ကျိုက်မရောမှာ ဝက်တွေ အစုလိုက် သေဆုံးမှု ကွင်းဆင်းစစ်ဆေးနေ

0
300

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံတွေရှိ ဝက်တွေ အစုလိုက် သေဆုံးမှု ဖြစ်နေပေါ်နေလို့ သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးနေပါတယ်။

ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံတွေရှိ ဝက်တွေ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက အစုလိုက်သေဆုံးမှု ဖြစ်ပေါ်နေလို့ မော်လမြိုင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်မှူး ဒေါက်တာ တင်ဌေးနဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါတယ်။

ဦးစိုးအောင် ပိုင်ဆိုင်တဲ့ ဝက်ကောင်ရေ ၁၄ ကောင်သေဆုံးခဲ့လို့ သေဆုံးတဲ့ဝက်တွေကို စနစ်တကျမြေမြှုပ်ဖျက်ဆီးဖို့၊ တခြားတိရစ္ဆာန်တွေနဲ့ ကျန်ရှိတဲ့ဝက်တွေ ကူးစက်ပြန့်ပွားခြင်း မရှိအောင် ဝက်ခြံတွေကိုဆေးဖြန်းပေးတာ၊ ဝက်ပေါက်တွေကို ကာကွယ်ဆေးထိုးနှံပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် တခြား ကူးစက်ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို မွေးမြူရေးခြံပိုင်ရှင်များအား တွေ့ဆုံပြီး အသိပညာပေးခြင်း၊ နည်းပညာပေးခြင်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါတယ်။


__________________

__________________

ကျိုက်မရောမှာ ဝက်တွေ အစုလိုက် သေဆုံးမှု ကွင်းဆင်းစစ်ဆေးနေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံတွေရှိ ဝက်တွေ အစုလိုက် သေဆုံးမှု ဖြစ်နေပေါ်နေလို့ သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးနေပါတယ်။

ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံတွေရှိ ဝက်တွေ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက အစုလိုက်သေဆုံးမှု ဖြစ်ပေါ်နေလို့ မော်လမြိုင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်မှူး ဒေါက်တာ တင်ဌေးနဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါတယ်။

ဦးစိုးအောင် ပိုင်ဆိုင်တဲ့ ဝက်ကောင်ရေ ၁၄ ကောင်သေဆုံးခဲ့လို့ သေဆုံးတဲ့ဝက်တွေကို စနစ်တကျမြေမြှုပ်ဖျက်ဆီးဖို့၊ တခြားတိရစ္ဆာန်တွေနဲ့ ကျန်ရှိတဲ့ဝက်တွေ ကူးစက်ပြန့်ပွားခြင်း မရှိအောင် ဝက်ခြံတွေကိုဆေးဖြန်းပေးတာ၊ ဝက်ပေါက်တွေကို ကာကွယ်ဆေးထိုးနှံပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် တခြား ကူးစက်ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို မွေးမြူရေးခြံပိုင်ရှင်များအား တွေ့ဆုံပြီး အသိပညာပေးခြင်း၊ နည်းပညာပေးခြင်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ကျိုက်မရောမြို့ရှိ ဈေးများအတွင်း ဝက်သားတွေကို အခုရက်ပိုင်းအတွင်း ရောင်းချခြင်းမပြုဖို့လည်း တားမြစ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)