စစ်တွေမြို့မှာ မြေသိမ်းဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ် (ရုပ်/သံ)

0
863








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့မှာ မြေသိမ်းဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

တောင်သူတွေအတွက် အခွင့်အရေးနည်းပါးပြီးတော့ မြေသိမ်းထားသူတွေပိုမို အာဏာရရှိလာမယ့် ၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိတဲ့ မြေသိမ်းဥပဒေကြမ်းနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။

အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ဖေဖဝါရီလ ( ) နေ့က ဒို့မြေကွန်ရက်ကနေ ဦးဆောင်ကျင်းပနေတာဖြစ်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တောင်သူတွေအပါအဝင် လူဦးရေ ၁၅၀ ဝန်းကျင်တို့က တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပါတယ်။

Soundbite – ဦးစည်သူ (အထွေထွေအတွင်းရေးမှူး) ဒို့မြေကွန်ရက်

အဲ့ဒီ ဥပဒေပါပြဌာန်းချက်တွေဟာ လယ်သမားလူတန်းစားနဲ့ တိုင်းရင်းသားဒေသခံတွေအတွက် ကာကွယ်ပေးထားတဲ့ အချက်တွေကို ထည့်သွင်းရေးဆွဲထားခြင်းမရှိဘဲ အာဏာရှိတဲ့သူတွေနဲ့ ငွေကြေးချမ်းသာတဲ့ သူတွေအတွက် သီးသန့်ရေးဆွဲထားတဲ့ဥပဒေသာဖြစ်တယ်လို့ ဝေဖန်မူတွေရှိနေတာပါ ။

Soundbite – ဦးစည်သူ (အထွေထွေအတွင်းရေးမှူး) ဒို့မြေကွန်ရက် (Land in Our Hand)

ဒါအပြင် အလုပ်ရုံးဆွေးနွေးပွဲမှာ ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေအပြင် ၂၀၁၂ ခုနှစ် မြေယာဥပဒေနဲ့ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပြီး အခုလိုမျိုးဆွေးနွးပွဲတွေကို ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ က နေရာပေါင်း ၁၅ မှာပြုလုပ်နေတာလည်းဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)