တနသၤာရီ႐ုိးရာ နဂါးေလွေလွာ္ပြဲ ႐ုိးရာမပ်က္ ထိန္းသိမ္းထားႏိုင္ဖို႔ အကူအညီလုိအပ္ေန (႐ုပ္/သံ)

0
190

ႏွစ္ေပါင္း ၈၀၀ ေက်ာ္ သက္တမ္းရွိတဲ့ တနသၤာရီ႐ုိးရာ နဂါးေလွေလွာ္ပြဲကို ႐ုိးရာမပ်က္ ထိန္းသိမ္းထားႏိုင္ဖို႔ အကူအညီေတြ လိုအပ္ေနပါတယ္။ ဒီသတင္းကိုေတာ့ MCN ၿမိတ္သတင္းေထာက္ ေဇာ္ေဇာ္က ေပးပို႔ထားၿပီး လဲ့ယဥ္ေအးက တင္ဆက္ေပးထားပါတယ္။

တနသၤာရီၿမိဳ႕မွာ ႏွစ္ ၈၀၀ ေက်ာ္ သက္တမ္းရွိ ႐ုိးရာနဂါးေလွေလွာ္ပြဲကို ႏွစ္စဥ္ ေဒသခံေတြရဲ႕ အလွဴေငြေတြနဲ႔ မတည္ ျပဳလုပ္ခဲ့ရတာျဖစ္ၿပီး အဲ့ဒီ ႐ုိးရာနဂါးေလွေလွာ္ပြဲကို ႐ုိးရာမပ်က္ ဆက္ၿပီးထိန္းသိမ္းထားႏိုင္ဖို႔ တနသၤာရီတိုင္းေဒသႀကီး အစိုးရအဖြဲ႔ရဲ႕ အကူအညီ လိုအပ္ေနတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး ဦးေမာင္စိုး (အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္)
တနသၤာရီၿမိဳ႕နယ္၊ တိုင္းေဒသႀကီး

႐ုိးရာနဂါးေလွေလွာ္ခတ္ပြဲကို ၿပီးခဲ႔တဲ့ ေအာက္တိုဘာ ၂၈ ရက္ေန႔က ၈၆၅ ႏွစ္ေျမာက္ အလွျပ ေလွေတာ္ ေလွာ္ခတ္ပြဲကို တနသၤာရီၿမိဳ႕ရဲ႕ ျမစ္အတြင္း စည္းကား သိုက္ၿမိဳက္စြာ က်င္းပခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာလည္း တနသၤာရီၿမိဳ႕နယ္ရွိ ႏွစ္ေပါင္း ၆၀ ကေန ၈၀ နီးပါးအထိ သက္တမ္းရွိတဲ့ နဂါးေလွ ၃ စီးနဲ႔ ၅ ႏွစ္ကေန ၁၀ ႏွစ္အထိ ၃ စီး ရွိၿပီး၊ အဲဒီေလွေတြကို လယ္သစ္ေက်းရြာ ၄ စီးနဲ႔ ၿမိဳ႕ေပၚရွိ ၂ စီးကို ထိန္းသိမ္းထားေၾကာင္း တနသၤာရီစာေပနဲ႔ ယဥ္ေက်းမႈအေမြႏွစ္ ထိန္းသိမ္းျမွင့္တင္ေရးအဖြဲ႔က ေျပာပါတယ္။

အင္တာဗ်ဴး ေဒါက္တာ ေနရႊမ္းဦး (အတြင္းေရးမွဴး)
တနသၤာရီစာေပႏွင့္ ယဥ္ေက်းမွဳ အေမြႏွစ္ ထိန္းသိမ္း ျမွင္႔တင္ေရး အဖြဲ႔

ေရွးယခင္ႏွစ္ေပါင္းမ်ားစြာက တနသၤာရီ ျမစ္ေၾကာင္းတစ္ေလွ်ာက္မွာ မင္းညီမင္းသားေတြနဲ႔ ျမစ္ကမ္း တစ္ေလွ်ာက္မွာ ေနထိုင္ေနၾကတဲ့ တနသၤာရီ လူမ်ိဳးေတြ ရြာအမ်ားစုက နဂါးေလွ အစီးေရေပါင္း မ်ားစြာနဲ႔ ေရသဘင္ခင္းအလွ ေလွာ္ခတ္ပြဲနဲ႔ ၿပိဳင္ပြဲေတြကုိ က်င္းပခဲ့တာ ျဖစ္ေၾကာင္း နဂါးေလွ သမိုင္းေနာက္ခံမွတ္တမ္းက သိရပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>

တနင်္သာရီရိုးရာ နဂါးလှေလှော်ပွဲ ရိုးရာမပျက် ထိန်းသိမ်းထားနိုင်ဖို့ အကူအညီလိုအပ်နေ

နှစ်ပေါင်း ၈၀ဝ ကျော် သက်တမ်းရှိတဲ့ တနင်္သာရီရိုးရာ နဂါးလှေလှော်ပွဲကို ရိုးရာမပျက် ထိန်းသိမ်းထားနိုင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။ ဒီသတင်းကိုတော့ MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး လဲ့ယဉ်အေးက တင်ဆက်ပေးထားပါတယ်။

တနင်္သာရီမြို့မှာ နှစ် ၈၀ဝ ကျော် သက်တမ်းရှိ ရိုးရာနဂါးလှေလှော်ပွဲကို နှစ်စဉ် ဒေသခံတွေရဲ့ အလှူငွေတွေနဲ့ မတည် ပြုလုပ်ခဲ့ရတာဖြစ်ပြီး အဲ့ဒီ ရိုးရာနဂါးလှေလှော်ပွဲကို ရိုးရာမပျက် ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အကူအညီ လိုအပ်နေတာ ဖြစ်ပါတယ်။

အင်တာဗျူး ဦးမောင်စိုး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
တနင်္သာရီမြို့နယ်၊ တိုင်းဒေသကြီး

ရိုးရာနဂါးလှေလှော်ခတ်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ၈၆၅ နှစ်မြောက် အလှပြ လှေတော် လှော်ခတ်ပွဲကို တနင်္သာရီမြို့ရဲ့ မြစ်အတွင်း စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း တနင်္သာရီမြို့နယ်ရှိ နှစ်ပေါင်း ၆၀ ကနေ ၈၀ နီးပါးအထိ သက်တမ်းရှိတဲ့ နဂါးလှေ ၃ စီးနဲ့ ၅ နှစ်ကနေ ၁၀ နှစ်အထိ ၃ စီး ရှိပြီး၊ အဲဒီလှေတွေကို လယ်သစ်ကျေးရွာ ၄ စီးနဲ့ မြို့ပေါ်ရှိ ၂ စီးကို ထိန်းသိမ်းထားကြောင်း တနင်္သာရီစာပေနဲ့ ယဉ်ကျေးမှုအမွေနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

အင်တာဗျူး ဒေါက်တာ နေရွှမ်းဦး (အတွင်းရေးမှူး)
တနင်္သာရီစာပေနှင့် ယဉ်ကျေးမှု အမွေနှစ် ထိန်းသိမ်း မြှင့်တင်ရေး အဖွဲ့

ရှေးယခင်နှစ်ပေါင်းများစွာက တနင်္သာရီ မြစ်ကြောင်းတစ်လျှောက်မှာ မင်းညီမင်းသားတွေနဲ့ မြစ်ကမ်း တစ်လျှောက်မှာ နေထိုင်နေကြတဲ့ တနင်္သာရီ လူမျိုးတွေ ရွာအများစုက နဂါးလှေ အစီးရေပေါင်း များစွာနဲ့ ရေသဘင်ခင်းအလှ လှော်ခတ်ပွဲနဲ့ ပြိုင်ပွဲတွေကို ကျင်းပခဲ့တာ ဖြစ်ကြောင်း နဂါးလှေ သမိုင်းနောက်ခံမှတ်တမ်းက သိရပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)