
0
102




ကော့သောင်းနယ်စပ်ဂိတ်ကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြန်လည်လက်ခံ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက မြန်မာရွှေ့ပြောင်း လုပ်သား အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၀ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၈၃ ဦးကို ကော့သောင်းနယ်စပ်ဂိတ်ဆီ ရေလမ်းခရီးနဲ့ လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနဲ့ အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံဥပဒေတွေအရ အရေးယူခံရပြီး မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အလုပ်သမားတွေကို ပြည်သူ့ ကျန်းမာရေးဌာနက လိုအပ်တဲ့ ကျန်းမာရေး ပြုစုရှောက်မှုတွေ ဆောင်ရွက်ပေးပြီး သူတို့ရဲ့ နေရပ်ဒေသတွေကို လုံခြုံချောမွေ့စွာ ပြန်နိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)