ျပင္ဦးလြင္ၿမိဳ႕မွာျပန္လည္ေအးခ်မ္းေနေပမယ့္ ခရီးသြားလာေရာက္မႈႏႈန္းက်ဆင္း

0
110

ျပင္ဦးလြင္ၿမိဳ႕မွာ ျပန္လည္ေအးခ်မ္းေနၿပီျဖစ္ေပမယ့္  ခရီးသြားလာေရာက္မႈႏႈန္း သိသိသာသာက်ဆင္း ေနပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္။

ၾသဂုတ္ လ ၁၅ရက္ေန႔မွာ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈကို ခံခဲ႔ရၿပီးေနာက္ ျပင္ဦးလြင္ၿမိဳ႕ကို ဧည့္ခရီးသြားလာေရာက္မႈ သိသိသာသာနည္းပါးေနတာ ျဖစ္ပါတယ္။

အဲ႔ဒီပစ္ခတ္မႈ ျဖစ္ၿပီးေနာက္ပိုင္းမွာ ျပင္ဦးလြင္ၿမိဳ႕မွာ ျပန္လည္ တည္ျငိမ္ ေအးခ်မ္းေနျပီျဖစ္ေပမယ့္ ခရီးသြားေတြ မလာေရာက္ၾကတဲ႔အတြက္ ခရီးသြားေတြကို မွီခိုေနရတဲ႔ ၿမိဳ႕လူထုရဲ႕ စီးပြားေရးေတြ ရပ္ဆိုင္းေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အင္တာဗ်ဴး     ဦးေဝဠဳ (အတြင္းေရးမွဴး)

ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္း (ျပင္ဦးလြင္ ဇုန္)

ျပည္တြင္း ျပည္ပ ခရီးသြားေတြကို အားထားၿပီး စီးပြားရွာေနရတဲ႔ၿမိဳ႕လူထုမွာ ျပည္တြင္းျပည္ပ ခရီးသြားေတြ မလာေရာက္တာေၾကာင့္ အဆင္မေျပ ျဖစ္ေနၾကတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ျပင္ဦးလြင္ၿမိဳ႕နဲ႔ ပက္သတ္ၿပီး လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာ ေကာလဟာလေတြ ထြက္ေပၚေနတဲ႔အတြက္ အဲ႔ဒီအေပၚမွာ ၿမိဳ႕ရဲ႕ ရပ္မိရပ္ဖေတြက သတင္းစာရွင္းလင္းပြဲ တစ္ခုကိုလည္း ၾသဂုတ္လ ၂၇ ရက္ေန႔မွာ ျပဳလုပ္ခဲ႔ၾကပါတယ္။

အင္တာဗ်ဴး ဦးကိုႀကီး( အတြင္းေရးမွဴး)

ျပင္ဦးလြင္ စိမ္းလန္းအဖြဲ႔

ျပင္ဦးလြင္ၿမိဳ႕အေနနဲ႔ ၾသဂုတ္လ ၁၅ ရက္ မွာ လက္နက္ႀကီးေတြနဲ႔ တိုက္ခိုက္ခံခဲ႔ရေပမယ့္ အဲ႔ဒီေနာက္ပိုင္းမွာေတာ့ တိုက္ပြဲ ျဖစ္စဥ္ေတြ လံုးဝမရွိပဲ ပံုမွန္အတိုင္းတည္ျငိမ္ေနၿပီလို႔လည္း ေဒသခံေတြက ေျပာဆိုခဲ႔ပါတယ္ခင္ဗ်ာ။

ပြင်ဦးလွင်မြို့မှာ ပြန်လည်အေးချမ်းနေပြီဖြစ်ပေမယ့် ခရီးသွားလာရောက်မှုနှုန်း သိသိသာသာကျဆင်း နေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

သြဂုတ် လ ၁၅ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ပြင်ဦးလွင်မြို့ကို ဧည့်ခရီးသွားလာရောက်မှု သိသိသာသာနည်းပါးနေတာ ဖြစ်ပါတယ်။

အဲ့ဒီပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်းမှာ ပြင်ဦးလွင်မြို့မှာ ပြန်လည် တည်ငြိမ် အေးချမ်းနေပြီဖြစ်ပေမယ့် ခရီးသွားတွေ မလာရောက်ကြတဲ့အတွက် ခရီးသွားတွေကို မှီခိုနေရတဲ့ မြို့လူထုရဲ့ စီးပွားရေးတွေ ရပ်ဆိုင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်တာဗျူး ဦးဝေဠု (အတွင်းရေးမှူး)
ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင် ဇုန်)

ပြည်တွင်း ပြည်ပ ခရီးသွားတွေကို အားထားပြီး စီးပွားရှာနေရတဲ့မြို့လူထုမှာ ပြည်တွင်းပြည်ပ ခရီးသွားတွေ မလာရောက်တာကြောင့် အဆင်မပြေ ဖြစ်နေကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပြင်ဦးလွင်မြို့နဲ့ ပက်သတ်ပြီး လူမှုကွန်ယက် စာမျက်နှာတွေမှာ ကောလဟာလတွေ ထွက်ပေါ်နေတဲ့အတွက် အဲ့ဒီအပေါ်မှာ မြို့ရဲ့ ရပ်မိရပ်ဖတွေက သတင်းစာရှင်းလင်းပွဲ တစ်ခုကိုလည်း သြဂုတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အင်တာဗျူး ဦးကိုကြီး( အတွင်းရေးမှူး)
ပြင်ဦးလွင် စိမ်းလန်းအဖွဲ့

ပြင်ဦးလွင်မြို့အနေနဲ့ သြဂုတ်လ ၁၅ ရက် မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံခဲ့ရပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ တိုက်ပွဲ ဖြစ်စဉ်တွေ လုံးဝမရှိပဲ ပုံမှန်အတိုင်းတည်ငြိမ်နေပြီလို့လည်း ဒေသခံတွေက ပြောဆိုခဲ့ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)