ပုသိမ္မွာ ဗံုးသတိရွိၾကဖို႔ ရဲတပ္ဖြဲ႔ ႏိႈးေဆာ္ (႐ုပ္/သံ)

0
1174

ပုသိမ္ျမိဳ႕ မွာ မသမာသူေတြကျငိမ္းခ်မ္းမႈကိုအခြင့္အေရးယူျပီး အဖ်က္အေမွာင့္ေတြျပုလုပ္လာနိင္တာေၾကာင့္ သတိရွိၾကဖို႔ ပုသိမ္ခရိုင္ရဲတပ္ဖြဲ႔ကနိုးေဆာ္ထားပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီကေပးပို႔ထားပါတယ္ ။

ျမန္မာနိင္ငံျမိဳ႕ႀကီးေတြမွာ ဗံုးေပါက္ကြဲမႈေတြ ျဖစ္ပြားမႈေတြရွိေနတာေၾကာင့္ ပုသိမ္ျမိဳ႕ေပၚက ဘဏ္ေတြ စူပါမားကတ္ေတြနဲ႔ ႔တည္းခိုခန္းဟိုတယ္တို႔ကတာဝန္ရွိသူေတြကို လံုျခံဳေရးသတိရွိၾကဖို႔ ပုသိမ္ခရိုင္ရဲတပ္ဖြဲ႕ရံုးက ေခၚယူသတိေပးထားပါတယ္ ။
ျပည္သူေတြအေနနဲ႔ ဗံုးလို႔သံသယရွိစရာ ပစၥည္းေတြ ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ ပက္သက္တဲ႔ သိသင့္တဲ႔အခ်က္ေတြ ၊ႀကိဳတင္ကာကြယ္နည္းေတြကို ရဲတပ္ဖြဲ႔က အသိပညာေပးေနတာပါ ။

Soundbite – ဒုရဲမွဴးႀကီးဝင္းျမင့္ထူး ပုသိမ္ခရိုင္ရဲတပ္ဖြဲ႕မွဴး

ဒီေတြ႕ဆံုပြဲကို ပုသိမ္ျမိဳ႕ေပၚရွိ ပုဂၢလိကဘဏ္ေတြ ဟိုတယ္ေတြနဲ႔ တည္းခိုခန္းေတြက တာဝန္ရွိသူ ၃၀နီးပါးတက္ေရာက္ခဲ႔ၾကပါတယ္။ ဒါ့အျပင္ ရဲတပ္ဖြဲ႕ဝင္ေတြအေနနဲ႔ ျမိဳ႕လံုခံဳေရးအတြက္ တစ္ရက္ကို သံုးႀကိမ္ ကင္းလွည္႔ျပီး လံုျခံဳေရးေေတြတိုးျမွင့္ လုပ္ေဆာင္ေနတာပါ ။

Soundbite – ဒုတိယရဲမွဴးဝင္းျမင့္ထူး(ပုုသိမ္ခရိုင္ရဲတပ္ဖြဲ႕မွဴး)

ဒါအျပင္ ပုဂၢလိကလံုျခံဳေရးဝန္ထမ္းေတြ အေနနဲ႔လည္း ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ လိုအပ္ျပီး ဘဏ္ေတြမွာရွိတဲ႔ cctvေတြကိုလည္း ေကာင္းမြန္ေအာင္ျပင္ဆင္ထားရွိၾကဖို႔ တိုက္တြန္းထားတာပါ။ ပုသိမ္ျမိဳ႕ဟာ ေအးခ်မ္းတဲ႔နယ္ေျမျဖစ္ေပမယ့္ မသမာသူေတြက ေအးခ်မ္းမႈကိုအခြင့္အေရးယူျပီး အဖ်က္အေမွာင့္ေတြ လုပ္လာနိင္တဲ႔အတြက္ ခုလို ႀကိဳတင္သတိေပးကာကြယ္မႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုသိမ်မြို့ မှာ မသမာသူတွေကငြိမ်းချမ်းမှုကိုအခွင့်အရေးယူပြီး အဖျက်အမှောင့်တွေပြုလုပ်လာနိင်တာကြောင့် သတိရှိကြဖို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ကနိုးဆော်ထားပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

မြန်မာနိင်ငံမြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားမှုတွေရှိနေတာကြောင့် ပုသိမ်မြို့ပေါ်က ဘဏ်တွေ စူပါမားကတ်တွေနဲ့ ့တည်းခိုခန်းဟိုတယ်တို့ကတာဝန်ရှိသူတွေကို လုံခြုံရေးသတိရှိကြဖို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ရုံးက ခေါ်ယူသတိပေးထားပါတယ် ။
ပြည်သူတွေအနေနဲ့ ဗုံးလို့သံသယရှိစရာ ပစ္စည်းတွေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပက်သက်တဲ့ သိသင့်တဲ့အချက်တွေ ၊ကြိုတင်ကာကွယ်နည်းတွေကို ရဲတပ်ဖွဲ့က အသိပညာပေးနေတာပါ ။

Soundbite – ဒုရဲမှူးကြီးဝင်းမြင့်ထူး ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး

ဒီတွေ့ဆုံပွဲကို ပုသိမ်မြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်တွေ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေက တာဝန်ရှိသူ ၃၀နီးပါးတက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မြို့လုံခုံရေးအတွက် တစ်ရက်ကို သုံးကြိမ် ကင်းလှည့်ပြီး လုံခြုံရေးတွေတိုးမြှင့် လုပ်ဆောင်နေတာပါ ။

Soundbite – ဒုတိယရဲမှူးဝင်းမြင့်ထူး(ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး)

ဒါအပြင် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေ အနေနဲ့လည်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပြီး ဘဏ်တွေမှာရှိတဲ့ cctvတွေကိုလည်း ကောင်းမွန်အောင်ပြင်ဆင်ထားရှိကြဖို့ တိုက်တွန်းထားတာပါ။ ပုသိမ်မြို့ဟာ အေးချမ်းတဲ့နယ်မြေဖြစ်ပေမယ့် မသမာသူတွေက အေးချမ်းမှုကိုအခွင့်အရေးယူပြီး အဖျက်အမှောင့်တွေ လုပ်လာနိင်တဲ့အတွက် ခုလို ကြိုတင်သတိပေးကာကွယ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)