စီမံကိန်းမလုပ်တဲ့ တပ်မတော် သိမ်းဆည်မြေ တွေကို ဒေသခံယာမြေ ပိုင်ရှင်တွေ ပြန်လည်တောင်းဆို

0
281

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က သိမ်းဆည်းထားတဲ့ မြေယာတွေကို စီမံကိန်းတွေမပြုလုပ်တော့တာကြောင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် ကျေးရွာ ၅ ရွာက ဒေသခံတောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဒီသတင်းကို MCN သတင်းထောက် နေမင်းခက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းက သပြေတောကျေးရွာ၊ ရေအိုးစဉ်ကျေးရွာ၊ ကံကြီးကျေးရွာ ပလင်ကုန်းကျေးရွာ၊ ကံအိုကျေးရွာ စတဲ့ ကျေးရွာတွေက ဒေသခံတောင်သူတွေဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က သိမ်းဆည်းထားတဲ့ ယာမြေဧက ၇၀၀ ကျော်ကို စီမံကိန်းတွေအသုံးမပြုတော့တာကြောင့် ပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီ ယာမြေဧက ၇၀၀ ကျော်ကို ၁၉၉၀ ခုနှစ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေချရာမှာ ၀န်ထမ်းအိမ်ရာအဖြစ် ဆောက်လုပ်ဖို့အတွက် သိမ်းဆည်းခဲ့တာပါ။ ၀န်ထမ်းအိမ်ရာအဖြစ် ဆောက်လုပ်ခဲ့ပေမယ့် မိုးရာသီမှာ ရေနစ်ကွင်းဖြစ်တာကြောင့် လူနေထိုင်မှုမရှိဘဲ သစ်ပင်ခြုံနွယ်တွေ ပေါက်ရောက်နေပါတယ်။

အဲဒီသစ်ပင်ခြုံနွယ်တွေကို ကျေးရွာ ၅ ရွာက ဒေသခံတောင်သူတွေဟာ ခုတ်ထွင်ရှင်းလင်းပြီး ပြန်လည်စိုက်ပျိုးဖို့ ကြိုးစားခဲ့ရာမှာ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေက တားဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီယာမြေတွေကို သိမ်းဆည်းစဉ်အခါက အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေနဲ့ တောင်သူတွေကို သီးနှံလျော်ကြေးနဲ့ မြေခွန်ရဲ့ ၁၂ ဆကို လျော်ပေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီမြေဧက ၇၀၀ ကျော်ကို သိမ်းဆည်းပြီး ၂၅ နှစ်ကြာ စီမံကိန်းမလုပ်တာကြောင့် ဒေသခံတောင်သူတွေ အနေနဲ့ မြေရိုင်းကနေ မြေယဉ်ဖြစ်အောင် ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးလိုတာကြောင့် အဲဒီမြေယာတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)