ဆည်ရေဝေး မိုးခေါင်းမှုကြောင့် တကန်သာကျေးရွာ စိုက်ပျိုးရေး အဆင်မပြေဖြစ်နေ

0
19

ဆည်ရေနဲ့ ဝေးတဲ့အပြင် မိုးခေါင်ရေရှားတာကြောင့် တကန်သာကျေးရွာ စိုက်ပျိုးရေး အဆင်မပြေ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိ်ုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာက သဖန်းဆိပ်ဆည်က ပေးတဲ့ ဆည်ရေနဲ့ အလှမ်းဝေးနေတဲ့အပြင် အခုနှစ်မှာ မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူတွေမှာ အဆင်မပြေမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

တကန်သာကျေးရွာက တောင်သူတွေက မိုးရာသီကာလမှာ မိုးရေမရတဲ့အတွက် စပါးတွေ ပျက်စီးခဲ့ပြီး၊ နှမ်းကို စိုက်ပျိုးရာမှာလည်း ရေအလုံအလောက်မရရှိတာကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

Soundbite ဦးမြဝင်း (တောင်သူ) တကန်သာကျေးရွာ၊ ရွှေဘိုမြို့နယ်

တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးရာမှာ တစ်ဧကကို ကျပ် ၃ သိန်း ကုန်ကျကာ နှမ်းစိုက်ပျိုးရာမှာလည်း တစ်ဧကကို ကျပ် ၁ သိန်းခွဲကျော် ကုန်ကျခဲ့တဲ့အတွက် ဘဏ်ကချေးယူထားတဲ့ စိုက်ပျိုးစရိတ် ပြန်လည်ပေးဆပ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

Soundbite ဦးခင်မောင်တင့် (တောင်သူ) တကန်သာကျေးရွာ၊ ရွှေဘိုမြို့နယ်

ရှှဘေိုမှို့နယြ တကနသြာကွေးရှာမှာ တောငသြူ ၁ရဝ ဦးခန့ရြှိပှီး စိုကပြွိုးရေ အလုံအလောကြ မရရှိတဲ့အတှကြ စိုကြဧက ၁၂ဝဝ ပကွစြီးကာ တောငသြူတှရေဲ့ စီးပှားရေးလုပငြနြးတှေ ဆုံးရှုံးနဈနာခဲ့တယလြို့ တောငသြူတှကေ ပှောပါတယြ ခငဗြွာ။


ဆည်ရေနဲ့ ဝေးတဲ့အပြင် မိုးခေါင်ရေရှားတာကြောင့် တကန်သာကျေးရွာ စိုက်ပျိုးရေး အဆင်မပြေ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာက သဖန်းဆိပ်ဆည်က ပေးတဲ့ ဆည်ရေနဲ့ အလှမ်းဝေးနေတဲ့အပြင် အခုနှစ်မှာ မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူတွေမှာ အဆင်မပြေမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

တကန်သာကျေးရွာက တောင်သူတွေက မိုးရာသီကာလမှာ မိုးရေမရတဲ့အတွက် စပါးတွေ ပျက်စီးခဲ့ပြီး၊ နှမ်းကို စိုက်ပျိုးရာမှာလည်း ရေအလုံအလောက်မရရှိတာကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

Soundbite  ဦးမြဝင်း (တောင်သူ) တကန်သာကျေးရွာ၊ ရွှေဘိုမြို့နယ်

တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးရာမှာ  တစ်ဧကကို ကျပ် ၃ သိန်း ကုန်ကျကာ နှမ်းစိုက်ပျိုးရာမှာလည်း တစ်ဧကကို ကျပ် ၁ သိန်းခွဲကျော် ကုန်ကျခဲ့တဲ့အတွက် ဘဏ်ကချေးယူထားတဲ့ စိုက်ပျိုးစရိတ် ပြန်လည်ပေးဆပ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

Soundbite  ဦးခင်မောင်တင့်  (တောင်သူ) တကန်သာကျေးရွာ၊ ရွှေဘိုမြို့နယ်

ရွှေဘိုမြို့နယ် တကန်သာကျေးရွာမှာ တောင်သူ ၁၇ဝ ဦးခန့်ရှိပြီး  စိုက်ပျိုးရေ အလုံအလောက် မရရှိတဲ့အတွက် စိုက်ဧက ၁၂ဝဝ ပျက်စီးကာ တောင်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးနစ်နာခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ် ခင်ဗျာ။