စစ္ေတြ ဗံုးေပါက္မႈ သံသယရွိသူေတြ ဖမ္းဆီးစစ္ေဆးေန (႐ုပ္/သံ)

0
905

စစ္ေတြၿမိဳ႕ေပၚမွာ ေပါက္ကြဲမႈသံုးႀကိမ္ျဖစ္ပြားခဲ့တာနဲ႔ပတ္သက္ၿပီးေတာ့ သံသယ႐ွိတဲ့သူေတြကို ရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆး မႈေတြျပဳလုပ္ေနပါတယ္ ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္း ေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕ အစိုးရအဖြဲ႔အတြင္းေရးမွဴးေနအိမ္အပါအဝင္ ေနရာသံုးခုမွာေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့တဲ့တာနဲ႔ ပတ္သက္လို႔ သံသယ႐ွိတဲ့သူေတြကို ရဲတပ္ဖြဲ႔က မေန႔ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ညေနပိုင္းကေန ေခၚယူစစ္ေဆးမႈေတြ ျပဳလုပ္ေနတာပါ။

အဲဒီလူေတြကို စစ္ေတြၿမိဳ႕အမွတ္ ၁ ၿမိဳ႕မရဲစခန္းကေန ရဲတပ္ဖြဲ႔ဝင္အင္အား ၂၀ ေလာက္နဲ႔ ေမးျမန္းစရာေတြ႐ွိေနလို႔ဆိုၿပီး ေခၚယူသြားတာျဖစ္ေၾကာင္း ဖမ္းဆီးခံထားရတဲ့ ကိုႏုိင္စိုးရဲ႕ညီမကေျပာပါတယ္။

Soundbite – မခ်စ္အိလိႈင္ (ကိုႏုိင္စိုးညီမ)

အခုလိုမ်ိဳးဖမ္းဆီးမႈေတြျပဳလုပ္ရတာဟာ ဗံုးေပါက္ကြဲတဲ့ကိစၥေတြနဲ႔ပတ္သက္လို႔ စစ္ေဆးမႈေတြေဆာင္႐ြက္ဖို႔အတြက္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ည ၁၂ နာရီေလာက္မွသိခြင့္ရခဲ့ၿပီး ျပန္လည္လႊတ္ေပးျခင္းမ႐ွိေသးတဲ့အတြက္ မိိသားစုေတြ အေနနဲ႔ စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

Soundbite – မခ်စ္အိလိႈင္ (ကိုႏုိင္စိုးညီမ)

ဒါ့အျပင္ ဖမ္းဆီးခံထားရသူေတြရဲ႕ ေနအိမ္ေတြကိုလာေရာက္ၿပီးေတာ့ ရဲတပ္ဖြဲ႔က ႐ွာေဖြစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း မိသားစုဝင္ေတြကေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့ပေါ်မှာ ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီးတော့ သံသယရှိတဲ့သူတွေကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး မှုတွေပြုလုပ်နေပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်း ထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရအဖွဲ့အတွင်းရေးမှူးနေအိမ်အပါအဝင် နေရာသုံးခုမှာပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့တာနဲ့ ပတ်သက်လို့ သံသယရှိတဲ့သူတွေကို ရဲတပ်ဖွဲ့က မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညနေပိုင်းကနေ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

အဲဒီလူတွေကို စစ်တွေမြို့အမှတ် ၁ မြို့မရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ လောက်နဲ့ မေးမြန်းစရာတွေရှိနေလို့ဆိုပြီး ခေါ်ယူသွားတာဖြစ်ကြောင်း ဖမ်းဆီးခံထားရတဲ့ ကိုနိုင်စိုးရဲ့ညီမကပြောပါတယ်။

Soundbite – မချစ်အိလှိုင် (ကိုနိုင်စိုးညီမ)

အခုလိုမျိုးဖမ်းဆီးမှုတွေပြုလုပ်ရတာဟာ ဗုံးပေါက်ကွဲတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေဆောင်ရွက်ဖို့အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ည ၁၂ နာရီလောက်မှသိခွင့်ရခဲ့ပြီး ပြန်လည်လွှတ်ပေးခြင်းမရှိသေးတဲ့အတွက် မိသားစုတွေ အနေနဲ့ စိုးရိမ်နေကြတာဖြစ်ပါတယ်။

Soundbite – မချစ်အိလှိုင် (ကိုနိုင်စိုးညီမ)

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေရဲ့ နေအိမ်တွေကိုလာရောက်ပြီးတော့ ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်တွေကပြောပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)