ပြည်ကွန်ပြူတာ ကောလိပ်မှာ တတိယအကြိမ် ကျောင်းသင်္ကြန်ကျင်းပ (ရုပ်/သံ)

0
782





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်မြို့ ကွန်ပြူတာကောလိပ်မှာ တတိယအကြိမ်မြောက် ကျောင်းတွင်း သင်္ကြန်ကို ကျင်းပခဲ့ပါတယ် ။
ဒီသတင်းကို MCNသတင်းထောက်ဟန်ထူးဇော်ကပေးပို့ထားပါတယ်

မတ်လ ၁၄ ရက်နေ့က ပြည်မြို့ ကွန်ပြူတာကောလိပ်ကျောင်းဝင်းထဲမှာ ကျောင်းသင်္ကြန်ကိုကျင်းပခဲ့တာပါ ။ အဲ့ဒီကျောင်းသင်္ကြန်ကို တတိယအကြိမ်ကျင်းပခဲ့တာဖြစ်ပြီး ကျောင်းတွင်း သင်္ကြန်ဖြစ်မြောက်ရေးအတွက် ကျောင်းဆရာ ဆရာမတွေကလည်း ကူညီပံပို့မှုပေးခဲ့ကြပါတယ် ။
Soundbite – ကိုကောင်းပြည့်မိုးထွန်း(ပွဲစီစဉ်သူ )
အဲ့ဒီကျောင်းသင်္ကြန်မှာ အပြုသဘောဆောင်တဲ့ မြန်မာရိုးရာ သံချပ်သီဆိုတာတွေပါဝင်ပြီး ကျောင်းသားကျောင်းသူတွေရဲ့ တနှစ်တာ စိတ်ပင်ပန်းမှုတွေကို ခတ္တအပန်းဖြေစေဖို့အတွက် ရည်ရွယ်ကျင်းပခဲ့တာပါ ။

Soundbite – ကိုမင်းသီဟအောင်(ကွန်ပြူတာသိပ္ပံ တတိယနှစ်)
Soundbite – မရွှေရည်ဝင်းလဲ့(ကွန်ပြူတာသိပံ္ပ တတိယနှစ်)

အဲ့ဒီကျောင်းသင်္ကြန်ပွဲမှာ အဆိုတော်မိစန္ဒီ ကလာရောက် သီချင်းသီဆိုဖျော်ဖြေပေးခဲ့ပြီး ကျောင်းဆရာ၊ ဆရာမတွေ ကျောင်းသား၊ကျောင်းသူတွေက မြန်မာ့ရိုးရာအကတွေ သံချပ်တွေကို သီဆိုဖျော်ဖြေခဲ့ကြပါတယ် ။ ဒါအပြင် ကျောင်းတွင်း သင်္ကြန်မှာ အစားအသောက် စတုဒီသာတွေကျွေးမွေးခဲ့ကြပြီး ရေကစားကျပါတယ်ပါတယ်ခင်ဗျာ ။