စီမံကိန္းေတြ ခဏအတြင္းပ်က္စီးေနတဲ႔အတြက္ ၾကာရွည္ခံတဲ႔နည္းေတြ တက္ကၽြမ္းဖို႔လိုအပ္ေန(႐ုပ္/သံ)

0
938

စီမံကိန္းေတြေဆာင္႐ြက္တဲ့အခါ ေရတိုကာလအတြင္း ပ်က္စီးဆံုး႐ံႈးမႈနဲ႔ႀကံဳေတြ႔ေနရတာေၾကာင့္ အင္ဂ်င္နီယာေတြအေနနဲ႔ ၾကာ႐ွည္ခံႏုိင္တဲ့နည္းလမ္းေတြကို စနစ္တက်နားလည္ တတ္ကၽြမ္းဖို႔ လိုအပ္ေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္ကေပးပို႔ထားပါတယ္။

စီမံကိန္းေတြ ေဆာင္႐ြက္တဲ့အခါ လုပ္ငန္းအေတြ႔အႀကံဳနဲ႔ နည္းပညာအားနည္းခ်က္ေတြေၾကာင့္ ပ်က္စီးဆံုး႐ံႈးမႈေတြ ႐ွိေနရၿပီး အင္ဂ်င္နီယာပညာရပ္ေတြမွာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ထိခိုက္နစ္နာမႈေတြကိုလည္း ထည့္သြင္းစဥ္းစားဖို႔ လိုအပ္တယ္လို႔ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔က ျပဳလုပ္တဲ့ အင္ဂ်င္နီယာအသင္းႏွစ္ပတ္လည္ အခမ္းအနားမွာ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ေဆာက္လုပ္ေရးႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

ဒါ့အျပင္ လက္႐ွိေဆာင္႐ြက္ေနတဲ့ စီမံကိန္းေတြဟာ ေရတိုကာလအတြင္းမွာ ပ်က္စီးဆံုး႐ံႈးမႈေတြနဲ႔ ႀကံဳေတြ႔ေနရတာေၾကာင့္ အင္ဂ်င္နီယာေတြအေနနဲ႔ ၾကာ႐ွည္ခံႏုိင္တဲ့နည္းလမ္းေတြကို စနစ္တက်နားလည္တတ္ကၽြမ္းဖို႔ လိုအပ္ေနလို႔ ဝန္ႀကီးကေျပာခဲ့တာပါ။

Sounfbite – ဦးေအာင္ေက်ာ္ဇံ (ေဆာက္လုပ္ေရးႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး)ရခိုင္ျပည္နယ္အစိုးရအဖြဲ႔

အင္ဂ်င္နီယာေလာကဟာ ဖြံ႔ၿဖိဳးတိုးတက္လာေနတာေၾကာင့္ အင္ဂ်င္နီယာေတြရဲ႕ စြမ္းေဆာင္ရည္ေတြ၊ တီထြင္ႀကံဆမႈေတြဟာ ေက်ာင္းမွာသင္ၾကားခဲ့ရတာထက္ အဆေပါင္းမ်ားစြာ တိုးတက္ေနၿပီး စဥ္ဆက္မျပတ္ ေလ့လာသင္ၾကားေနဖို႔ လိုအပ္ ေၾကာင္းလည္း အင္ဂ်င္နီယာေကာင္စီ ဥကၠဌက ေျပာပါတယ္။

Sounfbite – ဦးေအာင္ျမင့္ (ဥကၠဌ) ျမန္မာႏုိင္ငံအင္ဂ်င္နီယာေကာင္စီ

ဒါ့အျပင္ အင္ဂ်င္နီယာေလာက တိုးတက္ဖြံ႔ၿဖိဳးလာေစဖုိ႔အတြက္ သက္ဆိုင္ရာျပည္နယ္နဲ႔တုိင္းေဒသႀကီးအလုိက္ လူငယ္အင္ဂ်င္နီယာအသင္းအဖြဲ႔ေတြကိုလည္း ဖြဲ႔စည္းေပးဖုိ႔လိုအပ္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စီမံကိန်းတွေဆောင်ရွက်တဲ့အခါ ရေတိုကာလအတွင်း ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့နေရတာကြောင့် အင်ဂျင်နီယာတွေအနေနဲ့ ကြာရှည်ခံနိုင်တဲ့နည်းလမ်းတွေကို စနစ်တကျနားလည် တတ်ကျွမ်းဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်ကပေးပို့ထားပါတယ်။

စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါ လုပ်ငန်းအတွေ့အကြုံနဲ့ နည်းပညာအားနည်းချက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေရပြီး အင်ဂျင်နီယာပညာရပ်တွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ အင်ဂျင်နီယာအသင်းနှစ်ပတ်လည် အခမ်းအနားမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေဟာ ရေတိုကာလအတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် အင်ဂျင်နီယာတွေအနေနဲ့ ကြာရှည်ခံနိုင်တဲ့နည်းလမ်းတွေကို စနစ်တကျနားလည်တတ်ကျွမ်းဖို့ လိုအပ်နေလို့ ဝန်ကြီးကပြောခဲ့တာပါ။

Sounfbite – ဦးအောင်ကျော်ဇံ (ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)ရခိုင်ပြည်နယ်အစိုးရအဖွဲ့

အင်ဂျင်နီယာလောကဟာ ဖွံ့ဖြိုးတိုးတက်လာနေတာကြောင့် အင်ဂျင်နီယာတွေရဲ့ စွမ်းဆောင်ရည်တွေ၊ တီထွင်ကြံဆမှုတွေဟာ ကျောင်းမှာသင်ကြားခဲ့ရတာထက် အဆပေါင်းများစွာ တိုးတက်နေပြီး စဉ်ဆက်မပြတ် လေ့လာသင်ကြားနေဖို့ လိုအပ် ကြောင်းလည်း အင်ဂျင်နီယာကောင်စီ ဥက္ကဌက ပြောပါတယ်။

Sounfbite – ဦးအောင်မြင့် (ဥက္ကဌ) မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ

ဒါ့အပြင် အင်ဂျင်နီယာလောက တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် လူငယ်အင်ဂျင်နီယာအသင်းအဖွဲ့တွေကိုလည်း ဖွဲ့စည်းပေးဖို့လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)