ျမန္မာနိင္ငံ ဥပေဒဘြဲ႔ရသူမ်ားအသင္း ဥပေဒေရးရာေတြကူညီမယ္ (႐ုပ္/သံ)

0
284

ျမန္မာနိင္ငံ ဥပေဒဘြဲ႔ရသူမ်ားအသင္းအေနနဲ႔ ဥပေဒဆိုင္ရာကိစၥရပ္ေတြမွာ လိုအပ္သလို ကူညီေဆာင္ရြက္ေပးသြားဖို႔ရွိေနပါတယ္။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္ ။

ဧရာဝတီတိုင္းေဒသႀကီး ဥပေဒခ်ဳပ္ရံုးမွာ ေဖေဖာ္ဝါရီလ၂၅ရက္ေန႔က ျမန္မာနိင္ငံဥပေဒဘြဲ႕ရသူမ်ားအသင္း အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားနဲ႔ ဧရာဝတီတိုင္းေဒသႀကီး ဥပေဒခ်ဳပ္၊ တိုင္းေဒသႀကီးအတြင္းမွာရွိတဲ႔ ဥပေဒဘြဲ႕ရသူမ်ားနဲ ေတြ႕ဆံုျပီး အသင္းရဲ႕လုပ္ငန္းစဥ္ေတြ စည္းရံုးေရး ကိစၥရပ္ေတြကို ေတြ႕ဆံုေဆြးေႏြး ခဲ႔ၾကပါတယ္။

ဒီေတြ႕ဆံုပြဲမွာ အသင္းရဲ႕ေရွ႕လုပ္ငန္းစဥ္နဲ႔ပက္သက္လို႔ ေဆြးေႏြးေျပာၾကားခဲ႔ၿပီး ဗဟိုညီလာခံအဆင့္ထိ ျပဳလုပ္သြားမယ္လို႔ ျမန္မာနိင္ငံဥပေဒဘြဲ႕ရသူမ်ားအသင္းဥကၠ႒က ေျပာပါတယ္။

Soundbite – ဦးဘတင့္ေဆြ (ဥကၠ႒) ျမန္မာနိင္ငံဥပေဒဘြဲ႕ရသူမ်ားအသင္း

ဒီေဆြးေႏြးပြဲကို ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ဥပေဒျပဳေရးေကာ္မတီနဲ႔ တိုင္ၾကားစာေရးရာ ေကာ္မတီအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ႔ၾကျပီး ဥပေဒေရးဆြဲေရးနဲ႔ တရားဥပေဒစိုးမိုးေရးကိစၥရပ္ေတြ ေဆြးေႏြးခဲ႔ၾကပါတယ္။

Soundbite – ဦးခင္ဝင္း( ဥပေဒျပဳေရးေကာ္မတီဥကၠ႒) ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္

ျမန္မာနိင္ငံ ဥပေဒဘြဲ႕ရသူမ်ားအသင္းအေနနဲ႔ ျပည္နယ္တိုင္းေဒသႀကီးအလိုက္ ခုလိုေတြ႕ဆံုေဆြးေႏြးပြဲေတြျပဳလုပ္ေနျပီး ဥပေဒဘြဲ႔ရသူမည္သူမဆို အသင္းသားအျဖစ္ေလ်ွာက္ထားနိင္သလို ျပည္နယ္တိုင္းေဒသႀကီးအလိုက္ အလုပ္အမႈေဆာင္အဖြဲ႕မ်ားဖြဲ႕စည္းသြားမွာျဖစ္ျပီး ဗဟိုညီလာခံအဆင့္ထိ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိင်ငံ ဥပဒေဘွဲ့ရသူများအသင်းအနေနဲ့ ဥပဒေဆိုင်ရာကိစ္စရပ်တွေမှာ လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ် ။

ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှာ ဖေဖော်ဝါရီလ၂၅ရက်နေ့က မြန်မာနိင်ငံဥပဒေဘွဲ့ရသူများအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များနဲ့ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဥပဒေဘွဲ့ရသူများနဲ တွေ့ဆုံပြီး အသင်းရဲ့လုပ်ငန်းစဉ်တွေ စည်းရုံးရေး ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ အသင်းရဲ့ရှေ့လုပ်ငန်းစဉ်နဲ့ပက်သက်လို့ ဆွေးနွေးပြောကြားခဲ့ပြီး ဗဟိုညီလာခံအဆင့်ထိ ပြုလုပ်သွားမယ်လို့ မြန်မာနိင်ငံဥပဒေဘွဲ့ရသူများအသင်းဥက္ကဋ္ဌက ပြောပါတယ်။

Soundbite – ဦးဘတင့်ဆွေ (ဥက္ကဋ္ဌ) မြန်မာနိင်ငံဥပဒေဘွဲ့ရသူများအသင်း

ဒီဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးကော်မတီနဲ့ တိုင်ကြားစာရေးရာ ကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး ဥပဒေရေးဆွဲရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

Soundbite – ဦးခင်ဝင်း( ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌ) ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

မြန်မာနိင်ငံ ဥပဒေဘွဲ့ရသူများအသင်းအနေနဲ့ ပြည်နယ်တိုင်းဒေသကြီးအလိုက် ခုလိုတွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်နေပြီး ဥပဒေဘွဲ့ရသူမည်သူမဆို အသင်းသားအဖြစ်လျှောက်ထားနိင်သလို ပြည်နယ်တိုင်းဒေသကြီးအလိုက် အလုပ်အမှုဆောင်အဖွဲ့များဖွဲ့စည်းသွားမှာဖြစ်ပြီး ဗဟိုညီလာခံအဆင့်ထိ ပြုလုပ်သွားဖို့ ရှိနေပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)