လိင္အၾကမ္းဖက္ခံခဲ့ရတဲ့ ကေလးသူငယ္ေတြ က်န္းမာေရးေစာင့္ေရွာက္နုိင္ဖုိ႔ ေဂဟာဖြင့္လွစ္ေပးဖုိ႔ လို (႐ုပ္/သံ)

0
1136

လိင္အၾကမ္းဖက္ခံရတဲ့ ကေလးသူငယ္ေတြနဲ႔ အမ်ဳိးသမီးေတြကုိ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေပးနုိင္ဖို႔ အစုိးရအေနနဲ႔ ေဂဟာတစ္ခု သီးသန္႔ဖြင့္လွစ္ေပးဖို႔ အရပ္ဖက္အဖြဲ႕အစည္းေတြက ေတာင္းဆုိလုိက္ပါတယ္။ ဒီသတင္းကုိ မုံရြာသတင္းေထာက္ ထြန္းလင္းဦးက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ ေပးထားပါတယ္။

အရြယ္မေရာက္ေသးသူ ကေလးသူငယ္ေတြနဲ႔ အမ်ိဳးသမီးေတြ လိင္အလြဲသံုး စားျပဳလုပ္ခံရမႈ၊ လိင္အၾကမ္း ဖက္ခံရမႈေတြ ျဖစ္ပြားေနတာပါ။

အဲဒီလုိ လိင္အႀကမ္းဖက္ခံရတဲ့ ကေလးသူငယ္ေတြအတြက္ ခႏၶာကုိယ္က်န္းမာေရးအျပင္ စိတ္က်န္းမာေရး ထိခုိက္မႈေတြ ရွိေနတာေၾကာင့္ သက္ဆုိင္ရာအစိုးရအေနနဲ႔ အၾကမ္းဖက္ခံရတဲ့ ကေလးသူငယ္ေတြကုိ က်န္းမာေရး ကုသေစာင့္ေရွာက္နုိင္ဖုိ႔ ေဂဟာတစ္ခု ဖြင့္လွစ္ေပးဖို႔ လုိအပ္ေနတာ ျဖစ္တယ္လုိ႔ အရပ္ဖက္အဖြဲ႔ အစည္းေတြက ေတာင္းဆုိလိုက္ပါတယ္။

ေအာက္တုိဘာလ ၂၈ ရက္ေန႔က မုံရြာၿမိဳ႕ရွိ ဖုိဆိုစားေသာက္ဆုိင္မွာ မႏၱေလးတိုင္းေဒသႀကီးရွိ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ စစ္ကုိင္းေဒသႀကီး မုံရြာၿမိဳ႕ရွိ အရပ္ဖက္အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး လိင္အၾကမ္းဖက္ခံရမႈ တားဆီးကာကြယ္ပေပ်ာက္ေရး အသိပညာေပးေဆြးေႏြးပြဲ က်င္းပခဲ့တာ ျဖစ္ပါတယ္။

Sound Bite – ေဒၚခင္ဖုန္းျမင့္(အရပ္ဖက္အဖြဲ႕အစည္း)

လိင္အၾကမ္းဖက္ခံျခင္းခံခဲ့ရတဲ့ ကေလးသူငယ္အမ်ားစုဟာ ၿခိမ္းေျခာက္ခံရမႈေတြနဲ႕ အသက္အႏၱရာယ္ရွိတဲ့ အထိ ႀကံဳေတြ႔ေနရတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဒီလိုအေျခအေနေတြ ေက်ာ္ျဖတ္နုိင္ဖို႔ ကေလးသူငယ္ရွိတဲ့ မိဘေတြကုိ လိင္အၾကမ္းဖက္ခံရမႈေတြ ကုိကာကြယ္နုိင္ဖို႔ အသိပညာေပးလုပ္ငနး္ေတြကုိ အရပ္ဖက္ အဖဲြ႕အစည္းေတြ ပူးေပါင္းလုပ္ေဆာင္ေနၾကတာလည္း ျဖစ္ပါတယ္။

Sound Bite – ဦးနိုင္ဝင္း (အရပ္ဖက္အဖြဲ႕အစည္း)

ျမန္မာနိုင္ငံမွာ လိင္အၾကမ္းဖက္က်ဴးလြန္ခံရတဲ့ ကေလးသူငယ္အမ်ားစုဟာ အသက္ ၁၀ ႏွစ္နဲ႕ ၁၅ ႏွစ္ၾကား ျဖစ္ၿပီး ျမန္မာနိုင္ငံမွာ အနည္းဆံုး တစ္ရက္ကို သက္ငယ္မုဒိမ္းမႈ တစ္မႈႏႈန္း ျဖစ္ပြားလ်ွက္ရိွေနတယ္လို႕ အရပ္ဘက္အဖြဲ႕စည္းေတြရဲ႕ စစ္တမ္းေတြအရ သိရပါတယ္။ ဒါ့အျပင္ သက္ငယ္မႈဒိမ္းမႈအမ်ားစုဟာ ေက်းလက္ေဒသေတြမွာ ျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနတယ္လုိ႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ေတြ မွာေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်အကြမ်းဖက်ခံခဲ့ရတဲ့ ကလေးသူငယ်တွေ ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့ ဂေဟာဖွင့်လှစ်ပေးဖို့ လို

လိင်အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ အစိုးရအနေနဲ့ ဂေဟာတစ်ခု သီးသန့်ဖွင့်လှစ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက် ပေးထားပါတယ်။

အရွယ်မရောက်သေးသူ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ လိင်အလွဲသုံး စားပြုလုပ်ခံရမှု၊ လိင်အကြမ်း ဖက်ခံရမှုတွေ ဖြစ်ပွားနေတာပါ။

အဲဒီလို လိင်အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်တွေအတွက် ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတာကြောင့် သက်ဆိုင်ရာအစိုးရအနေနဲ့ အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်တွေကို ကျန်းမာရေး ကုသစောင့်ရှောက်နိုင်ဖို့ ဂေဟာတစ်ခု ဖွင့်လှစ်ပေးဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့ အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က မုံရွာမြို့ရှိ ဖိုဆိုစားသောက်ဆိုင်မှာ မန္တလေးတိုင်းဒေသကြီးရှိ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ စစ်ကိုင်းဒေသကြီး မုံရွာမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လိင်အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Sound Bite – ဒေါ်ခင်ဖုန်းမြင့်(အရပ်ဖက်အဖွဲ့အစည်း)

လိင်အကြမ်းဖက်ခံခြင်းခံခဲ့ရတဲ့ ကလေးသူငယ်အများစုဟာ ခြိမ်းခြောက်ခံရမှုတွေနဲ့ အသက်အန္တရာယ်ရှိတဲ့ အထိ ကြုံတွေ့နေရတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလိုအခြေအနေတွေ ကျော်ဖြတ်နိုင်ဖို့ ကလေးသူငယ်ရှိတဲ့ မိဘတွေကို လိင်အကြမ်းဖက်ခံရမှုတွေ ကိုကာကွယ်နိုင်ဖို့ အသိပညာပေးလုပ်ငနး်တွေကို အရပ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

Sound Bite – ဦးနိုင်ဝင်း (အရပ်ဖက်အဖွဲ့အစည်း)

မြန်မာနိုင်ငံမှာ လိင်အကြမ်းဖက်ကျူးလွန်ခံရတဲ့ ကလေးသူငယ်အများစုဟာ အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်ကြား ဖြစ်ပြီး မြန်မာနိုင်ငံမှာ အနည်းဆုံး တစ်ရက်ကို သက်ငယ်မုဒိမ်းမှု တစ်မှုနှုန်း ဖြစ်ပွားလျှက်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့စည်းတွေရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ ဒါ့အပြင် သက်ငယ်မှုဒိမ်းမှုအများစုဟာ ကျေးလက်ဒေသတွေမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေ မှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)