မူဆယ်မှာ COVID-19 ကြိုတင် ကာကွယ်ရေး ညစျေးတန်းနဲ့ ငါးရက်တစ်ခါစျေးနေ့တို့ကို ပိတ်ထားမယ်

0
176

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ အမှတ် (၁) စည်ပင်သာယာစျေးအနီး နေ့စဉ်ဖွင့်လှစ်တဲ့ ညစျေးတန်းနဲ့ ဟိုမွန်ရပ်ကွက်နဲ့ ကောင်နောင် ရပ်ကွက်အတွင်း ငါးရက်တစ်ခါ ဖွင့်လှစ်တဲ့ စျေးတွေကို COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လကြာ ပိတ်ထားမှာ ဖြစ်ပါတယ်။

ညစျေးနဲ့ ငါးရက်တစ်ခါစျေးတို့မှာ ရပ်ဝေးက လာရောက် ရောင်းဝယ်သူတွေ များပြီး စည်ကားလေ့ရှိလို့ အခုလို တစ်လကြာ ပိတ်လိုက်တာပါ။ အမှတ် (၁) စျေး၊ အမှတ် (၂) စျေးနဲ့ ဆင်ဖြူစျေးတွေကိုတော့ လပြည့်နဲ့ လကွယ်နေ့ကလွဲလို့ ပုံမှန်အတိုင်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

မူဆယ်မြို့ စည်ပင်သာယာစျေးတွေမှာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ လူမှုရေး ပရဟိတအသင်းတွေက COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းတာ၊ လက်ဆေးရေစင် ထားရှိတာ၊ ပညာပေး ပိုစတာတွေကပ်တာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို လုပ်ဆောင်ထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>

မူဆယ်မှာ COVID-19 ကြိုတင် ကာကွယ်ရေး ညဈေးတန်းနဲ့ ငါးရက်တစ်ခါဈေးနေ့တို့ကို ပိတ်ထားမယ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ အမှတ် (၁) စည်ပင်သာယာဈေးအနီး နေ့စဉ်ဖွင့်လှစ်တဲ့ ညဈေးတန်းနဲ့ ဟိုမွန်ရပ်ကွက်နဲ့ ကောင်နောင် ရပ်ကွက်အတွင်း ငါးရက်တစ်ခါ ဖွင့်လှစ်တဲ့ ဈေးတွေကို COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လကြာ ပိတ်ထားမှာ ဖြစ်ပါတယ်။

ညဈေးနဲ့ ငါးရက်တစ်ခါဈေးတို့မှာ ရပ်ဝေးက လာရောက် ရောင်းဝယ်သူတွေ များပြီး စည်ကားလေ့ရှိလို့ အခုလို တစ်လကြာ ပိတ်လိုက်တာပါ။ အမှတ် (၁) ဈေး၊ အမှတ် (၂) ဈေးနဲ့ ဆင်ဖြူဈေးတွေကိုတော့ လပြည့်နဲ့ လကွယ်နေ့ကလွဲလို့ ပုံမှန်အတိုင်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

မူဆယ်မြို့ စည်ပင်သာယာဈေးတွေမှာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ လူမှုရေး ပရဟိတအသင်းတွေက COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းတာ၊ လက်ဆေးရေစင် ထားရှိတာ၊ ပညာပေး ပိုစတာတွေကပ်တာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို လုပ်ဆောင်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)