လက်ပံတောင်းတောင်မှာ လမ်းပိတ်လို့ ကျောက်သယ်ကား မောင်းသူတွေနဲ့ ဒေသခံတွေ ရုန်းရင်းဆန်ခတ်ဖြစ်

0
314

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ထဲကို ကျောက်သွင်းနေတဲ့ ကျောက်သယ်ကား ယာဉ်မောင်းသူတွေနဲ့ ဒေသခံတွေကြား ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခဟာ ဒီကနေ့ နေ့လယ် ၂ နာရီမှာ ဖြစ်ပွားခဲ့တာပါ။

မင်းတောကျေးရွာတောင်သူတွေ သီးနှံရိတ်သိမ်းဖို့ နွားလှည်းတွေနဲ့ တောထဲကို ထွက်လာရာမှာ ကျောက်သယ်ကား အစီးရေ ၂၀၀ ကျော်က ရွားသားတွေ သွားတဲ့လမ်းကို ပိတ်ဆို့ခဲ့တာကြောင့် တောထဲ သွားမရအောင် ဖြစ်ခဲ့ပြီး ရွာသူ၊ ရွာသားတွေနဲ့ ကျောက်သယ်ကား ယာဉ်မောင်းတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ထိခိုက်မိသူ မရှိဘဲ မင်းတောရွာသူတစ်ဦးသာ တောကို လှည်းနဲ့သွားနေချိန်မှာ ကျောက်ကားတွေက တီးတဲ့ဟွန်းသံကြောင့် နွားနှစ်ကောင်လန့်ပြီး ရုန်းရာကနေ လှည်းထမ်းပိုးကျိုးပြီး လှည်းအောက်ကို ပြုတ်ကျခဲ့တာကြောင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့တာပဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)