ပြည့်တန်ဆာဆိုင်ရာ ဥပဒေ ရေးဆွဲပြီ

0
42

Unicode Version

ပြည့်တန်ဆာဆိုင်ရာ ဥပဒေ ရေးဆွဲနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုး က တင်ဆက်ပေးထားပါတယ်။


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့ ပြည့် တန်ဆာဆိုင်ရာ ဥပဒေကို ရေးဆွဲနေပြီလို့ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောဆိုလိုက်ပါတယ်။


နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပြောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိန်းအမှတ် အခမ်းအနား အဖွင့်အမှာ စကားပြောကြား စဉ်မှာ ဒုဝန်ကြီးက အခုလိုပြောဆိုလိုက်တာပါ။


အင်တာဗျူး -ဦးစိုးအောင် (ဒုဝန်ကြီး) လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန


မြန်မာနိုင်ငံအတွင်းက အမျိုးသမီးအားလုံး အခွင့်အရေး အပြည့်အဝရရှိစေဖို့၊ ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြင့်တင်ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ပေးနေတာပါ။ တစ်ဖက်မှာလည်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွေအပေါ် အကာအကွယ်ပေးနိုင်ဖို့အတွက် အမျိုးသမီး များ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ရေးဆွဲးထားပြီး အတည်ပြုပြဌာန်းနိုင်ဖို့ မကြာခင်ကာလ အတွင်း လွှတ်တော်ကို တင်သွင်းသွားမယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ် ။


အင်တာဗျူး -ဦးစိုးအောင် (ဒုဝန်ကြီး) လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်တွေအတွက် နေရာဒေသအသီးသီးကနေပြီး အချိန်မရွေး တိုင်ကြားနိုင်ဖို့ ၂၄ နာရီ Help line ထားရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနေတယ်လိုလည်း ဆိုပါတယ်

Zawgyi Version

 ပြည့်တန်ဆာဆိုင်ရာ ဥပဒေ ရေးဆွဲပြီ

ပြည့်တန်ဆာဆိုင်ရာ ဥပဒေ ရေးဆွဲနေတယ်လို့  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN  သတင်းထောက် သော်တာတိုး က တင်ဆက်ပေးထားပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေကို  ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့ ပြည့် တန်ဆာဆိုင်ရာ ဥပဒေကို ရေးဆွဲနေပြီလို့ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပြောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိန်းအမှတ် အခမ်းအနား အဖွင့်အမှာ စကားပြောကြား စဉ်မှာ ဒုဝန်ကြီးက အခုလိုပြောဆိုလိုက်တာပါ။ 

အင်တာဗျူး -ဦးစိုးအောင် (ဒုဝန်ကြီး) လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန 

မြန်မာနိုင်ငံအတွင်းက အမျိုးသမီးအားလုံး အခွင့်အရေး အပြည့်အဝရရှိစေဖို့၊ ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြင့်တင်ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ပေးနေတာပါ။  တစ်ဖက်မှာလည်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွေအပေါ် အကာအကွယ်ပေးနိုင်ဖို့အတွက် အမျိုးသမီး များ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ရေးဆွဲးထားပြီး အတည်ပြုပြဌာန်းနိုင်ဖို့ မကြာခင်ကာလ အတွင်း လွှတ်တော်ကို တင်သွင်းသွားမယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ် ။

အင်တာဗျူး -ဦးစိုးအောင် (ဒုဝန်ကြီး)    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန 

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်တွေအတွက် နေရာဒေသအသီးသီးကနေပြီး အချိန်မရွေး တိုင်ကြားနိုင်ဖို့ ၂၄ နာရီ Help line ထားရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနေတယ်လိုလည်း ဆိုပါတယ်။