ကွမ်းရွက်စျေး ကျဆင်းသွားတဲ့အတွက် ကွမ်းစိုက်သူတွေ အရှုံးပေါ်

0
22

ကွမ်းရွက်ဈေး ၄၅ ဆကျော် ကျဆင်းသွားတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ကွမ်းစိုက်သူတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထား ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ညောင်ပင်သာကျေးရွာမှာ အိမ်ခြေတစ်ရာကျော်ခန့်ရှိပြီး ကွမ်းစိုက်ပျိုးသူ ၈၀ ဦး ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့နှစ် နိုဝင်ဘာလက ကွမ်တစ်ပိဿကို ကျပ် ၁၈၀၀၀ ကျော် ပေါက်ဈေးရှိနေတာဖြစ်ပြီး အခုနှစ် နိုဝင်ဘာလ ကွမ်းပေါက်ဈေးက တစ်ပိဿ ကျပ် ၄၀၀ သာရှိနေတဲ့အတွက် ကွမ်းရွက်ဈေးနှုန်း ၄၅ ဆ ကျော် ကျဆင်းသွားတာကြောင့် ကွမ်းစိုက်သူတွေ အရှုံးပေါ်နေတာ ဖြစ်ပါတယ်။

Soundbite ဒေါ်ချို (ကွမ်းစိုက်ပျိုးသူ) ညောင်ပင်သာကျေးရွာ၊ မုံရွာမြို့နယ်

ကွမ်းအပင်ရေ တစ်ထောင်စိုက်ပျိုးပါက စိုက်ပျိုး ကုန်ကျစရိတ် ကျပ် ၁၃ သိန်းခန့်ရှိပြီး တစ်နှစ်ကို ကွမ်းပင် ပြန်လည်ပြုစရိတ်က ကျပ် ၄ သိန်းကုန်ကျတာ ဖြစ်ပါတယ်။

စိုက်ပျိုးထားတဲ့ ကွမ်းပင်တွေရဲ့ သက်တမ်း ၆ လအရွယ်ကနေ ၁၅ ရက်တစ်ကြိမ် ခူးဆွတ်ရတာဖြစ်ပြီး၊ ကွမ်းပင်ရဲ့ သက်တမ်း ၆ နှစ်အရွယ်အထိ ခူးဆွတ်နိုင်တာ ဖြစ်ပါတယ်။

Soundbite ဦးမြင့်စိုး (ကွမ်းစိုက်ပျိုးသူ) ညောင်ပင်သာကျေးရွာ၊ မုံရွာမြို့နယ်

အခုနှဈမှာ စဈကိုငြးတိုငြးဒသကှေီးအတှငြး မိုးခေါငရြရှေားမှု၊ ရာသီဥတုဖောကပြှနမြှုတှေ ရှိတဲ့အတှကြ စိုကပြွိုးရေးတောငသြူတှအနေနေဲ့ စိုကပြွိုးရာမှာ ပကွစြီးဆုံးရှုံးမှုတှေ ရှိခဲ့တဲ့အပှငြ ဈေးနှုနြးတညငြှိမမြှုမရှိတာကှောင့ြ တညငြှိမတြဲ့ ဈေးနှုနြးဖှဈလာဖို့ တောငသြူတှကေ မွှောလြင့နြကှတော ဖှဈပါတယြ ခငဗြွာ။

 ကှမျးရှကျဈေး ကဆြငျးသှားတဲ့အတှကျ ကှမျးစိုကျသူတှေ အရှုံးပေါျ

 ကွမ်းရွက်ဈေး ၄၅ ဆကျော် ကျဆင်းသွားတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ကွမ်းစိုက်သူတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထား ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ညောင်ပင်သာကျေးရွာမှာ အိမ်ခြေတစ်ရာကျော်ခန့်ရှိပြီး ကွမ်းစိုက်ပျိုးသူ ၈၀ ဦး ရှိနေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့နှစ် နိုဝင်ဘာလက ကွမ်တစ်ပိဿကို ကျပ် ၁၈၀၀၀ ကျော် ပေါက်ဈေးရှိနေတာဖြစ်ပြီး အခုနှစ် နိုဝင်ဘာလ ကွမ်းပေါက်ဈေးက တစ်ပိဿ ကျပ် ၄၀၀ သာရှိနေတဲ့အတွက် ကွမ်းရွက်ဈေးနှုန်း ၄၅ ဆ ကျော် ကျဆင်းသွားတာကြောင့် ကွမ်းစိုက်သူတွေ အရှုံးပေါ်နေတာ ဖြစ်ပါတယ်။

Soundbite  ဒေါ်ချို (ကွမ်းစိုက်ပျိုးသူ) ညောင်ပင်သာကျေးရွာ၊ မုံရွာမြို့နယ်

ကွမ်းအပင်ရေ တစ်ထောင်စိုက်ပျိုးပါက စိုက်ပျိုး ကုန်ကျစရိတ် ကျပ် ၁၃ သိန်းခန့်ရှိပြီး တစ်နှစ်ကို ကွမ်းပင် ပြန်လည်ပြုစရိတ်က ကျပ် ၄ သိန်းကုန်ကျတာ ဖြစ်ပါတယ်။

စိုက်ပျိုးထားတဲ့ ကွမ်းပင်တွေရဲ့ သက်တမ်း ၆ လအရွယ်ကနေ ၁၅ ရက်တစ်ကြိမ် ခူးဆွတ်ရတာဖြစ်ပြီး၊ ကွမ်းပင်ရဲ့ သက်တမ်း ၆ နှစ်အရွယ်အထိ ခူးဆွတ်နိုင်တာ ဖြစ်ပါတယ်။

Soundbite  ဦးမြင့်စိုး (ကွမ်းစိုက်ပျိုးသူ) ညောင်ပင်သာကျေးရွာ၊ မုံရွာမြို့နယ်

အခုနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးခေါင်ရေရှားမှု၊ ရာသီဥတုဖောက်ပြန်မှုတွေ ရှိတဲ့အတွက် စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ စိုက်ပျိုးရာမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့အပြင် ဈေးနှုန်းတည်ငြိမ်မှုမရှိတာကြောင့် တည်ငြိမ်တဲ့ ဈေးနှုန်းဖြစ်လာဖို့ တောင်သူတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ် ခင်ဗျာ။