ဆားလင်းကြီး မိုးကြိုး ဆာလ်ဖျူရစ်အက်ဆစ် စက်ရုံထဲ မီလောင်

0
316

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာရဲ့ ထိပ်မှာရှိတဲ့ မိုးကြိုး ဆာလ်ဖျူရစ်အက်ဆစ် စက်ရုံထဲက အလုပ်သမားတွေ နေထိုင်တဲ့ တန်းလျားအိမ်တစ်လုံး ဒီက နေ့ဇန်နဝါရီ (၂၉) ရက်နေ့ မနက် (၁၀) နာရီပိုင်းမှာမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မိုးကြိုး ဆာလ်ဖျူရစ်အက်ဆစ် စက်ရုံ မီးလောင်မှုကြောင့် လူထိခိုက်တာ သေဆုံးတာမျိုးမရှိဘူးလို့ နယ်မြေခံအာဏာာပိုင်တွေက MCN သတင်းဌာနကို အတည်ပြုပြောတာပါ။

ဆုံးရှုံးမှုနဲ့တန်ဖိုးငွေကိုတော့ လောလောဆယ်မှာ မတွက်ချက်ရသေးတဲ့အတွက် အခုအချိန်မှာ ဘာမှမပြောနိုင်သေးဘူးလို့လည်း နယ်မြေခံအာဏာပိုင်တွေကဆိုပါတယ်။

အခုလို အလုပ်သမားတွေ နေထိုင်တဲ့ တန်းလျာအိမ် မီးလောင်ရတဲ့ အကြောင်းအရင်းကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း နယ်မြေခံအာဏာပိုင်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)