တရားမဝင်သစ်တင်ယာဉ် ဖမ်းဆီးရမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိလို့ သေနတ်နဲ့ ပစ်ဖောက်ဖမ်း

0
321

ပဲခူးတိုင်းဒေသကြီး၊ ဖဒိုမြို့မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က တရားမဝင်ကျွန်းသစ်တင် ယာဉ်တစ်စီးကို ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် သေနတ် ပစ်ဖောက်ဖမ်းဆီးခဲ့ရပါတယ်။

timber

အဲဒီဖြစ်စဉ်ဟာ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ မြိ့ချောင်းကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။

timber2

မြို့ချောင်းရွာမှာ နေထိုင်တဲ့ ဖိုးဖြူ (၂၃ နှစ်)ရဲ့ နေအိမ်ခြံဝင်းထဲကို သတင်းအရ မြို့နယ် သစ်တောဦးစီးဌာနက တောအုပ် အောင်ကျော်မိုးနဲ့ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ရှာဖွေရာမှာ ကာစတန် ခဲရောင် မော်တော်ယာဉ်ကို မောင်းပြေးခဲ့တာပါ။

အဲဒီလို မောင်းပြေးရာမှာ လမ်းဘေးသစ်ပင်တစ်ပင်ကို ဝင်တိုက်မိခဲ့သလို ရဲအရာတစ်ဦးကိုလည်း ပွတ်တိုက်မိခဲ့တဲ့အပြင် အရှိန်မလျှော့ဘဲ ထပ်မံမောင်းပြေးတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦးက H.K-33 မောင်းပြန်သေနတ်နဲ့ ညာဘက်ရှေ့ဘီးကို တစ်ချက်ပစ်ဖောက်ခဲ့တာ ဖြစ်ပါတယ်။ သေနတ်ကြောင့် ယာဉ်ရပ်သွားပေမဲ့လည်း ယာဉ်မောင်းကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

မော်တော်ယာဉ်ပေါ်မှာ ကျွန်းသစ် ခွဲသား ဆိုက်စုံ ၂.၁၈ တန်ကို မြို့ချောင်းသစ်တောစစ်ဆေးရေးဂိတ်ကို သိမ်းဆည်းသယ်ဆောင်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်ကျော်အောင်က ဥပဒေကြောင်းအရ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ကြပ် ဇော်လင်းကိုလည်း မြို့ချောင်းတိုက်နယ်ဆေးရုံမှာ တင်ထားပြီး ဆေးကုသနေပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)