ကျေးလက်နေ ဒေသခံတွေ အလုပ်ရစေဖို့ ခြင်းယက်လုပ်နည်းကို သင်ကြားပေး

0
12

ကျေးလက်နေ ဒေသခံတွေ အလုပ်အကိုင်ရရှိစေဖို့ ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခြင်းယက်လုပ်နည်း သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲမှုလျော့ချရေးနဲ့ အလုပ်အကိုင်ရရှိစေဖို့ ရည်ရွယ်ပြီး ပလပ်စတစ်ခြင်း အမျိုးမျိုး ယက်လုပ်ခြင်းသင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ချောင်းဦးမြို့နယ်က ဒေသခံ အမျိုးသမီး ၁၅ ဦးကို သင်ကြားပေး နေတာ ဖြစ်ပါတယ်။

Soundbite ဒေါ်ခင်စိုးဝင်း (ဦးစီးမှူး) ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပထမအကြိမ် ပလပ်စတစ်ခြင်း အမျိုးမျိုး ယက်လုပ်ခြင်း အခြေခံသင်တန်းကို သင်ကြားပေးခဲ့ပြီး၊ ဒေသခံအမျိုးသမီးတွေက ဆက်လက်လုပ်ကိုင်နေကြတာကြောင့် အခုလို ဒုတိယအကြိမ် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အခုလို သင်ကြားပေးခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတွေမှာ အလုပ်အကိုင်ရရှိပြီး ဝင်ငွေတိုးပွားလာတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

Soundbite ဒေါ်စန်းစန်းနွဲ့ (သင်တန်းသူ) ကုန်းသာကျေးရွာ၊ ချောင်းဦးမြို့နယ်

ခှငြးယကသြငတြနြးမှာ စွေးခှငြး၊ ထမငြးခွိုင့ြ ထည့တြဲ့ခှငြး၊ စာရှကစြာတမြးထည့တြဲ့ခှငြး စတဲ့ ခှငြး ယကလြုပနြညြးတှကေို သငကြှားပို့ခပွေးနတော ဖှဈပှီး၊ မှိုပွိုးနညြးသငတြနြးနဲ့ စားသောကကြုနဖြှဈတဲ့ ယိုမွိုးစုံထုတလြုပနြညြးသငတြနြးကို ထပမြံဖှင့လြှဈသငကြှားပေးသှားမှာဖှဈတယလြို့ ကွေးလကဒြသဖှေံ့ ဖှိုးတိုးတကရြေးဦးစီးဌာနက ပှောပါတယြ ခငဗြွာ။

ကြေးလကျနေ ဒသေခံတှေ အလုပျရစဖေို့ ခွငျးယကျလုပျနညျးကို သငျကွားပေး

ကျေးလက်နေ ဒေသခံတွေ အလုပ်အကိုင်ရရှိစေဖို့ ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခြင်းယက်လုပ်နည်း သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲမှုလျော့ချရေးနဲ့ အလုပ်အကိုင်ရရှိစေဖို့ ရည်ရွယ်ပြီး ပလပ်စတစ်ခြင်း အမျိုးမျိုး ယက်လုပ်ခြင်းသင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ချောင်းဦးမြို့နယ်က ဒေသခံ အမျိုးသမီး ၁၅ ဦးကို သင်ကြားပေး နေတာ ဖြစ်ပါတယ်။  

Soundbite  ဒေါ်ခင်စိုးဝင်း (ဦးစီးမှူး) ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပထမအကြိမ် ပလပ်စတစ်ခြင်း အမျိုးမျိုး ယက်လုပ်ခြင်း အခြေခံသင်တန်းကို သင်ကြားပေးခဲ့ပြီး၊ ဒေသခံအမျိုးသမီးတွေက ဆက်လက်လုပ်ကိုင်နေကြတာကြောင့် အခုလို ဒုတိယအကြိမ် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အခုလို သင်ကြားပေးခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတွေမှာ အလုပ်အကိုင်ရရှိပြီး ဝင်ငွေတိုးပွားလာတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

Soundbite  ဒေါ်စန်းစန်းနွဲ့ (သင်တန်းသူ) ကုန်းသာကျေးရွာ၊ ချောင်းဦးမြို့နယ်

ခြင်းယက်သင်တန်းမှာ  ဈေးခြင်း၊ ထမင်းချိုင့် ထည့်တဲ့ခြင်း၊ စာရွက်စာတမ်းထည့်တဲ့ခြင်း စတဲ့ ခြင်း ယက်လုပ်နည်းတွေကို သင်ကြားပို့ချပေးနေတာ ဖြစ်ပြီး၊ မှိုပျိုးနည်းသင်တန်းနဲ့ စားသောက်ကုန်ဖြစ်တဲ့ ယိုမျိုးစုံထုတ်လုပ်နည်းသင်တန်းကို ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြောပါတယ် ခင်ဗျာ။