NLD အစိုးရက ဒီမိုကေရစီရဲ႕ ေရေသာက္ျမစ္ျဖစ္တဲ့ ပညာေရးစနစ္ကို စတင္ျပဳျပင္ေျပာင္းလဲေန

0
55

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) အစိုးရအေနနဲ႔ ႏိုင္ငံေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရး စတာေတြကို ဘက္ညီမွ်တစြာ အရွိန္အဟုန္နဲ႔ ျပဳျပင္ေျပာင္းလဲေနသလို အဓိကအေနနဲ႔ ဒီမိုကေရစီရဲ႕ ေရေသာက္ျမစ္ျဖစ္တဲ့ ပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲေရးကို စတင္ေနၿပီလို႔ ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေျပာပါတယ္။

႐ုပ္ဝတၳဳပိုင္းဆိုင္ရာေတြ ဘယ္ေလာက္ တိုးတက္ေစကာမူ အခ်ိန္ကာလ တစ္ခုေရာက္ပါက ပ်က္စီးသြားတတ္ၿပီး ပညာဉာဏ္နဲ႔ စဥ္းစားေတြးေခၚတတ္မႈ၊ ေပါင္းစုအင္အားနဲ႔ စည္း႐ံုးေဆာင္ရြက္တတ္မႈတို႔ တိုင္းျပည္အတြက္၊ အနာဂတ္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးအတြက္ ေရရွည္အက်ိဳး ျဖစ္ထြန္းႏိုင္မယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ ပညာျမင့္မွ လူမ်ိဳးတင့္မယ္ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္ကာလနဲ႔အညီ ဒီမိုကေရစီ စံႏႈန္းနဲ႔ ကိုက္ညီတဲ့ ပညာေရးစနစ္ကို စတင္ျမွင့္တင္ေပးေနတာ ျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္က သာယာဝတီၿမိဳ႕နယ္၊ သာယာေအးေက်းရြာက ေဒသခံျပည္သူေတြနဲ႔ ေတြ႔ဆံုရာမွာ အခုလိုေျပာခဲ့တာပါ။

NLD အစိုးရက ဒီမိုကရေစီရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ပညာရေးစနစ်ကို စတင်ပြုပြင်ပြောင်းလဲနေ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအနေနဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို ဘက်ညီမျှတစွာ အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲနေသလို အဓိကအနေနဲ့ ဒီမိုကရေစီရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စတင်နေပြီလို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။

ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ ဘယ်လောက် တိုးတက်စေကာမူ အချိန်ကာလ တစ်ခုရောက်ပါက ပျက်စီးသွားတတ်ပြီး ပညာဉာဏ်နဲ့ စဉ်းစားတွေးခေါ်တတ်မှု၊ ပေါင်းစုအင်အားနဲ့ စည်းရုံးဆောင်ရွက်တတ်မှုတို့ တိုင်းပြည်အတွက်၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးအတွက် ရေရှည်အကျိုး ဖြစ်ထွန်းနိုင်မယ်လို့ ပြောပါတယ်။

ဒါကြောင့် ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့အညီ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်ကို စတင်မြှင့်တင်ပေးနေတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခုလိုပြောခဲ့တာပါ။