောပေါက်လာနိုင်သည်။ ကျောင်းသားတွေ အတွက်လည်း စူးစမ်းတွေးခေါ်တတ်ပြီး မေးခွန်းထုတ်တတ်တဲ့ အကျင့်ရသွားမယ်။ ဆရာက သူတို့ကို တန်ပြန်မေးခွန်း ထုတ်တာအပေါ် ထပ်ဆင့်တွေးပြီး သင်ခန်းစာအပေါ် နားလည်မှု ပိုရှိသွားမယ်။ ဒီသင်ခန်းစာဟာ တခြား အရာတွေနဲ့လည်း ဘယ်လိုဆက်စပ်နိုင်တယ် ဆိုတာမျိုး တွေးမိသွားမယ်။ 

မေးခွန်းမေးတဲ့ အကျင့်ဟာ မိမိတို့မြန်မာနိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာ မရှိသလို၊ ဆရာတွေနဲ့ လက်ရှိပညာရေး စနစ်ကပါ အားမပေးတာ တွေ့ရသည်။ တကယ်တော့ ဆရာနဲ့ ကျောင်းသားကြား အပြန်အလှန် မေးခွန်းထုတ်တတ်တဲ့ အလေ့အကျင့်မျိုး မိမိတို့နိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာ အမြန်ဆုံး မိတ်ဆက်ပေးဖို့ လိုအပ်နေပါသည်။ 

နောက်ပြီး ကျောင်းသားတွေ မေးခွန်းကို ဖြေတာပဲဖြစ်ဖြစ်၊ သူတို့ကိုလမ်းပြဖို့အတွက် တန်ပြန်မေးခွန်း မေးတာပဲဖြစ်ဖြစ်၊ အဲဒီလိုတွေ လုပ်နိုင်အောင် ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ်တိုင်က အမြဲ လေ့လာသင်ယူနေရမှာ ဖြစ်ပါသည်။  

(ဆက်လက်ဖော်ပြပါမည်)

ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)