သက်ငယ်မုဒိမ်းမှု မသေမချင်းသေဒဏ်ပေးရေး ပြည်မှာ ဆန္ဒပြ (ရုပ်/သံ)

0
881







ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၁၇ခုနစ်မှာ သက်ငယ်မှုဒိမ်းမှုအနေနဲ့ ရန်ကုန်မြို့မှာ ၁၉၂ မှု ဧရာဝတီတိုင်းမှာ ၁၅၆ မှု မန္တလေးတိုင်းမှာ ၁၀၈မှု ပဲခူးတိုင်းမှာ ၇၆မှု ဖြစ်ပွားခဲ့ပြီ့း  ၂၀၁၆ခုနစ်ထက် ၂၀၁၇ခုနစ် သက်ငယ်မုဒိမ်းမှု ၂၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
သက်ငယ်မုဒိမ်းမှုကို မသေမချင်းသေဒဏ်ပေးရေး လွတ်ငြိမ်းချမ်းသာခွင့်မပေးရေး ပြည်မြို့တွင် လူထုဆန္ဒထုတ်ဖော်တောင်ဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCNသတင်းထောက် ဟန်ထူးဇော်က ပေးပို့ထား ပါတယ် ။

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်တဲ့သူတွေကို မသေမချင်းသေဒဏ်ပေးဖို့အတွက် ဖေဖော်ဝါရီ၂၅ရက်နေ့နံနက်ပိုင်းက ပြည်မြို့ မှာ လူအင်အား၁၀ဝကျော်က တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ ။
အဲ့ဒီဆန္ဒပြပွဲမှာ သက်ငယ်မုဒိမ်းသမားတွေကိုသေဒဏ်ပေးရန်၊ မည်သည့်အစိုးရလက်ထက်မဆို လွတ်ငြိမ်းချမ်းသာခွင့်မပါစေရ၊ အာပေးကူညီသူကိုလဲ သေဒဏ်ချမှတ်ပေးရန်စတဲ့ အချက်တွေကိုတောင်းဆိုခဲ့ကြပါတယ် ။

Soundbite – ကိုနေဇာ(ပြည်မြို့)
Soundbite – ဒေါ်ခေး(မိဘအုပ်ထိန်းသူ)

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ သက်ငယ်လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ ကလေးသူငယ်တွေရဲ့ မိဘအုပ်ထိန်းသူအများစုဟာ ဆင်းရဲနွမ်းပါးပြီးတနေ့လုပ်တနေ့စားသမားတွေဖြစ်တဲ့အတွက် ကလေးငယ်တွေကို အချိန်ပြည့်အနီးကပ်စောင့်ရှောက်နိုင်မှုနည်းပါးနေတာပါ ။

Soundbite – ကိုဖြိုးကျော်(ပြည်မြို့)

ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၁၇ခုနစ်မှာ သက်ငယ်မှုဒိမ်းမှုအနေနဲ့ ရန်ကုန်မြို့မှာ ၁၉၂ မှု ဧရာဝတီတိုင်းမှာ ၁၅၆ မှု မန္တလေးတိုင်းမှာ ၁၀၈မှု ပဲခူးတိုင်းမှာ ၇၆မှု ဖြစ်ပွားခဲ့ပြီး ့ ၂၀၁၆ခုနစ်ထက် ၂၀၁၇ခုနစ် သက်ငယ်မုဒိမ်းမှု ၂၀ဝ ကျော်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)