လက္မွတ္ မထိုးရေသးတဲ႔ အဖြဲ႔ေတြ NCA မွာပါ၀င္လာဖို႔ UPDJC ဒုဥကၠ႒တိုက္တြန္း (႐ုပ္/သံ)

0
873

ျပည္တြင္းျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ NCA လက္မွတ္မထိုးရေသးတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြ ပါ၀င္လာေစဖုိ႔ UPDJC အဖြဲ႔၀င္ေတြက တိုက္တတြန္းလိုက္ပါတယ္ ။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ ျဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ေနျပည္ေတာ္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ျငိမ္းခ်မ္းေရးဗဟို႒ာန NRPC မွာ ေဖေဖၚ၀ါရီ ၂၇ ရက္က ၁၄ ၾကိမ္ေျမာက္ ျပည္ေထာင္စုျငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ – UPDJC အစည္းအေ၀းကို ျပဳလုပ္ခဲ့ပါတယ္ ။
ဒီအစည္းအေ၀းမွာ အခုလအတြင္း NCA လက္မွတ္ထုိးခဲ့တဲ့ မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမုိကရက္တစ္ပါတီ တုိ႔လည္းပါ၀င္လာျပီး ေနာက္ထပ္လက္မွတ္မထိုးရေသးတ့ဲ အဖြဲ႔အစည္းေတြ ျငိမ္းခ်မ္းေရးမွာ ပါ၀င္လာဖုိ႔ UPDJC ဒုတိယ ဥကၠ႒ ဦးေက်ာ္တင့္ေဆြက တုိက္တြန္းေျပာၾကားခဲ့တာပါ။

Soundbite – ဦးေက်ာ္တင့္ေဆြ ( ဒုတိယ ဥကၠ႒ ) UPDJC

တတိယအၾကိမ္ေျမာက္ ၂၁ရာစုပင္လံုကို အခုလပိုင္းအတြင္းမွာ က်င္းပဖို႔အတြက္ အေစာပိုင္းက သတ္မွတ္ထားခဲ့ေပမယ့္ RCSS နယ္ေျမအတြင္းမွာ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ မက်င္းပႏုိင္တဲ႔အတြက္ ညီလာခံက်င္းပဖုိ႔က ၾကန္႔ၾကာေနခဲ့တာပါ။

အခုလို ႏုိင္ငံေရးေဆြးေႏြးပြဲေတြမက်င္းပႏုိင္ဘဲျဖစ္ေနဦးမယ္ဆုိရင္ ျပည္သူေတြရဲ႕ ျငိမ္းခ်မ္းေရးေမွ်ာ္လင့္ခ်က္ ေတြကလည္း ေ၀၀ါးေနဦးမွာျဖစ္တယ္လို႔ ဦးေက်ာ္တင့္ေဆြက ေျပာပါတယ္။

Soundbite – ဦးေက်ာ္တင့္ေဆြ ( ဒုတိယ ဥကၠ႒ ) UPDJC

၁၄ ၾကိမ္ေျမာက္ UPDJC အစည္းအေ၀းအတြင္းမွာ အမ်ိဳးသားအဆင့္္ ႏုိင္ငံေရးေဆြးေႏြးပြဲေတြ က်င္းပႏုိင္ေရး၊ လူထုေတြ႕ဆံုပြဲေတြက်င္းပႏုိင္ေရးနဲ႔ UPDJC ကို ျပင္ဆင္ဖြဲ႔စည္းေရး ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာစေဖို့ UPDJC အဖွဲ့ဝင်တွေက တိုက်တတွန်းလိုက်ပါတယ် ။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန NRPC မှာ ဖေဖေါ်ဝါရီ ၂၇ ရက်က ၁၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ – UPDJC အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ် ။
ဒီအစည်းအဝေးမှာ အခုလအတွင်း NCA လက်မှတ်ထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီ တို့လည်းပါဝင်လာပြီး နောက်ထပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ UPDJC ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက တိုက်တွန်းပြောကြားခဲ့တာပါ။

Soundbite – ဦးကျော်တင့်ဆွေ ( ဒုတိယ ဥက္ကဋ္ဌ ) UPDJC

တတိယအကြိမ်မြောက် ၂၁ရာစုပင်လုံကို အခုလပိုင်းအတွင်းမှာ ကျင်းပဖို့အတွက် အစောပိုင်းက သတ်မှတ်ထားခဲ့ပေမယ့် RCSS နယ်မြေအတွင်းမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်တဲ့အတွက် ညီလာခံကျင်းပဖို့က ကြန့်ကြာနေခဲ့တာပါ။

အခုလို နိုင်ငံရေးဆွေးနွေးပွဲတွေမကျင်းပနိုင်ဘဲဖြစ်နေဦးမယ်ဆိုရင် ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက် တွေကလည်း ဝေ၀ါးနေဦးမှာဖြစ်တယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။

Soundbite – ဦးကျော်တင့်ဆွေ ( ဒုတိယ ဥက္ကဋ္ဌ ) UPDJC

၁၄ ကြိမ်မြောက် UPDJC အစည်းအဝေးအတွင်းမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး၊ လူထုတွေ့ဆုံပွဲတွေကျင်းပနိုင်ရေးနဲ့ UPDJC ကို ပြင်ဆင်ဖွဲ့စည်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)