ဒေသခံတစ်ဦးကို စည်ပင်က နိုင်လွတ်လုံနဲ့ တရားစွဲတဲ့ကိစ္စ မေးမြန်းချက်

0
41

ဒေသခံတစ်ဦးကို စည်ပင်က နိုင်လွတ်လုံနဲ့ တရားစွဲတဲ့ကိစ္စကို ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စည်ပင်သာယာရေးဈေးသူဈေးသားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးတာ မရှိတာကြောင့် စက်တင်ဘာလက ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးဈေးသူဈေးသားတွေ စုပေါင်းပြီး ဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုပွဲအပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ ဟုမ္မလင်းမြို့နယ် ဒေသခံ လူထုနဲ့ တွေ့ဆုံရာမှာ ဒေသခံတစ်ဦးက စည်ပင်သာယာရေးရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့သူ ဒေသခံတစ်ဦးကို ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ တရားစွဲဆိုခဲ့တာပါ။

နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ Glorious Monywa ဟိုတယ်မှာ
ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက တရားစွဲဆိုထားတဲ့အကြောင်းအရာကို ဒေသခံတစ်ဦးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Soundbite ဒေါ်ရည်ရည်မွန် (တရားစွဲဆိုခံရသူ) ဟုမ္မလင်းမြို့နယ်ဈေးသူ၊ ဈေးသားများဆန္ဒထုတ်ဖော်မှုဦးဆောင်သူ

ဒါပေမယ့် ဒေသခံတစ်ဦးရဲ့ မေးမြန်းချက်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူက ပြန်ဖြေကြားရာမှာတော့ အသေးစိတ်အချက်အလက်တွေ မသိရှိရသေးဘူးလို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Soundbite ဒေါ်မျိုးမျိုးသန်း (ဒုတိယညွှန်ကြားရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီ


ဒေသခံတစ်ဦးကို စည်ပင်က နိုင်လွတ်လုံနဲ့ တရားစွဲတဲ့ကိစ္စ မေးမြန်းချက်

ဒေသခံတစ်ဦးကို စည်ပင်က နိုင်လွတ်လုံနဲ့ တရားစွဲတဲ့ကိစ္စကို ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စည်ပင်သာယာရေးဈေးသူဈေးသားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးတာ မရှိတာကြောင့် စက်တင်ဘာလက ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးဈေးသူဈေးသားတွေ စုပေါင်းပြီး ဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုပွဲအပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ ဟုမ္မလင်းမြို့နယ် ဒေသခံ လူထုနဲ့ တွေ့ဆုံရာမှာ ဒေသခံတစ်ဦးက စည်ပင်သာယာရေးရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့သူ ဒေသခံတစ်ဦးကို ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ တရားစွဲဆိုခဲ့တာပါ။

နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ Glorious Monywa ဟိုတယ်မှာ
ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက တရားစွဲဆိုထားတဲ့အကြောင်းအရာကို ဒေသခံတစ်ဦးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Soundbite ဒေါ်ရည်ရည်မွန် (တရားစွဲဆိုခံရသူ) ဟုမ္မလင်းမြို့နယ်ဈေးသူ၊ ဈေးသားများဆန္ဒထုတ်ဖော်မှုဦးဆောင်သူ

ဒါပေမယ့် ဒေသခံတစ်ဦးရဲ့ မေးမြန်းချက်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူက ပြန်ဖြေကြားရာမှာတော့ အသေးစိတ်အချက်အလက်တွေ မသိရှိရသေးဘူးလို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Soundbite ဒေါ်မျိုးမျိုးသန်း (ဒုတိယညွှန်ကြားရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီ

ဟုမ္မလင်းမြို့နယ် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ဒေသခံတစ်ဦးကို စက်တင်ဘာလမှာ နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ တရားရုံးမှာ တရားစွဲဆိုထားတဲ့အတွက် အခုအချိန်အထိ ရုံးချိန်း ၁၃ ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ် ခင်ဗျာ။