NSSA က အလုပ္အကိုင္ ႏွစ္ဆယ္ေက်ာ္ ထပ္မံသင္ၾကားေပးႏိုင္ဖို႔ သ႐ိုးညႊန္းတမ္း ေရးဆြဲ

0
38

ျမန္မာႏုိင္ငံ လုပ္သားမ်ားကၽြမ္းက်င္မႈ စံ သတ္မွတ္ျပ႒ာန္းေရးအဖြဲ႕ (NSSA) ကေန အလုပ္အကုိင္ အမ်ဳိး ၂၀ ေက်ာ္ ထပ္မံသင္ၾကားေပးနုိင္ဖုိ႔ သင္ၾကားေရးဆုိင္ရာ သင္ရုိးညႊန္တမ္းေတြ ေရးဆြဲေနတယ္လုိ႔ အလုပ္သမားညႊန္ၾကားေရး ဦးစီးဌာန ကၽြမ္းက်င္မႈေလ႔က်င္႔ေရးသင္တန္းေက်ာင္း (ရန္ကင္း)က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးကေပးပုိ႔ ထားပါတယ္။

အလုပ္သမား ညႊန္ၾကားေရး ဦးစီးဌာနက ဦးေဆာင္တဲ႔ ျမန္မာႏုိင္ငံလုပ္သားမ်ားကၽြမ္းက်င္မႈ စံ သတ္မွတ္ျပ႒ာန္းေရးအဖြဲ႕ (NSSA)ဟာ အလုပ္အကိုင္ အမ်ဳိးအစား ၂၃ မ်ဳိးကုိ သင္ၾကားေပးေနၿပီး အမ်ဳိသားအဆင္႔ လုပ္သားမ်ား ကၽြမ္းက်င္မႈအသိအမွတ္ျပဳ လက္မွတ္ေတြကုိ ေပးအပ္ေနတာပါ။ 

လက္ရွိ (NSSA) အေနနဲ႔ အလုပ္အကိုင္ အမ်ဳိးအစား ၅၄ မ်ဳိးထဲကေန ၃၃ မ်ဳိးက သင္ၾကားေရးဆုိင္ရာ သင္ရုိးညႊန္တမ္းေတြ ေရးဆြဲၿပီးေနၿပီး အလုပ္အကိုင္ အမ်ဳိးအစား၂၀ေက်ာ္က်န္ရွိ ေနတာလည္းျဖစ္ပါတယ္။

ဒါေၾကာင္႔ ျပည္တြင္းအလုပ္အကုိင္ေတြရဲ႕ လုိအပ္ခ်က္ေတြအရ အလုပ္အကုိင္ အမ်ိဳးအစား၂၀ေက်ာ္ ထပ္မံ သင္ၾကား ေပးနုိင္ဖုိ႔ သင္ၾကားေရးဆုိင္ရာ သင္ရုိးညႊန္တမ္းေတြ ေရးဆြဲေနတယ္လုိ႔ အလုပ္သမား ညႊန္ၾကားေရး ဦးစီးဌာန ကၽြမ္းက်င္မႈေလ႔က်င္႔ေရးသင္တန္းေက်ာင္း (ရန္ကင္း) ေက်ာင္းအုပ္ ေဒၚခင္မာေအး ကေျပာပါတယ္။

Soundbite   ေဒၚခင္မာေအး (ေက်ာင္းအုပ္)

ကၽြမ္းက်င္မႈေလ႔က်င္႔ေရးသင္တန္းေက်ာင္း (ရန္ကင္း) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

ဒါအျပင္ အလုပ္ရွင္က လုပ္ခလစာသတ္မွတ္ဖုိ႔အတြက္ ဆုံးျဖတ္ပုိင္ခြင္႔ရွိနုိင္ေအာင္ ျမန္မာနုိင္ငံမွာရွိေနတဲ႔ အလုပ္အကိုင္ အမ်ဳိးအစားတုိင္းအတြက္ စံ သတ္မွတ္ခ်က္ေတြကုိ ထပ္မံ ေရးဆြဲသြားမွာျဖစ္တယ္လုိလည္း ေျပာ ပါတယ္။

Soundbite   ေဒၚခင္မာေအး (ေက်ာင္းအုပ္)

ကၽြမ္းက်င္မႈေလ႔က်င္႔ေရးသင္တန္းေက်ာင္း (ရန္ကင္း) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

ျမန္မာႏုိင္ငံ လုပ္သားမ်ားကၽြမ္းက်င္မႈ စံ သတ္မွတ္ျပ႒ာန္းေရးအဖြဲ႕ (NSSA) ကုိ ၂၀၁၄ခုႏွစ္က စတင္ခဲ႔ၿပီး ၆ႏွစ္တာ ကာလအတြင္း အလုပ္အကုိင္ ၂၃ မ်ဳိးကေန အရည္အခ်င္းျပည္႔မီတဲ႔ အမ်ဳိးသားအဆင္႔ ကၽြမ္းက်င္လုပ္သား တစ္ေသာင္းေက်ာ္ကုိ အသိအမွတ္ျပဳလက္မွတ္ ေပးအပ္ခဲ႔ၿပီးလည္းျဖစ္ပါတယ္ရွင္။

NSSA က အလုပ်အကိုင် နှစ်ဆယ်ကျော် ထပ်မံသင်ကြားပေးနိုင်ဖို့ သရိုးညွှန်းတမ်း ရေးဆွဲ


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ကနေ အလုပ်အကိုင် အမျိုး ၂၀ ကျော် ထပ်မံသင်ကြားပေးနိုင်ဖို့ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်တမ်းတွေ ရေးဆွဲနေတယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။


အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ဦးဆောင်တဲ့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)ဟာ အလုပ်အကိုင် အမျိုးအစား ၂၃ မျိုးကို သင်ကြားပေးနေပြီး အမျိုသားအဆင့် လုပ်သားများ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်တွေကို ပေးအပ်နေတာပါ။
လက်ရှိ (NSSA) အနေနဲ့ အလုပ်အကိုင် အမျိုးအစား ၅၄ မျိုးထဲကနေ ၃၃ မျိုးက သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်တမ်းတွေ ရေးဆွဲပြီးနေပြီး အလုပ်အကိုင် အမျိုးအစား၂၀ကျော်ကျန်ရှိ နေတာလည်းဖြစ်ပါတယ်။


ဒါကြောင့် ပြည်တွင်းအလုပ်အကိုင်တွေရဲ့ လိုအပ်ချက်တွေအရ အလုပ်အကိုင် အမျိုးအစား၂၀ကျော် ထပ်မံ သင်ကြား ပေးနိုင်ဖို့ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်တမ်းတွေ ရေးဆွဲနေတယ်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ကျောင်းအုပ် ဒေါ်ခင်မာအေး ကပြောပါတယ်။


Soundbite ဒေါ်ခင်မာအေး (ကျောင်းအုပ်)
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန


ဒါအပြင် အလုပ်ရှင်က လုပ်ခလစာသတ်မှတ်ဖို့အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိနိုင်အောင် မြန်မာနိုင်ငံမှာရှိနေတဲ့ အလုပ်အကိုင် အမျိုးအစားတိုင်းအတွက် စံ သတ်မှတ်ချက်တွေကို ထပ်မံ ရေးဆွဲသွားမှာဖြစ်တယ်လိုလည်း ပြော ပါတယ်။


Soundbite ဒေါ်ခင်မာအေး (ကျောင်းအုပ်)
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ကို ၂၀၁၄ခုနှစ်က စတင်ခဲ့ပြီး ၆နှစ်တာ ကာလအတွင်း အလုပ်အကိုင် ၂၃ မျိုးကနေ အရည်အချင်းပြည့်မီတဲ့ အမျိုးသားအဆင့် ကျွမ်းကျင်လုပ်သား တစ်သောင်းကျော်ကို အသိအမှတ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီးလည်းဖြစ်ပါတယ်ရှင်။