Community quarantine ဆိုတာ ဘာလဲ

0
914

Community quarantine ဆိုတာ ဘာလဲ

မတ်လ ၃၁ ရက်နေ့ ညနေမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ Lockdown လုပ်မှာ စိုးရိမ်မှုတွေရှိကြောင်း၊ တချို့သော ဒေသများကိုတော့ လိုအပ်လာပါက Community quarantine လုပ်ရန် အစီအစဉ် ရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Community quarantine ဆိုတာ ဘာလဲ

ဒီစကားလုံးကတော့ ၂၀၁၉ နှစ်ကုန် ၂၀၂၀ ပြည့် နှစ်ဆန်းကာလမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 ကြောင့် စတင်သုံးနှုန်းခဲ့တဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ ဒီစကားလုံးကို ဥရောပမှာဆို အမေရိကန်ပြည်ထောင်စုနဲ့ အာရှဒေသမှာဆိုရင် အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်မှာ စတင် သုံးစွဲခဲ့ခြင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ လူဇွန် (Luzon) ဒေသကို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ဧပြီလ ၁၅ ရက်နေ့အထိ Community quarantine လုပ်ပါတယ်ဆိုပြီး ဖိလစ်ပိုင် အစိုးရက တရားဝင် ကြေညာခဲ့တာပါ။

Luzon ဒေသဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံး ကျွန်းဆွယ်ဒေသလို့ ပြောလို့ရကာ မြို့တော် မနီလာလည်း တည်ရှိပါတယ်။ လူဦးရေ ၅၃ သန်းကနေ ၅၇ သန်းအထိ နေထိုင်တဲ့ ဒေသဖြစ်ကာ နိုင်ငံရေး၊ စီးပွားရေး အချက်အခြာကျတဲ့ ဒေသလည်း ဖြစ်ပါတယ်။ Community quarantine ကို မြို့တော် မနီလာမှာ မတ်လ ၁၂ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီးနောက် မနီလာမြို့တော်နဲ့ ဆက်စပ်လျက်ရှိတဲ့ ဒေသအားလုံးကို Community quarantine ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ COVID-19 ရောဂါ ကူးစက်ခံရတဲ့ လူနာကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စတင်တွေ့ရှိပြီးနောက် အခုအခါမှာတော့ ရောဂါ ကူးစက်ခံစားနေရတဲ့သူပေါင်း ၂၀၈၀ ကျော်အထိ ရှိနေပါပြီ။

ဖိလစ်ပိုင်မှာ ပြုလုပ်ထားတဲ့ Community quarantine မှာ ဘယ်လိုအချက်တွေပါဝင်ပါသလဲ

၁။ ပထမဆုံးအချက်ကတော့ အစိုးရရုံးလုပ်ငန်းများ အားလုံး ပုံမှန်အတိုင်း လည်ပတ်နေရပါတယ်။ ဆိုလိုတာကတော့ အစိုးရဝန်ထမ်းများ ပုံမှန်ရုံးလုပ်ငန်း တာဝန်ဝတ္တရားများကို ဆောင်ရွက်နေရပါတယ်။ သို့သော်လည်း သွားလာရေးအားလုံးကိုတော့ အစိုးရက တာဝန်ယူပေးရပါတယ်။

၂။ တရားရုံးကိစ္စများကို ပုံမှန်အတိုင်း ဆောင်ရွက်ပါတယ်။
ဆိုလိုတာကတော့ တရားရင်ဆိုင်နေရဆဲ၊ ရင်ဆိုင်ရမယ့် အမှုကိစ္စများကို ရက်ရွေ့ဆိုင်းတာမျိုး မရှိပါဘူး။ အကြောင်းကြားတာကိုတော့ email, facebook စတဲ့ အွန်လိုင်းကနေတဆင့် အကြောင်းကြားတာမျိုး ပြုလုပ်ပြီး တရားရုံးကိစ္စများကို ကြားနာဆောင်ရွက်ပါတယ်။ ကျန်းမာရေးကိစ္စကြောင့်မှလွဲပြီး ပျက်ကွက်လို့မရပါဘူး။

၃။ ဘယ်လိုလူတွေ သွားလာခွင့်ရနေပါသလဲ။
အစိုးရရုံးဝန်ထမ်းများ အားလုံး၊ ဥပဒေရေးရာ ဆောင်ရွက်နေသူများ အားလုံး၊ ကျန်းမာရေးဝန်ထမ်းများ အားလုံးနဲ့ သတင်းမီဒီယာသမားများ အားလုံးဟာ Community quarantine ကာလအတွင်း သွားလာခွင့် အပြည့်အဝရှိပါတယ်။ ဒါ့အပြင် ဆေးကုမ္ပဏီဝန်ထမ်းများ၊ စားသောက်ကုန်၊ လူသုံးကုန် ထုတ်လုပ် ရောင်းချသူများ သွားလာခွင့်ရှိပြီး သာမန်ပြည်သူများ အနေနဲ့ ခိုင်လုံတဲ့ အရေးပေါ်ကိစ္စရပ် ရှိပါကလည်း သွားလာခွင့် ပြုထားပါတယ်။

၄။ ကုန်ပစ္စည်းများ ပြည်တွင်း ပြည်ပ တင်ပို့ခွင့် ရှိပါတယ်။
ဆိုလိုတာကတော့ ကုန်ပစ္စည်းများကို ပုဂ္ဂလိက သော်လည်းကောင်း၊ အစိုးရအနေနဲ့ သော်လည်းကောင်း ဒေသတွင်းပဲဖြစ်ဖြစ် ပြည်ပကိုဖြစ်ဖြစ် ကုန်တင်ကားနဲ့ သော်လည်းကောင်း၊ သင်္ဘောဖြင့် သော်လည်းကောင်း၊ လေယဉ်ဖြင့် သော်လည်းကောင်း တင်ပို့ရောင်းချ၊ ဝယ်ယူခွင့်ရှိပါတယ်။ ဒီအတွက် ကုန်တင်ကုန်ချ ပြုလုပ်ခြင်းများကို လက်ခံပေးထားပါတယ်။

၅။ တချို့သော စီးပွားရေးလုပ်ငန်းများကို ပြုခွင့်ပြုပါတယ်။
ပြည်သူလူထုအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေဖြစ်တဲ့ သောက်သုံးရေ ဖြန့်ဖြူးထုတ်လုပ်ခြင်း၊ လျှပ်စစ်၊ အင်တာနက်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဓာတ်ဆီ၊ သဘာဝဓာတ်ငွေ့၊ အမှိုက်သိမ်းလုပ်ငန်း၊ အသုဘလုပ်ငန်း ဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းများအပြင် စားသောက်ကုန်ဆိုင်၊ ဆေးဝါးဆိုင်၊ ဘဏ်လုပ်ငန်းများကိုလည်း ဖွင့်လှစ်ခွင့်ပေးပါတယ်။
စတော့အိတ်ချိန်း လုပ်ငန်းများလည်း ဆောင်ရွက်ပြုသလို ပို့ကုန် သွင်းကုန်လုပ်ငန်းများကို ဖွင့်လှစ်ခွင့်ပေးပြီး ကျွမ်းကျင်လုပ်သားများကိုလည်း လုပ်ငန်းခွင် ဝင်ခွင့်ပြုထားပါတယ်။ စီးပွားရေးကုမ္ပဏီများနဲ့ သွင်းကုန်ပို့ကုန် လုပ်ငန်းများကိုတော့ ဝန်ထမ်းအင်အား အနည်းဆုံး အနေအထားနဲ့ ဖွင့်လှစ်ခွင့်ပေးပြီး အွန်လိုင်းမှ တဆင့် အလုပ်ခွင့်ပြုပါတယ်။

၆။ အရေးပေါ်ရှိနေရမယ့် အဖွဲ့အစည်းများ
က။ ကျန်းမာရေးဝန်ကြီးဌာန
ခ။ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနများ
ဂ။ အလုပ်သမားရေးရာ ဝန်ကြီးဌာန
ဃ။ ကုန်သွယ်ရေးဝန်ကြီးဌာန

Community quarantine ကာလကို ဖိလစ်ပိုင်အစိုးရ ၁ လ သတ်မှတ်ထားပါတယ်။ လိုအပ်ပါက ထပ်မံတိုးမြှင့် သတ်မှတ်မယ်လို့ ကြေညာထားပါတယ်။

>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)