ရခိုင်မှာ အုတ်လုပ်ငန်း တွေဈေးကောင်းရနေ (ရုပ်/သံ)
0
1725
ရခိုင်ပြည်နယ်အတွင်း မီးဖုတ်အုပ်တွေကိုသာ လူကြိုက်များတဲ့အတွက် အုတ်လုပ်ငန်းတွေအနေနဲ့ တွက်ခြေကိုက် နေကြပေမယ့် အုတ်ဖုတ်ထင်းရှားပါးမှုနဲ့ လုပ်အားခဈေးမြင့်တက်မှုတွေကြောင့် အုတ်ဖိုတစ်ဖို့ရဲ့ တစ်နေ့အသုံးစရိတ် သုံးသိန်းခန့်ကုန်ကျကြောင်း အုတ်လုပ်ပ်ငန်းရှင်တွေက ပြောဆိုထားပါတယ် ခင်ဗျား။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အခုနှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေများပြားနေတာကြောင့် အုတ်လုပ်ငန်းတွေ ဈေးကောင်းရရှိနေကြပါတယ်။ ဒီသတင်းကို MCN ရခိ်ုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ များပြားနေတာကြောင့် ဒေသတွင်းအုတ်လုပ်ငန်း လုပ်ကိုင်သူတွေ ဈေးကောင်းရရှိနေကြပါတယ်။
2017 ခုနှစ်က အုတ်တစ်ချပ်ကို ဒေသပေါက်ဈေး ၁၁၅ ကျပ်သာရရှိခဲ့ကြပေမယ့် အခုနှစ်မှာတော့ ၁၃၅ ကျပ်အထိ ရောင်းချနေကြရတာကြောင့် လုပ်ကိုင်သူတွေလည်း များပြားနေတာဖြစ်ပါတယ်။
Soundbite – ဦးထွန်းထွန်းဝင်း
အုတ်ဖုတ်လုပ်ငန်းရှင်တစ်ဦး
ဒါ့အပြင် ပြီးခဲ့တဲ့ဒီဇင်ဘာလက ရခိုင်ပြည်နယ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာကြောင့် အုတ်ဖိုတွေကိုရပ်တန့်ထားခဲ့ရပြီး ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ စတင်လည်ပတ်နေကြ ပြီဖြစ်ပါတယ်။
Soundbite – ဦးထွန်းထွန်းဝင်း
အုတ်ဖုတ်လုပ်ငန်းရှင်တစ်ဦး
ရခိုင်ပြည်နယ်အတွင်း မီးဖုတ်အုပ်တွေကိုသာ လူကြိုက်များတဲ့အတွက် အုတ်လုပ်ငန်းတွေအနေနဲ့ တွက်ခြေကိုက် နေကြပေမယ့် အုတ်ဖုတ်ထင်းရှားပါးမှုနဲ့ လုပ်အားခဈေးမြင့်တက်မှုတွေကြောင့် အုတ်ဖိုတစ်ဖို့ရဲ့ တစ်နေ့အသုံးစရိ်တ် သုံးသိန်းခန့်ကုန်ကျကြောင်း အုတ်လုပ်ပ်ငန်းရှင်တွေက ပြောဆိုထားပါတယ် ခင်ဗျား။