NLD အစိုးရ တုိင္းေဒသႀကီး၀န္ႀကီး ၃ ဦးကို ထပ္မံခန္႔အပ္

0
2120

NLD အစိုးရအေနနဲ႔ တုိင္းေဒသႀကီး၀န္ႀကီး ၃ ဦးကို ထပ္မံခန္႔အပ္လိုက္တဲ့အေၾကာင္း သတင္းထုတ္ျပန္လာပါတယ္။ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္လက္မွတ္ေရးထိုးၿပီး ဇန္န၀ါရီလ ၂၉ ရက္ေန႔ ရက္စြဲနဲ႔ထုတ္ျပန္တဲ့ အမိန္႔အမွတ္ ၁၀/၂၀၁၈ မွာ ခန္႔အပ္လိုက္တာပါ။

ဒီလို ခန္႔အပ္တဲ့ေနရာမွာေတာ့ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႔အတြက္ သယံဇာတ၊ သစ္ေတာႏွင့္ သေဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီးဌာန ၀န္ႀကီးအျဖစ္ ေဒါက္တာေစာညိဳ၀င္းနဲ႔ စည္ပင္သာယာေရးႏွင့္ လူမႈေရး၀န္ႀကီးဌာန ၀န္ႀကီးအျဖစ္ ေဒၚညြန္႔ညြန္႔ေဌးတို႔ကို ခန္႔အပ္လိုက္တာပါ။

ဒါ့အျပင္ ဧရာ၀တီတိုင္းေဒသႀကီးအစိုးရအဖြဲ႔ရဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သယံဇာတႏွင့္ ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီးဌာနရဲ႕ ၀န္ႀကီးအျဖစ္ကိုလည္း ဦးတင္ေအာင္၀င္းကို ခန္႔အပ္ထားတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD အစိုးရ တိုင်းဒေသကြီးဝန်ကြီး ၃ ဦးကို ထပ်မံခန့်အပ်

NLD အစိုးရအနေနဲ့ တိုင်းဒေသကြီးဝန်ကြီး ၃ ဦးကို ထပ်မံခန့်အပ်လိုက်တဲ့အကြောင်း သတင်းထုတ်ပြန်လာပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အမိန့်အမှတ် ၁၀/၂၀၁၈ မှာ ခန့်အပ်လိုက်တာပါ။ ဒီလို ခန့်အပ်တဲ့နေရာမှာတော့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် သယံဇာတ၊ သစ်တောနှင့် သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာစောညိုဝင်းနဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်ညွန့်ညွန့်ဌေးတို့ကို ခန့်အပ်လိုက်တာပါ။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ်ကိုလည်း ဦးတင်အောင်ဝင်းကို ခန့်အပ်ထားတာဖြစ်ပါတယ်။