မႏၱေလးတိုင္း၀န္ၾကီးခ်ဳပ္ မမွန္မကန္ေျပာေၾကာင္း ေဒသခံ အခ်ိဳ႕စြတ္စြဲ သတင္းစာရွင္း(႐ုပ္/သံ)

0
466

မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ရဲ႕ ႏွစ္ႏွစ္ျပည့္သတင္းစာရွင္းလင္းပြဲမွာ ေဒါက္တာေဇာ္ျမင့္ေမာင္အေနနဲ႔ မမွန္မကန္ ေျပာဆိုခဲ႔ေၾကာင္း ေအာင္သေျပေက်းရြာသားေတြ စြတ္စြဲျပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ႔ပါတယ္။ ဒီသတင္းကို MCNမႏၲေလးသတင္းေထာက္ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္။

မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ ဒုတိယတစ္ႏွစ္တာကာလအတြက္ သတင္းစာရွင္းလင္းပြဲမွာ ေအာင္သေျပေက်းရြာမွာတည္ေဆာက္ေနတဲ႔ဘိလပ္ေျမစက္ရံုနဲ႔ပက္သတ္ျပီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ေျပာဆိုခဲ႔တာေတြက လြဲမွားေနတယ္လို႔ ေအာင္သေျပေက်းရြာက ေဒသခံေတြက သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ႔တာျဖစ္ပါတယ္။

မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္အေနနဲ႔ အဲ႔ဒီဘိလပ္ေျမစက္ရံုတည္ေဆာက္တာကို ေထာက္ခံသူ ငါးေထာင္ေက်ာ္ရွိျပီးကန္႔ကြက္သူ ငါးဆယ္ေလာက္သာရွိတယ္လို႔ေျပာဆိုခဲ႔တာျဖစ္ပါတယ္။

Soundbite – ကိုေက်ာ္ေဇယ် ( ေအာင္သေျပေက်းရြာ)

အခုေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ျပီး ခုႏွစ္ရက္အတြင္းမွာ အမွန္အတိုင္းျပန္လည္ေျဖရွင္းေပးဖို႔ ေဒသခံေတြကေတာင္းဆိုခဲ႔တာျဖစ္ျပီးေျဖရွင္းမေပးရင္ေနျပည္ေတာ္အထိခ်ီတက္လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္မယ္လို႔ ေျပာဆိုခဲ႔တာျဖစ္ပါတယ္။

ဒါ့အျပင္ ဝန္ႀကီးခ်ဳပ္အေနနဲ႔ ေအာင္သေျပေက်းရြာကို ကြင္းဆင္းစစ္ေဆးခဲ႔တာမ်ဳိးမရွိပဲ ေအာက္ေျခက တင္ျပခ်က္အေပၚယံုၾကည္ျပီး အခုလိုမမွန္မကန္ေျပာဆိုခဲ႔တာျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

Soundbite -ကိုထြန္းႏိုင္ (ေအာင္သေျပေက်းရြာ)

ေအာင္သေျပေက်းရြာမွာတည္ေဆာက္ေနတဲ႔ အယ္လ္ဖာဘိလပ္ေျမစက္ရံုကို ေဒသခံေတြဘက္က ကန္႔ကြက္မႈေတြျပဳလုပ္ေနေပမယ့္ သက္ဆိုင္ရာတာဝန္ရွိသူေတြက အဲ႔ဒီစီမံကိန္းကို ခြင့္ျပဳေပးခဲ႔တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ နှစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဇော်မြင့်မောင်အနေနဲ့ မမှန်မကန် ပြောဆိုခဲ့ကြောင်း အောင်သပြေကျေးရွာသားတွေ စွတ်စွဲပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCNမန္တလေးသတင်းထောက်ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒုတိယတစ်နှစ်တာကာလအတွက် သတင်းစာရှင်းလင်းပွဲမှာ အောင်သပြေကျေးရွာမှာတည်ဆောက်နေတဲ့ဘိလပ်မြေစက်ရုံနဲ့ပက်သတ်ပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ပြောဆိုခဲ့တာတွေက လွဲမှားနေတယ်လို့ အောင်သပြေကျေးရွာက ဒေသခံတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ အဲ့ဒီဘိလပ်မြေစက်ရုံတည်ဆောက်တာကို ထောက်ခံသူ ငါးထောင်ကျော်ရှိပြီးကန့်ကွက်သူ ငါးဆယ်လောက်သာရှိတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

Soundbite – ကိုကျော်ဇေယျ ( အောင်သပြေကျေးရွာ)

အခုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ခုနှစ်ရက်အတွင်းမှာ အမှန်အတိုင်းပြန်လည်ဖြေရှင်းပေးဖို့ ဒေသခံတွေကတောင်းဆိုခဲ့တာဖြစ်ပြီးဖြေရှင်းမပေးရင်နေပြည်တော်အထိချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်အနေနဲ့ အောင်သပြေကျေးရွာကို ကွင်းဆင်းစစ်ဆေးခဲ့တာမျိုးမရှိပဲ အောက်ခြေက တင်ပြချက်အပေါ်ယုံကြည်ပြီး အခုလိုမမှန်မကန်ပြောဆိုခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Soundbite -ကိုထွန်းနိုင် (အောင်သပြေကျေးရွာ)

အောင်သပြေကျေးရွာမှာတည်ဆောက်နေတဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံကို ဒေသခံတွေဘက်က ကန့်ကွက်မှုတွေပြုလုပ်နေပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက အဲ့ဒီစီမံကိန်းကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။