နည်းပညာတက္ကသိုလ် (မြိတ်) ဒုတိယအကြိမ် ကျောင်းသားသမဂ ရွေးကောက်ပွဲပြုလုပ်(ရုပ်/သံ)

0
895







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်နည်းပညာတက္ကသိုလ်မှာ ဒုတိယအကြိမ် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် အောင်သူ ကတင်ဆက်ပေးထားပါတယ် ။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်က မြိတ်နည်းပညာတက္ကသိုလ်မှာ ဒုတိယအကြိမ် ကျောင်းသားသမဂ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီရွှေးကောက်ပွဲကို ကျောင်းသား ၆ ဦးကဝင်ရောက်ရွှေးချယ်ခဲ့တာပါ ။

Soundbite – ကိုဖြိုးသီဟအောင် (ဥက္ကဋ္ဌ) မြိတ်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ

မြိတ်နည်းပညာတက္ကသိုလ်မှာ ကျောင်းသား ၇၀ဝ ကျော်ရှိပြီး ရွေးကောက်ပွဲအတွက် ကျောင်းသား ၄၀ဝ နီးပါးလာရောက် မဲပေးခဲ့ကြပါတယ် ။ မြိတ်နည်းပညာတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၆၀ ရှိပြီး ကျောင်းသားသမဂ္ဂ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကျောင်းသားတွေရဲ့ လျှို့ဝှက် မဲပေးစနစ်နဲ့ ကျင်းပပြုလုပ်ခဲ့တာပါ ။

Soundbite – ကိုခန့်ဝေဇင်

ကျောင်းသားသမဂ ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌအဖြစ် ဖြိုးသီဟအောင် အထွေထွေအတွင်းရေးမှူးအဖြစ် မအေးချမ်းချမ်းဆွေ ဘဏ္ဍာရေးမှူးအဖြသ် မမီမီထွန်းတို့က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)