ရခိုင္ စားနပ္ရိကၡာဖူလံုေရး ေဆြးေႏြး (႐ုပ္/သံ)

0
917

ရခိုင္ေဒသတြင္း စားနပ္႐ိကၡာဖူလံုေရးအတြက္ ေ႐ွ႕လုပ္ငန္းစဥ္ေတြအေပၚ ပူးေပါင္းေဆာင္႐ြက္ႏုိင္ေရး ေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္အတြင္း စားနပ္ရိကၡာဖူလံုေရးအတြက္ ေ႐ွ႕လုပ္ငန္းစဥ္ေတြအေပၚ ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ေဒသတြင္းက စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ေဒသခံအဖြဲ႔အစည္းေတြ စုေပါင္းၿပီး ေဆြးေႏြးခဲ့ၾကတာပါ။

ရခုိင္ျပည္နယ္အတြင္း အခုလိုမ်ိဳးကိစၥရပ္ေတြကို ေဆာင္႐ြက္ႏုိင္ေရးအတြက္ စားနပ္ရိကၡာဖူလံုမႈ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔ကို ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္းက ဖြဲ႔စည္းခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာ ေ႐ွ႕လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လို႔ ေဒသခံအဖြဲ႔ အစည္းေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Soundbite – ဦးခိုင္လမင္း (အတြင္းေရးမွဴး) စားနပ္ရိကၡာဖူလံုမႈပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႔

လက္႐ွိ ရခုိင္ျပည္နယ္ဟာ စိုက္ပ်ိဳးေရးလုပ္ကိုင္သူ နည္းပါးလာေနၿပီး ဟင္းသီးဟင္း႐ြက္နဲ႔ တျခားစားေသာက္ကုန္ေတြကို တျခားေဒသေတြကေန မွာယူစားသံုးေနၾကရတာျဖစ္ပါတယ္။ ဒါ့အျပင္ ေရ႐ွည္ စားနပ္ရိကၡာဖူလံုမႈ အခက္အခဲ ျဖစ္လာႏုိင္တာေၾကာင့္ အခုလိုေဆြးေႏြးမႈမ်ိဳးေတြကို လုပ္ေပးဖို႔လိုအပ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏုိင္ၾကြယ္ေအးက ေျပာပါတယ္။

Soundbite – ဦးႏုိင္ၾကြယ္ေအး (လႊတ္ေတာ္ကိုယ္စားလွယ္) သံတြဲၿမိဳ႕နယ္ အမွတ္ (၂) မဲဆႏၵနယ္

ဒါ့အျပင္ ရခုိင္ျပည္နယ္ဟာ ပင္လယ္ကမ္း႐ိုးတန္းေဒသတစ္ခုျဖစ္ၿပီး စိုက္ပ်ိဳးေရးလုပ္ငန္းေတြ က်ဆင္းလာေနတဲ့ အျပင္ ပင္လယ္ျပင္ငါးဖမ္းလုပ္ငန္းေတြလည္း က်ဆင္းလာေနတာေၾကာင့္ ငါးဖမ္းလုပ္ငန္းေတြ ျပန္လည္ျဖစ္ထြန္း လာႏုိင္ေရးအတြက္လည္း ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေအပေါ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒေသတွင်းက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေ စုပေါင်းပြီး ဆွေးနွေးခဲ့ကြတာပါ။

ရခိုင်ပြည်နယ်အတွင်း အခုလိုမျိုးကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ရေးအတွက် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဒေသခံအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Soundbite – ဦးခိုင်လမင်း (အတွင်းရေးမှူး) စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေး အဖွဲ့

လက်ရှိ ရခိုင်ပြည်နယ်ဟာ စိုက်ပျိုးရေးလုပ်ကိုင်သူ နည်းပါးလာနေပြီး ဟင်းသီးဟင်းရွက်နဲ့ တခြားစားသောက်ကုန်တွေကို တခြားဒေသတွေကနေ မှာယူစားသုံးနေကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည် စားနပ်ရိက္ခာဖူလုံမှု အခက်အခဲ ဖြစ်လာနိုင်တာကြောင့် အခုလိုဆွေးနွေးမှုမျိုးတွေကို လုပ်ပေးဖို့လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက ပြောပါတယ်။

Soundbite – ဦးနိုင်ကြွယ်အေး (လွှတ်တော်ကိုယ်စားလှယ်) သံတွဲမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်

ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ကျဆင်းလာနေတဲ့ အပြင် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေလည်း ကျဆင်းလာနေတာကြောင့် ငါးဖမ်းလုပ်ငန်းတွေ ပြန်လည်ဖြစ်ထွန်း လာနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)