မောင်တောမှာ အကြမ်းဖက်သမား တစ်ဦး ထပ်မံ ဖမ်းဆီးရမိ

0
324

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ ကျီးကန်းပြင်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူတစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

တောင်ဘဇာနယ်မြေရဲစခန်းက ပူးပေါင်းအဖွဲ့ဟာ သတင်းပေးချက်အရ ကျီးကန်းပြင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့သူ ရော်ရှီအာမတ် (၃၂) နှစ် (ဘ) မူဇာဖော့အားကို သူ့ရဲ့ နေအိမ်မှာ ဇန်န၀ါရီ ၂၈ ရက် နံနက် ၄ နာရီချိန်u ဖမ်းဆီးရမိခဲ့တာပါ။
စစ်ဆေးမေးမြန်းချက်တွေအရ ရော်ရှီအာမတ်ဟာ ကျီးကန်းပြင်ကို ၀င်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

လက်ရှိ အခြေအနေမှာတော့ ဖမ်းဆီးရမိသူကို တရားဥပဒေနဲ့ အညီ ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)